Monday, August 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၈)

သစ်ထူးလွင်



Posted: 19 Aug 2013 07:09 AM PDT

ယခုနှစ်အတွင်း GSM ဖုန်း စုစုပေါင်း ၄ သန်း ချထားပေးနိုင်ရေး လျာထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လက်ရှိ GSM ဖုန်းတွေက MEC CDMA 800MHz ဖုန်းတွေ ချထားပြီး နောက်ပိုင်းပဲ ချထား ပေးရသေးတယ်။ စုစုပေါင်း နှစ်သိန်းပဲ ရှိပါသေးတယ်” ဟု ၎င်း တာဝန်ရှိသူက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 06:55 AM PDT

ကျွန်မက ဥပဒေ အထူးပြု ဘာသာရပ်နဲ့ ကျောင်းပြီးထားတဲ့  ကျောင်းသူ တစ်ယောက်ပါ လွန်ခဲ့တဲ့ 5.8.2013 ရက်နေ့ ထုတ် အခွင့်အလမ်းပါ Lin Technical Services Co,ltd ရဲ့ (office staff) ရာထူးအတွက် အလုပ်ခေါ်ဆိုမူကို သွားရောက်လျှောက်ထားခဲ့ပါတယ်။
ကျွန်မနေထိုင်ရာ လှိုင်မြို့ နယ် သံလမ်းကနေပြီး ဆိုင်ခွဲရှိရာ ရန်ကင်း ဈေးကွေ့ မှတ်တိုင်ကို သွားရောက်လျှောက်ထားရပါတယ်၊ သွားရောက် လျှောက်ထားစဉ်  Interview မခေါ်စဉ်ကတည်းက ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံ နှင့် အလုပ်သမား မှတ်ပုံတင်( လေဘာကဒ် ) မူရင်းတို့ ကိုတောင်းခံခဲ့ပါတယ်၊ ထိုမျှသာမကဘဲ မိဘနှစ်ပါးရဲ့ ထောက်ခံချက်ပါ ပါရှိမှ ရမယ်ဆိုလို့ ဖခင်ဖြစ်သူရဲ့ ထောက်ခံချက်ပါ ရယူပြုလုပ်ပေးခဲ့ရပါတယ်။

ဆိုင်ခွဲတွေ အများကြီးရှိတဲ့ အထဲကမှ  Interview မယ့်နေ့ 11.8.2013   ရက်နေ့  မှာ မနက် 083း0 အရောက်လာဖို့ အတွက်ဖုံးဆက်လာခဲ့ပါတယ်၊ ကျွန်မနေထိုင်ရာ သံလမ်းမှတ်တိုင်ကနေ သူတို့ ရုံးတည်ရှိရာနေရာကို ရောက်ရှိဖို့ အတွက် ( ၄၈) အထူးယာဉ်လိုင်း တစ်လိုင်းသာရှိပါတယ်၊ ဒါမှမဟုတ်ရင် တော့ သမိုင်းလမ်းဆုံ (သို့ မဟုတ် ) လှည်းတန်းလမ်းဆုံ ကနေနှစ်ဆင့်စီးမှာသာ ရောက်နိုင်မှာပါ   သူတို့ ခေါ်ယူမှု အချိန်မီရောက်ရှိနိုင်ရေး အတွက်  မနက် 07း00 လောက် ကတည်းက ကားစီးရပါတယ်  first  Interview  အပြီးမှာ ပြန်ဆက်သွယ်မယ်လိုပြောခဲ့ပြီး..
second Interview ကို13.8.2013 ရက်နေ့ မနက်  083း0 အရောက်လာခဲ့ ထပ်မံချိန်းဆိုခဲ့ပါတယ်။
အဲဒီနေ့ က သူဌေးဆိုသူက အလုပ်ဝင်ချိန်မှာမနက် ( 083း0 ) ဖြစ်ပြီး ဆိုင်သို့ 08း00 အရောက်လာရမည်ဖြစ်ကြောင်း အလုပ်သိမ်းချိန်မှာတော့ အတိအကျမရှိကြောင်း ပြောကြားလာပါတယ်၊  ဒီဆိုင်မှာတာဝန်ထမ်းဆောင်ရမှာ  မဟုတ်ကြောင်းနှင့် ဆိုင်ခွဲရှိသမျှ ဘယ်နေရာမှာမဆို   ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ပြောကြားလာရာ  ကျွန်မက  ထိုရုံးတည်ရှိနေရာများသည်  လိုင်းကားမှတ်တိုင် အနီးအဝေးကို ပြန်လည်မေးမြန်းခဲ့ပါတယ်၊  ဒါကိုသူဌေးဆိုသူက   “ကျွန်တော်က ငယ်ငယ်ကတည်းက လိုင်းကားမစီးတဲ့ အတွက်ကြောင့် လိုင်းကားဂိတ်နဲ့ အနီးအဝေး မစုံစမ်းထားပါဘူး ”လို့  နှစ်ကြိမ်တိတိ
ပြန်လည်ပြောဆိုခဲ့ပြီး  interview ကို အဆုံးသတ်ခဲ့ပါတယ်။

