Friday, August 16, 2013

သင် ရှုံးနိမ့်တဲ့အခါ



” ကျနော့်ရဲ့ ကစားသမားသက်တမ်းမှာ ဘောလုံးပစ်သွင်းမှု အကြိမ် ၉၀၀၀ လွဲချော်ခဲ့တယ်။ ပြိုင်ပွဲပေါင်း ၃၀၀ လောက် ရှုံးနိမ့်ခဲ့တယ်။ သေချာပေါက် အနိုင်ဂိုးလို့ ပစ်သွင်းပြီး လွဲခဲ့တာ ၂၆ ကြိမ်ရှိတယ်။ ကျနော့်ဘ၀မှာ ထပ်ကာ ထပ်ကာ ရှုံးနိမ့်ခဲ့တယ်။ အဲဒါဟာ ကျနော် အောင်မြင်ရတဲ့ အကြောင်းရင်းပါပဲ”
- မိုက်ကယ် ဂျော်ဒန်


” အမြဲတမ်း ကြိုးစားခဲ့တယ်။ အမြဲတမ်း ရှုံးနိမ့်ခဲ့တယ်။ ကိစ္စမရှိပါဘူး။ ထပ်ကြိုးစားပါ။ ထပ်ရှုံးနိမ့်ပါ။ ပိုပြီး ကောင်းတဲ့နည်းလမ်းနဲ့ ရှုံးနိမ့်ပါ”
- ဆမ်မျူရယ်လ် ဘက်ကက်

အရာတိုင်းဟာ အမြဲတမ်း ချောမွေ့လေ့မရှိပါဘူး။
တစ်ခါတစ်ရံ ကျနော် ရှုံးနိမ့်တယ်။ အဲဒါဟာ ပျော်စရာမဟုတ်ပါဘူး။ အရှုံးတစ်ခုနဲ့ ရင်ဆိုင်ပြီးခါစမှာ ပိုဆိုးပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း၊ ကိုယ့်ကိုယ်ကိုယ် ရက်ပေါင်းများစွာ ၀မ်းနည်းခံစားနေမယ့်အစား၊ အရှုံးရဲ့ ချည်နှောင်မှုကို လပေါင်းများစွာ လက်ခံနေမယ့်အစား၊ ပိုပြီးတော့ ကောင်းတဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်တတ်လာခဲ့ပါတယ်။
ဒီဆောင်းပါးမှာတော့ အဲဒီနည်းလမ်းတွေကို မျှဝေချင်ပါတယ်။

၁။ သင့် နာကျင်ခံစားမှုကို သူ့အတိုင်းသာ ရှိပါစေ။
သင် ရှုံးနိမ့်တဲ့အခါ အများအားဖြင့် သင် နာကျင်ခံစားရလိမ့်မယ်။ တစ်ခါတစ်ရံမှာ အဲဒါထက်ပိုတယ်၊ တစ်ခါတစ်ရံမှာ အများကြီး ပိုနာကျင်ရတယ်။
ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ်။ အဲဒီ နာကျင်ခံစားမှုကို အပြုံးတစ်ခုနဲ့ ဆေးခြယ်ပစ်ဖို့ မကြိုးစားပါနဲ့။ ကိုယ်ခံစားနေရတာကို သူ့အတိုင်းလေးပဲ ထားလိုက်တာဟာ ပိုပြီးအလုပ်ဖြစ်တယ်ဆိုတာ အနည်းဆုံးတော့ ကျနော့် ကိုယ်တွေ့ တွေ့ကြုံဖူးပါတယ်။ နာကျင်ခံစားမှုကို ငြင်းပယ်ဖို့၊ လွှင့်ပစ်ဖို့ ကြိုးစားမယ့်အစား လက်ခံလိုက်ပါ၊ ခဏလောက် ၀င်လာခွင့် ပေးလိုက်ပါ၊ ခဏလောက် နာကျင်စေခွင့် ပေးလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အဲဒီ ခံစားချက်ကို ၀င်လာခွင့်ပေးပြီး လက်ခံလိုက်တဲ့အခါ သူဟာ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားပါလိမ့်မယ်။ ရေရှည်မှာ နာကျင်ခံစားမှုကို ပိုပြီး လျော့နည်းစေပါတယ်။
သင့်ရဲ့ အမှန်တကယ် ခံစားမှုကို ငြင်းပယ်လိုက်တဲ့အခါ၊ ဒီစိတ်ခံစားမှုတွေဟာ မမျှော်လင့်တဲ့အချိန်တွေမှာ ပေါ်လာပြီး သင့်ကို ပိုပြီး နာကျင်ခံစားရစေနိုင်လို့ပါ။
ဒါကြောင့် သင်ရှုံးနိမ့်တဲ့အခါ အဲဒီအရှုံးကြောင့်ရတဲ့ နာကျင်ခံစားမှုတွေကို လက်ခံလိုက်ပါ။ သင့်ကိုယ်သင်အတွက် နှစ်ပတ်လောက်၊ ဒါမှမဟုတ်ရင်လည်း တစ်လလောက် ၀မ်းနည်းလိုက်ပါ။
ဒါဟာ ရှေ့ကို ဆက်သွားနိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ။

