Saturday, April 30, 2016

အပူလေသင်တုန်းဖြတ်ခြင်း (Heat Stroke)

သိန်း မြင့်


လတ်တလောမြန်မာနိုင်ငံမှာ အပူဒဏ် ပူပြင်းလျက်ရှိပါတယ်။ ဒါကြောင့် အပူလွန်ကဲမှု ကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကို တင်ပြလိုက်ရပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်တဲ့ထဲမှာ Heat Stroke လို့ခေါ်တဲ့ အပူ လေသင်တုန်းဖြတ်ခြင်းကို Medical Emergency ကျန်းမာရေးအရေးပေါ်ပြဿနာလို့ သတ်မှတ် ထားပါတယ်။ Heat Sroke ဖြစ်နေတယ်လို့ ယူဆရရင် ဆေးရုံကို အမြန်ဆုံးသွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။

Heat Stroke ကြောင့် ဦးနှောက်နဲ့ ကိုယ် တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်သလို အသက် ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ Heat Stroke ဟာ အသက် (၅ဝ) အထက်လူကြီးတွေမှာ အဖြစ် များပြီး ကျန်းမာရေးကောင်းမွန်တဲ့ လူငယ် အားကစားသမားတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ံနအှေအမသုန ဟာ အပူဒဏ်ကြောင့် ကြွက် တက်ခြင်း (Heat Cramps)၊ ယာယီသတိလစ် မေ့မြောခြင်း (Fainting)နဲ့ ခြေကုန်လက်ပန်း ကျခြင်း (Heat Exhaustion) တွေလို သိပ်မပြင်း ထန်တဲ့ လက္ခဏာတွေကနေ တစ်ဆင့်ပြီး တစ်ဆင့်ဖြစ်နိုင်ပါတယ်။ အဲဒီလို လက္ခဏာတွေ မပြဘဲနဲ့လည်း Heat Stroke အဆင့်ကို တန်း ရောက်နိုင်ပါတယ်။
မြင့်မားတဲ့အပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိရင် Heat Stroke ဖြစ်ပါတယ်။ Heat Stroke ဟာ များသောအားဖြင့် ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးခြင်းနဲ့လည်း တွဲဖက်ဖြစ်တတ်ပါ တယ်။ ဒါကြောင့် နောက်ဆက်တွဲအဖြစ် ခန္ဓာ ကိုယ်ရဲ့ အပူချိန် ထိန်းညှိရေးစနစ်ကို ပျက်စီးစေ နိုင်ပါတယ်။ ပြင်းထန်တဲ့ အပူချိန်နဲ့ ထိတွေ့မိပြီး နောက် ခန္ဓာကိုယ် အပူချိန် (၁ဝ၅) ဒီဂရီဖာရင် ဟိုက်ထက် ပိုပြီး ပင်မအာရုံကြောစနစ် (Central Nervous System) ကို ထိခိုက်ပြီဆိုရင် Heat Stroke လို့ သတ်မှတ်နိုင်ကြောင်း ကျန်းမာရေး ဆိုင်ရာ ပညာရှင်တွေ သတ်မှတ်ထားကြပါတယ်။ Heat Stroke ရဲ့တခြားလက္ခဏာတွေထဲမှာ ပျို့ခြင်း (Nausea)၊ တက်ခြင်း (Seizure)၊ အာရုံထွေပြားခြင်း (Confusion)၊ စိတ်ရှုပ်ထွေး ကာ မမှတ်မိခြင်း (Disorientation)နဲ့ တစ်ခါ တစ်ရံ သတိလစ်ခြင်း သို့မဟုတ် ကိုမာ (Coma) မေ့မြောခြင်းတို့ ပါဝင်ပါတယ်။
လက္ခဏာများ
ခန္ဓာကိုယ်အပူချိန် (Core Temperature) (၁ဝ၅) ဒီဂရီဖာရင်ဟိုက်ထိ မြင့်တက်ခြင်းက Heat Stroke ရဲ့အဓိက ရောဂါလက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမဆုံး လက္ခဏာအဖြစ် ယာယီသတိလစ်မေ့မြောခြင်း ဖြစ်နိုင်ပါတယ်။
တခြားရောဂါလက္ခဏာတွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။
- ခေါင်းတစ်ဆစ်ဆစ်ကိုက်ခဲခြင်း
- မူးဝေခြင်း၊ ဦးခေါင်းပေါ့သကဲ့သို့ ခံစားခြင်း
- ခန္ဓာကိုယ် အပူချိန်မြင့်မားနေပေမယ့် ချွေး မထွက်ခြင်း
-ြ<ွကက်သားအားနည်းခြင်း သို့မဟုတ် ကြွက် တက်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အသက်ရှုမြန်ခြင်း (Rapid Shallow Breating)