ကျွန်မဒေါသတော်တော်ထွက်သွား ခဲ့မိပါတယ်၊ အပင်းပန်းခံ ငွေကြေး အကုန်ကျခံပြီး  အလုပ်လျှောက်ရတဲ့ ကျွန်မတို့ အခြေခံလူတန်းစား လူငယ်တွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်၊ ကျွန်မအလုပ်လျှောက်ထားစဉ်က ပေးထားခဲ့တဲ့ (  CV ) ထောက်ခံစာ မူရင်းတို့ ကို ပြန်လည်တောင်းယူပြီး ထိုရုံးခန်း ထဲကထွက်လာခဲ့ပါတယ်၊  အပြန်လမ်းတစ်လျှောက်လုံး စဉ်းစားလာမိခဲ့တယ်၊  ကျွန်မရဲ့မေးခွန်းဘာများ မှားယွင်း သွားခဲ့လည်းဆိုတာပေါ့  ဒါပေ့မယ့်  ဒီလိုမျိုး အဆင့်အတန်းခွဲခြားပြီး  ၀န်ထမ်းတွေကိုနှိမ်ချ ဆက်ဆံတတ်တဲ့ ဒီလိုသူဌေးမျိုးရဲ့ လက်အောက်က ၀န်ထမ်းမဖြစ်ခဲ့တာ  ကျွန်မအတွက်ကံကောင်းတယ်လို့ ဘဲ ဆိုရမှာပါ၊  အဲဒီအတွက်  ကျွန်မလိုမျိုး  ပညာတတ်များစွာ ကိုလူအခွင့်အရေးချိုးဖောက် စော်ကားကာ ၀န်ထမ်းခေါ်ယူနေတဲ့ ထို  Lin Technical Services Co,ltd ကို ညီငယ်ညီမငယ်တို့  သွားရောက်အလုပ်လျှောက်လွှာမတင်
ကြဖို့ သတိပေး  အကြောင်းကြား လိုက်ရပါတယ် ။
 Lin Technical Services Co,ltd မှာ အလုပ်သွားလျှောက်ခဲ့သူ အမျိုးသမီး တဦး၏ ပေးစာ
Posted: 19 Aug 2013 06:17 AM PDT

မွေးသက္ကရာဇ် - ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ - ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်

ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို မက်မောခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား ခဲ့သည်။

ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင် သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။

► ကိုယ်ရေး ဖြစ်စဉ်

ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို" အောင်ဆန်း ( သို့မဟုတ် ) အရိုင်း" ဟူ သောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

ယခုအခါ ဆရာသည် ရှမ်းပြည်နယ် အောင်ပန်း မြို့တွင်နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့ပါသည်။

Popular Myanmar News Journal

Posted: 19 Aug 2013 06:14 AM PDT

တောင်ငူခရိုင် ဖြူးမြို့နယ် သာယာကုန်းကျေးရွာ၌ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် မွေးရာပါ စိတ်ကျန်းမာရေး ချို့တဲ့သူ လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ သေဆုံးသူ မောင်သက်နိုင်ဦးသည် အဆိုပါကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Aug 2013 06:11 AM PDT

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် တိုးရတနာ ခရီးသည်တင်ယာဉ်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ကားဘီးချော်၍ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅၀ ဦးအနက် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 05:54 AM PDT

မကြာသေးခင် သီတင်းပတ်တွေတုန်းက ရေကြီးမိုးခေါင်တဲ့ ရာသီဥတု ဖောက်ပြန်မှု တွေကြောင့် စပါးစိုက် ဧကသောင်းနဲ့ ချီပြီး နစ်နာ ဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက မိုးသည်းထန်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ဘက်မှာ စိုက်ဧက ၅ သောင်းလောက် ရေမြုပ်ပြီး ရေပြန်ကျတာကြောင့် ဧက ၂ သောင်းလောက် ဆုံးရှုံး နစ်နာခဲ့တယ်လို့ တောင်သူ လယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 04:21 AM PDT

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာ တစ်ဦး လည်းဖြစ် မြန်မာ့ စာပေလောကတွင် ထင်ရှားသူတစ်ဦး လည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ ငြိမ်းချမ်းရေး ကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူ တစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 04:12 AM PDT