၂။ အရှုံးဟာ ခဏတာပဲဖြစ်တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
သင် ရှုံးနိမ့်တဲ့အခါ သင်ဟာ အဲဒီအလုပ်မှာ အမြဲတမ်း ရှုံးနိမ့်နေဦးမှာပဲလို့ တွေးမိလာဖို့ သိပ်ကို လွယ်ကူပါတယ်။ သင်ကိုယ်တိုင်က အရှုံးတစ်ခုဖြစ်နေတယ်လို့ စ တွေးမိလာဖို့လည်း လွယ်ကူပါတယ်။
ဒီလို အပျက်သဘောဆောင်တဲ့ နည်းလမ်းမျိုးနဲ့ မရှုံးနိမ့်ပါနဲ့။
အဲဒီအစား သင့်ကိုယ်သင် သတိပေးပါ။ ဒီနေ့ ဒါမှမဟုတ် မနေ့က ရှုံးနိမ့်ခဲ့ခြင်းဟာ နောက်တစ်ကြိမ်မှာလည်း ထပ်ရှုံးနိမ့်ဦးမှာပဲလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
သင် ရှင်သန် လုပ်ကိုင်နေသေးသရွေ့ အဲဒီရှုံးနိမ့်မှုဟာ သင့်ဘ၀တစ်လျှောက်လုံးမှာ ကြာရှည်မခံနိုင်ပါဘူး။ ဒါဟာ အမှန်တရားပါ။

၃။ သင်ဟာ အရာရာကို အမြဲတမ်း 100% Perfect ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
ခြောက်ပစ်ကင်း သဲလဲစင်သမား (Perfectionist) တွေကို သင့်ရဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် မသတ်မှတ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခါမှာ သင်ဟာ သင်ကိုယ်သင် သူတို့လောက် ကောင်းအောင် မလုပ်နိုင်ဘူးလို့ ခံစားနေရမှာ မို့လို့ပါပဲ။
အဲဒီအစား၊ တိုးတက်မှုမှာပဲ အာရုံစိုက်ပါ။
ဒါဟာ သင့်ကိုယ်သင် ပိုပြီး ယုံကြည်မှု ရှိလာစေတယ်။ ပြီးတော့ ဒါဟာ ဘ၀ကို ပိုပြီး ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှုံးဆိုတာ ဘ၀ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။

၎။ ရှေ့မှာ ပိုကောင်းတဲ့ လမ်းကို ရှာပါ။
ပြီးခဲ့နည်းလမ်းတွေဟာ အရှုံးကြောင့် ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေဖို့  ကျနော့်ကို ကူညီပေးခဲ့တယ်။ ကျနော့်ရဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ပြန်လည်ရရှိလာစေခဲ့တယ်။ ဒီနောက်ဆုံး နည်းလမ်းကတော့ ရှေ့ကို နောက်တစ်ကြိမ် ဆက်လှမ်းနိုင်ဖို့ အားဖြည့်ပေးမယ့် လောင်စာပါပဲ။
အဲဒီအတွက် ကျနော့်ကိုယ်ကျနော် မေးတဲ့ မေးခွန်းတွေကတော့ -
အခု ဖြစ်ခဲ့တဲ့ အရာကနေ ငါ ဘာကို သိလိုက်သလဲ?
နောက်တစ်ကြိမ်မှာ ငါ ဘယ်လိုမျိုး မတူအောင် လုပ်မလဲ?
ဒီကနေ့ ရှေ့ဆက်လှမ်းနိုင်ဖို့ ငါလုပ်နိုင်တဲ့ ပထမခြေလှမ်းက ဘာလဲ?
ရှုံးနိမ့်မှုကနေ သင် သိရှိနိုင်တဲ့အရာတွေ၊ ပြီးတော့ ရှေ့ဆက်လှမ်းနိုင်ဖို့ သင် လုပ်နိုင်တဲ့အရာတွေဟာ တစ်ခုမကဘူးဆိုတာကို သင် တွေ့ရပါလိမ့်မယ်။

http://yourlifesuccess.blog.com/2013/08/17/when-you-fail/?utm_source=Your+Life+Success+Newsletter&utm_campaign=ed39eee80c-17_Aug_20138_17_2013&utm_medium=email&utm_term=0_0c8501a229-ed39eee80c-52856529 မှ .....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...