- အပြုအမူများပြောင်းလဲလာခြင်း (အာရုံထွေ ပြားခြင်း၊ စိတ်ရှုပ်ထွေးကာ မမှတ်မိခြင်း)
- တက်ခြင်း
- သတိလစ်မေ့မြောခြင်း
ကုသနည်း
Heat Stroke ဟာ အရေးပေါ် ကျန်းမာ ရေးပြဿနာဖြစ်တာကြောင့် ဆေးရုံကို အမြန် ဆုံးသွားရောက်သင့်ပါတယ်။ ကုသမှုနောက်ကျ ရင် အသက်ဆုံးရှုံးတဲ့ထိဖြစ်နိုင်ပါတယ်။ ဆေးရုံ ကို ချက်ချင်းသွားဖို့ အဆင်မပြေရင် ရှေးဦးသူနာ ပြုစုနည်းနဲ့ ကုသပေးပါ။ လူနာကို အေးမြတဲ့ ပတ်ဝန်းကျင်ကို ရွှေ့ပြောင်းပေးပါ။ လေအေး ပေးစက် တပ်ဆင်တဲ့အခန်းမရှိဘူးဆိုရင် အေးမြ ပြီး အရိပ်ရတဲ့နေရာမှာ ထားပါ။ မလိုအပ်တဲ့ အဝတ်အစားတွေကို ချွတ်ပေးပါ။ ဖြစ်နိုင်မယ် ဆိုရင် လူနာရဲ့ ခန္ဓာကိုယ်အပူချိန်ကို (၁ဝ၁)၊ (၁ဝ၂) ဒီဂရီဖာရင်ဟိုက်ထိ ကျအောင် လုပ်ပေး ပါ။ အဖျားတိုင်းစက်မရှိရင်လည်း ရှေးဦးသူနာ ပြုစုနည်းကို မဖြစ်မနေစလုပ်ပါ။
ခန္ဓာကိုယ်အပူချိန် ကျဆင်းစေဖို့ အောက် ပါနည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
- လူနာကို ရေပက်တိုက်၊ သို့မဟုတ် ရေလောင်း ပေးပြီး ပန်ကာဖွင့်ပေးထားပါ။ ပန်ကာမရှိရင် ရပ်ခတ်ပေးပါ။ ဖျာကို ရေစွတ်ပြီး လူနာကို လှဲ လျောင်းစေပါ။
- ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်းနဲ့ နောက်ကျော ဘက်တွေကို ရေခဲကပ်ပေးပါ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီနေရာတွေမှာ သွေးကြောများစွာ ရှိပြီး သွေးကြောတွေက အပေါ်ယံအရေပြားနဲ့ နည်းကပ်စွာရှိနေလို့ပါ။
- လူနာကို ရေအေးနဲ့ရေချိုးပေးပါ။ အဆင်ပြေ မယ်ဆိုရင် ရေခဲရေနဲ့ ချိုးပေးပါ။
- အရေးအကြီးဆုံးကတော့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပါ။
Heat Stroke ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်များ
လေဝင်လေထွက် ကောင်းမွန်ခြင်းမရှိတဲ့ အိမ်မှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေမှာ Heat Stroke ဖြစ်နိုင်ခြေများပါတယ်။ နောက်ပြီး ရေအလုံအလောက်မသောက်သုံးသူတွေ၊ နာတာရှည်ရောဂါဖြစ်နေသူတွေ၊ အရက် အလွန် အကျွံ သောက်သုံးသူတွေမှာလည်း အသက် အရွယ်မရွေးဘဲ ဖြစ်နိုင်ပါတယ်။
အချိန်ကြာမြင့်စွာ အပူလှိုင်းဖြတ်နေချိန် မြို့ပြမှာနေထိုင်သူတွေအနေနဲံ့နအှေအမသုန ကို ခံစားရနိုင်ခြေပိုများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူနေမှုထူထပ်ပြီး လေထုညစ်ညမ်းမှု များပြားလို့ပါ။ နောက်ပြီး နိုင်လွန်ကတ္တရာနဲ့ ကွန်ကရစ်တွေဟာ အပူဒဏ်ကို ထိန်းသိမ်းထား စွမ်းရှိတာကြောင့် ညဘက်ရောက်ချိန်မှာ အဲဒီ ထဲကနေ အပူဓာတ်တွေ ပြန်ထုတ်ပေးနိုင်တာကို သတိထားရပါမယ်။
အသက်အရွယ်
မွေးကင်းစကလေးငယ်အပါအဝင် အသက် လေးနှစ်အောက်ကလေးငယ်တွေ၊ အသက် (၆၅) နှစ်အထက် သက်ကြီးပိုင်းတွေက တခြားသူတွေ ထက် Heat Stroke ဖြစ်နိုင်ခြေပိုများပါတယ်။
ကျန်းမာရေး
နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အဝလွန် ခြင်း၊ အပိန်လွန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ စိတ် ရောဂါ၊ အရက်သောက်ခြင်း၊ နေလောင်ခြင်း၊ အဖျားတက်ခြင်း အစရှိတဲ့ ရောဂါဝေဒနာကို ခံစားနေရသူတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများ ပါတယ်။
ဆေးဝါး
