သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၈)
သစ်ထူးလွင် |
- လှော်ကားဘူတာအနီး ရထားခေါင်းတွဲ လမ်းချော်
- မရမ်းကုန်း မီး အိမ်ခြေ ၂၂ လုံး ကူးစက်လောင်ကျွမ်း
- အမေရိကန်ဒေါ်လာများ မှားယွင်းရိုက်နှိပ်မှုဖြစ်
- ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးမည်ဟုဆို
- ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့် စွယ်တော် ဗုံးပေါက်ကွဲမှုများကို စစ်ဆေး ဖော်ထုတ်သွားမည်
- နစ်ဆန်းကားစက်ရုံ ပဲခူးတွင် တည်ဆောက်မည်
- အယူမတူသူတွေကြား ငြိမ်းချမ်းရေး တည်ဆောက်ရေး ခရီးစဉ်
- ဖိလစ်ပိုင် သင်္ဘောမှောက်မှု လူ၃၀၀ နီးပါး ပျောက်နေ
- KNU နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်
- သမ္မတအရည်အချင်း သတ်မှတ်ချက် ထိထိရောက်ရောက် ပြုပြင်မည်ဟု သူရ ဦးရွှေမန်းဆို
- ဆီးဂိမ်းဖွင့်ပွဲတွင် ခြင်းလုံး သရုပ်ပြဖျော်ဖြေရန် ဖားအံမြို့ရှိ အမွှာညီအစ်ကို ၂ဦး ရွေးချယ်ခံရ
- ဗီဇာသက်တမ်းလွန် မြန်မာများ အလုပ် ဆက်လုပ်ခွင့် ထိုင်းအစိုးရနှင့် ဆွေးနွေး
- တပ်သိမ်းမြေယာကိစ္စ ဖြေရှင်းမပေးနိုင်လျှင် တပ်နှင့်ပြည်သူ သွေးကွဲနိုင်
- အီဂျစ်အကြမ်းဖက်မှု ၇၀ ကျော်ထပ်မံသေဆုံး
- မြန်မာဓါတ်ငွေ့ တရုတ် ဓါတ်ငွေ့ထက် ဈေးသက်သာမည်
- သြဂုတ်လ(၁၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၂၃
- သြဂုတ်လ(၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- သြဂုတ်လ(၁၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- သြဂုတ်လ(၁၆)ရက်နေ့ ထုတ် Focus Online Issue 54
- သြဂုတ်လ(၁၆)ရက်နေ့ ထုတ် Auto World Vol 2 Issue 30
- သြဂုတ်လ(၁၅)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၃
- သြဂုတ်လ(၁၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၄၉
- သြဂုတ်လ(၁၂)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ ၄၊ အမှတ် ၅၈
- အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်
- စစ်အစိုးရလက်ထက်က အာဏာပိုင်တချို့ လယ်မြေတွေကို သိမ်းယူထား
Posted: 17 Aug 2013 04:08 AM PDT
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မိုင်တိုင်အမှတ် ၁၇/၁၄-၁၅၊ လှော်ကားဘူတာအနီးတွင် သြဂုတ်လ ၁၅ ရက် ည ၁၀ နာရီခန့်က သာရဝေါ-ကြည့်မြင်တိုင် အစုန်ရထား၏ ခေါင်းတွဲသည် အရှိန်လွန်ကာ လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း တညင်းကုန်းဘူတာနှင့် ငဖြူလေး ဘူတာအကြား တာဝန်ကျ သံလမ်းအုပ်ကြီး ဦးသန်းရွှေက ပြောကြားသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 11:31 PM PDT
ရန်ကုန်၊ သြဂုတ် ၁၇ ၁၇.၈.၂၀၁၃ ရက်နေ့ ၀၀၁၅ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ မြစံပယ်လမ်းနေ ဦးခင်အောင်(ဘ)ဦးစံဖေ၏ နေအိမ်တွင် ဖယောင်းတိုင် မီးထွန်းထားခဲ့ရာမှ ခြင်ထောင်သို့ မီးကူးစက် စတင် လောင်ကျွမ်းခဲ့ပြီး နေအိမ်(၂၂)လုံးသို့ထပ်မံ ကူးစက်လောင်ကျွမ်း ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။ အဆိုပါ မီးလောင်မှုအား မီးသတ် ယာဉ်(၄၄)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူ ပြုယာဉ် (၄)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ၀၀၅၀ အချိန် မီးငြိမ်းသွား ခဲ့ပါသည်။ မီးလောင်မှုကြောင့် စုစုပေါင်း တန်ဘိုးငွေကျပ် (၇၀၅၀၀၀၀)ခန့် ဆုံးရှုံး ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးခင်အောင်အား မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၃၄၄/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရသိရသည်။ by Myanmar News Now |
||
Posted: 16 Aug 2013 11:20 PM PDT