ရန်သူမရှိ မိတ်ဆွေသာရှိသည်ဟူသော ငြိမ်းချမ်းရေး ဝါဒကို အကြွင်းမဲ့ ယုံကြည် လက်ခံခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ (ဦးဌေးမြိုင်) သည် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အချိန်တွင် အောင်ပန်းရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း အောင်ပန်းဒေသခံ ဦးဝင်းသူရဇော်က ပြောကြားသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် ရှိပြီဖြစ်သော တာရာ မဂ္ဂဇင်းထုတ်ဝေသူ ဆရာ ဒဂုန်တာရာကို ကျိုက်လတ်မြို့နယ် ထိုင်ငူ မြစ်တန်းရွာ (မွန်ရွာ) တွင် ဦးဘအုန်း+ ဒေါ်ဖွားရှင်တို့က ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မွေးဖွား ခဲ့သည်။

The Voice Weekly
Posted: 19 Aug 2013 03:56 AM PDT
၁၈.၈.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်နေ ကိုသူထက်အောင် သည် ၎င်းပိုင် မာစီးဒီး အနက် ရောက်ယာဉ်ဖြင့် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ The Best စားသောက်ဆိုင်သို့သွားရောက်စဉ် ဆိုင်အ၀င် လမ်းဘေးရှိ အမည် မသိလူငယ်(၈)ဦးခန့်အနက်
(၁)ဦးမှ ကားဘေးအား လက်ဖြင့် တွန်းခဲ့၍ ကိုသူထက်အောင်မှ ဆင်းကြည့်စဉ် အဆိုပါလူငယ်(၈)ဦးမှ ၀ိုင်းဝန်း ဆဲဆို ထိုးကြိတ်သည့် အပြင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 03:48 AM PDT

ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်ခွဲ သပြေညွန့် ကျေးရွာအုပ်စု၊ လွန်ပူးတောင်နှင့် တစ်မိုင်ခန့် ကွာဝေးသော ရွှေတူးဖော်ရေး လုပ်ကွက် တစ်ခုတွင် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ရွှေတွင်း ပြိုကျ၍ ရွှေလုပ်သား ငါးဦး သေဆုံးကာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သံတောင်ကြီး မြို့နယ်ခွဲရှိ သပြေညွန့် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Aug 2013 03:42 AM PDT

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လအတွင်း မြို့နယ် လေးခု စုပေါင်း၍ လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒ ဖော်ထုတ်ခဲ့ကြ သည့် တောင်သူများကို သြဂုတ်လ ၁၆ ရက်နေ့က တရားစွဲဆို လိုက်ကြောင်း ပုသိမ်မြို့နယ် တရားရေး ဦးစီးမှူး ရုံးထံမှ သိရသည်။ ကန်ကြီးထောင့်၊ ပုသိမ်၊ ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ တောင်သူ ၂၀၀ ကျော်သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 03:32 AM PDT

ကျောက်မျက်ရတနာ ပစ္စည်း အရောင်း ဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၅၀ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို ယခင်လအတွင်းက ခိုးယူခဲ့သူ တရုတ် နိုင်ငံသားနှစ်ဦး အနက် မှ တစ်ဦးအား သြဂုတ် ၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 03:11 AM PDT

ရန်ကုန်၊ သြဂုတ် ၁၉

၁၉.၈.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ အလုံမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ---- ၊ ၂၈နှစ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံမြို့နယ် နေသူဖြစ်ပြီး၊

၎င်းသည် ၁၉.၈.၂၀၁၃ ရက်နေ့ ၁၁၁၀ အချိန်ခန့်တွင် နေအိမ်၌ မိသားစုများနှင့်အတူ TV ကြည့်ရန်အတွက်မီးပလပ်ခုံသို့TV ကြိုးထိုးစဉ် ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အလုံမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၃)ဖြင့်ရေးဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


Posted: 18 Aug 2013 11:26 PM PDT

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း စေတီ ပုထိုးတော်တွေနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးတွေမှာ တနင်္ဂနွေနေ့ မနေ့က ညနေပိုင်းကစတင်ပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထား ခဲ့တယ်လို့သိရပါတယ်။ အခုလို လုံခြုံရေး တိုးမြှင့်တာနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့နယ်မှာ တာဝန်ကျနေတဲ့ တပ်မတော် အရာရှိတစ်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 11:09 PM PDT

