"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား " -စည်သူအောင်မြင့်
မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတဲ့ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ ဗမာအပါအဝင်တိုင်းရင်းသားတွေဟာဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြ ပါတယ်။ ပြဋ္ဌာန်းခဲ့တဲ့ဖွဲ.စည်းပုံအခြေခံဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကို မဆို လွတ်လပ်စွာကိုးကွယ် ပိုင်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
အခုလက်ရှိမကွေးကျောင်းတိုက်မှာ ဟောပြောခဲ့တဲ့သူတွေဟာ မြန်မာပြည်ထဲမှာတိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ဘာသာပေါင်းစုံကို လွတ်လပ်စွာတည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။အီမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခုကိုကျပ်(၅၀၀၀) လောက်နဲ့ဝယ်သုံးလို့ရနေချိန်မှာ မြန်မာပြည်မှာ သာမန်ပြည်သူတွေဝယ်မသုံးနိုင်အောင် သိန်း ၄၀၊၅၀ ပေးမှဝယ်သုံးလို့ရအောင်လုပ်ခဲ့တယ်။ဒီလိုပြည်သူတွေကို ခက်ခဲ၊ဒုက္ခရောက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေက အဲဒီအပေါ်ကနေကိုယ်ကျိုးရှာခဲ့ကြတယ်။နိုင်ငံရေးမှာလာဘ်ထိုးဖို့သုံးခဲ့ကြတယ်။အဲဒီလိုပြည်သူတွေ ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက်ဆရာတော်တို့၊ဓမ္မစက္က ဦးမောင်မောင်တို့၊ရှေ.နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက်ဘာများတောင်းဆိုဖူးခဲ့လို့လဲ မေးရမှာပါ.? ပြည်သူတွေနှစ်ပေါင်းများစွာဖုံးမသုံးစွဲနိုင်တဲ့အခြေအနေကနေ အခုသုံးနိုင်အောင်လုပ်ပြီး စီးပွားရေး၊ပညာရေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးနေတာကို အခု မ.ဘ.သအဖွဲ.အချို.၊သံဃာနဲ့ လူပုဂ္ဂိုလ်အချို.ဟာ ပြည်သူတွေရဲ.အကျိုးစီးပွားကိုတစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာဖြစ်ပါတယ်။အကြမ်းဖက်မှုအားလုံးရဲ.လက်သည်တရားခံဟာ အမုန်းတရားဖြစ်ပါတယ်၊အမုန်းတရားဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ကိုယ်ထိလက်ရောက်ကျုးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေဖြစ်ပါတယ်။ဒါကြောင့်တိုင်းပြည်မှာ နောက်ထပ် မတည်ငြီမ်မှုတွေ၊ပြည်သူ့အကျိုးစီးပွား၊တိုင်းပြည်အကျိုးစီးပွား တွေကို ထိခိုက်နစ်နာမှုတွေရှိလာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာဖြစ်ကြောင်း….
ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား ဆောင်းပါးမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ၉.၆.၂၀၁၄ ရက်နေ့ထုတ် မဇ္မျိမ နေ့စဉ်သတင်းစာ..
0 comments:
Post a Comment