Antihistamine၊ ပိန်ဆေး၊ ဆီးရွှင်ဆေး (Diuretics)၊ အိပ်ဆေး (Sedatives)၊ စိတ်ငြိမ်ဆေး (Tranquilizers)၊ စိတ်ကြွဆေး၊ အတက်ကျဆေး (Anticonvulsant)၊ BetaBlocker နဲ့ Vasoconstrictor အမျိုးအစား နှလုံး၊ သွေးတိုး ဆေး၊ Antidepressant နဲ့ Antipsychotic အမျိုး အစား စိတ်ရောဂါကုသဆေး၊ တားမြစ်ဆေးတွေ ဖြစ်တဲ့ ကိုကင်း၊ မက်သမ်ဖက်တမင်းတွေက လည်း ဖြစ်နိုင်ခြေများစေပါတယ်။
ဆီးချိုဝေဒနာရှင်များ
သူတို့တွေမှာ Heat Stroke ဖြစ်ရင် ဆိုးဝါး တဲ့အခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
အထက်ပါ ပြဿနာနဲ့ ဝေဒနာတွေ ခံစား နေရသူတွေအနေနဲ့ အပူဒဏ်ကိုမခံနိုင်တဲ့ အနေ အထားနဲ့ ကြုံလာပြီဆိုရင် ဆရာဝန်နဲ့ ကြိုတင်စွာ ပြသပြီး အကြံဥာဏ်တောင်းခံခြင်း၊ ကုသမှုခံယူ ခြင်းတွေ လုပ်သင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ပြင်ပအပူချိန်မြင့်မားလာပြီဆိုရင် အအေးဓာတ် ရှိတဲ့ ပတ်ဝန်းကျင်မှာ နေခြင်းက အကောင်းဆုံး ပါ။ မဖြစ်မနေ အပြင်ထွက်ရတော့မယ်ဆိုရင် အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။
- ပေါ့ပေါ့ပါးပါး၊ ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။ အရောင်မှိန်မှိန်အဝတ်အစားတွေဝတ်ပါ။ ဦးထုပ်၊ ထီးဆောင်းပါ။
- နေရောင်ခြည်ကာကွယ်တဲ့ Sunscreen သုံးပါ။
- ရေများများသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု ကာကွယ်ဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေမတ်ခွက်ရှစ်ခွက် သောက်ပါ။ အသီးအနှံ ဖျော်ရည်တွေလည်း သောက်ပါ။ ရေဓာတ်ဆုံးရှုံး ခြင်းနဲ့အတူ ဆားဓာတ်လည်း ဆုံးရှုံးနိုင်တာ ကြောင့် ဓာတ်ဆားရေလည်း သောက်ပါ။
- လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်လည်း ဂရု စိုက်ပါ။
- အလုပ်ကိစ္စတွေကို အိမ်မှာလုပ်ပါ။ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် နေအေးချိန်တွေ ရွေး ထွက်ပါ။
- ဆီးအရောင်ကို အမြဲတမ်းစစ်ဆေးပါ။ ဆီး အရောင်ရင့်ရင့်သွားခြင်းက ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာဖြစ်ပါတယ်။
- ကော်ဖီလို ကဖိန်းဓာတ်ပါတဲ့ သောက်စရာ တွေနဲ့ အရက်သောက်ခြင်းကို ရှောင်ရှားပါ။
- ကိုယ်နေထိုင်တဲ့အိမ်မှာ ပန်ကာနဲ့ လေအေးပေး စက်မရှိဘူးဆိုရင် တစ်နေ့တာရဲ့ အပူဆုံးအချိန် တွေကို လေအေးပေးစက် တပ်ဆင်ထားတဲ့ နေရာတွေမှာ နှစ်နာရီလောက် သွားရောက် နေသင့်ပါတယ်။ အိမ်မှာဆိုရင်လည်း ကန့်လန့် ကာတွေတပ်ဆင်သင့်ပြီး အရိပ်ရအောင် လုပ် ဆောင်သင့်ပါတယ်။ ညဘက်တွေမှာ ပြူတင်း ပေါက်တွေ ဖွင့်ထားပါ။
အကယ်လို့ Heat Stroke ခံစားခဲ့ရပြီး ပြန် ကောင်းလာချိန် ရက်သတ္တပတ် အနည်းငယ် ထိအောင် အပူဒဏ်ကို နည်းနည်းမှ မခံစားနိုင် အောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ ရာသီဥတုထဲကို ထွက်ခြင်း၊ လေ့ကျင့်ခန်း လုပ် ခြင်းတွေကို ဆရာဝန်ခွင့်မပြုမခြင်း မလုပ်သင့် ပါဘူး။ ဒါပေမဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ကိုတော့ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
Ref: WebMD
မွန်းတည့်နေ။ အတွဲ (၂)၊ အမှတ် (၅၂)
- ချစ်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...