Wednesday, April 20, 2016

တာယာအကြောင်း

သိန်း မြင့်

ခရီးသွားရာသီပြီးသွားလို့ နောက် နှစ်လလောက်ဆိုရင် မိုးရာသီရောက်လာပါပြီ။
ဒီတော့ ခရီးသွားလာတာနည်းတယ်ဆိုပေမယ့် ခရီးမဖြစ်မနေထွက်ရတဲ့သူတွေလဲ များနေပါသေးတယ် ။ ဒီလိုအချိန်မှာ ကား တစ်စီးရဲ့ အောက်ပိုင်းတွေအပြင်တာယာကိုလဲ ဂရုစိုက်ရဦးမှာပါ။ တာယာ တစ်လုံးရဲ့ သက်တမ်းကို ၃ နှစ်ကနေ ၅ နှစ်ထိ သတ်မှတ်ပေးထားပါတယ်။
၁၀၀%လားဆိုတော့ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ တာယာကို ရာသီဥတုအနေအထားပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်ပါသေးတယ် ။


တစ်ချို့ကဆိုတယ်ပေါ့ ငါ့တာယာ ၅ လပဲ ရှိသေးတယ် ပန်းက ပါးသွားပြီတာယာမကောင်းဘူးပေါ့။(တာယာ အမျိုးအစားပေါ်လဲ မူတည်ပါသေးတယ်ကီလို မောင်းတာ ဘယ်လောက်မောင်းမှန်းမသိ )
တစ်ချို့က ဆိုတယ် ငါ့တာယာက ဒိတ် အသစ် အခုမှ ရောက်တာ ၂၀၁၆ ဒိတ်နဲ့ ။ (ဒိတ်အသစ်က ၃ လလောက် ကြာပါတယ် အသစ်ရောက်ဖို့ဆိုတာ)
တစ်ချို့ကလဲ ပြောကြတယ် ငါ့ တာယာ က ပန်း က အရမ်းမိုက်တယ် အသံညိမ် တယ် ။ ( တာယာ အမျိုးအစားနဲ့ ပန်းအမျိုးအစားပေါ်မူတည်ပါတယ်။ )
တစ်ချို့ကလဲ ပြောကြတယ် ငါ့တာယာက ပေါက်လဲ ဆက်မောင်းလို့ရတယ်( runflat tyre တွေဆိုရင် တော့ မောင်းလို့ရပါတယ်။)
တစ်ချို့ကလဲ ပြောကြတယ် ငါ့တာယာက ၅ နှစ်လောက်ရှိနေပြီ ပန်းက လုံးဝအစားခံတယ် ( တစ်နေ့မှ ကီလို ၂၀လောက်မောင်းတာ )
တစ်ချို့ကလဲ ပြောတယ် အမျိုးအစားတော်တော်ကောင်းတယ် ဈေးအကြီးဆုံးပဲ
(ဈေးကြီးတိုင်းကောင်းတာမဟုတ်ပါဘူး)
တစ်ချို့ကလဲ တာယာက MADE IN CHINA ကြီး မကောင်းပါဘူး (ကိုယ်ဝယ်မယ့်တာယာ BRAND ကိုရှာကြည့်ပါ အတုထွက်ရင်တော့မပြောတတ်ဘူးပေါ့ တရုတ်မှာထုတ်လုပ်ပြီး ကမ္ဘာ့အဆင့်ြ့မင့်တာယာတွေပါ။ ကမ္ဘာ့ကားဈေးကွက်က တရုတ် ဘက်ရောက်သွားတော့ တာယာ ထုတ်တဲ့စက်ရုံတော်တော်များများ က တရုတ်မှာထုတ်ပါတယ်။ အများသုံးပေါ့ အဆင့်တအားမြင့်တဲ့ runflat တာယာလိုမျိုးကိုတော့ မူလ နိုင်ငံမှာပဲ ထုတ်ပါတယ်။
