Wednesday, April 20, 2016

မောင်ဖတ်ဖို့

မောင်ဖတ်ဖို့

မပြည့်စုံတဲ့ဘဝလေးနဲ့
အချစ်ကိုအားကိုးလို့
ဘဝတစ်ခုစရဲပါတယ်မောင်
ဒါပေမယ့် သင့်တင့်တဲ့ပြင်ဆင်မှုနဲ့
နောင်ရေးအတွက် Plan တွေတော့
မောင်ချထားရမယ်နော်


ဟင်းကောင်းတွေနေ့တိုင်းမစားနိုင်တဲ့ဘဝမှာ
မောင်ရှိရင်နေနိုင်ပါတယ်
ဒါပေမယ့် ကွမ်းယာအရက်နဲ့ဆေးလိပ်ဖိုးလျော့လို့
အဟာရပြည့်တဲ့ ထမင်းဝိုင်းလေးဖြစ်ဖို့
ဈေးဖိုးလေးပိုသုံးနိုင်ရင်တော့ကောင်းတာပေါ့
မောင်ရယ်
ရွက်ကြမ်းရည်ကျို အထည်အဆင်လေးတွေနဲ့
မရိုးအောင်အလှပြင်လို့
သနပ်ခါးပါးကွက်ကြားနဲ့ မောင်ရဲ့အိမ်အပြန်ကိုကြိုနေနိုင်ပါတယ်
ဒါပေမယ့်လေ
သူတပါးတန်းတူမဆင်ပေးနိုင်တဲ့အခါ
မောင်အားမငယ်ရစေဖို့
မောင်ရေ အသုံးနဲ့အဖြုန်းသေချာစီစစ်လို့
ချစ်ရသူလေးကို အဝတ်နဲ့ရွှေထည်လေးတွေ
ဆင်ပေးနိုင်အောင်ကြိုးစားရမယ်နော်
မောင့်သူငယ်ချင်းတွေကြား
"မယားကြောက်''လို့အခေါ်မခံရအောင်
လူတွေရှေ့ဆို မောင့်အမိန့်လေးနာခံလို့
ပြုံးပြုံးလေးနေပါ့မယ်
ဒါပေမယ့်မောင်
အချိန်တန်ရင်တော့ ကျွန်မရဲ့ အကြံပေးချက်လေးတွေတော့နားထောင်ပေးရမယ်နော်
မောင်နဲ့အတူဘဝကိုစတဲ့အခါ
ငွေကြေးဆင်းရဲရင်တောင် သိက္ခာမဆင်းရဲဖို့
အသိလေးထားစေချင်တယ်
ဂုဏ်ဒြပ်မပြည့်စုံသေးရင်တောင်
ရိုးသားကြိုးစားမယ်ဆိုတဲ့စိတ်လေးရှိစေချင်တယ်
ကျွန်မ မြန်မာမိန်းခလေးပါမောင်
အိမ်ထောင်ပြုခြင်းဟာ ဘဝတစ်ခုလုံး
ပုံအပ်ခြင်းမို့
ဘဝနှစ်ခုပုံအပ်ပေါင်းစပ်ဖို့ရာ မောင်ဒီအချက်လေးတွေသိထားစေချင်တယ်
အမုန်းတိမ်တိုက်လေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...