Monday, August 19, 2013

အာရပ်နွေဦး နဲ့ မြန်မာနိုင်ငံက အခြေခံဥပဒေ


အာရပ်နွေဦးလို့ အမည်ရခဲ့တဲ့ တူနီးရှားက စခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးဟာ အီဂျစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဒီမိုကရေစီ အစိုးရကို မွေးဖွားပေးခဲ့လို့ တကမ္ဘာလုံးက စိတ်ဝင်စားခဲ့ပါတယ် ။
အခုတော့ နုနယ်တဲ့ ဒီမိုကရေစီနဲ့ မရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေကြောင့် လူတွေသေ မီးတွေ ဟုန်းဟုန်းတောက်နေရပါပြီ ။


အီဂျစ်မှာ အခုဖြစ်နေတဲ့ ပြဿနာဟာ ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြဿနာပဲ ဖြစ်ပါတယ် ။
မော်စီဟာ အီဂျစ်ပြည်သူတွေရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်ပေမဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို တိုးတက် ထွန်းကားအောင် မလုပ်ဘဲ အာဏာရှင် စံနစ် ခေတ်နောက်ပြန်ဆွဲဖို့ ကျိုးစားရာက စတဲ့ ပြဿနာပဲဖြစ်ပါတယ် ။
သမ္မတ မော်စီက အထက်လွှတ်တော်ကို ဖျက်သိမ်းခွင့်နဲ့ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲခွင့်ကိုတား မြစ်နိုင်တဲ့ အာဏာကို သမ္မတက ပိုင်ဆိုင်မဲ့ ဒီကရီ တခုကို ထုတ်ပြန်ကြေငြာပါတယ် ။
ဖွဲ.စည်းပုံ အခြေခံဥပဒေကိုတောင် သူတယောက်ထဲက ထိန်းချုပ်နိုင်ပြီဆိုတော့ အာဏာရှင် သို့မဟုတ် အီဂျစ်ဖာရိုး ဘုရင်နဲ့ ပါဝါတူသွားပါပြီ ။
ဒါကို အတိုက်အခံတွေက မော်စီရဲ့ ရှီးယား ဥပဒေ အသက်သွင်းဖို့ လမ်းစလို့ တွက်ဆလာကြပါတယ် ။

ဒီအမိန့်ထုတ်ပြီး နောက်တနေ့မှာပဲ မော်စီရဲ့ ပါတီ ရုံး အချို. မီးရှို.ခံရပါတယ် ။
မော်စီက တိုင်းပြည် စီးပွားရေးကို တိုးတက်အောင် မလုပ်ဘဲ သူ့ရဲ့ ပါတီ Muslim Brotherhood ကိုပဲ ရှေ.တန်းတင်ဖို့ ကျိုးစားနေတယ်လို့ ပြည်သူတွေက စွပ်စွဲပါတယ် ။
ပထမတော့ သမ္မတ နုတ်ထွက်ပေးရေး အဆိုတင်ဖို့ လက်မှတ်တွေ စုစောင်းတာ လက်မှတ်ပေါင်း 22 သန်းထိ စုစောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ် ။
သမ္မတကလည်း သူနုတ်ထွက်ပေးလိုက်ရင် နောက်တက်လာမဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သေးသိမ်အောင် လုပ်သလို ဖြစ်လိမ့်မယ်လို့ အကြောင်းပြခဲ့ပါတယ် ။

ဒီလိုနဲ့ သမ္မတမော်စီ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေ နေရာ အနှံ.အပြား ကျင်းပရာက စစ်တပ်က ဝင်ရောက်လာပြီး မော်စီကို ရာထူးက ဖယ်ရှားခဲ့ပါတယ် ။
မော်စီကို ရာထူးဖယ်ရှားတော့ မော်စီထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြပါတယ် ။ ဒီအခြေအနေတွေက တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ် ဥပုဒ်လဖြစ်နေပါတယ် ။ ကြားဖြတ်အစိုးရက ဥပုဒ်လ ပြီးရင် ဆန္ဒပြပွဲတွေ ဖြိုခွဲမယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ ၊ ဆန္ဒပြသူတွေက သပိတ်စခန်းတွေကို မပိတ်ခဲ့ပါဘူး ။ အခုတော့ ပြစ်ခတ်နှိမ်နင်းလို့ လူတွေ ထောင်ချီ သေဆုံးနေရပါပြီ ။ အဆောက်အဦး အမြောက်အများလည်း မီးလောင် ဆုံးရှုံးမှုတွေနဲ့ ကြုံနေရပါပြီ ။