တာယာတွေ ထဲမှာ ကမ္ဘာ က လက်ခံထားတဲ့ တာယာ တွေမှာ
1. BRIDGESTONE
2.MICHELIN
3.CONTINENTAL
4.PIRELLI
5.GOOD YEAR
6.YOKOHAMA
7.DUNLOP
8.HANKOOK
တာယာတံဆိပ်တွေပါ။ ဒီတံဆိပ်တွေ အားလုံးနီးပါး တရုတ် နိုင်ငံမှာထုတ်လုပ်ပါတယ်။ ဒီတံဆိပ်တွေ ထဲမှာ တော့မဟုတ်ပါဘူး။ တစ်ချို့တာယာတွေမှာ MADE IN PRC ဆိုပြီးတော့ ပါ။ ဒါကို ရောင်းသူကသေချာမပြောပါဘူး။ PRC ဆိုတာ PEOPLE REPUBLIC OF CHINA ပါ ။ အဲ့တော့ တရုတ် လို့ပဲ အမည်ရတာပေါ့။ အပေါ်က တံဆိပ်တွေကတော့ ကမ္ဘာက လက်ခံထားလို့ ယုံကြည်စိတ်ချစွာ သုံးစွဲလို့ရပါတယ်။ ကျန်တဲ့ တာယာတွေကို မကောင်းဘူး ပြောတာ တော့ မဟုတ်ပါဘူး။ ကောင်းတဲ့ တာယာတံဆိပ်တွေအများကြီးရှိပါတယ်။ ကိုယ်သုံးမယ့်ပစ္စည်းရဲ့ ကွာလတီကို အင်တာနက် ကနေ ခေါက်ကြည့်စေချင်တာပါ။ အာာာာာ ဒီတာယာက ဈေးပေါတယ် ဒါပဲ သုံးမယ်ကွာ ဆိုရင်တော့ ဘာဖြစ်ဖြစ် သုံးလို့ရပါတယ်။
တာယာတွေမှာသက်တမ်းဆိုတာရှိပါတယ်။ ဘယ်တာယာမဆို သူ့ရဲ့ ထုတ်လုပ်တဲ့ သက်တမ်းကို အဓိက ရေးထားရပါတယ်။ နောက်ပြီး ဆိုဒ် ပြီးတော့မှ SPEED ထုတ်လုပ်တဲ့နိုင်ငံ ၊ ဘယ်ရာသီဥတုအတွက်ထုတ်လုပ်ထားတာလဲ ရှိပါသေးတယ်။
တာယာမှာသက်တမ်းကတော့ အပေါ်မှာပြောသလိုပဲ ၃ နှစ်ကနေ ၅ နှစ်ထိပြောထားပါတယ်။ တစ်ချို့ တာယာတွေကတော့ ရာသီဥတုပြောင်းလဲမူပေါ်မူတည်ပြီး ၁ နှစ်လောက်နဲ့ လဲ တာယာတွေ အက်ကြောင်းကွဲလာပါပြီ။ဒါဆိုရင်တော့ မြို့တွင်းသုံးတာလောက်က ဘာမှမဖြစ်နိုင်ပေမယ့် အရှိန်မျာားပြီဆိုရင်တော့ ကွဲထွက်တတ်ပါတယ်။တာယာပတ်လည်မှာ ရှာကြည့်ပါ ဂဏာန်း ၄လုံးရေးထားတာ တွေ့ပါလိမ့်မယ်။ ဒါမှမဟုတ် YY--------1112 ဆိုပြီးရေးထားရင် လဲ နောက်ဆုံးလေးလုံးကို ကြည့်လို့ရပါတယ်။ ရှေ့က 11 က ထုတ်လုပ်တဲ့ အပတ် ဖြစ်လို့ အပတ်ဆိုတာက ၁ လမှာ ၄ ပတ်ရှိပါတယ် ၄ နဲ့ စားလိုက်ရင် ၂ ကျော် ဖြစ်လို့ ဖေဖ၀ါရီလ ထုတ်လုပ်ထားတယ်ဆိုတာသိရမှာပါ။ နောက်က ဂဏာန်းနှစ်လုံးကတော့ 12 ဆိုတာက ထုတ်လုပ်တဲ့ ခုနှစ်ပါ။ ၂၀၁၂ ခုနှစ် ဖေဖ၀ါရီလ မှာထုတ်လုပ်တယ်လို့ပြောလို့ရပါတယ်။ တိုက်ကြည့်ပြီး ကိုယ်ဝယ်တာ ဒိတ် က မှန်မမှန်စစ်လို့ရပါတယ် တာယာတွေများတော့ အားဖြင့် တစ်ဖက် ထဲမှာသာ ဒိတ် ရေးထားတာမို့ မတွေ့ရဘူးဆိုရင် နောက်တစ်ဖက် မှာလှန်ကြည့်ပါ။သေချာတွေ့ရမှာပါ။
