ယုံကြည်စွာ Like & Share ကြပါရန်
အထက်ပါနိုင်ငံတော်ကြီး၏ အထူးကျေးဇူးရှင်ကြီးပုံကို လူများမေ့လျော့လာကြသဖြင့် နိုင်ငံစောင့် နတ်မင်းကြီး၏ အိပ်မက်ပေးချက်အရ Like & Share လိုက်ရပါသည်။
- အညာဘက်က ဘုန်းကြီးတစ်ပါး မ Share သဖြင့် ကျောင်းအသိမ်းခံရသည်၊ နောက်မှ Share လိုက်ရာ ကျောင်းသိမ်းသူများပါ လမ်းဘေးရောက်သွားသည် (တရုတ်ကုမ္ပဏီက တစ်ကျောင်းလုံးကို ဘူဒိုဇာနဲ့ထိုးချသွားတယ်ဆိုလားပဲ)
- မီးခဏခဏပျက်ခြင်းနှင့်ကြုံနေရ၍ စိတ်ညစ်နေသော မိန်းကလေးတစ်ဦး Like & Share လိုက်ရာ နောက်ထပ် မီးပျက်ခြင်း မကြုံရတော့ပေ (ဓာတ်ကြိုးပြတ် နင်းမိပြီး တစ်ခါထဲကို ဘ၀ကူးသွားတာ)
- ကားလမ်းကျပ်လွန်းသဖြင့် စိတ်ညစ်နေသော ယာဉ်မောင်းတစ်ဦး Like & Share ရုံတင်မကဘဲ ပုံကြီးချဲ့ မှန် ဘောင်သွင်းကာ ကားခေါင်မိုးပေါ်တွင်ထောင်ပြီး ပန်းစည်းပန်းကုံးများ မှန်မှန်ဆက်ရာ သွားလေရာ လူများ တအံ့တသြ လမ်းဖယ်ပေးခြင်း ခံရ၏ (ဟယ် ဒါကြီး အသုဘလား ဟု အမေးတော့ ခံရသည်)
- အွန်လိုင်းတော်လှန်ရေးသမားတစ်ဦး ဆဲစရာစကားလုံးရှားပါးလာသဖြင့် ကြံရာမရသည့်အဆုံး Like & Share လိုက်ရာ ဤပုံ အောက်တွင် ဆဲနည်းသစ်များ ဖတ်မကုန်အောင် ရရှိခဲ့ဖူးသည်
- အဆော့မက်သော ကလေးတစ်ဦး ပျင်းပျင်းရှိသည်နှင့် Like & Share လိုက်ရာ မနက် အိမ်ရှေ့လမ်းကြီး ရေပြည့်နေသည်ကို ပျော်ရွှင်စွာ တွေ့ရှိရသည် (ယခု ဤစာရေးနေချိန်တွင် အဆိုပါကလေး ၀ဲကုတ်နေရသည်)
- နေပြည်တော်သွားသူတစ်ဦး ၁၁၅ မိုင်တွင် wifi ရသဖြင့် Like & Share လိုက်ရာ လမ်းတွင်ကားမှောက်ပြီး ၄င်း တစ်ဦးထဲသာ အသက်ရှင်ကျန်သည် (ကားမှာ ၄င်း တစ်ဦးထဲ မောင်းလာသောကားဖြစ်ပြီး မသေ သော်လည်း တစ်သက်လုံး အိပ်ယာထဲမှာသာ နေရတော့မည်ဟု ဆရာဝန်က ဆို၏)
- မော်ဒယ်မလေးတစ်ဦး ယုံကြည်စွာ Like & Share လိုက်ရာ လပေါ်ပို့ပေးမည့် ဘိုးတော်ကြီး တစ်ဦးနှင့် ဖူးစာ ဆုံသွားသည်
- ၀န်ကြီးတစ်ပါး၏ ဇနီး မယုံကြည်စွာဖြင့် “အဲ့ဒါတွေ Share မယ့်အစား ဒီမိုဘွားဘွားရဲ့ ခေါင်းမြီးခြုံပုံလေး Share မယ်” ဆိုပြီး Share လိုက်ရာ ဂျာနယ်များတွင်ပါလာပြီး ၀န်ကြီးဖြစ်သူ၏ ဆောင့်ကန်ခြင်းခံရ၏
- ဤပုံကိုကြည့်ပြီး ကျက်သရေတုံးလိုက်တာဟု ပြောဆိုမိသော မိန်းကလေးတစ်ဦး ဌာနအတွင်းမှ အထက်လူကြီး၏ မုဒိမ်းကျင့်ခြင်းခံရ၏၊ Like & Share လုပ်လိုက်ရာ ချက်ချင်း အပျိုပြန်ဖြစ်သွားသည်ကို အံ့သြဖွယ်တွေ့ရှိရသည်
- ရပ်ကွက်ထဲမှ လူငယ်တစ်ချို့ လမ်းဘေး ဂစ်တာတီးရာ ခဲပေါက်ခံရ၏ ၊ Like & Share လုပ်လိုက်ရာ ပါတီကြီး တစ်ခုမှ တီရှပ်အလကား ရ၏
- ပလာတာရောင်းသော ဦးအီဘား မယုံကြည်သဖြင့် ပလာတာအိုး မှောက်၏၊ Like & Share လိုက်ရာ ဒေါသထွက်နေသော လူအုပ်ကြီး သူ့ကိုမမြင်ဘဲ ဘေးကဖြတ်သွား၏
- ကုမ္ပဏီစာရေးမလေးတစ်ဦး အလုပ်ချိန်တွင် Facebook ခိုးသုံးသဖြင့် မန်နေဂျာဆူခြင်းခံရ၏၊ Share လိုက်ပြီးနောက် တစ်နေကုန် Facebook ထိုင်သုံးနိုင်သွား၏ (အလုပ်ပြုတ်ပြီး မိဘအိမ်ပြန်ရောက်နေသည်)
- လမ်းထိပ်ကလူပျိုကြီး မယုံကြည်မိသဖြင့် ဖုန်းဆက်ချင်တိုင်း ၀ရန်တာဘောင်ပေါ် တက်ပြီး ကြားလား ကြားလား အော်ရ၏၊ ယုံကြည်ပြီး Share လိုက်ရာ နန်းခင်ဇေယျာကိုယ်တိုင် ကျော်သူ့ကားပေါ် တင်ပေးတာ ခံရ၏။ (၀ရန်တာ ပြိုကျတာလို့ ပြောတာပဲ)
- ယခု Admin ကိုယ်တိုင် ယုံကြည်စွာ Like & Share လိုက်ပြီဖြစ်၏ (ပျောက်သွားရင် သတင်းမေးကြဦးနော်)
Cartoon Pic - Irrawady News
0 comments:
Post a Comment