ဆန္ဒပြသူတွေ နောက်ကွယ်မှာ အယ်ကယ်ဒါးတွေ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်လာတော့ ပြည်တွင်းစစ်ဖြစ်မှာ ကို အနောက်နိုင်ငံတွေ စိုးရိမ်လာကြပါတယ် ။ ဒီလို စိုးရိမ်တာက အီဂျစ်ကို ချစ်လွန်းလို့တော့ မဟုတ်ပါ ။ အီဂျစ်နိုင်ငံတွင်းမှာ အနောက်ကမ္ဘာနဲ့ အရှေ.ကမ္ဘာကို ရေလမ်း ဆက်သွယ်တဲ့ ဖြတ်လမ်းဖြစ်တဲ့ ဆူးအက် တူးမြောင်းရှိနေလို့ပါ ။ ဒီတူးမြောင်းဟာ အနောက်ကမ္ဘာနဲ့ အရှေ.ကမ္ဘာကို ရေလမ်းက ခရီးသွားရာမှာ အာဖရိကတိုက်ကို ဖြတ်သန်းစရာမလိုဘဲ အနီးဆုံး ဖြတ်လမ်းတို တူးမြောင်းဖြစ်ပါတယ် ။ နိုင်ငံတကာ သဘောတူညီချက်အရ စစ်ဖြစ်နေရင်တောင် ဒီတူးမြောင်းက ဖြတ်သွားတဲ့ သင်္ဘောတွေဟာ ကုန်သင်္ဘောပဲ ဖြစ်ဖြစ် စစ်သင်္ဘောပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးယူရမယ် ပစ်ခတ်ခြင်း တိုက်ခိုက်ခြင်း မလုပ်ရလို့ သဘောတူညီထားပေမဲ့ ပြည်တွင်းစစ်ဖြစ်ရင် အစိုးရက လိုက်နာရင်တောင်မှ သူပုန်က ဒီသဘောတူညီချက်ကို လိုက်နာမှု မရှိဘဲ ပြဿနာတွေ ဖြစ်နိုင်လို့ပါ ။

ဒီလိုပြဿနာမျိုး သမိုင်းကြောင်းကလည်း ရှိနေပြီးဖြစ်လို့ပါ ။ 1956 ခုနှစ်က အီဂျစ်ရဲ့ Aswan ဆည်ဆောက်လုပ်ရေးကို အမေရိကန်နဲ့ ဗြိတိန်က ထောက်ပံ့ရာကနေ ထောက်ပံ့ကြေးဖြတ်လိုက်လို့ အီဂျစ်သမ္မတက တူးမြောင်းကို the Universal Suez Canal Company ပိုင်တာကို နိုင်ငံပိုင်သိမ်းလိုက်ပါတယ် ။ အကြောင်းက ကုမ္ပဏီ ရှယ်ယာ အများစုကို ဥရောပနိုင်ငံတွေက ပိုင်ဆိုင်လို့ပါ ။ ဒီတော့ အီဂျစ်က တဖက် အင်္ဂလိပ် ၊ ပြင်သစ် နဲ့ အစ္စရေးက တဖက် စစ်ဖြစ်ပါတော့တယ် ။ ယခုပြဿနာကနေ ပြည်တွင်းစစ်ဖြစ်လို့ တဖက်ဖက်က တူးမြောင်းကို အပိုင်စီးလိုက်ရင် အနောက်ကမ္ဘာ နဲ့ အရှေ.ကမ္ဘာ ကုန်သွယ်ရေးဟာ အခက်အခဲတွေ အကြီးအကျယ် တွေ.နိုင်ပါတယ် ။
အခုလည်း အင်္ဂလန်ဝန်ကြီးချုပ်က ပြင်သစ်သမ္မတကို ဖုန်းခေါ်ပြီး ဥရောပ အနေနဲ့ အီဂျစ်ပြဿနာ ဖြေရှင်းဖို့ တိုင်ပင်နေကြပါပြီ ။

