Tuesday, July 8, 2014

လူမောင်းနှင်စရာမလိုတဲ့ အနာဂတ်ရဲ့ မားစီးဒီး ထရပ်စ်ကား

YoYarLay added 2 new photos.
YoYarLay's photo.

ဂျာမန် အော်တိုမိုဘိုင်း ကုမ္ပဏီ မားစီးဒီး ကားတွေ ထုတ်လုပ်တဲ့ Mercedes-Benz ရဲ့ လူမောင်းနှင်စရာ မလိုတဲ့ ကုန်တင်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ အနာဂတ်ရဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက် လာရခြင်းရဲ့ အကျိုးရလဒ် တစ်ခု ဖြစ်ပါတယ်။

ထိုသို့ လူ မမောင်းဘဲ ယာဉ်ကိုသာ မောင်းနှင်ထားစေနိင်ခြင်းက ဟိုင်းဝေး ပိုက်လော့ခ် လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြု ထား လို့ ဖြစ်ပြီး
ယာဉ်မှာ တပ်ဆင်ထားတဲ့ ထိန်းချုပ် မူတွေနဲ့ လူ ယာဉ်မောင်းသူဟာ ခရီးသည် တစ်ဦးကဲ့သို့ မောင်းနှင်စရာ မလိုပဲ လိုက်ပါ နိင်မှာ ဖြစ်ပါတယ်။ ရူပ်ထွေး လွန်နေတဲ့ ကားများ ကြားတွင်လည်း မောင်းနှင်နိင် ပြီး ထို ဟိုင်းဝေး ပိုက်လော့ခ် လို့ခေါ်တဲ့ စနစ်တွင် ကားကားချင်း ဆက်သွယ် နိင်တဲ့ ၀ိုင်ဖိုင် တစ်မျိုးကို ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။ ထရပ်ကားရဲ့ ဘေးဖက် အရှေ့ဖက် တွေမှာ ရေဒါတွေကို တပ်ထားပြီး ဘေးဘက်ဆိုရင် (၁၉၇ပေ) အထိ အာရုံခံနိင်မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ထိုသို့ လူမဲ့ မောင်းနှင် နိင်ဖို့ ထိုသို့ အာရုံခံမူတွေက လိုအပ်ပါတယ်။ ကားရဲ့ လေ ကာအောက်ဖက်မှာ အရှေ့ဖက် စတူရီယို ကင်မရာတစ်လုံးကိုလည်း သုံးထားပါသေးတယ်။


YoYarLay's photo.

၂၀၁၅ အတွင်း ဟိုင်းဝေးလမ်း တွေဆီကို ရောက်ရှိလာဖို့ ကုမ္ပဏီ အနေနဲ့ မျှော်လင့်ထား ပြီး သို့ပေမဲ့ ထိုသို့ လမ်းတွေထက်ကို ရောက်ရှိနိင်ဖို့ လူမဲ့ ကားမောင်းနှင်နိင်ခြင်း ဥပဒေဆိုတဲ့ အစိုးရနဲ့ ဆိုင်တဲ့ စည်းမျဉ်းတွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။
ဗီဒီယို ကြည့်ရူရန် > >> http://goo.gl/5SFrFg
.
Ref: mercedes-benz
အောင်ဟိန်း ( ရိုးရာလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...