သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၈)
သစ်ထူးလွင် |
|
- တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်
- သမ္မတ၏ သ၀ဏ်လွှာ မဏ္ဍိုင်သုံးရပ်အပေါ် လွှမ်းမိုး စွက်ဖက်မှုရှိဟု ဥပဒေကြမ်း ပုးပေါင်း ကော်မတီ အစီရင်ခံ
- ဖောက်ခွဲရေးသတင်းကြောင့် ပခုက္ကူလုံခြုံရေးတင်းကျပ်
- တက်ဆဲပြည်တွင်းရွှေဈေး ပြန်ကျနိုင်
- ကုလကိုယ်စားလှယ် ပြောကြားချက် အစိုးရ ပယ်ချ
- ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ်ရေကြီး
- အဆောင်နေ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို တပ်မတော်သား ဓားထိုးလုယက်
- ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်
- မိုင်တိုင်အမှတ်(၂၀/၂-၃)ကြား ယာဉ်တိုက်မှုဖြစ်ပွား ၁ ဦးသေ ၃ ဦးဒဏ်ရာရ
- ရေကြီးမှုကြောင့် သံတွဲတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်
- သံတွဲရေကြီးမှု လေးဦးသေဆုံး
- မြန်အောင်မြို့ နှင့် ကြံခင်းမြို့နယ်အတွင်း ရေလွမ်းမိုး
- ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသားများကို ခြိမ်းခြောက်
- မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိုက်မှုဖြစ်
- ငါးပိဈေးကွက်၏ ၈၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာပါနေ
- ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်သို့ သွားရောက်ရေးဆွဲမည်
- အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
- စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦးကို အရေးယူ
- ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆောက်အဦးပြိုကျ
- တရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်သည်ဟု ယူဆသော အမှုအား ပြည်ထောင်စုအဆင့်သို့ တင်ပြ
- နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ
- ရက်ပိုင်းအတွင်း တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ ရောင်းချပေးမည်
- လာမည့်ပညာသင်နှစ် အဆင့်မြင့်ပညာ သင်ကြားနည်းစနစ်များ ပြောင်းမည်
- အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်
- ကုမ္ပဏီနှင့် လယ်သမားတို့ မြေယာလျော်ကြေး အငြင်းပွားနေ
Posted: 22 Aug 2013 07:12 AM PDT
ရန်ကုန်- တပ်မမှူးတစ်ဦးနှင့် လွှတ်တော်အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာမရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ “တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးလှမြင့်စိုး၊ ဟိုပန်ပြည်သူ့ လွှတ်တော်အ မတ်နဲ့ တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်တို့က အဓိက ကူညီတာ။ တပ်မမှူးက နိုင်ငံခြားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သူ့ သူငယ်ချင်းတွေဆီကိုစာရေးပေးတာ” သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 03:24 AM PDT
“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ”နှင့် “တိုင်းဒေသကြီးသို့ မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေ” တို့သည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု မရှိဟုဆိုသော သမ္မတ၏ သ၀ဏ်လွှာ သဘောထား မှတ်ချက် ကို လွှတ်တော်တွင်း ဆွေးနွေးခြင်း မပြုသေးမှီ နိုင်ငံပိုင်သတင်းစာ များတွင် ဖေါ်ပြခဲ့မှုသည် အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အပေါ်လွှမ်းမိုး စွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 03:05 AM PDT
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အတွင်းသို့ တရုတ်နယ်စပ်မှ ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသော မသင်္ကာဖွယ်ရာ လူတစ်စု ဝင်ရောက် ဖောက်ခွဲမည်ဆိုသည့် သတင်းကြောင့် ပခုက္ကူမြို့နယ်တွင် လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ပခုက္ကူမြို့နယ်သို့ ဝင်ရောက်သည့် ကုန်းလမ်း၊ ရေလမ်း ထွက်ပေါက်မှန်သမျှတွင် လူအဝင်အထွက်နှင့် ဖောက်ခွဲရေး လက်နက်ခဲယမ်းများကို စစ်ဆေးလျက်ရှိပြီး ယင်းစစ်ဆေးမှုကို ရက်အကန့်သတ်မရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 03:02 AM PDT
