Tuesday, April 5, 2016

✺ ဖိုးကျော် နှင့် အင်တာဗျူး ✺

Music Crazy Te Te Tar Tar


ကျွန်တော်တို့ကြိုက်ခဲ့ရတဲ့ ကြိုက်နေဆဲ ကြိုက်နေဦးမယ့် မန္တလေးသားရော့ခ်ကာကြီး ကိုဖိုးကျော် facebook သုံးပြီးဖြစ်ကြောင်း ကိုဖိုးကျော်မိတ်ဆွေ ကိုမြထူးဆီက သတင်းရလိုက်တယ်။ သူများတွေ facebook သုံးနေကြချိန်မှာ ကိုဖိုးကျော်က ငြိမ်နေခဲ့တာကြာပြီလေ။ ကျွန်တော်တို့နဲ့ ပတ်သက်ရာပတ်ဝန်းကျင်မှာလည်း သူ့သီချင်း သူ့အကြောင်းတွေ မေးကြမြန်းကြပေါ့။ အွန်လိုင်းသုံးပြီဆိုတာ သိတာနဲ့တပြိုင်နက် ကျွန်တော်တို့ ဂီတအရူးများအဖွဲ့ ကိုမြထူးအားကိုးနဲ့ ကိုဖိုးကျော်ကို ဗျူးဖို့ကြိုးစားကြတော့တာပေါ့။
ပြန်လည်ဖြေကြားပေးသော ကိုဖိုးကျော်နဲ့ ကြားခံမေးမြန်းပေးတဲ့ ကိုမြထူးတို့အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပုံပါပို့ပေးတဲ့ ကိုမြထူးကိုတော့ နှစ်ထပ်ကွမ်းကျေးဇူးပေါ့ဗျာ။
Q. အွန်လိုင်းဂီတလောကကြီးက ကြိုဆိုပါတယ်ကိုဖိုးကျော်။ အကို့ကို ခုချိန်ထိ တခုတ်တရရှိနေကြတဲ့ ဖိုးကျော် fan တွေကို နှုတ်ခွန်းဆက်စကား ဦးစွာ ပြောကြားပေးပါဦး။
A. Online ဂီတလောကကြီးက ကျွန်တော့်ကိုကြိုဆိုလို့ အထူးပဲဝမ်းသာမိပါတယ်၊ မင်္ဂလာတပါးပါ၊ တခုတ်တရရှိနေကြလို့ အံ့လဲအံ့သြမိပါရဲ့ ပီတိလဲဖြစ်ရ တကယ့်ကိုဝမ်းသာပြီး လေးလေးနက်နက်ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံပြီး လိုရာပန်းတိုင် အတိအကျကိုင်နိုင် ဘဝနိဂုံး လှနိုင်ကြပါစေ။
Q. ကိုဖိုးကျော်အနေနဲ့ သီချင်းအသစ်တွေ မဆိုတာလည်းကြာပြီ။ မန္တလေးမှာပဲနေပြီး ဂီတလှုပ်ရှားမှုတွေ ဘာတွေလုပ်ဖြစ်သလဲဆိုတာ သိချင်ပါတယ်။
A. သိပ်ထွေထွေထူးထူးတော့ မရှိလှပါဘူး။ သီချင်းလေးတွေတော့ တောင်ရေးမြောက်ရေး ရေးထားတယ် ငြင်းလို့မကောင်းတဲ့ဘော်ဘော်တွေ တောင်းဆိုလာရင်လိုက်ဆိုပေးလိုက်တယ်။ တခါတရံ ktv ပါသွားရင် ကိုယ်ကြိုက်တဲ့ တခြားအဆိုတော်သီချင်းတွေ လျှောက်ဆိုတယ်၊ အရသာတော့ရှိသား။
Q. ကိုဖိုးကျော်လည်း Facebook စတင်သုံးလာပြီဆိုတော့ `အခွေသစ်မထွက်ဘူးလား´ဆိုတဲ့မေးခွန်းမျိုး ခဏခဏအမေးခံရပါလိမ့်မယ်။ ဒီနေရာကနေ ဖြေကြားပေးပါဦးအကို..