အမေရိကန် ပြည်ထောင်စုသည် နောက်ထပ် ဒေါ်လာ (၁၀၀)ဘီလျံဖိုးမျှ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့သော်လည်း ငွေစက္ကူ တံဆိပ်ရိုက်နှိပ်မှု တာဝန်ခံ ဗျူရိုအနေဖြင့် ရှက်ဖွယ် အမှားတစ်ခု ကြုံခဲ့ကြောင်း သိရှိရသည်။ ယင်းမှာ ငွေစက္ကူ ဒေါ်လာ (၁၀၀)တန်များ ရိုက်နှိပ်စဉ် ဒေါ်လာ သန်း(၃၀)ဖိုးမျှကို မှားယွင်းရိုက်နှိပ်မှုများ ပြုလုပ်မိခြင်းဟု ဆိုသည်။ အဆိုပါ အခြေအနေသည် အမေရိကန် ပြည်ထောင်စု၏ အခွန်ငွေ ဒေါ်လာ (၃.၇၉)သန်းမျှ ဆုံးရှုံးသွားစေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Aug 2013 11:07 PM PDT
တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ရွှံ့ဖုံးကာ ပျက်စီးသည့် လယ်မြေများကို လျော်ကြေးပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကတိပေးခဲ့ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ပြောကြားသည်။ လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး၊ လူမူရေးဝန်ကြီး ဦးကျော်ခင်တို့က ဒေသခံများနှင့် သြဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 10:53 PM PDT
စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ် ကြီး တင်ဦး၏သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့် ဗုဒ္ဒမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံ များကို ဖော်ထုတ်နိုင်ရေး အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော်ပြော ကြားလိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Aug 2013 10:44 PM PDT
မလေးရှား နိုင်ငံ NISSAN မော်တော်ကား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေး ကုမ္ပဏီမှ ပဲခူးတိုင်းဒေသကြီး၌ စက်ရုံတည်ဆောက်ကာ မော် တော်ယာဉ် ထုတ်လုပ်ရောင်းချ ရန် ခွင့်ပြုလိုက်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရ သည်။ မလေးရှားနိုင်ငံ NISSAN မော်တော်ကား ကုမ္ပဏီတစ် ခုဖြစ်သည့် ETCM (MM) Pte Ltd မှ ပြည်တွင်း၌ Tan Chong Motor(Myanmar) ကုမ္ပဏီအ နေဖြင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Aug 2013 10:24 PM PDT
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဖိတ်ကြားချက်အရ အယူမတူသူတွေအကြား ငြိမ်းချမ်းမှု တည်ဆောက်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက လူမျိုးဘာသာ ပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အမေရိကန်ကို သီတင်း ၃ပတ်ကြာ လေ့လာရေး ခရီးစဉ် အဖြစ် ရောက်ရှိနေပါတယ်။ အဲဒီကိုယ်စားလှယ် အဖွဲ့ထဲမှာ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင် ဘာသာဝင်တွေနဲ့အတူ ရခိုင်၊ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Aug 2013 10:19 PM PDT
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆာဘူးကျွန်းနားမှာ ခရီးသည်တွေ အပြည့် တင်ဆောင်လာတဲ့ ကူးတို့ သင်္ဘော တစင်း တိမ်းမှောက်သွား ခဲ့ရာမှာ အနည်းဆုံး လူ၂၄ဦး သေဆုံးသွားပြီး လူ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့် အဖွဲ့က ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Aug 2013 10:08 PM PDT
KNU တပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်း ၁၀၂ က အင်အား ၂၀ ခန့်သည် ကန်ညီနောင်ကျေးရွာ အောက်ဘက် ဝဲကြီးစခန်း နယ်ခြားစောင့် တပ် အမှတ် ၁၀၁၄ ကို သြဂုတ်လ ၁၆ ရက် နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် အလစ် ဝင်တိုက်ခဲ့သည့်အတွက် BGF မှ တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေနတ် တစ်လက်ကို သိမ်းယူသွားကြောင်း ၎င်းတို့ဘက်မှ ရှင်းပြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 09:57 PM PDT
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ က ပြင်ဆင်ပေးရန် တောင်းဆိုထား သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းဆိုင်ရာ အခန်းကို ထိထိရောက်ရောက် ပြုပြင်ပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 09:52 PM PDT