ကမ္ဘာ့ရွှေဈေး ကျဆင်းနိုင်ခြေ ရှိသောကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါ ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ “ပြည်တွင်းရွှေဈေးက ပြန်အေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ နောက်ပြီး ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားကို ခုနစ်သိန်းဝန်းကျင်လောက်မှာပဲ ရှိလောက်တယ်။ နောက်ပြီး ကမ္ဘာ့ဈေးက ၁၃၃၀ ဒေါ်လာဝန်းကျင်လောက်ထိ ကျသွားလောက်တယ်” ဟု ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 02:59 AM PDT
မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြအကြမ်းဖက်မှုတွေကို အစိုးရက အကာကွယ်မပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။ မိတ္ထီလာမြို့မှာ ည ၁၀ နာရီကျော် မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အသွားလမ်းမှာ လူ ၂၀၀ လောက်က စောင့်ကြို ဆန္ဒပြပြီး ကားကို ကန်ကြောက်ဆဲဆိုကြတာကို အစိုးရဘက်က မကာကွယ်ပေးဘူးလို့ မနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောကြားလိုက်တာပါ။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Aug 2013 02:56 AM PDT
မိုးများပြီး မြစ်ရေတက်မှုကြောင့် ကရင်ပြည်နယ်အတွင်းမှာ ဩဂုတ်လ ၂၁ ရက် နေ့ကစပြီး ဒုတိယအကြိမ် ရေကြီးမှု ဖြစ်ပွားနေပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး သံလွင်မြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်း အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေမှာ ရေလျှံမှုဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထား တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ လှိုင်းဘွဲ့မြို့ ရေကြီးနေစဉ် (ဓာတ်ပုံ -Nandakyawthusoe ) |
||||
Posted: 22 Aug 2013 02:52 AM PDT
ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက် ဘဝရှေ့ဆောင် ဘော်ဒါဆောင် တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူနှစ်ဦး၏ အခန်းတွင်းသို့ အမှတ် (၄၂၄) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်မတော်သားတစ်ဦး ဝင်ရောက်၍ ဓားထိုးလုယက်ခဲ့ကြောင်း ဓားဒဏ်ရာများ ရရှိခဲ့သည့် ကျောင်းသူ မသင်းသင်းဝေက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 02:49 AM PDT
မုံရွာမြို့အရှေ့ဘက် ကန်ပြားလေးရွာ သုသာန်ဟောင်း အနီးရှိ ရေမရှိသော ရေကန်ဟောင်းကြီးအတွင်း၌ ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး၍ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 02:11 AM PDT
၂၁-၈-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန်ခန့် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၀/၂-၃)ကြား ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 01:44 AM PDT
သုံးရက် ဆိုက်တိုက် ရေကြီးခဲ့မှုကြောင့် ရခိုင် ပြည်နယ် သံတွဲမြို့တွင် ကယ်ဆယ် ရေးစခန်းခြောက်ခုဖွင့်လှစ်ထား ရကြောင်း သံတွဲပြန်/ဆက်မှ ဦး ရန်ငြိမ်းအောင်က ပြောသည်။ ''မြို့ပေါ်မှာ ကယ်ဆယ်ရေး စခန်း ခြောက်ခုဖွင့်လှစ်ထားရ တယ်။ စခန်းတွေမှာလဲ လူပေါင်း ၆၀ဝကျော်ကို ပြုစုစောင့်ရှောက် ထားရတယ်''ဟု ယင်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 21.8.13 နေ့တွင် BRIDGE ASIA JAPAN (BAJ) မှ ရခိုင်လူမှုကွန်ရက်(သံတွဲကမ်ြးေ |
||||
Posted: 22 Aug 2013 01:38 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Aug 2013 01:26 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့နယ် နှင် ကြံခင်းမြို့နယ် အတွင်း(၁၉.၈.၂၀၁၃) နှင့် (၂၀.၈၂၀၁၃)နေ့များတွင် နံနက် (၆)နာရီခန့် မှ စတင်၍ စဉ်ဆက်မပြတ်ရွာသွန်းသောမိုး နှင့် မြန်အောင်မြို့နယ် ကွန်ချောင်းတာတမံ ဆည် မှ ရေပိုလွှဲ မှ ရေများ လျှံတက်မှုကြောင့် မြန်အောင် - ရန်ကုန် -ပြည်- နေပြည်တော်- မန္တလေး - ပြင်ဦးလွင်သွား ကြံခင်းမြို့နယ် အင်းကောက်ကျေးရွာ (ပေတော) ရှိ ကားလမ်းပေါ်တွင် ကတ္တရာလမ်း မှ အထက် အမြင့်(၄)ပေခန့် ရေများမြင့်တက်၍ ရေလွမ်းမိုး ခဲ့ပါသည်။ ကြံခင်းမြို့နယ်အပိုင် ကွေ့မ ၊ ချောင်းခွ ၊ မကျည်းပင်ကွင်းထောင့် စသည့် ရွာများတွင် ရေလွမ်းမိုးခဲ့ပြီး လူမှုအဖွဲ့အစည်းအသီးသီး မှ ကယ်ဆယ်ရေနှင့် ထောက်ပံ့ကူညီမှုများ ရှိခဲ့သော်လည်း မြန်အောင်မြို့နယ်အပိုင် ရေလွမ်းမိုးခြင် ဖြစ်ပေါ်နေသော ကျေးရွာများဖြစ်သည့် စပ္ပကရို ၊ ချင်းစု ၊ကျောက်တန်း ၊ နလ္လင်သာ စသည့်ကျေးရွာ များတွင် မျောက်ချောကုန်းကျေးရွာ လူမှုအဖွဲ့အစည်း နှင့် မြန်အောင်မြို့ မြို့မတဲကြီးကုန်း မှ စေတနာရှင် တစ်ဦး ၏ ကူညီထောက်ပံ့ မှု မှလွဲ၍ မြန်အောင်မြို့ အုပ်ချုပ်ရေးဆိုင်ရာ သက်ဆိုင်ရာ မည်သည့် ဌာန အဖွဲ့အစည်း ကမျှ ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများ မရှိသေးကြောင်း ဒေသခံဆိုင်ရာ ရွာသားတစ်ဦး မှ ပြောဆိုခဲ့ပါသည် ။ Phoe Thee by Myanmar News Now |
||||
Posted: 22 Aug 2013 01:18 AM PDT
ရှမ်းပြည်နယ်
ပြည်နယ်ရဲမင်းကြီး ဦးဝင်းထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ သည်၊ အင်းလေး
ဟိုတယ်ဇုံ စီမံကိန်း အတွင်းရှိ- လျှော်ကြေး မယူသော ဒေါ်ခင်ရွှေ ပိုင်
လယ်ထဲသို့  မြေဖို့ ရဲ့ အဓမ္မ ဝင်ရောက်ခဲ့ သဖြင့် ဒေသခံ ရဲရင့်သော
အင်းလေးရွာသားများနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့ ကြတယ်။ ဖြစ်စဉ်ကို
မျက်မြင်သက်သေ ဒေသခံ ကိုအောင်ကျော်မျိုးက ယခုလိုပြောပြခဲ့ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:43 AM PDT
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီး သိပ္ပံလမ်း၊ ၆၈ လမ်းနှင့် လမ်း ၇၀ ကြားတွင် သြဂုတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က အမျိုးသား တစ်ဦးကို ဆိုင်ကယ် ငါးစီးနှင့် လူ ၁၀ ဦးခန့်က ဝိုင်းဝန်း ထိုးနှက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက် အမှုဖွင့် တိုင်ကြားခြင်း မရှိသေးကြောင်း အဆိုပါမြို့နယ် အမှတ် (၁၁) ရဲစခန်း တာဝန်ရှိသူက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:40 AM PDT
မြန်မာနိုင်ငံရဲ့ ဒေသထွက်လည်း မိရိုးဖလာ အစားအစာ လည်းဖြစ်တဲ့ ငါးပိတွေကို ယူရီးယား ဓာတ်မြေဩဇာနဲ့ ပြုလုပ်နေတယ်လို့ စာသုံးသူ ကာကွယ်ရေး အသင်းက ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ဈေးကွက်ထဲက ငါးပိတွေကို စစ်ဆေးရာမှာ ငါးပုံလေးပုံဟာ စာသုံးသူတွေအတွက် အလွန်အန္တရာယ်များတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:37 AM PDT
ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် ဂရက်ဖတီပုံကို လာမည့်စက်တင်ဘာ တွင် နေပြည်တော်သို့ သွားရောက်ရေး ဆွဲပေးမည်ဟု ဂရက်ဖတီ ပညာရှင် ကို အာကာကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ အဆိုပါ ဆီးဂိမ်းThemes ပုံစံ ဂရက်ဖတီကို မြို့မ ဈေးနားတွင် ရေးဆွဲ ရမည်ဖြစ်ပြီး ရေးဆွဲရန် နေရာနှင့် လို အပ်သည့်ဆေးများကို အားကစားဝန် ကြီးဌာနဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:35 AM PDT
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ အမတ်တွေ လွှတ်တော်မှာ မေးခွန်းမေးတာနဲ့ ပတ်သက်ပြီး ပန်ကြားချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီ ပန်ကြားချက်ထဲမှာ မေးခွန်းမေးတဲ့အခါ အခမ်းအနား အစီအစဉ် စာရွက်မှာ ဖော်ပြထားတဲ့ မေးခွန်း အတိုချုပ်အတိုင်းပဲ မေးဖို့ ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီ ပန်ကြားချက်ဟာ အမတ်တွေကို ကလေးတွေလို သဘောထားပြီး ဟိုလို မမေးရဘူး၊ ဒီလိုပဲ မေးခွင့်ရှိတယ်လို့ လူကြီးက ကလေးတွေကို ထိန်းသလို ထုတ်ပြန်လိုက်တဲ့ ပန်ကြားချက်မျိုး ဖြစ်နေပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:30 AM PDT
မန္တလေးခရိုင် မြို့နယ် သုံးမြို့နယ်အတွင်းရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေမြောင်းများ ပေါ်တွင် မြောင်းဆယ်၍ မရအောင် ကွန်ကရစ် တုံးများဖြင့် အသေပိတ် ဖုံးအုပ်ထားသူ ငါးဦးကို အရေးယူထားကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:25 AM PDT
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် လူဝင်မှု စစ်ဆေးရေး ရေလယ် ရုံးအဆောက်အဦး သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲ(၁း၃၀)နာရီ ကပြိုကျမှုဖြစ်ပွါး ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နယ်စပ်ဖြတ်သန်းမှု စစ်ဆေးရေးရုံး အဆောက်အဦသည် ကော့သောင်း-ရနောင်း လူဝင်မှုစစ်ဆေးရေးနှင့် အကောက်အခွန်၊ ဆိုင်ရာလုပ်ငန်းများ စစ်ဆေးရာ တာဝန်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့ စုံ လုပ်ငန်း ဆောင်ရွက်နေသည့် အဆောက်အဦး ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:15 AM PDT
ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးမှ မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟု ယူဆသော အမှုအား ပြည်ထောင်စုအ ဆင့်ဌာနများသို့ တင်ပြထားခြင်းကို တုံ့ပြန်မှုမရှိပါက ဆက်လက် စုံစမ်း တင်ပြသွား မည်ဖြစ်ကြောင်း အမှု ရင်ဆိုင်ခဲ့သူများက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး တရား ရုံးချုပ်မှ ချမှတ်လိုက်သော စီရင်ချက် အမိန့်နှင့် ဒီဂရီကိုကျေနပ်မှုမရှိ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်)သို့ အထူးမှုအမှတ် ၂၉၅ ဖြင့် လျှောက်ထားခဲ့ရာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:11 AM PDT
မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့်ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ ”နိုင်ငံတွေ တော်တော်များနေပါ ပြီ။ အာရှ၊ ဥရောပ၊ အရှေ့ဖျားနိုင်ငံတွေ များပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာရှိတစ်ဦးက ပြောသည်။ ယင်းသို့ ပြည်ပဖုန်းများ မြန်မာ၌ သုံးစွဲခွင့်ပေးရာတွင် မြန်မာ့ဆက်သွယ် ရေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကုမ္ပ ဏီများမှ ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Aug 2013 12:02 AM PDT
ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးနေသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ ကြားတွင် လိုအပ်နေသေးသည့် အတွက် ထပ်မံကာ(၅) ကြိမ်မြောက် အဖြစ် ယခုရက်ပိုင်း အတွင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 21 Aug 2013 11:59 PM PDT
ပညာရေး ပြုပြင်ပြောင်းလဲရေး၏ ကောင်းမွန်သော ပြောင်းလဲမှု များ တွေ့ကြုံ နေသော တက္ကသိုလ် ပညာရေးကဏ္ဍတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ သင်ကြားရေး နည်းစနစ်များ ပြောင်းလဲ သွားရန် ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 21 Aug 2013 11:52 PM PDT
အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 21 Aug 2013 11:44 PM PDT
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အပြင် ပဒံကျေးရွာမှ လယ်သိမ်းခံ လယ်သမားများနှင့် သိမ်းထားသည့် ကုမ္ပဏီ အကြား လျော်ကြေးပေးမှု မပေးမှုနှင့်ပတ်သက်ပြီး အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပွားနေသည်ဟု ကုမ္ပဏီနှင့် လယ်သမားတို့က ပြောသည်။ လယ်သမား၂၅ ဦး ပိုင်ဆိုင်သော ယင်းကျေးရွာမှ လယ်မြေ ၁၁၁ ဧကကို ပြီးခဲ့သည့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment