Wednesday, July 2, 2014

တွေးစရာ အဆိုအမိန့်များ

တွေးစရာ အဆိုအမိန့်များ
*******************

တခြားသူတွေရဲ့ ခံစားချက်တွေနဲ့ မဆော့ကစားပါနဲ့... ကစားပွဲကိုသင်နိုင်ရင်နိုင်လိမ့်မယ်... ဒါပေမဲ့ အရဲစွန့်ရမယ့်အချက်က သင့်ဘဝတစ်လျှောက်လုံးမှာ အဲ့ဒီလူကို ဆုံးရှုံးရဖို့သေချာသလောက်ရှိတယ် ဆိုတာပါပဲ။
(Shakespeare.)

ကမ္ဘာကြီးဟာ ဆင်းရဲဒုက္ခတွေ အမြောက်အမြားကြုံနေရပါတယ်... ဒါဟာ လူဆိုးတွေရဲ့ အဖျက်လုပ်ငန်းတွေကြောင့် မဟုတ်ပါဘူး... လူကောင်းတွေရဲ့ နှုတ်ဆိတ်နေမှုကြောင့်ဖြစ်ပါတယ်...
(Napoleon.)

ကျွန်တော့်ကို ငြင်းပယ်စကားပြောတဲ့သူတွေကို ကျွန်တော်ကျေးဇူးတင်တယ်... ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ကျွန်တော့်ဘာသာကိုယ်တိုင်လုပ်ဖြစ်ခဲ့လို့ပဲ...
(Einstein.)

ခင်မင်ရင်းနီးမှုကသာ သင့်ရဲ့ အားအနည်းဆုံးအချက်ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာကမ္ဘာမှာ အားအကောင်းဆုံးသူဖြစ်ပြီ...
(Abraham Lincoln.)

ရယ်မောနေတဲ့မျက်နှာတွေဟာ ဝမ်းနည်းစရာမရှိဘူးလို့ အဓိပ္ပာယ်မဆောင်ပါဘူး.... သူတို့ဟာ ဝမ်းနည်းစရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်....
(Shakespeare.)

အခွင့်အရေးဆိုတာ အရုဏ်တက်ချိန်တွေလိုပါပဲ... သူတို့ကို အကြာကြီးစောင့်ဆိုင်းနေမယ်ဆိုရင်တော့ လွဲချော်သွားနိုင်ပါတယ်...
(William Arthur.)

ခင်ဗျားအလင်းအရောင်ထဲမှာရှိနေရင် အရာအားလုံးက ခင်ဗျားနောက်လိုက်လိမ့်မယ်... ခင်ဗျားအမှောင်ထဲဝင်သွားရင်တော့ ခင်ဗျားရဲ့အရိပ်တောင်မှ ခင်ဗျားနောက်လိုက်မှာမဟုတ်ဘူး....
(Hitler.)

ငွေကြေးဒင်္ဂါးတွေဟာ အမြဲတမ်းအသံမြည်တယ်... ဒါပေမဲ့ ငွေစာရင်းကတော့ အမြဲတိတ်ဆိတ်နေတာပဲ... ဒါကြောင့် သင့်တန်ဖိုးကိုတက်စေချင်တယ်ဆိုရင် တိတ်တိတ်နေပါ...
(Shakespeare.)

(နှိုင်းရင့်နွေ)

credit to >ကိုမျိုး(နည်းစနစ်ကျကျအတွေးအခေါ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...