A. ခဏခဏမေးတော့ ခဏခဏပြန်ဖြေရတယ်၊ album လောက်ကြီးလဲ မဟုတ်ဘူး၊ ဘယ်လိုပြောရမလဲ mini album လိုမျိုးလေးတော့ လုပ်ချင်သား၊ စဉ်းစားတာကိုပြောတာပါ။
Q. ကိုယ်ပိုင်သံစဉ်တခွေလောက် လုပ်ခွင့်ရမယ်ဆို ဘယ်သူတွေသီချင်းကို ဆိုချင်ပါသလဲ။
A. ကျွန်တော်ကြိုက်တဲ့တေးရေးဆရာတွေကများတော့ ချရေးပြရရင်တော်တော်များလိမ့်မယ်။
Q. Live 90 culture ကျယ်ပြန့်လာဖို့ I.C က လုပ်နေကြတယ်။ ကိုဖိုးကျော်ရော အစီအစဉ်ရှိနိုင်မလား။
A. လောလောဆယ် မရှိသေးပါ။
Q. ခုချိန်မှာ ဘယ်လိုဂီတအမျိုးအစားတွေ နားထောင်နေဖြစ်လဲ၊ မော်ဒန်ရော့ခ်ပုံစံတွေကိုရော မသီဆိုချင်ဘူးလား။
A. အစုံပဲ COUNTRY, ROCK တွေများတယ် အစွဲသိပ်မရှိတော့ဘူး၊ MELODY နဲ့သီချင်းပုံစံဆန်းရင် ပိုကြိုက်တယ်၊ အဓိကကတော့ ဖန်တီးမှုအားကောင်းတာမျိုး ပိုကြိုက်လာတယ်၊ နယူးရော့ခ် မောဒန်ရော့ခ်တွေလဲ အခြေနေပေးရင် ဆိုဖြစ်မှာပါ။
Q. ခုခေတ်ဂီတလောကအပေါ် ကိုဖိုးကျော်အမြင်ကို သုံးသပ်ပေးပါဦး။
A. အများကြီးကောင်းလာပါတယ်။
Q. ရှေးဟောင်းနှောင်းဖြစ်ကလေးတွေလည်း မေးချင်ပါတယ်။ ဖေဖေါ်ဝါရီလထဲမှာ ကိုဃကြီးကွယ်လွန်ခဲ့တာ ၃နှစ်ပြည့်ပြီ။ သူနဲ့ကိုဖိုးကျော်ကြားက ပတ်သက်မှုတွေ ပြောပြပါဦး။
A. ကိုဃနဲ့က အများကြီးဗျ၊ မိုးလင်းသွားလိမ့်မယ်၊ဟီဟီ ပြောရင်းဆိုရင်းသတိရတာဗျာ။
Q. ထွက်ခဲ့တဲ့ခွေတွေထဲမှာ ဘယ်ခွေကို အားရအကျေနပ်ဆုံးပါလဲကိုဖိုးကျော်။ ဘာကြောင့်ပါလဲ။
A. တစ်ခွေမှမရှိဘူး၊ လောဘပေါ့ဗျာ ဒါပေမယ့်ပြီးသွားပါပြီ။
Q. တစ်ခါတုန်းက မန္တလေးဟာ vcd တန်းထွက်ခဲ့တာနော်။
A.ဟုတ်ပါ့။
Q. တခါတုန်းကမန္တလေး သီချင်းဖြစ်ပေါ်လာပုံလေးနဲ့ အဲ့တစ်ခွေလုံးကို ဇာတ်လမ်းလေးဖန်တီးဖြစ်ပုံလေး။
A. ပြောရမှာအရှည်ကြီး ခင်ဗျား ကျွန်တော့်ကို လက်ဘက်ရည်နောက်တစ်ခွက်တိုက်မှာလား။
Q. မန္တလေးမြို့ကြီးနဲ့ ရော့ခ်ဂီတကို ဘယ်လောက်ထိ မြတ်နိုးတွယ်တာခဲ့ရတာဆိုတာ ပြောပြပါဦးကိုဖိုးကျော်။
A. မန္တလေးကတော့ ကိုယ့်မွေးရပ်ဆိုတော့ အလကားနေရင်းကို ချစ်နေတာပေါ့ဗျာ ဟားဟားဟား၊ ROCKကတော့ အသွေးထဲအသားထဲကိုက ချစ်နေတာ။
Q. မေးခွန်းတွေက ဒီလောက်ပါပဲအကို။ တကူးတကဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ဖိုးကျော် fan တွေလည်း ကျေနပ်ကြမယ်ထင်ပါတယ်။ အကိုအနေနဲ့လည်း ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦးခင်ဗျာ။
A. ဟုတ်ကဲ့ပါ၊ ဘာပြောရမလဲဆိုတော့..... စဉ်းစားစမ်း စဉ်းစားစမ်း၊ အော်သိပြီ အားလုံး ဘေးရန်ကင်းကြပါစေ ကျမ်းမာကြပါစေ၊ ချမ်းသာချင်ရင်တော့ ကိုယ့်ဟာကို ကြိုးစား...