တာယာ အ၀ိုင်းမှာ ထပ်ကြည့်ရင် 185/ 70/R14 88H ဆိုပြီးတွေ့ရဦးမှာပါ။ 185 ဆိုတာကတော့ တာယာ ကို အပေါ်က ကြည့်ရင် ဗျက် အကျယ်ကို တွေ့၇မှာပါ။ ဗျက်အကျယ်ကိုပြောတာပါ။ 70 ဆိုတာကတော့ ဂွေတပ်ထားရင် ဂွေကနေတာ ယာ အနိမ့်အမြင့် ကို တိုင်းထားတာပါ ။ အနောက်က 14 ကတော့ လက်မ တိုင်းတာတာ ဖြစ်ပြီး 14 လက်မ ဆိုဒ်ကိုရည်ညွန်းတာပါ။ များသောအားဖြင့် တာယာအော်ရီဂျင်နယ်ဆိုဒ်နဲ့ လေထိုးတဲ့ လေပေါင်ကို ကားရှေ့တံခါးဖွင့်ရင် ဘောင် မှာ ရေးထားပါတယ်။ အနောက်က 88 H မှာ 88 ဆိုတာက တာယာ တစ်လုံးရဲ့ ထမ်းထားနိုင်တဲ့ ၀န်ကို ရေးထားတာပါ။ ၈၈ ဆိုရင် ၅၆၀ကီလို တင်နိုင်ပါတယ်။ တစ်လုံးထမ်းနိုင်အားပါ။ H ကတော့ SPEED LIMIT ဖြစ်ပြီး အများဆုံးမောင်းနှင်နိုင်တဲ့ အားပါ။ H ဆိုရင်တော့ အများဆုံးမောင်နှင်နိုင်မှာက 210KM/H ပါ ။ ဒါဆိုတော်တော် မောင်းနှင်နိုင်ပါပြီ ပြိုင်ကားတွေမှာတော့ Z ဒါမှမဟုတ် W နဲ့ လာပါတယ် အမြန်ဆုံး ၂၇၀ ကျော် မောင်းနှင်နိုင်ပါတယ်။
တာယာကို ၂ မျိုးခွဲထားပါသေးတယ် 185/70R14 ရှေ့မှာ P နဲ့ LT ဆိုတာ ပါပါသေးတယ် P ကတော့ PERSONAL CAR TYRE ဖြစ်ပြီးတော့ လူစီးကားတွေမှာ အသုံးပြုပါတယ်။ LT ကတော့ LIGHT TRUCK TYRE ဖြစ်ပြီး လုပ်ငန်းသုံးကားတာယာအမျိုးအစားဖြစ်ပါတယ်။တစ်ချို့ အယူအဆမှားပြီး LANDCRUISER တွေမှာ တပ်ဆီးနေကြတာလဲ တွေ့နေရလို့ပါ။ PROBOX တို့လိုကားတွေမှာ ဒီတာယာတွေများပါတယ်။ ပြီးရင် PICK UP လို VIGO , CARRY စတဲ့ကားတွေမှာသာအသုံးများတာပါ။ SPEED ကနည်းနည်းပဲ မောင်းနှင်နိုင်ပါတယ် ကုန်တင်တဲ့တာယာမို့လို့ပါ။ ဒါကို သတိမထားပဲ အရှိန်မြင့်မောင်းနှင်ကြရင်တော့ မကောင်းဘူး ပေါ့။
