Thursday, April 7, 2016

If pattern တွေထဲက first conditional ကို အခြားသော Modal verb များနဲ့လည်း .. တွဲသုံးလို့ရတာ သိထားပါ

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

If pattern တွေကို ကျောင်းမှာ ကျနော်တို့ သင်ယူခဲ့ကြရပါတယ် ၊ အဲဒီအထဲကမှ ပထမဆုံးဖြစ်တဲ့ pattern 1 ဟာ အသုံးများဆုံးလည်းဖြစ်ပါတယ် ။ သူ့ပုံစံဖြစ်တဲ့
.
if + Simple Present, will + infinitive (V1) ကိုလည်း ကျနော်တို့ သီပြီးသားဖြစ်ပါတယ် ။
..
အဲဒီက will နေရာမှာ အခြားသော Modal verb များ future form များနဲ့ လဲလှယ်သုံးဖို့ဆိုလျှင် ကျနော်တို့တွေ မ၀ံ့မရဲ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် .. ။

တကယ်တော့ ကျနော်တို့ ပေးချင်တဲ့ အဓိပ္ပါယ်ပေါ်မှာ မူတည်ပြီး လဲလှယ်သုံးစွဲလို့ ရပါတယ် ၊ နာမည်ကြီး အင်္ဂလိပ်သဒ္ဒါ အင်တာနက်စာမျက်နှာ(တစ်ခါတရံကမ္ဘာ့အဆင့် - ၁) ဖြစ်တဲ့ www.englishgrammar.org မှာ ဒီလိုရေးထားပါတယ် ။ In first conditional sentences, we use a simple present tense in the if-clause and will + infinitive in the main clause. This is the standard form. Alternate forms with other auxiliaries are also possible.
ကဲအဲသည်တော့ ရဲရဲဝံ့ဝံ့သာ သုံးပေတော့ ၊ နမူနာဝါကျလေးများကို Modal verb များရဲ့ sense (သဘောအဓိပ္ပါယ်) ကိုပါယူပြီး ပိုပိုသာသာလေး ပြန်ဆိုထားပါတယ် ..
.
(1) If I am free, I WILL come to the party.
ကျနော်အားလျှင်ပါတီပွဲကို လာဖြစ်လိမ့်မယ်ထင်တယ် (ကြိုတင်ခန့်မှန်း၍ပြော prediction)
.
(2) If I am free, I HAVE TO come to the party.
ကျနော်အားလျှင် ပါတီပွဲကို လာရမယ် (လိုအပ်ချက် necessity)
.
(3) If I am free, I AM GOING TO come to the party.
ကျနော်အားလျှင် ပါတီပွဲကို လာပါမယ် (ဆုံးဖြတ်ချက် decision )
.
(4) If I am free, I CAN come to the party.
ကျနော်အားလျှင် ပါတီပွဲကို လာနိုင်မယ် (လာနိုင်စွမ်းရှိတယ် ability)
.
(5) If I am free, I MAY come to the party.
ကျနော်အားလျှင် ပါတီပွဲကို လာဖြစ်မှာပါ (ဖြစ်နိုင်ခြေများတယ် possibility)
.
(6) If I am free, I MIGHT come to the party.
ကျနော်အားလျှင် ပါတီပွဲကို လာကောင်းလာပါမယ် (ဖြစ်နိုင်ခြေအသင့်အတင့် less possibility)
.
(7) If you are free, you SHOULD come to the party.
ခင်ဗျားအားလျှင် ပါတီပွဲကို လာသင့်တာပေါ့ (အကြံပြု suggestion)
.
(8) If we are free, we MUST go to the party.
ကျနော်တို့အားလျှင် ပါတီပွဲကို သွားကြရမယ် (တာဝန်ရှိတယ် obligation )
.
(9) If we are free, we OUGHT TO go to the party.
ကျနော်တို့အားလျှင် ပါတီပွဲကို သွားဖို့ဝတ္တရားရှိတယ်/သွားထိုက်တယ်
(အသိစိတ်အရ လုပ်ထိုက်တယ်လို့ယူဆ moral obligation)
...
WOULD ကိုတော့ သုံးတာမတွေ့ပါဘူး second conditional နဲ့ရောထွေးနိုင်လို့ မသုံးတာလားလို့ တွေးမိပါတယ်
.....................................................
အဲလိုသိပြီးသားလေးတွေကို လက်တွေသုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်မိသွားအောင် ရေးချင်နေတာက ကျနော်ပါ
..
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...