OKပါ BYE BYE
ဖိုးကျော် သီချင်းများစုစည်းမှု့
(၁) - ငှက်တစ်ကောင်ရဲ့အဘိဓါန် (၁၉၉၄)
၀၁ - ငှက်တစ်ကောင်အကြောင်း
http://pc.cd/VyzctalK
၀၂ - အကြောင်းပြချက်
http://pc.cd/ryzctalK
၀၃ - ညတစ်ခုရဲ့ခရီးသွား
http://pc.cd/jcHctalK
၀၄ - သူမရဲ့အချစ်ကိုရခဲ့ပြီးနောက်
http://pc.cd/L3prtalK
၀၅ - လင်းအရုဏ်တေး
http://pc.cd/4yzctalK
၀၆ - အက်ဆစ်ည
http://pc.cd/RoHctalK
၀၇ - ကွယ်လွန်နေ့ရက်များ
http://pc.cd/pyzctalK
၀၈ - သန့်ရှင်းသောရေငုပ်သူ
http://pc.cd/eoHctalK
၀၉ - ပေးအပ်ထားခဲ့
http://pc.cd/VrHctalK
၁၀ - ရေဒီယိုကလေးတစ်လုံး
http://pc.cd/gyzctalK
၁၁ - အဆိပ်သင့်သစ်ရွက်များ
http://pc.cd/1cHctalK
၁၂ - ထိုးဖောက်ထွက်ခဲ့
http://pc.cd/CcHctalK
၁၃ - ဘယ်သူ့ကိုလဲ
http://pc.cd/CrHctalK
❈ ❋ ❈ ❋ ❈ ❋
(၂) - မွေးဖွားခဲ့ (၁၉၉၅)
၁၄ - ရေစုန်မျောလိုက်ပြီ
http://pc.cd/AnzctalK
၁၅ - ခရီးသွားများ
http://pc.cd/8nzctalK
၁၆ - နောင်တနဲ့အနမ်း
http://pc.cd/89zctalK
၁၇ - ချစ်တစ္ဆေ
http://pc.cd/ynzctalK
၁၈ - တံတိုင်းကြီးခြား
http://pc.cd/m1zctalK
၁၉ - ပြန်ခဲ့ဦး
http://pc.cd/0nzctalK
၂၀ - ပင်လယ်
http://pc.cd/6nzctalK
၂၁ - မွေးဖွားခဲ့
http://pc.cd/39zctalK
၂၂ - မိုးများရွာပါစေ
http://pc.cd/cnzctalK
၂၃ - လရောင်သေဆုံးခြင်း
http://pc.cd/Y1zctalK
၂၄ - အချစ်သီချင်းများ
http://pc.cd/d9zctalK
၂၅ - သူရဲကောင်းပုံပြင်
http://pc.cd/rezctalK
❈ ❋ ❈ ❋ ❈ ❋
(၃) - မိုးအကြောင်းလေအကြောင်း
၂၆ - ပေးတော့
http://pc.cd/0TzctalK
၂၇ - နေဝင်ချိန်
http://pc.cd/TPzctalK
၂၈ - အားပေးနှစ်သိမ့်ရင်း
http://pc.cd/EgzctalK
၂၉ - တို့နှစ်ဦးသား
http://pc.cd/TCUitalK
၃၀ - မေ့ပစ်လိုက်ရင်ကောင်းမယ်
http://pc.cd/JPzctalK
၃၁ - လွမ်းခွင့်နောက်ဆုံး
http://pc.cd/VMzctalK
၃၂ - မိုးအကြောင်းလေအကြောင်း
http://pc.cd/mTzctalK
၃၃ - ဝေးကွာသောမနက်ဖြန်
http://pc.cd/RMzctalK
၃၄ - ငါ့နေ့များကိုဖန်ဆင်းပါ
http://pc.cd/WPzctalK
၃၅ - အိပ်မက်ဆိုးများထိတ်လန့်သူ
http://pc.cd/yPzctalK
၃၆ - သူမရဲ့မာန်နတ်
http://pc.cd/8FtitalK
၃၇ - နောက်ဆုံးည
http://pc.cd/YPzctalK
❈ ❋ ❈ ❋ ❈ ❋
(၄) - ပိုက်ဆံ (၂၀၀၁)
၃၈ - ရှေ့ဆက်မယ့်ခရီး
http://pc.cd/4VRctalK
၃၉ - အချစ်သီချင်းလေးလက်ဆောင်
http://pc.cd/7XRctalK
၄၀ - ပိုက်ဆံ
http://pc.cd/pkRctalK
၄၁ - ခိုဝင်လှဲ့မယ်
http://pc.cd/fazrtalK
၄၂ - ဘ၀ကထူးဆန်းလား
http://pc.cd/UVRctalK
၄၃ - နေခြည်မင်းသမီး
http://pc.cd/0kRrtalK
၄၄ - ကွဲလွဲခဲ့
http://pc.cd/TYk7
၄၅ - ပျောက်ဆုံးခြင်း
http://pc.cd/OXRctalK