ဧရာဝတီ တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ၏နေအိမ်တွင် ရွှေထည်ပစ္စည်း ၁ရ မျိုး(ကာလတန်ဖိုးကျပ်သိန်း ၁၂ဝကျော်)ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသဖြင့် ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းတွင် ဩဂုတ် ၁၁ ရက်က အမှုဖွင့်ခဲ့ကြောင်း သိ ရသည်။  ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိ လေးက ပျောက်ဆုံးမှုနှင့် ပတ်သက် ပြီး---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 11:06 PM PDT

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးပါတီ အားလုံးရှိ လွှတ်တော် ကိုယ်စားလှယ်များကို သင်တန်းများ၊ အထောက်အပံ့များ ပေးရန် ဗြိတိန် အစိုးရထံ ကမ်းလှမ်းလိုက်ကြောင်း ဗြိတိန်နိုင်ငံ ဂေါ်ဒန် မဲဆန္ဒနယ် လွှတ်တော်အမတ် Sir Malcolm bruce က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁)ရက်နေ့ က ပြည်သူ့ လွှတ်တော်ဝင်း အတွင်း ထမင်းစား ခန်းမဆောင်တွင်  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မစတင်မှီ် ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ မစ္စတာဂျွန်ဘာကိုနှင့် အဖွဲ့ကို အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ နံနက်စာနှင့် တည်ခင်းဧည့်ခံခဲ့စဉ်။

ဓါတ်ပုံ - National League for Democracy

Posted: 18 Aug 2013 11:03 PM PDT
သြဂုတ်လ(၁၈)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 11:02 PM PDT

သြဂုတ်လ(၂၁)ရက်နေ့ ထုတ် Smart Pro Journal (မိုဘိုင်းနည်း ပညာဂျာနယ်) Volume-1, Issue-29

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 10:33 PM PDT
Posted: 18 Aug 2013 10:17 PM PDT

ရန်ကုန်မြို့တော် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ၃၇ လမ်းထောင့်ရှိ ရူဘီမတ် ရှော့ပင်းစင်တာ အနီးရှိ (ပန်းဆိုးတန်း ကားမှတ်တိုင်) ထမင်းဆိုင်တွင် သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က အဆိုပါဆိုင်ရှင်နှင့် အနီးတွင် ဖွင့်လှစ်ထားသော ဈေးရောင်းချသူများကို လူ ၁၀ ဦးကျော်က အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 10:09 PM PDT

ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ နေအိမ်တစ်ခုတွင် သြဂုတ်လ ၁၃ ရက်နေ့က ခြံစောင့်ဖြစ်သူက အိမ်ရှင်၏ ဖခင်ထံတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူနှင့် ပူးပေါင်းကာ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ နိုင်ငံခြား အရက်ပုလင်းများ ခိုးယူခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Aug 2013 09:48 PM PDT

ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။ အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 08:47 PM PDT
ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရင်းမူကုန်း ကျေးရွာအုပ်စု ရင်းမူကုန်း ကျေးရွာတွင် ဧရာဝတီ မြစ်ရေစီးကြောင်း ပြောင်းလဲမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားလျက်ရှိပြီး နေအိမ်ခြံမြေများ စိုက်ပျိုးမြေများ ဆုံးရှုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။ ရင်းမူကုန်းကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 08:15 PM PDT

ရန်ကုန်မြို့မှာ ဆန်ဈေးတွေ ပြီးခဲ့တဲရက်ပိုင်းက ၂၀ ရာခိုင်နှုန်းလောက် အထိ တက်သွားတယ်လို့ ဆန်ဆိုင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ ဆန်အသစ် မပေါ်ခင် နှစ်စဉ် သြဂုတ်လမှာ ဆန်ဈေးတက်တာ မထူးခြားပေမယ့် ဒီနှစ် သြဂုတ်လကတော့ နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရုတ်နိုင်ငံကနေ ဆန်ဝယ်လိုအားလည်း များလာ

Posted: 18 Aug 2013 08:11 PM PDT

ငွေစက္ကူ အဓိက သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာ အကြွေးကဒ် စနစ် အပြည့်အ၀ ထူထောင်နိုင်ဖို့ သုံးနှစ်ကနေ ငါးနှစ် အထိ အချိန်ယူရလိမ့်မယ်လို့ Visa International အကြွေးကဒ် ကုမ္ပဏီ ကပြောပါတယ်။ Visa ဟာ မြန်မာနိုင်ငံကို မနှစ်က စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး၊အေ
ကြွးကဒ်စနစ်ဆိုင်ရာ အခြေခံ အုတ်မြစ်ချတဲ့ လုပ်ငန်းနဲ့၊ မြန်မာ ငွေကြေးလုပ်ငန်းတွေကို လေ့ကျင့်ပေးတဲ့အလုပ်တွေ အတွက် တစ်နှစ် လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...