Saturday, April 30, 2016

Blood in Stool စအိုက သွေးယိုခြင်း

Tint Swe

ဆရာ အဖေအသက်က ၅၃ နှစ်ပါ။ ဝမ်းသွားတိုင်း စအိုဝက သွေးတွေဆင်းနေလို့ပါဆရာ။ ဒီအတိုင်းနေရင်တော့ မဆင်းပါဘူး။ ဖြစ်တာတော့ တရက်ပဲရှိသေးတယ်။ ဝမ်းကတော့ ပုံမှန်သွားပါတယ်။ ဝမ်းမချုပ်ပါဘူး။ စိုးရိမ်လို့ပါဆရာ။ မေးစည်းကမ်းနဲ့မညီရင်လည်း တောင်းပန်ပါတယ်ဆရာ။
ဝမ်းသွာရာမှာပါတဲ့သွေးက အစာခြေလမ်း အထက်ပိုင်းခေါ်တဲ့ အစာအိမ်နဲ့ အစာမျိုပြွန်ကနေလာနိုင်တယ်။ အစာချေလမ်း အောက်ပိုင်းဖြစ်တဲ့ အူမကြီး၊ အစာဟောင်းအိမ် နဲ့ စအိုကနေလာနိုင်တယ်။
ဒီနှစ်မျိုးကြားထဲက အူသိမ်ကနေ သွေးယိုတာ ရှားတယ်။ အူမကြီးရဲ့အလုပ်က ကျေချက်လို့မရတဲ့ အစား-အသောက်ထဲက ရေကိုဖယ်ရှားပေးတယ်။ အူမကြီးရဲ့ အောက်ဆုံး ၁၅ စင်တီမီတာဟာ အစာဟောင်းအိမ် ဖြစ်တယ်။ အဖျားဆုံးမှာ စအိုရှိတယ်။
ဝမ်းထဲသွေးပါတယ်လို့ ပြောကြပေမဲ့ သွေးရဲ့ အရောင်က မတူကြပါ။ သွေးဘယ်ကနေလာသလဲ အပေါ်မှာ သွေးအရောင် မူတည်တယ်။ အကြမ်းပြောရရင် စအိုနဲ့ နီးရာကနေလာရင် သွေးအရောင်က နီရဲနေမယ်။ လတ်လတ်ဆတ်ဆတ် သဘော ဖြစ်တယ်။ စအို၊ အစာဟောင်းအိမ်နဲ့ အူမကြီး အောက်ပိုင်းကနေလာရင် နီမယ်။ အူမကြီး အလည်ပိုင်းနဲ့ အထက်ပိုင်းကနေလာရင် နီညိုမယ်။ အစာဟောင်းအိမ်ကနေလာလဲ အဲလိုဘဲ။ နီညိုမယ်။ အစာအိမ်နဲ့ အူသိမ်အစပိုင်းကဆိုရင် မဲနက်နေမယ်။ ကတ္တရာစေးလို စေးကပ်နေပြီး အနံ့ဆိုးတယ်။ Melena ခေါ်တယ်။
ဝမ်းထဲမှာ သွေးရောနေတာမြင်ရမှ သွေးပါတယ်လို့ပြောတာ မပြည့်စုံသေးပါ။ ဝမ်းထဲမှာ မျက်စိနဲ့မမြင်ရပေမဲ့ သွေးပါနေတာကို အနုကြည့်မှန်ဘီလူးနဲ့စစ်လို့ တွေ့တာကို Occult bleeding လို့ခေါ်တယ်။ သွေးက ဖြေးဖြေးခြင်း ယိုထွက်နေတာမျိုးဖြစ်တယ်။ အစာလမ်း အထက်ပိုင်းရော အောက်ပိုင်းကနေလာနိုင်တယ်။ အစာအိမ်နာ၊ Colon polyps အူမကြီး-အသီး၊ ကင်ဆာကနေလာတာ ဖြစ်နိုင်တယ်။ လူကလဲ သွေးအားနည်းနေမယ်။
1) Anal fissure စအိုကွဲနာ = စအိုလမ်းမှာ စုတ်ပြဲနေတာမို့ နာတယ်။ ဝမ်းချုပ်ရာကနေဖြစ်တယ်။ သွေးထွက်တာ မများပါ။ နီရဲနေမယ်။
2) Hemorrhoids လိပ်ခေါင်း = သွေးထွက်တာ မများလှပါ။ နာတာရှည်ဖြစ်နေမှသာ သွေးအားနည်းတတ်တယ်။
3) Colon cancer and polyps အူမကြီး ကင်ဆာ နဲ့ ကင်ဆာ မဟုတ်တဲ့ အသီးလုံး = သွေးက အသင့်အတင့်သာ များမယ်။ ဖြစ်လိုက် ရပ်လိုက်နေမယ်။ သွေးက နီရဲနေမယ်။ ညိုနေနိုင်တယ်။ မဲတာလဲ ရှိတတ်တယ်။ အူမကြီး ကင်ဆာ လက္ဓဏာများ = ဖြစ်ကာစ ဘာမှမခံစားရဘူး၊ ဝမ်းသွားတာ ပုံမှန်မဟုတ်ဖြစ်လာတာ၊ ဝမ်းချုပ်မယ်၊ ဝမ်းပျက်မယ်၊ ဝမ်း ပျော့မယ်၊ ဝမ်းမာမယ်။ ဝမ်းထဲသွေးပါမယ်။ ဗိုက်အမြဲလိုအောင့်နေမယ်၊ ဝမ်းသွားပြီးပေမဲ့ သွားချင်စိတ်မကုန်ဖြစ်နေမယ်၊ အားယုတ်မယ်၊ ဘာလို့မှန်းမသိဘဲ ကိုယ်အလေးချိန် ကျကျလာမယ်၊