၄၆ - အချစ်အကြောင်း
http://pc.cd/50RctalK
၄၇ - အာဒမ်ည
http://pc.cd/6t7rtalK
၄၈ - ထိန်းမရဘူး
http://pc.cd/H0RctalK
၄၉ - အပြစ်
http://pc.cd/DVRrtalK
❈ ❋ ❈ ❋ ❈ ❋
(၅) ပန်းနုရောင်လက်ထပ်ပွဲ +(ဟယ်ရီလင်း)
၅၀ - ပန်းနုရောင်လက်ထပ်ပွဲ
http://pc.cd/jFRctalK
၅၁ -နှလုံးသားတံခါးနှင့်ချစ်သူ့လေညင်း
http://pc.cd/a0RctalK
၅၂ - အတိတ်ကိုပြန်ပေး
http://pc.cd/3FRctalK
၅၃ - ရွှေရင်အေးဆေးတစ်ခွက်
http://pc.cd/u5RctalK
၅၄ - ပန်ဆင်ပါ
http://pc.cd/bpRctalK
၅၅ - အလွမ်းရဲ့နေ့
http://pc.cd/SJRctalK
❈ ❋ ❈ ❋ ❈ ❋
(၆)တခါတုန်းကမန္တလေး❖Selection❖
၅၆ - တခါတုန်းကမန္တလေး
http://pc.cd/m7YctalK
၅၇ - တို့နှစ်ဦးသား
http://pc.cd/0yYctalK
၅၈ - ဒါအချစ်ပဲလား
http://pc.cd/ooQctalK
၅၉ - ပြန်ခဲ့ဦး
http://pc.cd/fXYctalK
၆၀ - ညတစ်ခုရဲ့ခရီးသွား
http://pc.cd/WyYctalK
၆၁ - တံတိုင်းကြီးခြား
http://pc.cd/zyYctalK
၆၂ - မိုးများရွာပါစေ
http://pc.cd/9yYctalK
၆၃ - နေခြည်မင်းသမီး
http://pc.cd/MyYctalK
၆၄ - နောင်တနဲ့အနမ်း
http://pc.cd/QkYctalK
❈ ❋ ❈ ❋ ❈ ❋
(၇) - Collection
၆၅ - အမေပေးတဲ့ကလေးဘဝ (အမေ့ရုပ်ရည်) ၁၉၉၉
http://pc.cd/x7YctalK
၆၆ - အခြားတစ်ယောက်မရှိ (အမေ့ရုပ်ရည်)
http://pc.cd/jXYctalK
၆၇ - ဒါအချစ်ပဲလား (တစ်သက်တာအမှတ်တရ) ၁၉၉၉
http://pc.cd/cyYctalK
၆၈ - မင်းအတွက် (တစ်သက်တာအမှတ်တရ)
http://pc.cd/aXYctalK
၆၉ - အပ်နှံခြင်း (နှုတ်ခမ်းနှင့်ပန်းပွင့်)
http://pc.cd/xXYctalK
၇၀ - တံခါး (တံခါး)
http://pc.cd/5mYctalK
၇၁ - ငါ့ရဲ့စိတ်ကူး (တံခါး)
http://pc.cd/HhYctalK
၇၂ - တေလေငှက်ငယ် (ကောက်ကြောင်းများ)
http://pc.cd/LmYctalK
၇၃ - မင်းလက်ဆောင် (ကောက်ကြောင်းများ)
http://pc.cd/7bYctalK
၇၄ - ကောက်ကြောင်းများ (ကောက်ကြောင်းများ)
http://pc.cd/OmYctalK
၇၅ - မိစ္ဆာ (ရာနှုံးပြည့်)
http://pc.cd/7mYctalK
၇၆ - အမြင့်ပျံသမား (2000 Emperor 15)
http://pc.cd/tmYctalK
တစ်ခွေလုံးဒေါင်းမယ်ဆိုသူများ
Download Link ➬
- ငှက်တစ်ကောင်ရဲ့အဘိဓါန်
https://my.pcloud.com/publink/show…
- မွေးဖွားခဲ့
https://my.pcloud.com/publink/show…
- မိုးအကြောင်းလေအကြောင်း
https://my.pcloud.com/publink/show…
- ပိုက်ဆံ
https://my.pcloud.com/publink/show…
- ပန်းနုရောင်လက်ထပ်ပွဲ
https://my.pcloud.com/publink/show…
- တခါတုန်းကမန္တလေး
https://my.pcloud.com/publink/show…
- Collection
https://my.pcloud.com/publink/show…
CREDIT - AUNG MYO LWIN

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...