အီဂျစ်ပြဿနာဟာ ဒီမိုကရေစီ အသားမကျတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ရှိတဲ့ အာဏာလုတဲ့ ပြဿနာလို့ သတ်မှတ်နိုင်ပါတယ် ။ ထိုင်းမှာတောင် အာဏာလု ဆန္ဒပြကြတာ လူတွေရာချီသေခဲ့ပါသေးတယ် ။ ဆူဒန် နိုင်ဂျီးရီးယား အီသီယိုပီးယား အာဖရိက နိုင်ငံတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာလည်း အာဏာလုနေတဲ့ ပြဿနာတွေပါပဲ ။ ဒီလို ဒီမိုကရေစီ နုနယ်တဲ့ တိုင်းပြည်တွေမှာ အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေဟာ နေရာရရေးသာ အာရုံစိုက်နေပြီး စီးပွားရေးကို လျစ်လျူရှုထားတတ်ကြပါတယ် ။
ဒီတော့ နိုင်ငံရေးသမားတွေ နေရာလုတဲ့နေရာမှာ ပြည်သူတွေက သေပေးရတဲ့ အပြင် လစ်ဟာနေတဲ့ စီးပွားရေးကြောင့် ဆင်းရဲချို.တဲ့ ဒဏ်ကိုလည်း ခံရပါသေးတယ် ။ နိုင်ငံရေးသမားတွေ ဘက်ကိုကြည့်ရင်လည်း လက်ရှိအစိုးရရဲ့ အားနည်းချက် ပြစ်ချက်တွေကို ရှာဖွေ အပြစ်တင်နေတာလောက်ပဲ မြင်ရပါလိမ့်မယ် ။ စီးပွားရေးကို ဘယ်လို လုပ်သင့်တယ် ၊ ပညာရေး ၊ ကျမ်းမာရေးပိုင်းတွေမှာ ဘယ်လို ပြုပြင်သင့်တယ်ဆိုတဲ့ တိကျတဲ့ အကြံပေးမှုတွေ မရှိဘဲ ။ ပျက်ကွက်မှုတွေကိုသာ အပြစ်တင်နေတာလောက်မြင်ရပါမယ် ။

ဒါဟာ လက်ရှိ အစိုးရကို အပြစ်ရှာ ဖယ်ရှားနိုင်မှ သူကနေရာရနိုင်မယ်မဟုတ်လား ။ နုနယ်တဲ့ ဒီမိုကရေစီနဲ့အတူ မရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေကို မြင်ရပါမယ် ။
အာရပ်နွေဦးလို့ အမည်ပေးပြီး အာဏာရှင်ကို တော်လှန်ခဲ့ပြီး ပြည်သူဆန္ဒနဲ့ တက်လာတဲ့ သမ္မတက အာဏာရှင်စံနစ်ကို အသက်ပြန်သွင်းဖို့ ကျိုးစားတော့ အာရပ်နွေဦးလည်း မီးတွေလောင် လူတွေသေရတော့တာပါပဲ ။ ဒါဟာ အသားမကျသေးတဲ့ ဒီမိုကရေစီက မွေးဖွားတဲ့ မရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေကြောင့်ပါ ။ ဒီလောက် ဖြိုခွင်းနေ ၊ လူတွေသေနေတဲ့ကြားထဲက Muslim Brotherhood အဖွဲ.က ဆန္ဒပြပွဲတွေ တပတ်လုံးကျင်းပမယ်လို့ မြှောက်ပေးပါတယ် ။