4) Polypectomy အူမကြီး ကင်ဆာ မဟုတ်တဲ့ အသီးလုံးကိုခွဲစိတ်ခြင်း လုပ်ပေးထားသူကနေ သွေးယိုတတ်တယ်။
5) Angiodysplasias ဆိုတာ အူမကြီးနံရံအောက်မှာ သွေးကြောလေးတွေ ပုံမှန်မဟုတ်ဖြစ်နေလို့ သွေးယိုတယ်။ မျက်စိနဲ့ မမြင်ရတဲ့ အမျိုးအစား ဖြစ်တယ်။
6) Colitis အူမကြီးရောင်တာ နဲ့ Proctitis အစာဟောင်းအိမ် ရောင်တာတွေက ဗက်တီးရီးယားကြောင့်ရော ဗိုင်းရပ်စ် ကြောင့်ပါ ဖြစ်စေနိုင်တယ်။ Crohn's colitis, Ischemic colitis ဆိုတာတွေလဲ ရှိသေးတယ်။ Radiation colitis ဓါတ်ကင်ရလို့လဲဖြစ်မယ်။ သွေးယိုနိုင်တယ်။
7) Salmonella, Shigella ဝမ်းကိုက်ရောဂါတွေနဲ့ Campylobacter, C. difficile, E. Coli, Cytomegalovirus ပိုးတွေကြောင့်လဲ ဖြစ်နိုင်တယ်။
8) Meckel's diverticulum ဆိုတာကနေ သွေးအနီရောင် ဗိုက်မနာဘဲထွက်မယ်။
ဘယ်ကနေ သွေးဆင်းနေသလဲ အသေအခြာသိအောင်လုပ်ပြီးမှ ကုသရမယ်။
• ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊
• Anoscopy ကိရိယာနဲ့ကြည့်ခြင်း၊
• Flexible sigmoidoscopy ကိရိယာနဲ့ကြည့်ခြင်း၊
• Colonoscopy ကိရိယာနဲ့ကြည့်ခြင်း၊
• Radionuclide scans (စကင်) ရိုက်ခြင်း၊
• Visceral angiogram ရိုက်ခြင်း၊
• Video capsule and small intestine enteroscopy ကိရိယာတွေနဲ့ကြည့်ခြင်း၊
• MRI and CT tomographic angiography တွေရိုက်ခြင်း၊
• Nasogastric tube aspiration အရည်စုပ်ထုတ်စစ်ဆေးခြင်း၊
• Esophagogastroduodenoscopy ကိရိယာနဲ့ကြည့်ခြင်း၊
• Blood tests သွေးစစ်ခြင်းတွေ လုပ်ရမယ်။
1. Anal and perianal disorders စအိုနေရာ ရောဂါများ http://dts-medicaleducation.blogspot.com/…/anal-and-periana…
2. Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ http://dts-medicaleducation.blogspot.com/…/anorectal-diseas…
3. Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/…/q-and-on-piles.h…
4. Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/…/hemorrhoids-trea…
5. Fissure-in-Ano (FIA) စအိုကွဲနာ http://dts-medicaleducation.blogspot.com/2010/10/fia.html နဲ့
6. Fistula-in-Ano (FIA) ဂရင်ဂျီနာ http://dts-medicaleducation.blogspot.com/…/fistula-in-ano-f… တွေကိုဖတ်နိုင်ပါတယ်။
7. Colorectal cancer အူမကြီးကင်ဆာ http://doctortintswe.blogspot.com/…/…/colorectal-cancer.html
Dr. တင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...