Saturday, June 7, 2014

"ကိုယ့်ချို(ဂျို)စောင်းကို ကိုယ်ပြန်စမ်းကြည့်ပါစို့"


၁။ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရကတည်းက ယနေ့အထိလာဘ်ပေးလာဘ်ယူမှုသည် အုပ်ချုပ်ရေးစံနစ်နှင့်ပြည်သူတို့၏ နေ့စဉ်ဘဝအတွင်း မကောင်းမှုတစ်ခု၊အမှားအယွင်းတစ်ခုဟု မမြင်ကြ။နားရင်းရိုက်ခံရသူက နားရင်းရိုက်ခဲ့သူနှင့် ရွှေလမ်းငွေလမ်း ဖောက်နိုင်သဖြင့် ၊တူနှင့်ပေတို့၏ အပြန်အလှန်ထုကြခံကြသော စနစ်မျိုးမရှိတော့။
မြန်မာတို့သည် "တရားမျှတခြင်း"ဟူသော စကားလုံး စာလုံးပျောက်ဆုံးနေသော လူမှုအဖွဲ့အစည်းတစ်ရပ်အတွင်း ကျေနပ်သာယာနေကြသည်။
၂။ မြန်မာများသည် "သစ္စာရှိကြပါသည်။ကောင်းသောအနေအထိုင်ရှိကြပါသည်။သူတို့သည် အလယ်အလတ်လမ်းကိုလျှောက်ကြပါသည်" ဟူသောအချက်မှာလည်း လွဲမှားသောအမြင်တစ်ရပ်သာဖြစ်သည်။သစ္စာရှိခြင်းမှာ စင်စစ်"ကျွန်သက်ရှည်"အောင် အားထုတ်ပေးထားသော သိမှုတစ်ခုသာဖြစ်ပါသည်။ခိုင်း၍ကောင်းအောင်ပျိုးထောင်ပေးထားသော အမြင်ဖြစ်သည်။
၃။ ထိုသိမှုအရ လူသည် ဆင်ခြင်တုံတရားကို သုံးစွဲရန်အားမထုတ်တော့ပဲ သစ္စာတော်ခံနေရာ၌သာတည်၍ အဆုံးအဖြတ်ပြုတော့သည်။ ထိုအချက်မှာ မြန်မာများနှင့်ကိုက်ပါသည်။သခင်အပေါ်သစ္စာရှိရာမှ "သခင်အားရကျွန်းပါးဝ" အမြင်သို့ ကူးပြောင်းလာခဲ့တော့သည်။
၎။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာဖြင့် တိုင်းသူပြည်သားအပေါ် "မကြေညာပဲ တိုက်ခဲ့သောစစ်"သာဖြစ်သည်။ပြည်ပသြဇာမပါ။တစ်တိုင်းပြည်လုံးမနာခဲ့ပါ။သာမန်ပြည်သူများသာနာခဲ့ရပါသည်။ "စစ်ဖက်ကလူများ၊ တိန်တိန်မြည်အောင် စံစားခဲ့ရသောစစ်"ဖြစ်ပါသည်။
(ဆရာမြင့်သန်းရေးသားသော "မောင်မြတ်ထင်၏ငြိမ်းချမ်းစွာနေသူများ" အပေါ်ဆွေးနွေးချက်မှ)
ချင်းတွင်းမဂ္ဂဇင်း။၂၀၁၄ခုနှစ် ဧပြီလ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...