Friday, April 15, 2016

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၄)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ·

အခမ်းအနားများကို ဖိတ်ကြားခံရတဲ့အခါ
.
(1) I’d like to invite you to a party.
ကျနော် ခင်ဗျားကို ပါတီပွဲလာဖို့ ဖိတ်ချင်ပါတယ်
.
(2) It’s very king of you. When?
ခင်ဗျား သိပ်ကြင်နာတတ်တဲ့သူပဲဗျာ ၊ ဘယ်တော့များလဲ


.
(3) We are having a party this holiday.
ဒီလာမယ့်ပိတ်ရက်မှာ ကျနော်တို့ ပါတီပွဲတစ်ခု ကျင်းပမယ်
.
(4) What time is the party?
ပါတီပွဲက ဘယ်အချိန်လဲ
.
(5) What time shall I come?
ကျနော်က ဘယ်အချိန်လာရမလဲ
.
(6) It’s 7 in the evening.
ညနေ (၇) နာရီပါ
.
(7) You have to come.
ခင်ဗျား လာရမယ်နော်
.
(8) Where is the party place?
ပါတီပွဲက ဘယ်နေရာမှာလဲ
.
(9) At my house.
ကျနော့် အိမ်မှာ
.
(10) Will you join my party?
ခင်ဗျားပါတီပွဲကို လာမှာလား (ပါဝင်ဆင်နွဲမှာလား)
.
(11) I haven’t decided yet?
မဆုံးဖြတ်ရသေးဘူး
.
(12) I’d love to, but I don’t have time.
ကျနော်လာချင်တာပေါ့ ၊ ဒါပေမယ့် အချိန်က မရှိဘူးလေ
.
(13) I’ll make sure to be there.
ကျနော် ရောက်အောင်လာဖို့ သေချာလုပ်ပါမယ်
.
(14) Sorry, I’m afraid I can’t be there.
အားနားပါတယ်ဗျာ ၊ ကျနော် ရောက်နိုင်မှာ မဟုတ်ပါဘူး
.
(15) I’ll let you know.
ကျနော် ခင်ဗျားကို အသိပေးပါမယ်
.
(16) I can’t make it this time.
ဒီတစ်ကြိမ်တော့ ကျနော် မလာနိုင်ပါဘူး
.
(17) I’m coming, rain or shine.
ဘာပဲဖြစ်ဖြစ် (မိုးရွာရွာ နေပူပူ) ကျနော် လာမယ်
.
(18) What should I wear?
ကျနော် ဘာဝတ်ခဲ့ရမလဲ (ဘာဝတ်သင့်လဲ)
.
(19) Should I dress formally for the party?
ပါတီပွဲအတွက် ပုံစံကျ (ပွဲနေပွဲထိုင်ပုံစံ) ၀တ်ရမှာလား
.
(20) Dress up formally.
ပုံစံကျ ၀တ်ပါ
.
(21) It’s okay wearing a casual wear.
ဟိုနားဒီနား ထသွားလာသွား ပုံစံအတိုင်း ၀တ်တာ အဆင်ပြေပါတယ်
.
(22) Wear whatever is comfortable.
သက်တောင့်သက်သာ ဖြစ်မယ့် ဘာကိုပဲဖြစ်ဖြစ် ၀တ်ပါ
.
(23) What a wonderful party!
ဘယ်လောက် အံ့သြစရာကောင်းတဲ့ ပါတီလဲလို့
.
(24) Why didn’t you bring your wife?
ခင်ဗျား အမျိုးသမီးကို ဘာလို့ အတူခေါ်မလာခဲ့တာလဲ
.
(25) Make yourself comfortable.
သက်တောင့်သက်သာ ကိုယ့်အတွက်အဆင်ပြေသလို နေပါ
.
(26) Help yourself
ကိုယ်တိုင်ပဲ ယူပြီး သုံးဆောင်ပါ
.
(27) I really enjoyed the party.
ကျနော် ပါတီပွဲမှာ တကယ် ပျော်ရွှင်ခဲ့ရပါတယ်
.
(28) Thank you for your invitation.
ခင်ဗျားရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိပါတယ်
.
Party နေရာမှာ သက်ဆိုင်တဲ့ တခြားပွဲတစ်ခုခု အစားထိုးပြီး သင့်တော်တဲ့ ၀ါကျများရသည်ထိ ပွားယူနိုင်ပါတယ် ။
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...