တာယာကို ပန်း အမျိုးမျိုးနဲ့ လာပါတယ် ။ ရာသီ ၄မျိုးသုံးလို့ရတဲ့ ပန်းနဲ့ လာသလို မျှားပန်းလိုမျိုးပန်းတွေကတော့ SPEED များများသုံးမယ့်ကားတွေမှာ သုံးကြပါတယ်။ ROTATION နဲ့ ပါ။ ဂျပန်လို နှင်းကျတဲ့နိုင်ငံတွေမှာ နှင်းပန်းဆိုတာ သုံးပါတယ်။ တာယာပန်းမှာ လှိုင်းတွန့် သေးသေးလေးတွေအများကြီးပါ ချောမသွားအောင် ထိန်းပေးနိုင်ဖို့ပါ။ အခုနောက်ပိုင်းတော့ ECO ဆိုပြီးတော့ ဆီစားသက်သာမယ် ကီလို များများပိုမောင်းနိုင်တယ်ဆိုတဲ့ ပန်းအမျိုးမျိုး ထွက်လာပါတယ် ဈေးနှုန်း လဲ ကွာပါတယ်။ စောစောက ရေးခဲ့သလိုပဲ LT တာယာတွေက တော့ ကြမ်းကြမ်းတမ်းတမ်း ပုံစံပန်းတွေပါ။
အခုနောက်ပိုင်းလာတဲ့ တာယာတွေအားလုံးကတော့ TUBELESS တာယာတွေပါ။
RUNFLAT တာယာ မျိုးကတော့ ပေါက်နေသည့်တိုင်အောင် ကီလို တစ်ရာလောက်ကို ဒီတိုင်းမောင်းနှင်သွားနိုင်ပါတယ်။ ဈေးနှုန်း ကလဲ သာမာန် တာယာတွေထက် ၄ ဆလောက် ပိုများပါတယ်။
ဒီလို ခရီးသွားရာသီမှာပဲ ဖြစ်ဖြစ် ကားအောင် ပိုင်း အင်ဂျင်ပိုင်းစက်ပိုင်းတွေအပြင် တာယာကိုလဲ အဓိက ထားစစ်ဆေးသင့်ပါတယ်။ ဟုတ်ပါတယ် တာယာ တစ်လုံးကို ၇သောင်းလောက်ကျလို့ ၃ သိန်း လောက်ကုန်မှာကို မနှမြောပါနဲ့
ပုံမှာပါသလိုပဲ အာလူးထွက်နေတာကို တွေ့ရင် လဲ သင့်နေပါပြီ အထဲက စတီးကြိုး ပျက်နေလို့ပါ ပလက်ဖောင်းလောက်ကို အနည်းငယ် ပွတ်မိတာနဲ့ ဖောင်းကနဲပေါက် မှာပါ။ ကိုယ့်အသက်ထက်နှမြောစရာ ဘာမှမရှိပါဘူး။ နောက်ပြီး ကိုယ်ေ၇ွးချယ်တဲ့ တာယာအမျိုးအစားအပြင် ပန်းတွေပါမမှားပါစေနဲ့ လေ ပေါင် ကို လဲ သတ်မှတ်ပေးထားတဲ့ လေ ပေါင် ထိုးသွားတာ မမှားပါဘူး။ LT တာယာတွေက လူစီး ကားတာယာတွေထက် လေပေါင် ပိုများပါတယ်။ တာယာမှာလဲ လေပေါင် ဘယ်လောက်ထိ ခံနိုင်တယ် ဆိုတာလဲ ရေးထားပါတယ် ဒါလေးတွေကို လဲ မှတ်ထားစေချင်ပါတယ်။ တာယာ တစ်လုံးကောင်းမကောင်း ကိုယ်တိုင်လေ့လာ စစ်ဆေးစေချင်ပါတယ်။
မောင်သန့်ဇင် (JAPAN ONLINE CAR AUCTION)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...