မလေးရှားဆိုရင်လည်း အာဏာလုတာတွေ အတိုက်အခံကို လုပ်ဇာတ်ခင်းထောင်ချတာတွေ ရှိနေဆဲပါ ။ နိုင်ငံရေးသမားတွေ အာဏာလုတဲ့ကြားထဲက မြေဇာပင်ကတော့ ပြည်သူတွေပါပဲ ။ မရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေ များလေလေ နိုင်ငံနာလေလေပါပဲ ။
အစိုးရနဲ့ နိုင်ငံရေးသမားဆိုတာ လက်တွေ.လုပ်ဆောင်ရန်တွေ လုပ်ဆောင်နိုင်ခြင်းမရှိရင် စိတ်ကူးယဉ်ဆန်လာပြီး အာဏာရှင် အဖြစ် ပုံစံပြောင်းကုန်တတ်ပါတယ် ။ 1960 ဝန်းကျင်က အရှေ.အလယ်ပိုင်းမှာ အာဏာရခဲ့တဲ့ သမ္မတွေကိုလေ့လာကြည့်ရင် သူတို့ဟာ လူကြိုက်များမဲ့ စကားတွေပဲ အမြဲပြောနေပြီး လက်တွေ.မလုပ်တော့ အာဏာရှင်တွေ ဖြစ်ကုန်ကြပါတယ် ။ 1954တွင် အီဂျစ်၊ 1963တွင် ဆီးရီးယား၊1968တွင် အီရတ်၊ 1969တွင် လစ်ဗျား တွေမှာအာဏာရခဲ့တဲ့ အစိုးရတွေဟာ လူပြိန်းကြိုက်စကားလုံးတွေ ကြွေးကျော်ရင်း နောက်တော့ အာဏာရှင်တွေ ဖြစ်ကုန်တာ တွေ.နိုင်ပါတယ် ။

နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို ကြည့်ရင်လည်း သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးမရှိရင်တော့ လှည့်ကြည့်မှာ မဟုတ်ပါဘူး ။ သူတို့ သြဇာညောင်းမဲ့လူကိုပဲ သမ္မတ အဖြစ်မြင်ချင်ကြပါတယ် ။ အခု အီဂျစ်အရေးမှာ သူတို့ စိုးရိမ်တာက အီဂျစ်ပြည်သူတွေ အတွက်မဟုတ်ပဲ ဆူးအက်တူးမြှောင်းမှာ ခရီးသွားလာရေး အနှောင့်အယှက် မဖြစ်ရေးအတွက်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် နောက်တပတ်မှာ ဥရောပ သမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးခေါ်ထားပါတယ် ။ အခုချိန်ထိ သိရတဲ့ သတင်းတွေ အရတော့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်လို့ သတင်းရပါတယ် ။ အီဂျစ်ကို ဖိအားပေးဖို့ တွေ.ဆုံကြမယ်လို့ ဆိုပါတယ် ။

မြန်မာနိုင်ငံက 1988 အရေးအခင်း အဖြစ်အပျက်မျိုး ယခု အီဂျစ်မှာ မြင်တွေ.နေရပါပြီ ။ မြန်မာတွေကတော့ အစွန်းရောက်တွေ မဟုတ်ခဲ့ကြတော့ သပိတ်တွေကို အေးအေးချမ်းချမ်းပဲ ပိတ်သိမ်းပေးခဲ့ပါတယ် ။ အီဂျစ်တွေကတော့ အလာရှင်မြတ်ရဲ့ အမိန့်အရ ဆက်လက်တိုက်ပွဲဝင်နေဆဲပါ ။ လူတွေ ဒီလောက်သေနေတာကို Muslim Brotherhood ကတော့ နောက်တပတ်တိုင်အောင် ဆန္ဒပြပွဲတွေ နိုင်ငံ အနှံ.ကျင်းပမယ်လို့ဆိုပါတယ် ။ နိုင်ငံရေးသမားတွေ အာဏာလုတဲ့အထဲမှာ နစ်နာရတာက ပြည်သူတွေပါ ။ မြန်မာနိုင်ငံလည်း တကြော့ပြန် ၈၈ ပြန်မဖြစ်နိုင်တော့ဘူးလို့ပဲ မှတ်ယူမိပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အီဂျစ်နိုင်ငံကြီး ဖွဲ.စည်းပုံ အခြေခံဥပဒေကစတဲ့ ပြဿနာကြောင့် မီးဟုန်းဟုန်းတောက်နေချိန်ဟာ မြန်မာနိုင်ငံမှာလည်း ဖွဲ.စည်းပုံ အခြေခံဥပဒေ အကြောင်း ပြောဆိုနေကြချိန်နဲ့ တိုက်ဆိုင်နေပါတယ် ။ နိုင်ငံရေးသမားတွေ လိမ်မာပါးနပ်မှ ပြည်သူတွေလည်း ချမ်းသာ ငြိမ်းချမ်းရပါလိမ့်မယ် ။

ရဲသူရိန်မင်း
18082013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...