…ကျွန်တော်တို့နဲ့ ထုံးတမ်းစဉ်လာများ ( ၁၁ ) … “ .. သမိုင်း၏ … အဖြေ ..“ …
ကိုလိုနီခေတ်တုန်းကပေါ့၊ ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက သူ့ရဲ့ အတွေးအယူအဆ တစ်ရပ်ကို ဟောပြော၊ရေးသား ဖြန့်ချီပါတယ်။ အဲဒီအတိုင်းပဲ ကိုယ်တိုင်လဲကျင့်သုံး တပည့်ရဟန်းများကိုလဲ လိုက်နာဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
အဲဒီမှာ ကြည်ညိုသူများပြီး ထင်ရှားကျော်ကြားသော အခြားဆရာတော်ကြီးတစ်ပါးက ထိုဆရာတော်၏ ယူဆ၊ ဟော ပြော၊ ရေးသားဖြန့်ချီခြင်းတွင် ပါဝင်သော အကြောင်းအရာမှာ မှားယွင်းနေကြောင်း မသင့်လျှော်၊ မပြုထိုက်ကြောင်း ဆန့်ကျင်ဘက် ကန့်ကွက်ရေးသား၊ဟောပြောခဲ့ပါတယ်
ဒီလို ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးနှစ်ပါးက စတင်ခဲ့တဲ့ အကြောင်းအရာ ပြဿနာဟာ ဆရာ တော်ကြီးများရဲ့ တပည့် ဘုန်းတော်ကြီးများသို့ ရောက်ရှိကာ ဆက်လက် ငြင်းခုံစရာဖြစ်သွားပါတယ်။ အဲဒီက တ ဆင့် ဒါယိကာ /
ဒီနေ့ခေတ် ဒီနေ့အချိန်အခါမှာတော့ အဲဒီအကြောင်းအရာအတွက် ရှင်းလင်းပြတ်သားတဲ့အဖြေကို ကျွန် တော်တို့ ကျား/မ ကြီးငယ်အားလုံး အလွယ်တကူသိနေကြပါပြီ။ တစ်ချိန်က တစ်ပြည်လုံးအနှံ့ အုံးအုံးထ ငြင်းခုံ ရလောက်အောင် ဖြစ်ခဲ့တာ ဟုတ်မှ ဟုတ်ပါလေစလို့ သံသယဖြစ်စရာတောင် ကောင်းနေပါ သေးတယ်။ ရယ်စ ရာဖြစ်ချင်လဲ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ တချိန်က တစ်ကယ်ဖြစ်ခဲ့တာ အမှန်ပါ။ ဖြစ်ရတဲ့ အကြောင်းအရာက …
….. “ … ဗုဒ္ဓဘာသာ ရဟန်းတော် များ အင်္ဂလိပ်စာ၊ ကျွမ်းကျင်တတ်မြောက်သင့်သည်။ …. “ တဲ့ …
အဲဒီဆရာတော်ကြီးနှစ်ပါး ပျံလွန်တော်မူခဲ့ကြတာ ကြာပါပြီ၊ ဆရာတော်ကြီးများရဲ့ သာသနာ တော် ပြန့်ပွားထွန်းကားစေလိုမှု့ စေတနာမှာတော့ ဒီနေ့တိုင်အောင် ထင်ရှားကျော် ကြားဆဲဖြစ်ပါတယ်။ အဲဒါ ကြောင့် ဆရာတော်ကြီးများရဲ့ နာမဘွဲ့ အမည်ကို ကျွန်တော် ထုတ်ဖော် မပြောထိုက်ပါ။ အသေးစိတ် လေ့လာ ချင် ရင်တော့ “ .. ဆရာ မေမြို့မိုးကြည် .. ရဲ့ … မြန်မာစာပေတိုက်ပွဲများ .. “ စာအုပ်မှာသာ ရှာဖတ် ကြည့်ကြပါဗျာ …
အချိန်ကာလ ကြာညောင်းလာခြင်းဟာ သမိုင်းရဲ့ ပုစ္ဆာကို အဖြေထုတ်ပေးတတ်ပါတယ်လို့ ယုံတယ်။
0 comments:
Post a Comment