တန်ဖိုးသိမှ တန်ဖိုးရှိမယ်
တစ်ခါက ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်ထဲမှာ
ကျောက်စရစ်ခဲ၊ ရွှေမှုန်လေးတွေနဲ့ စိန်တွေ
ပြန့်ကျဲနေတယ်။
ထိုကွင်းပြင်ထဲကို ကလေးငါးယောက် ရောက်
လာတယ်။သူတို့က ကွင်းပြင်ထဲက ကျောက်စရစ်ခဲ
တွေနဲ့ ဇယ်တောက်တမ်း ဆော့ကစားကြတယ်။
ကစားလို့ ဝရင် ကိုယ့်အိမ်ကို အသီးသီးပြန်ကြတယ်။
တအောင့်ကြာတော့ လူကြီးသုံးလေးယောက်
ရောက်လာပြန်တယ်။သူတို့က ကွင်းပြင်ကြီးထဲက
ရွှေမှုန်တွေကို ကျင်ယူဖို့လာတာ ဖြစ်တယ်။သူတို့
ဟာ ကွင်းပြင်ကြီးထဲက ရွှေမှုန်တွေကို လိုသလောက်
ကျင်ယူပြီး ပြန်သွားကြတယ်။
ခဏကြာတော့ လူကြီးတစ်ယောက် ရောက်လာ
တယ်။သူက ရွှေကို အနည်းငယ်သာ ကျင်ယူတယ်။
ပြီးရင် အရည်အသွေးကောင်းတဲ့ စိန်ကြီးကို
ယူပြီး ပြန်သွားတယ်။
…………………………………………
ယနေ့ခေတ်တွင် ကျယ်ပြန့်တဲ့Facebook
ကွင်းပြင်ကြီးထဲမှာ ကျောက်စရစ်ခဲနဲ့တူတဲ့စာ၊
ရွှေနဲ့တူတဲ့စာတွေ၊ စိန်နဲ့တူတဲ့စာတွေ ပြန့်
ကျဲနေတယ်။
တစ်ချို့လူတွေဟာ ကျောက်စရစ်ခဲနဲ့တူတဲ့
အကြမ်း၊အနု၊အချစ်၊အလွမ်းစာများသာ ဖတ်ကြ
တယ်။
လူတစ်ချို့က ရွှေနဲ့တူတဲ့ လောကီကြီးပွား
ချမ်းသာရေးစာများကို ဖတ်ကြတယ်။
လူနည်းစုလောက်သာ ရွှေနဲ့ စိန်
သဖွယ်ဖြစ်သော လောကီနဲ့ လောကကုတ္တရာ
စာပေများကို ဖတ်မှတ်ယူကြတယ်။
စာဖတ်သူကော ဘယ်အရာကို နေ့စဉ်
ကောက်ယူနေပါသလဲ။
ကျောက်စရစ်ခဲလား…?
ရွှေမှုန်လေးတွေလား…?
စိန်ကြီးကိုလား…?
ကျောက်စရစ်ခဲ၊ ရွှေမှုန်လေးတွေနဲ့ စိန်တွေ
ပြန့်ကျဲနေတယ်။
ထိုကွင်းပြင်ထဲကို ကလေးငါးယောက် ရောက်
လာတယ်။သူတို့က ကွင်းပြင်ထဲက ကျောက်စရစ်ခဲ
တွေနဲ့ ဇယ်တောက်တမ်း ဆော့ကစားကြတယ်။
ကစားလို့ ဝရင် ကိုယ့်အိမ်ကို အသီးသီးပြန်ကြတယ်။
တအောင့်ကြာတော့ လူကြီးသုံးလေးယောက်
ရောက်လာပြန်တယ်။သူတို့က ကွင်းပြင်ကြီးထဲက
ရွှေမှုန်တွေကို ကျင်ယူဖို့လာတာ ဖြစ်တယ်။သူတို့
ဟာ ကွင်းပြင်ကြီးထဲက ရွှေမှုန်တွေကို လိုသလောက်
ကျင်ယူပြီး ပြန်သွားကြတယ်။
ခဏကြာတော့ လူကြီးတစ်ယောက် ရောက်လာ
တယ်။သူက ရွှေကို အနည်းငယ်သာ ကျင်ယူတယ်။
ပြီးရင် အရည်အသွေးကောင်းတဲ့ စိန်ကြီးကို
ယူပြီး ပြန်သွားတယ်။
…………………………………………
ယနေ့ခေတ်တွင် ကျယ်ပြန့်တဲ့Facebook
ကွင်းပြင်ကြီးထဲမှာ ကျောက်စရစ်ခဲနဲ့တူတဲ့စာ၊
ရွှေနဲ့တူတဲ့စာတွေ၊ စိန်နဲ့တူတဲ့စာတွေ ပြန့်
ကျဲနေတယ်။
တစ်ချို့လူတွေဟာ ကျောက်စရစ်ခဲနဲ့တူတဲ့
အကြမ်း၊အနု၊အချစ်၊အလွမ်းစာများသာ ဖတ်ကြ
တယ်။
လူတစ်ချို့က ရွှေနဲ့တူတဲ့ လောကီကြီးပွား
ချမ်းသာရေးစာများကို ဖတ်ကြတယ်။
လူနည်းစုလောက်သာ ရွှေနဲ့ စိန်
သဖွယ်ဖြစ်သော လောကီနဲ့ လောကကုတ္တရာ
စာပေများကို ဖတ်မှတ်ယူကြတယ်။
စာဖတ်သူကော ဘယ်အရာကို နေ့စဉ်
ကောက်ယူနေပါသလဲ။
ကျောက်စရစ်ခဲလား…?
ရွှေမှုန်လေးတွေလား…?
စိန်ကြီးကိုလား…?
ဦးတိုးအောင်
့
့
0 comments:
Post a Comment