Tuesday, July 8, 2014

"Conflict"

Athenian Ahnyarthar's status.
အတန်ငယ်ပွင့်လင်းလာတဲ့ အကုးအပြောင်းကာလ မြန်မာပြည်မှာ ပဋ္ဋိပက္ခတွေ ပေါ်ပေါ်တင်တင်ဖြစ် လာတာနဲ့ အတု လစ်ဘရယ်ဆိုသုများ၊ အတိုက်အခံဆိုသုများ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ် ဆိုသုများဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ လုမှု ရေး၊ နိုင်ငံရေးတွေမှာ ထွေးရောယှက်တင် ဖြစ်လာမယ့် လမ်းကြောင်းကို ထောက်ပြ ဝေဖန်နေကြတာကို ပုံစံမျိုးစုံတွေ့ လာနေရတယ်။ မျိုးစောင့်၊ ဘန်းကြီးမဲပေးခွင့် အစရှိသဖြင့် ကိစ္စတွေမှာ ဘုန်းကြီးတွေဟာ နင်ပဲငဆ အပြောအဆိုအခံရဆုံးပေါ့။ ဒီလို ဝေဖန်မှုတွေ ဟာ ဖြစ်သင့်တယ်၊ လုပ်အပ်တယ် လို့ မြင်ရင် အနှီဝေဖန်ရေးသမားတွေကို ပြန်လှန် မေးစရာရှိတာက-

၁) ဒီလိုဝေဖန်သုတွေဟာ ၂၀၀၇ တုန်းကလည်း ဒီလိုပဲ ဘုန်းကြီးတွေ နိုင်ငံရေးလှုပ်ရှားတာကို ဝေဖန်ခဲ့ကြဖုးလား။ ကဲ့ရဲ့ ရှုတ်ချခဲ့ဖုးလား။

လက်ခုပ်လက်ဝါးတီးအားပေးခဲ့ကြလား၊ မှတ်တမ်းတင်ဇတ်ကားရိုက်ပြီး သုရဲကောင်းတွေအဖြစ် ချီးမွန်းခန်းဖွင့်ခဲ့ကြလား။ အခုခေတ်ကာလ အမျိုးစုံသော လက်မှတ်ထိုး ကမ်ပိန်းတွေ {၄၃၆ လို} မှာရော ဘုန်းကြီးတွေ လက်မှတ်ထိုးတာကို တခုတ်တရ မဖေါ်ပြဘဲ နေနိုင်ကြလား။

၂) ကနေ့ ကုလားဗမာ အဓိကရုဏ်းကိစ္စတွေမှာ ဘုန်းကြီးတွေကို ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုရဲ့ ပင်မတရားခံအဖြစ် ဝေဖန်တဲ့သုတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို တသားတည်းရောထားတဲ့ အစ္စလမ်ဘာသာကို ဝေဖန်မှု ရှိခဲ့ကြဖုးလား၊ ဒီအစ္စလမ်ဘာသာရေးနဲ့ ပဋ္ဋိပက္ခကွင်းဆက်တွေကိုရော တရားဝင်ထုတ်ဖေါ်ပြောဆိုခဲ့ကြဖုးလား၊ ထောက်ပြ သတိပေးခဲ့ကြဖုးလား။

၃) ဗုဒ္ဓဘာသာဟာ သဘာဝအားဖြင့်ကိုက နိုင်ငံရေးနဲ့ စည်းခြားထားတဲ့ လောကုတ္တရာသီးသန့် ဝါဒဖြစ်ရာမှာ ဘုန်းကြီးတွေ မဲပေးခွင့်ကို အာဏာရယုရေးလမ်းကြောင်းအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်လိုတဲ့ လစ်ဘရယ်ဆိုသုတွေဟာ လုသားတိုင်းနဲ့ ဆိုင်တဲ့ right to participation ဆိုတဲ့ လုအခွင့်အရေးသဘောတရားကို နားမလည်တာလား၊ ဒါမှမဟုတ် ဘုန်းကြီးတွေဟာ အရုး၊ ရာဇ၀တ်သားနဲ့  လုမွဲ တွေလို ဒီရပိုင်ခွင့်ကို မရထိုက်တဲ့ မလွတ်လပ်တဲ့ သုတွေအဖြစ် ယုဆတာလား။ ဘုန်းကြီးတွေရဲ့ အသံနဲ့ ပုပန်မှု ဟာ အခြေအမြစ်မရှိ လု့ အခွင့်အရေးနဲ့ မဆိုင် ဘုးလို့ မြင်တာလား။

အတိုက်အခံဆိုတဲ့သုတွေရယ်၊ လုအခွင့်အရေးဒီမိုကရေစီအရေးလုပ်ပါတယ်ဆိုတဲ့ ပြည်ပြေးမီဒီယာတွေရယ်၊ ခါတော်မှီ ဒီမိုတွေရယ်ဟာ အထက်က မေးခွန်း ၃ ခုကို ဘုရားရှေ့ မှာ သစ္စာဆိုပြီးဖြေရဲရင် ကနေ့ မြန်မာပြည်ရဲ့ အကျပ်အတည်းတွေ ပြေလည်သွားမှာပါ။ ကိုယ့် ကိုယ်ပိုင်မုဝါဒကိုယ်တိုင်က ပဲပြားပင်ဖြစ်နေခဲ့ရင် မိမိကိုယ်တိုင်ဟာ ပဋ္ဋိပက္ခတွေ အဓိကရုဏ်းတွေဖန်တီးတဲ့လက်သည်ဆိုတာ မမေ့နဲ့ ပေါ့။ ပဋ္ဋိပက္ခ ဆိုတာ ဘယ်ကမှလာတာမဟုတ်၊ ကိုယ့်မုဝါဒ ကိုယ်ချိုး ဖေါက်ရာ [Internal Conflict]ကစတယ်လို့ မှတ်။ ကြားနေကျ နားခါးတဲ့ ဆိုရိုးတစ်ခုရှိတယ်မဟုတ်လား။ ကိုယ်နဲ့ တန်တဲ့အရာကိုပဲ ကိုယ်ရမယ်၊ ကိုယ့်စိတ်နဲ့ တန်တဲ့ ပတ်ဝန်းကျင်မှာပဲ နေရမယ်လို့ ဆိုတယ့်စကားလေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...