Tuesday, August 20, 2013

X-Ray အမြင်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး !!

Cloud Cuckoo Land shared ပုဂံအွန်လိုင်းမီဒီယာ's photo.

အသက် ၁၇ နှစ် သာရှိသေးတဲ့ ရုရှားလူမျိုး မိန်းကလေး နာတာရှာ ဒမ်ကီနာ (Natasha Demkina) ဟာ သာမာန်လူတွေထက် ထူးကဲတဲ့ အစွမ်းသတ္တိ တစ်မျိုးကို ပိုင်ဆိုင်ထားမှုကြောင့် အင်္ဂလိပ်နဲ့ ဂျပန် သိပ္ပံ ပညာရှင်တွေ တအံ့တသြ ဖြစ်ခဲ့ရပါတယ်...

နာတာရှာဟာ X-ray အမြင်မျိုးကို ရရှိထားပြီး လူတွေရဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို ထွင်းဖောက်မြင်နိုင်စွမ်းရှိကာ၊ ရောဂါတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် လူသိများလာခဲ့ပါတယ်... သိပ္ပံပညာရှင်တွေဟာ နာတာရှာကို စိတ်ဝင်စားလာပြီး လန်ဒန်နဲ့ နယူးယောက်က သိပ္ပံစမ်းသပ်ခန်းကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်... လေ့လာမှုတွေ အပြီးမှာ အမေရိကန် သိပ္ပံပညာရှင်တွေက နာတာရှာရဲ့ X-ray အမြင်အစွမ်းသတ္တိကို အသိအမှတ်ပြုဖို့ တွေဝေနေဆဲ ဖြစ်ပေမယ့် အင်္ဂလိပ်သိပ္ပံပညာရှင်တွေကတော့ နာတာရှာရဲ့ သဘာဝလွန် အစွမ်းကို အသိအမှတ်ပြုခဲ့ပါတယ်... အမေရိကန် သိပ္ပံပညာရှင်တွေ နာတာရှာရဲ့ အစွမ်းကို အသိအမှတ်ပြုဖို့ တွေဝေစေတဲ့ အချက်ကတော့ နာတာရှာဟာ သူတို့စမ်းသပ်တဲ့ လူနာ ၇ ဦးမှာ ၄ ဦးကိုသာ မှန်ကန်အောင် ရောဂါအမည်တပ် (Diagnosis) ပေးနိုင်လို့ပါ... မကြာသေးမီကာလကတော့ နာတာရှာဟာ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြန်ပါတယ်...

"လူတွေကို ကျွန်မဘာကို မြင်ရတယ်... ဘယ်လိုတွေ့ရတယ်ဆိုတာကို ရှင်းပြရတာ အင်မတန် အချိန်ယူရပါတယ်... တခါတလေမှာ ရောဂါအစောပိုင်းအဆင့် (Early Stage) တွေကို ကျွန်မက မြင်ရပါတယ်... ဒါပေမယ့် ဒါကို လူနာကိုယ်တိုင်ရော၊ ဆရာဝန်တွေကပါ ရောဂါလို့ မယူဆကြပါဘူး... အဲဒါဟာ အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ ကျွန်မနဲ့ ကြားက မတူညီတဲ့ ပြဿနာပါပဲ..." ဟု နာတာရှာက ရှင်းပြပါတယ်...

ဂျပန်သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုမှာ နာတာရှာဟာ ဒူးအဆစ် အစားထိုးထားတဲ့(prosthetic knee) လူနာကို မှန်ကန်အောင် ပြောဆိုနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်အစောပိုင်းကာလ (early stages of pregnancy)မှာသာ ရှိသေးတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ကိုယ်ဝန်ဆောင်ထားတာကို သိတဲ့အပြင် သန္ဓေသားမှာရှိနေတဲ့ ရောဂါကိုတောင် မှန်ကန်အောင် ဖြေကြားနိုင်ခဲ့ပါတယ်... ဒါ့အပြင် အလွန်ရှားပါးလှတဲ့ ခါးဆစ်ရိုးပုံစံ မူမမှန်တဲ့ရောဂါ (undulating spinal curvature) တစ်ခုကိုလည်း မှန်မှန်ကန်ကန် ရောဂါအမည်တပ်ပေးနိုင်ခဲ့ပါတယ်... ဂျပန်ဆရာဝန်တွေဟာ နာတာရှာ ဆွဲပြတဲ့ ခါးဆစ်ရိုးပုံနဲ့ ရောဂါရှိသူ အမျိုးသားရဲ့ ခါးဆစ်ရိုးကို X-ray ဓါတ်မှန်ရိုက်ထားတဲ့ ပုံနှစ်ခုကို ယှဉ်ကြည့်ရာမှာ တပုံစံတည်း တူညီခဲ့တာကြောင့် လူနာ ၇ ယောက် နဲ့ စမ်းသပ်မှုအပြီးမှာတော့ ဂျပန် သိပ္ပံပညာရှင်တွေဟာ နာတာရှာကို လက်ခုပ်လက်ဝါးတီးပြီး ချီးမွှမ်းခဲ့ကြပါတယ်... ဒါပေမယ့် ဒါဟာ စမ်းသပ်မှုရဲ့ ပထမအဆင့်ပဲ ရှိပါသေးတယ်...

အဲဒီနောက် နာတာရှာကို ကြီးမားတဲ့ ခွေးအိုကြီးတစ်ကောင်ဆီကို ခေါ်သွားပါတယ်... သူမဟာ ခွေးအိုကြီးကို ကြောက်တာကြောင့် အနားမကပ်ရဲ ဖြစ်နေခဲ့ပါတယ်... ဒါပေမယ့် ဆရာဝန်က ခွေးကြီးနား ကပ်စရာမလိုဘဲ ခွေးကြီးရဲ့ ခြေဖဝါးတွေကိုသာ ကြည့်ရန်လိုကြောင်း ပြောပြီးတဲ့နောက် ၅ မိနစ်အကြာ မှာတော့ နာတာရှာဟာ ခွေးကြီးရဲ့ ညာဖက် နောက်ခြေထောက်မှာ အစားထိုးထားတဲ့ ကိရိယာ (prosthetic device) တစ်ခုမြင်ကြောင်း ပြောနိုင်ခဲ့ပါတယ်...

ဂျပန်သိပ္ပံ ပညာရှင်တွေ ဒီထက်ပို အံ့သြရတာကတော့ နာတာရှာက သူမဟာ ဓါတ်ပုံကိုကြည့်ပြီးလည်း ရောဂါကို သိနိုင်ကြောင်း ပြောတဲ့အတွက် သူမကို ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ ပြကြည့်ခဲ့တဲ့အခါ အဲဒီလူနာမှာ အသည်းကင်ဆာ ရှိကြောင်း မှန်ကန်အောင် ပြောပြနိုင်ခဲ့တာပါပဲ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...