Thursday, August 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၈)

သစ်ထူးလွင်


Posted: 01 Aug 2013 06:55 AM PDT
ယခုရက်ပိုင်း အတွင်း ပဲခူးမြို့နယ်ရှိ အထက်ချောင်းဖျား ကျေးရွာများ ဖြစ်သော တိုက်ကြီး၊ ဇောင်းတူ၊ ထန်းတောကြီး စသော ကျေးရွာများနှင့် ပဲခူးမြို့၌ မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြှင့်တက်လာပြီး မြစ်ဘေးရှိ အနိမ့်ပိုင်း ရက်ကွက်များ ဖြစ်သော ကျွန်းသာယာ၊ ဇိုင်း/တောင်၊ ဇိုင်း/မြောက်၊ ကလျာဏီ၊ ရွာသစ်၊ မဇင်းရပ်ကွက်များရှိ လူသွားလမ်းပေါ်တွင် (၁.၈.၂၀၁၃)နေ့ နေ့လည်(၁း၃၀)အချိန်မှ စပြီး ရေများဝင် ရောက်ခဲ့ရာ လူသွားလမ်း များ ပေါ်၌ ရေတစ်ပေခန့် ၀င်ရောက်လျှက်ရှိပြီး ကျွန်းသာယာ ရပ်ကွက်ရှိ လူသွားလမ်းပေါ်တွင် ရေတစ်ပေခွဲခန့်ဝင်ရောက်ခဲ့ရာ လှေများ အသုံးပြုပြီး သွားလာ လျှက်ရှိကြောင်း သတင်းရရှိသည်။

Ko Thant Zin

ပဲခူးမြို့ အနိမ့်ပိုင်းရပ် ကွက်များ ရေ၀င်၊ လှေများ အသုံးပြုပြီး သွားလာနေ

Posted: 01 Aug 2013 06:43 AM PDT
ဘတ်(စ်)ကားနှစ်စီး ယှဉ်ပြိုင်မောင်းရာမှ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ၊ ရဲစခန်းတွင် ယာဉ်တိုက်မှု တရားခံမှ အိမ်ခဏပြန်မည်ဟု ဆိုကာ ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက်၊ စည်ပင်မီးသတ်ဝင်း အတွင်း နေထိုင်သူ မဇာဇာမြင့် အသက် (၂၆) နှစ်မှာဇူလိုင်လ၂၇ရက်နေ့၊ နံနက် (၇း၁၅) နာရီတွင် အလုပ်သို့အသွား မြောက်ဥက္ကလာပ၊ (၅) လမ်းမှတ်တိုင်သို့ အရောက်တွင် အမှတ်၁၂၁ယာဉ်နှစ်စီး ယှဉ်ပြိုင်မောင်းလာရာမှ ကက/၃၄၀၉ယာဉ်၏ ဘက်ကြည့်မှန်နှင့် ရိုက်မိကာ၊ ဒိုင်နာနှင့် တက္ကစီကားနှစ်စီးကြားထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒိုင်နာနှင့် တက္ကစီကားနှစ်စီးကြားထဲသို့ ပြုတ်ကျခဲ့သူ မဇာဇာမြင့်


Posted: 01 Aug 2013 06:34 AM PDT
ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ မှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တဲ့အတွက် သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေရသလို အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်ထန်ခဲ့တဲ့အတွက် ကရင်ပြည်နယ် ၇ ခုထဲက ၅ မြို့နယ်မှာ ရေကြီးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမှာတော့ ယာယီခိုလှုံရေး စခန်း ၂၄ ခုမှာတော့ ဒုက္ခသည် ၁ သောင်းကျော် ခိုလှုံနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မယ်တော်ဆေးခန်းက ဆရာရွှေနှင်းက ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Aug 2013 03:38 AM PDT
ရန်ကုန်၊ သြဂုတ် ၁