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှ သရုပ်ပြ ဖျော်ဖြေတင်ဆက်ရန်အတွက် ကရင်ပြည်နယ် ဖားအံမြို့ရှိ အမွှာညီအစ်ကို ကလေးငယ် ၂ဦးကို မြန်မာ နိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်သည်ဟု သိရသည်။ ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက် မြေတံတားလမ်းတွင် နေထိုင်သော အသက် ၁၁နှစ်အရွယ် ဇေကိုကိုရှိုင်းနှင့် ဇေညီညီရှိုင်းတို့ အမွှာညီအစ်ကိုနှစ်ဦးကို ဇူလိုင် ၂၀ရက်နေ့က ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 09:26 PM PDT
ဗီဇာ လေးနှစ် သက်တမ်း ကုန်ဆုံး၍ ပြည်တော်ပြန်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အလုပ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေး နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးမှ ရုံးအဖွဲ့မှူးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 08:38 PM PDT
မြန်မာနိုင်ငံမှာ စစ်တပ်က သိမ်းပိုက်တဲ့ မြေယာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး ကြတာတွေဟာ စစ်တပ်နဲ့ပြည်သူ လူထုကြား သွေးခွဲနေတာ ဖြစ်တယ်ဆိုပြီး တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးကဏ္ဍ၊ တနည်းပြောရရင် နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍဟာ အဓိကကျတယ်လို့ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 08:33 PM PDT
အီဂျစ်နိုင်ငံမှာ သေဆုံးမှုတွေရှိခဲ့တဲ့ အဓိကရုဏ်းတွေ အများအပြား ဆက်တိုက် ဖြစ်ပွားခဲ့တာမို့ ဒေါသထွက်နေတဲ့လူထုဟာ နိုင်ငံတလွှား သောကြာနေ့ နေ့လည်ဝတ်ပြု ဆုတောင်း အပြီးမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒတွေ ပြခဲ့ကြပါတယ်။ သောကြာနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းကနေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေး တာဝန်ခံတွေက ပြောကြားခဲ့ပြီး အများစုဟာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 08:27 PM PDT
တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ ပိုက်လိုင်းကတဆင့် တင်သွင်းမယ့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းဟာ တရုတ်နိုင်ငံတွင်းမှာ ပေါ်ပေါက်နေတဲ့ ဓာတ်ငွေ့ဈေးနှုန်း ထက်ပိုပြီး ဈေးသက်သာ ဖွယ်ရှိတယ်လို့ တရုတ်ဓါတ်ငွေ့ ဦးပိုင်ကုမ္ပဏီက ဒီကနေ့ ပြောကြား လိုက်ပါတယ်။ လက်ရှိ ယူနန်ပြည်နယ် ဈေးကွက်မှာ အသုံးပြုနေတဲ့ သဘာဝဓာတ် ငွေ့ရည်ဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်း ဒေသတွေကနေ မှာယူရတာဖြစ်တဲ့အတွက် ဈေးနှုန်း ပိုကြီးနေတယ်လို့ ဆိုပါတယ်။ -- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 07:58 PM PDT
|
||
Posted: 16 Aug 2013 06:44 PM PDT
|
||
Posted: 16 Aug 2013 06:41 PM PDT
|
||
Posted: 16 Aug 2013 06:38 PM PDT
|
||
Posted: 16 Aug 2013 06:33 PM PDT
|
||
Posted: 16 Aug 2013 06:29 PM PDT
|
||
Posted: 16 Aug 2013 06:27 PM PDT
သြဂုတ်လ(၁၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၄၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 06:25 PM PDT
သြဂုတ်လ(၁၂)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ ၄၊ အမှတ် ၅၈ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 05:56 PM PDT
ဗိုလ်ချုပ်အောင်ဆန်း
ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော်
ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေထံ ဒီနေ့
ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ်
ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း
အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားမှာ
ပြောကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Aug 2013 08:40 AM PDT
အရင်အစိုးရလက်ထက်က အုပ်ချုပ်ရေး အာဏာပိုင်တချို့ဟာ တောင်သူတွေဆီက လယ်ယာမြေတွေကို သိမ်းယူထားပြီး မိသားစုဝင်နာမည်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပြုလုပ်ထားကြတယ်လို့ ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment