Sunday, August 4, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၈)

သစ်ထူးလွင်



Posted: 04 Aug 2013 07:05 AM PDT
ပါကစ္စတန် နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ(၇၀)မျှ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပါကစ္စတန်၏ မုတ်သုံရာသီဥတု တစ်ကျော့ပြန် အစပြုချိန်တွင် ပန်ဂျပ်၊ ဆင်း၊ ခိုင်ဘာပက်တွန်ဝါ၊ ဘာလိုချီစတန်နှင့် အာဇက်ခါရှမီ ဒေသများတွင် ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက် များပြားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ အများစုသည် ရေလွတ်ရာ ကုန်းပြင်မြင့်များသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 06:59 AM PDT
ရန်ကုန်-သြဂုတ်၎
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အသက်ဆက်ဆေးစားနေရသည်ဟု လတ်တလောထွက်ပေါ်နေသည့် သတင်းမှာ လုံးဝမဟုတ်မှန်ကြောင်း သူမ၏ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်မှုပေးနေသော ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

သာမန်လူများစားသုံးသည့် အားဆေးကိုသာ စားသုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဗစ်တိုးရီးယားဆေးရုံတွင် တစ်ကိုယ်လုံးစစ်ဆေးပြီးဖြစ်သလို ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသောအစိတ်အပိုင်းအချို
့ကိုလည်း နိုင်ငံခြားပါရဂူများထံ ပေးပို့စစ်ဆေးခဲ့ရာ မည်သည့်ရောဂါမျှမရှိဟု သိရကြောင်း ၎င်းက ပြောသည်။
``ကျွန်တော့်မှာ ဆေးမှတ်တမ်းသက်သေတွေ ရှိပါတယ်။ ဒါကြောင့် နောင် ၁၀ နှစ်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်ပါ တယ်´´ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါကလည်း သမ္မတတာဝန်ကို ကောင်းကောင်းလုပ်ကိုင်နိုင်မည်ြ
ဖစ်ကြောင်း လက်ရှိနေ ထိုင်မှု ပုံစံအတိုင်း ဆက်ရှိမည်ဆိုပါက နောင် ၁၀ နှစ်အထိ ဘာမှဖြစ်မည်မဟုတ်ကြောင်း သိရသည်။
အောင်ဇော်

Popular Myanmar News Journal


Posted: 04 Aug 2013 02:13 AM PDT
၃.၈.၂၀၁၃ ည ၁၁ နာရီခွဲခန့် တွင် မလေးရှားနိုင်ငံ ဆလာရန်း ဈေးကြီး ပလက်ဖောင်းအနီး မြန်မာ
 နိုင်ငံသား တစ်ဦး ဓားဒဏ်ရာများစွာဖြင့် သေဆုံးကြောင်း ဘနားမား သတင်းဌာနမှ တင်ဆက် သွားခဲ့သည်။ Sentu ရဲမှုး Zakaria Pagan မှ ပြောကြားရာတွင် သေဆုံးသူအား စစ်ဆေးချက် အရ သေဆုံးသူတွင် မည်သည့် စာရွက်စာတမ်းမှ မတွေ့ရှိကြောင်း ည ၁၁ နာရီခွဲခန့်တွင် အလောင်းအား တွေ့ရှိခြင်းဖြစ်ကြောင်း ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Aug 2013 01:51 AM PDT
တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၉၂/၃ နှင့် ၁၉၂/၄ ကြားတွင် သြဂုတ် ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ နေပြည်တော်-တောင်ငူ ပြေးဆွဲ သည့် တော်ဝင်ခရီး သည်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 01:42 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၌ သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်ပွဲသို့ သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း အဆိုပါပွဲ ဦးဆောင်ကျင်းပမည့် ရှစ်လေးလုံး အင်အားစု (ကလေး) မှ ရုံးတာဝန်ခံ ဦးမိုက်ကယ်ဝင်းကျော်က The Voice သို့ ပြောကြားသည်။ “ကျွန်တော်ကိုယ်တိုင် သြဂုတ်လ ၄ ရက်နေ့မှာ စာတိုက်ကိုသွားပြီး မှတ်ပုံတင်စာနဲ့ ပို့ဆောင် ဖိတ်ကြားမှာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Aug 2013 01:34 AM PDT
ကိုယ်ပိုင် ဆလွန်းကားမောင်း သူများကို ဆိုင်ကယ်စီးနင်း သူတချို့က မိမိ အား ကားဖြင့်ပွတ်ရှပ်သွား၍ ဒဏ် ရာရရှိသွားကြောင်း၊ ၎င်းအတွက် လျော်ကြေးပေး ရမည် ဖြစ်ကြောင်း တောင်းဆိုမှုများ မန္တလေးမြို့ နေရာတချို တွင် ရှိလာကြောင်း ကိုယ်ပိုင်ဆလွန်း ကားမောင်းသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ ဆိုင်ကယ်ဖြင့် လိုက်လံခြိမ်း ခြောက် ငွေတောင်း ခံသူများမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 01:30 AM PDT
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စု လွှတ်တော် နာယက အဆောင်အယောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ လွှဲပြောင်းပေး လိုက်ခြင်းဖြင့် လက်ကျန် ပြည်ထောင်စု လွှတ်တော်သက်တမ်း လပေါင်း၃၀အတွက် သူရဦးရွှေမန်းက နာယကတာဝန် ယူတော့မည်ဖြစ်သည်။ "ပြည်သူလူထု အတွက် အကျိုးရှိ မယ့် ကိစ္စတွေကို ကျွန်တော်လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးနဲ့ပေါင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်" ဟု ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 01:23 AM PDT
သြဂုတ်လ ၄ ရက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျမ်းမာရေး ကွန်ယက် NHN ၏ သတင်းစာ ရှင်းလင်းပွဲကို ရန်ကန်မြို့  ၅၁ လမ်း ကျမ်းမာရေး ကွန်ယက် ရုံးတွင် ယနေ့နံနက် ၁၀ ကျင်းပပြုလုပ်ခဲ့ပြီး ကျမ်းမာရေးကွန်ယက်၏ မူဝါနှင့်လုပ်ဆောင်ချက်များ နယ်လည့် ဆေးကုသမှု အခြေအနေများ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအပါအ၀င် ကျမ်းမာရေးနှင့် မူဝါဒ များကို ပြည်သူလွှတ်တော် ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကျမ်းမာရေး မူဝါဒများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တင်သွင်းသွား မည်ဖြစ်ကြောင်း ကျမ်းမာရေး ကွန်ယက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းမှ ပြောကြားခဲ့သည်။

National League for Democracy


Posted: 04 Aug 2013 01:11 AM PDT
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင် ခရုံဖု ရပ်ကွက်တွင်ရှိသော ထိုင်းလူစီ ငါးသေတ္တာစက်ရုံမှ လွန်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်းအမျိုးသား ၃ ဦး၏ ဝိုင်းရိုက်နှက်မှုကြောင့် ဗမာလူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူ၏ အမည်မှာ မောင်အာကာစိုး (အသက် ၁၉ နှစ်) ဖြစ်ပြီး Thai United လမ်းရှိ ခုန်ဖူးလမ်း တန်းလျားတွင် နေထိုင်ကြောင်း၊ သူ၏ ဇာတိမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သေဆုံးသွားသူ ကိုအာကာစိုး။ သေဆုံးသွားသူ ကိုအာကာစိုး။

Posted: 04 Aug 2013 01:02 AM PDT
၃.၈.၂၀၁၃ ရက်နေ့ ၁၀၁၀ အချိန်ခန့်တွင် ကျောက်တံတား မြို့နယ်၊ (၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ အလယ်ကျွန်းတွင် ဦးရက္ခ၀ံသ၊ သီရိအောင်မြေကျောင်း ဒဂုံမြို့သစ်(အရှေ့) မြို့နယ်သည် ဆော့ပင်အနီရောင်ဖြင့် ရေးသားထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသား အားလုံး ၈.၈.၂၀၁၃ နေ့ နောက်ဆုံးထားပြီး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ရက်အကန့် အသတ်မရှိ အစာငတ်ခံဆန္ဒပြ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - RFA

Posted: 04 Aug 2013 12:55 AM PDT
ရန်ကုန်၊ သြဂုတ် ၎
၃.၈.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှ စ၍ မှော်ဘီမြို့နယ်တွင် မိုးအဆက် မပြတ် ရွာသွန်း မှုကြောင့်
 တောင်ကျ ရေများ ကျခဲ့သဖြင့် မှော်ဘီချောင်း ရေလျှံကာ မှော်ဘီမြို့ (၄)ရပ်ကွက်အတွင်းရှိ ယမုံနာ A၊ ယမုံနာ B၊ ယမုံနာ C ၊ ၁၅၀၀ ကွက်၊ ၅၀၀၀ ကွက်ပိုင်းရှိ နေအိမ်ခြံဝင်းများ အတွင်း ရေများ ၀င်ရောက်ခဲ့ရာ ရေအမြင့်  ၁ ပေ ၆ လက်မခန့် ရှိခဲ့ပါသည်။

အဆိုပါ ရေများ ၀င်ရောက်မှုကြောင့် နေအိမ်များ ပြောင်းရွှေ့ရခြင်း၊ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ရခြင်း စသည့် အခြေအနေမျိုး မရှိသော်လည်း ရေ၀င်ရောက်သဖြင့် ချက်ပြုတ်စားသောက်ရန်
အခက်အခဲရှိ သောအိမ်ထောင်စု (၂၂၄ )စု၊ လူဦးရေ ကျား (၅၀၁)ဦး၊ မ (၅၃၅)ဦး၊ စုစုပေါင်း (၁၀၃၆)ဦးတို့အား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဦးနှင့် မှော်ဘီမြို့ (၄)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့တို့မှ နီးစပ်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ လတ်တလော စားသောက်နိုင်ရန် ထမင်းထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


Posted: 04 Aug 2013 12:47 AM PDT
ရန်ကုန်၊ ဩဂုတ် ၎

အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဇိမ်ခံကားတစ်စီး (ပါဂျဲရိုး) သည် သြဂုတ်လ ၄ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဆူးလေဘုရားလမ်းမပေါ်ရှိ ယောက်လမ်းမှတ်တိုင် အနီး ရထားဂုံးကျော် တံတားပေါ်မှ အရှိန်လွန်ပြီး ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

သတင်း-ဓါတ်ပုံ - The Voice Weekly








Posted: 04 Aug 2013 12:44 AM PDT
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် မငေးစုကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၃/၆ နှင့် ၁၃/၇ ကြားတွင် သြဂုတ်လ ၁ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က လမ်းဖြတ်ကူးသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို လူနာတင်ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် အတိုက်ခံရသူ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 12:38 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ မန္တလေး - ပခုက္ကူ ကားလမ်း၏ မြောက်ဘက် ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူး တံတားကြီး အနီးရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်၌ သမိုင်းဝင် စေတီပုထိုးများနှင့် သာဿနိက အဆောက်အဦးတချို့ ပြိုကျပျက်ယွင်းစဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ ထိန်းသိမ်း စောင့် ပေးစေလိုကြောင်း သမ္ဘူလ ဆုတောင်းပြည့်စေတီ ဂေါပကအဖွဲ့ဝင် ဦးဘဂျမ်းမှ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 12:29 AM PDT
တိုင်းပြည်နဲ့ ပြည်သူ့လူထုရဲ့ မျက်နှာကိုပဲကြည့်မယ်.။ ဘယ်အစိုးရ၊ ဘယ်ကုမ္မဏီ၊ ဘယ်အဖွဲ့အစည်းရဲ့ မျက်ကိုမှ ကြည့်စရာမလိုဘူး..” ဟု လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးရွာဟောင်း ရွာဦးကျောင်း တိုက်၌ ယနေ့ညနေ ၃ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာပေါင်း (၂၆)ရွာမှ ဆက်လက်ဆောင် ရွက်မည့် အစည်းဝေးကြီးတွင် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အသျှင်ဝေရသူမှ ယင်းကဲသို့ မိန့်ကြားတော်မူသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 12:20 AM PDT
မုံရွာတက္ကသိုလ် ၀င်ထွက်ပေါက်များကို လုံခြုံရေး ပြန်လည်တင်းကြပ် ထားကြောင်း သိရပါတယ်။ မနက်ပိုင်း ကျောင်းလာချိန်မှာ ဆရာ၊ ဆရာမအင်အား (၁၀)ဦးခန့်က ကျောင်းသားကတ်များချိတ်ဆွဲထားမှု ရှိ မရှိ စစ်ဆေးတယ်လို့ သိရပါတယ်။ ခုလို လုံခြုံရေး ပြန်ပြီး တင်းကြပ်တာနဲ့ပတ်သက်လို့ ဆရာတစ်ဦးကို မေးကြည့်တော့ ခုလို ဖြေကြားပါတယ်။ ---
 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ

Posted: 04 Aug 2013 12:16 AM PDT
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် နိုင်ငံတော်နဲ့ ကုမ္ပဏီအကြား စာချုပ်အသစ် ချုပ်ဆိုတာနဲ့ ပတ်သက်ပြီး လက်ပံတောင်း ဒေသခံတွေက ကျေနပ်မှု မရှိတာကြောင့် စနေနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်နေတဲ့ အချိန်မှာပဲ အာဏာပိုင် တွေက စစ်တပ်နဲ့ လုံထိမ်း ရဲတပ်ဖွဲ့တွေနဲ့ ရွာတွေထဲကို အင်အားပြ ဝင်ရောက်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စာချုပ်သစ်ကို လက်ပံတောင်း ဒေသခံများ မကျေနပ်ကြ

Posted: 04 Aug 2013 12:12 AM PDT
မြန်မာနိုင်ငံ မှာ လွတ်လပ်တဲ့ မီဒီယာ ဥပဒေ ပေါ်ထွန်း နိုင်ရေး အတွက် လူထု အခြေပြု ပြည်သူ့ဆန္ဒ လက်မှတ်တွေ သြဂုတ်လ ၃ ရက်နေ့ က ဆူးလေဘုရား တဝိုက်မှာ စတင် ကောက်ယူ ရာမှာ ၂ နာရီ အတွင်း လက်မှတ်ပေါင်း ၁၅ဝ ခန့် ရရှိပါတယ်။ အခုလို ပြည်သူဆီက ကောက်ယူ ရရှိတဲ့ လက်မှတ် တွေကို ပြည်သူ့လွှတ်တော် မှာ ပြန်တင်ပြဖို့ ရည်ရွယ်ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်တွင်း မီဒီယာ လွတ်လပ်ခွင့်

Posted: 04 Aug 2013 12:08 AM PDT
ရခိုင်တိုင်းရင်းသားများကို ဒီမိုကရေစီ အလေ့အထများနှင့် ရင်းနှီးလာရန်နှင့် နိုင်ငံရေးကို စိတ်ပါဝင်စားလာရန် ရည်ရွယ်၍ ၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲ (Panel Dissussion) များ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ယင်းပွဲဖြစ်မြောက်ရေး စီစဉ်သည့် Scholar Insitute မှ ဦးအောင်နေမင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Aug 2013 11:57 PM PDT
မြန်မာတို့၏ သတို့သမီးအဖြစ် တင်စားကြသည့် ဧရာဝတီမြစ် စတင်သည့် မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်း ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည်ဖော်ရန် တရုတ် အစိုးရပိုင် China Power Investment Corporation (CPI) က ယခုနှစ်အတွင်း အင်အားကြီး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ များနှင့် ခပ်စိပ်စိပ် တွေ့ဆုံ ဆွေးနွေးလာသည်ကို တွေ့မြင်ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Aug 2013 11:41 PM PDT
ကျုံဒိုးမြို့ - သြဂုတ်(၃)ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်(၄)ရပ်ကွက်တွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ရေနစ်မြုပ်သော အိမ်ထောင်စု အရေအတွက်၏ (၃)ပုံ(၁)ပုံခန့်သာ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေပါသည်။

ကယ်ဆယ်ရေး စခန်းသို့ လာရောက်ရန် အခက်အခဲရှိသူ အိမ်ထောင်စုများမှာ အကူအညီများ လိုအပ်လျက်ရှိနေပါသည်။

စေတနာရှင်များမှ တက်စွမ်းသမျှ ဆန်နှင့်စားသောက်ဖွယ်ရာများ သွားရောက် ပေးအပ်၍ ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။

ရေဘေးဒုက္ခသည်အိမ်ထောင်စုများ အားလုံး စာရင်းပေါက်၍ တန်းတူ အကူအညီများ လိုအပ်လျက်ရှိ ကြောင်းကြား သိရပါသည်။

မျှော်လင့်သူ(ကျုံဒိုး)

by Myanmar News Now









Posted: 03 Aug 2013 11:26 PM PDT
လက်ရှိမြန်မာ နိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၆၀ ကျော်မှာ လုပ်သားများဖြစ်နေ သော်လည်း ကျွမ်းကျင်လုပ်သား နည်းပါးနေသေးကြောင်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။ မြန်မာနိုင်ငံ၏ လက်ရှိတွင် လူဦးရေမှာ ၆၁သန်းခန့်တွင် လုပ် သားအင်အားစုစုပေါင်း ၃၂ သန်း ခန့်ရှိကြောင်း၊ ယင်းလုပ်သားအင် အားများတွင် ကျွမ်းကျင်လုပ်သား များပါဝင်မှုရာခိုင်နှုန်း နည်းပါး နေသောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 03 Aug 2013 09:30 PM PDT
ဒုတိယကမ္ဘာစစ်တွင်း ဂျပန်တပ်မတော်က အာရှတိုက် စစ်အောင်နိုင်ရေး အတွက် ဖောက်လုပ်ခဲ့သော သေမင်းတမန် ရထားလမ်း ဖောက်ရာတွင် ကျဆုံးခဲ့သည့် ဗြိတိန် တပ်သားများနှင့် မဟာမိတ်တပ်သား သုံ့ပန်းများကို မြှုပ်နှံထားသော သံဖြူဇရပ် စစ်သင်္ချိုင်းကို ဗြိတိန်အောက် လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုးလ်က လာရောက်ဂါဝပြုခဲ့ကြောင်း အဆိုပါ စစ်သင်္ချိုင်း စောင့်ရှောက်ရေး ကော်မတီမှ မန်နေဂျာ ရောဘတ်ထွန်းနွေက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Aug 2013 05:44 PM PDT
နိုင်ငံရေး ဆွေးနွေးပွဲတွေ မကြာခဏ လက်ခံ ကျင်းပတဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင် နှင်းဆီခန်းမမှာ လူစုလူဝေးနဲ့ ပွဲကျင်းပ မယ်ဆိုရင် ရက်ပေါင်း ၂ဝ ကြိုတင်အကြောင်း ကြားရမယ်လို့ အာဏာပိုင်တွေက မနေ့က ခေါ်ယူ ပြောဆိုကြောင်း ခန်းမပိုင်ရှင် ဦးစိုးညွှန့်ရဲ့မိတ်ဆွေ ဦးဇော်ရမ်းက RFA ကိုပြောပါတယ်။ မင်္ဂလာ ဧည့်ခံပွဲ အပါအဝင် လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲတွေအတွက် ကြိုတင် ခွင့်ပြုချက်ယူဖို့ ညွှန်ကြား ထားတယ်လို့ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းက RFA ကို အတည်ပြု ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Aug 2013 05:49 PM PDT
သြဂုတ်လ(၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...