၁.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဟိုင်းလုံ သင်္ဘော ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရွှေလျှံတိုး ငါးဖမ်းစက်လှေမှ လုပ်သားများ ဖြစ်သည့် ထွန်းလေး၊ (၃၃)နှစ်
(စိစစ်ဆဲ)၊ မျိုးထွန်း၊ (၄၂)နှစ် (စိစစ်ဆဲ)၊ မင်းနိုင်၊ (၃၀)နှစ် (စိစစ်ဆဲ)၊ မင်းမင်း(၃၃)နှစ် (စိစစ်ဆဲ)တို့ (၄)ဦးသည် စက်လှေဝမ်းဗိုက်အတွင်းရှိ ဆီတိုင်ကီအား ၀င်ရောက် ဆေးကြောရာမှ ၎င်းတို့(၄)ဦးမှာ မူးမေ့လဲကျသွားသဖြင့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ ပို့အပ်စဉ် ထွန်းလေး၊ မျိုးထွန်း၊ မင်းနိုင်တို့ (၃)ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့ပြီး မင်းမင်းမှာ သတိလစ်နေသဖြင့် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
တက်ရောက် ကုသလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police


Posted: 01 Aug 2013 03:24 AM PDT
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ လက်နက်ကိုင်မူးယစ်ဆေးဝါးကုန်သည်တွေ တိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်လာမယ်လို့ ကြိုတင် သတင်းရထား ချက်အရ  အမှတ် ၃၁ နယ်စပ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၇ ဦး ပူးပေါင်းပြီး မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ် ဘန့်ပါခါးကျေးရွာအုပ်စုအနီး တောစပ်ထဲ ၀င်ရောက် စောင့်ဆိုင်းခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆန်ထုပ် (ဓာတ်ပုံ - http://www.maesainewsonline.com)

Posted: 01 Aug 2013 03:21 AM PDT
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်သည် အကြောင်းမရွေး၊ အချိန်မရွေး ပြန် လည် ပေါ်ထွန်းလာနိုင်သည့် အတွက် စစ် အုပ်ချုပ်ရေးနှင့် တစ်ပါတီ အာဏာရှင် စနစ်များကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုသည့် အခမ်းအနားများကို လူထုအကြား ကျယ်ပြန့်စွာ ကျင်းပကာ ဖိနှိပ် ချုပ်ချယ်သည့် စနစ်ဆိုးကို ဆန့်ကျင်သော စိတ်ဓာတ်များ အမြဲ ရှင်သန် ပွင့်လန်းနေအောင် လုပ်ဆောင်ရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Aug 2013 03:12 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-a5sci8tagaa/ufo0uhtjbyi/... more info...
လိုင်စင်မဲ့ ဆေးကုမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီဝင် ဒေါ်ဘောက်ဂျာရဲ့အမှုကို  ဇူလိုင် ၃၁ ရက်နေ့က ဖားကန့် တရားရုံးမှာ စစ်ဆေး ခဲ့ပါတယ်။ သူဟာ  ရွာသားသေဆုံးပြီး ၁ နှစ်အကြာမှာမှ   ပုဒ်မ ၃၀၄ အရ   လူသေမှု၊ ဆေးကောင်စီ ပုဒ်မ ၄၁ အရ အိမ်မှာ ဆေးတွေထားရှိမှု၊ လိုင်စင်မဲ့ ဆေးကုသမှု တွေနဲ့  တရားစွဲ ခံရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Aug 2013 03:08 AM PDT
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်)

Posted: 01 Aug 2013 02:58 AM PDT
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် လွန်ခဲ့သည့် ငါးလခန့်က အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် လူသတ် ပစ္စည်း လုယက်မှု ကျူးလွန်သူ ဝင်းအောင်စိုးကို ဇူလိုင်လ ၃၀ ရက်နေ့က သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်း ကျောက်ဆည်ခရိုင် တရားရုံးထံမှ သိရှိရသည်။ “ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ် ချတာပါ။ ဒီကနေ့ မန္တလေး အိုးဘိုထောင်ကို ပို့ပါတယ်” ဟု တံတားဦး ရဲစခန်းက အတည်ပြု ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Aug 2013 02:48 AM PDT
ယာဉ်မောင်းလိုင်စင်ကို ပိုမိုစိစစ် ခြင်းဖြင့်သာ ထုတ်ပေးတော့ကြောင်း ကညနက ပြောသည်။ ယခင်က ယာဉ်အစီးရေနှင့် ယာဉ် မောင်းများလိုက်လျော ညီထွေရှိစေရန် ပမာဏများများစားစား ထုတ်ပေးခဲ့မှု ရှိခဲ့သော်လည်း ယခုတွင် လိုအပ်သည့် ပမာဏကိုသာ ထုတ်ပေးနေသည်ဟု ကညနက ဆိုသည်။ ''အဲဒီအတွက် နှစ်စဉ်ထုတ်ပေးမှု က လျော့ကျလာတယ်''ဟု ကညန ဒုညွှန်ချုပ်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 09:34 PM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Phillip Hammond နှင့် တွေ့ဆုံရာတွင် သဘော တူညီခဲ့ကြသည့်အတိုင်း မြန်မာ့ တပ်မတော်အတွက် လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင် ရာ ဗြိတိန် သံရုံးမှ နိုင်ငံရေးဌာန ဒုတိယ အတွင်းဝန် Mr.Joseph Fisher က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 09:22 PM PDT
တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် တနင်္သာရီမြို့ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီအထကကျောင်း ၀င်းတို့အတွင်း ရေ သုံးပေခွဲမှသည် တစ်ပေခွဲအထိ မြင့်တက်လျက် ရှိနေသည်။ ချောင်းကြီးရပ်ကွက် ရွှေလိပ်ပြာလမ်း (အဝေးပြေးကားဂိတ်) အနီး နေရာတွင် ၃.၅ ပေခန့်၊ ချောင်းငယ်ရပ်ကွက် မွန်စုသီတာလမ်းတွင် ၃ ပေခန့်နှင့် အထက (တနင်္သာရီ) ကျောင်းဝင်းအတွင်းတွင် ၁.၅ ပေခန့် မြင့် တက်နေခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဓါတ်ပုံ - ထားဝယ်မြို့ တော်

Posted: 31 Jul 2013 09:19 PM PDT
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးစား လိုက်နာရေးအတွက် ထိန်းညှိပေးရန် မ.ထ.သ ယာဉ်ပိုင်ရှင်များက ဇူလိုင်လ ပထမပတ်က သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ တိုင်ကြားထားကြောင်း ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောကြား သည်။ မထသ (မြို့တွင်း) ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို ယာဉ်ပိုင်ရှင်များက ငွေကြေး ရလိုမှုဖြင့် တရားစွဲဆိုထားသည့် ကိစ္စများ၊ ဝန်ထမ်းများက လစာ တိုးတောင်း သည့် ကိစ္စများ၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 09:16 PM PDT
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးရွာသွန်းမှု များပြားပြီး ရေကြီးနေကာ ကျိုက်မရောမြို့နယ် အ.ထ.က (၁) အပါအဝင် အလယ်တန်းကျောင်းနှင့် မှုလတန်းကျောင်း ခုနစ်ကျောင်း အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း ကျိုက်မရော အ.ထ.က (၁) မှ အထက်တန်းပြ ဆရာမ ဒေါ်စန္ဒာစိုးက ပြောကြား သည်။ အဆိုပါ ကျိုက်မရောမြို့နယ်ရှိ ကျောင်းခုနှစ်ကျောင်းကို သြဂုတ်လ ၁ ရက် နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ရေပြန်ကျသည့် အချိန်မှ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 31 Jul 2013 09:12 PM PDT
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ် အတွင်းရှိ ကြေတိုင်နှင့် မြေစာရင်း ဦးစီဌာနမှ ဆယ်တန်းအောင် နှင့် ဘွဲ့ ရလူငယ်များအား ရွေးပြီး  နေ့ စားအကူ ၀န်ထမ်း အယောက်(၃၀)ကို ခေါ်ယူ ခန့် ထားပြီး လစားရှင်း မပေးကြောင်း သိရပါတယ်။ အဆိုပါ ၀န်ထမ်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှ အောက်တိုဘာလ အထိ တစ်နေ့  တစ်ထောင်ခုနစ်ရာ (၁၇၀၀)ကျပ်ဖြင့် (၆.၆.၂၀၁၃)တွင် တရားဝင်ခေါ်ယူ ခန့် အပ်ခဲ့တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 08:48 PM PDT
တားမြစ်ထားသော ဆေးဝါးများကို စအိုတွင်းသို့ ထည့်ပြီး အင်းစိန်ထောင် အတွင်းသို့ သယ်ဆောင်ရန် ကြိုး ပမ်းသူ အချုပ်သား တစ်ဦးကို ဇူလိုင် ၂၉ ရက်တွင် အကျဉ်းထောင် ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ တရားစွဲ ခံရသူသည် ဦးဝေထွန်းပိုင်ဆိုသူဖြစ်ပြီး ၎င်းမှာသင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေ သူဖြစ်သဖြင့် ဇူလိုင် ၂၄ ရက်က ရုံးထုတ်ရာ ထိုနေ့ကအချုပ်ယာဉ်ဖြင့် ညနေ ၆ နာရီခန့်တွင် အင်းစိန်ထောင် သို့ပြန်ရောက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 08:44 PM PDT
သြဂုတ်လ(၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 08:42 PM PDT
သြဂုတ်လ(၁)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 07:53 PM PDT
အင်ဒိုနီးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတစ်ခုက မွတ်စလင် ရိုဟင်ဂျာ ၁၄ ယောက်ကို မနေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ထိန်းသိမ်းရေး စခန်းတစ်ခု အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ ရိုဟင်ဂျာကြား ခိုက်ရန်ဖြစ်မှု၊ လူသေဆုံးမှုတွေ အတွက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတွင်း မြန်မာ အုပ်စုချင်း ခိုက်ရန်ဖြစ်၊ ရှစ်ဦး သေဆုံးခဲ့စဉ်

Posted: 31 Jul 2013 07:37 PM PDT
HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် ရောဂါ ၃ မျိုး ရံပုံငွေအဖွဲ့ကြီးက  အခုအခါမှာ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် အသွင်ပြောင်းပြီး  ကူညီထောက်ပံ့မှုတွေ ပေးလာတာမို့  အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍဟာ တိုးတက်မှုတွေ ရှိလာနိုင်တော့မယ်လို့  မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Jul 2013 07:21 PM PDT
တယ်လီဖုန်း ကြားဖြတ် နားထောင်တဲ့ စီမံကိန်း မှတ်တမ်း တချို့ကို အမေရိကန် အစိုးရက အများ ပြည်သူ ကြည့်ရှုဖို့ ထုတ်ပြန် ခဲ့ပါတယ်။

သတင်း အချက် ရယူမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာ ရှိစေလိုကြောင်း အာဏာပိုင်တွေက ပြောကြား ပါတယ်။

ဒါပေမဲ့ ဒီမှတ်တမ်း တွေထဲမှာ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ် စနိုဒန် ထုတ်ဖော် လိုက်တဲ့ အထောက်အထား တော်တော်များများ ပါဝင်လာတာ မတွေ့ရပါဘူး။

ဒီအချိန်မှာပဲ အင်တာနက် သုံးစွဲသူတွေ ပြုလုပ်သမျှ စောင့်ကြည့် မှတ်သား နိုင်တဲ့ လျှို့ဝှက် စက်ကိရိယာ အကြောင်းကို မစ္စတာ စနိုဒန် က ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ မှာ နောက်ထပ် ဖွင့်ချလိုက် ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကန်အစိုးရ ဖုန်းဖြတ် နားထောင်မှု ကမ္ဘာမှာ ရိုက်ခတ်

Posted: 31 Jul 2013 07:19 PM PDT
ကိုင်ရို က သမ္မတဟောင်း မော်စီကို ထောက်ခံ သူ တွေရဲ့ ထိုင် သပိတ် တွေကို ဖြိုခွဲဖို့ အီဂျစ် စစ်တပ် သြဇာခံ အစိုးရက ရဲ ကို အမိန့်ပေး လိုက်ပေမယ့် ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူ တွေ ထွက်ခွာ မသွားကြ ပါဘူး။

လွတ်လပ်စွာ စုဝေးခွင့်ကို လေးစား လိုက်နာဖို့ အီဂျစ် အစိုးရကို အမေရိကန်က တောင်းဆို လိုက်ပြီး အသွင်ကူး အစိုးရ အနေနဲ့ ဒီမိုကရေစီကို ပြန်လည် အသက်သွင်း ရမယ့် တာဝန် ရှိကြောင်းလည်း ပြောဆို ခဲ့ပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ ကတော့ တခြား ရွေးစရာ မရှိတော့ဘဲ ဆက်လက် ဆန္ဒပြ သွားမယ်လို့ ဆိုပါတယ်။

အဖွဲ့ ဒုဥက္ကဋ္ဌ Essam el-Erian ကတော့ ကမ္ဘာ့ ရှေ့မှောက် မှာတင် လူသတ်ပွဲကြီး ဆင်နွှဲဖို့ ပြင်နေပါပြီ၊ အစိုးရရဲ့ သပိတ် ဖြိုခွဲဖို့ အကြံကို အီဂျစ် ပြည်သူတွေနဲ့ ကမ္ဘာ က ခုခံ ဆန့်ကျင် ကြပါလို့ တောင်းဆို သွားပါတယ်။

လူစု လူဝေးကို ဖြည်းဖြည်းချင်း အဆင့်လိုက် ဖြိုခွဲ သွားမယ်လို့ အီဂျစ် ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

ဆက်လက် ဆန္ဒပြ သွားမယ် ဆိုတဲ့ ဆန္ဒပြ သမားတွေ


Posted: 31 Jul 2013 04:59 PM PDT
တရုတ် အစိုးရအနေနဲ့ ရေပိုင်နက်ဆိုင်ရာ ပဋိပက္ခတွေကို ဘေးဖယ်ထားဖို့ ဆန္ဒရှိပြီး အငြင်းပွားနေတဲ့ ရေပိုက်နက်နေရာတွေမှာ ပူးတွဲ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင် က ပြောကြား လိုက်ပါတယ်။ သြဇာအာဏာ ကြီးလှတဲ့ နိုင်ငံရဲ့ ပေါလစ်ဗျူရိုကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း မစ္စတာရှီက ခုလို မှတ်ချက်စကား ဆိုသွားတဲ့ အကြောင်း နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 04:45 PM PDT
ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာ စစ်တပ်တို့အကြား တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြိတ်ခရိုင် ဒေသခံ တပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ ၀င်တွေ အခြေပြုရာ ထန်ဖရ ဂွင်ဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေတဲ့ အတွက် တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ် ရှိတယ်လို့လည်း ဒေသခံ တပ်မှူးတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Jul 2013 04:41 PM PDT
မြန်မာနိုင်ငံက ပြင်သစ်နိုင်ငံကို ပေးဆပ်ဖို့ ကျန်ရှိသေးတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၅၅၀ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အတွင်း အရစ်ကျ ပြန်ပေးဆပ်သွားဖို့ သဘောတူ လိုက်ကြပါတယ်။ ပြင်သစ် ပြည်ပ ကုန်သွယ်ရေး ၀န်ကြီးရဲ့ မြန်မာ နိုင်ငံခရီးစဉ် အတွင်း အင်္ဂါနေ့က အဲဒီလို သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြတဲ့ထဲမှာ စုစုပေါင်းကြွေးမြီရဲ့ ၅၀ ရာခိုင်နှုန်း သန်း ၅၅၀ ကို လျှော်ပစ်ပေးထား ခဲ့တာနဲ့ ပတ်သက်တဲ့ တရားဝင် သဘောတူညီ ချက်လည်း ပါဝင်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...