Thursday, August 1, 2013

“မသူတော်” -----ကိုမျိုး (မြန်မာစာ)

July 30, 2013 at 4:26am

ပထမစကားသိပ်ပြောကြလို့  
ကျွန်တော်လည်း 
ကိုယ့်သမိုင်းကိုယ်ရေးပြောလိုက်ချင်လာတယ်
သြော်.. ကျွန်တော်လည်း...........။ 
----------------------------------------------
“မြန်မာ့ပထမအရပ်ဖက် ရုပ်/သံမီဒီယာဆင်ဆာခွင့်ပြုချက်ရ
ဒေါ်အောင်ဆန်းစုကြည်သတင်း” -ကိုမျိုး (မြန်မာစာ)



အမေစုလွတ်မြောက်ပြီဆိုတာနဲ့ စိတ်သွားတိုင်းကိုယ်ပါ လာကြတဲ့အနုပညာရှင်တွေ
အနေနဲ့ လူထုခေါင်းဆောင်ကိုဝန်းရံဖို့  ဆန္ဒတွေရှိလာကြတာကို ကျွန်တော်သတိရှိရှိ
(သတိကိုပြောတာနော်- သတ္တိကတော့ အဲ့ဒီအချိန်မှာ ရှိစရာလိုသေးလားသိပ်မ
သိတော့ဘူး) ရိုက်ကူးခဲ့တယ်။ သတိဆိုတာကအနုပညာရှင်တွေကို ဘယ်နေ့ မှာ အမေကလှမ်းခေါ်မလဲဆိုတာ။ပထမဆုံးကံထူးကြတာကဂီတ။ (ဂီတသမားတွေကလည်း လူဘယ်နှယောက်ခေါ်သွားရကောင်းမလဲ ချီတုန်ချတုန်နဲ့ တွေးဆနေလို့ အနားကပ်မှာမပြောလိုက်နိုင်လို့  အမေ့အပေါ် တစ်ချိန်လုံးထောက်ခံအားပေး
ချစ်မြတ်နိုးခဲ့တဲ့ မငယ်(မေခလာ)တို့ တောင်မပါလိုက်လို့ အသိမပေးရကောင်း လားခံစားခဲ့ကြရသေးတယ်။ဘာပဲပြောပြောပထမဆုံးတွေ့ ခွင့် ရတဲ့ ဂီတသမားအနုပညာရှင်တွေအတွက်ဂုဏ်ယူစရာပါပဲ။) သတင်းသမားတွေ ၀င်ရောက်သတင်း
ယူခွင့်ပြုသင့်မပြုသင့် တော်တော်ချိန်ဆပြီးခါမှခွင့်ပြုမယ်လို့ ပြောပြီးဖိတ်ချိန်မှာတော့ ကျွန်တော်ကအနုပညာရှင်တွေစတင်ဝင်လာပုံ၊အမေစုဆင်ဝင် အောက်ကိုထွက်
လာပုံတွေကအစတော်တော်များများရိုက်ထား နိုင်လိုက်ပြီမို့ သတင်းသမားတွေနဲ့ 
အတူရောက်လာတဲ့ညီငယ် တွေကိုလွှဲခဲ့ပြီးအဲ့ဒီသတင်းကိုအမြန်ဆက်ပထမအဆင့်
ဆင်ဆာ ခွင့်ပြုချက်ရဖို့ ရုပ်ရှင်အစည်းအရုံးမှာရိုက်ကူးခွင့်တင်(ထုံးစံအတိုင်း
ပေါ့လေ။သတင်းကရိုက်ပြီးသွားပေမဲ့ ရိုက်ခွင့်ပြုပါပေါ့လေ။) ပြီးမှမဂ္ဂဇင်း
စာအုပ်ထဲထည့်မှာဖြစ်ကြောင်းစာပေစီစစ်လည်း အကြောင်းကြား။ဆင်ဆာကိုလည်း
လိုအပ်တဲ့စာရွက်စာတမ်း တွေအစုံပါအောင်တင်ပြ။ဆင်ဆာကလည်းလျှော့ပေါ့
ရတော့မယ့် ကာလဆိုတော့ဆင်ဆာအခက်ဗီဒီယိုအရုပ်အသံအချက်ပေါ့။ သမိုင်းဝင်ပုံရိပ်ဖြစ်မယ့်အမေစုနဲ့အနုပညာရှင်တွေသတင်းကို ဆင်ဆာကြည့်ပေးတော့၊
ကျွန်တော်လည်းနောက်ထပ်အထွန့်  တက်တဲ့တောင်းဆိုမူထပ်ပြု။အဲ့ဒီကနေအမေစုနဲ့ 
ရုပ်ရှင်သမားတွေ တွေ့ တဲ့နေ ကပုံတွေပါထပ်ဖြည့်လိုကြောင်းထပ်
တင်ပြမူကို နောက်ဆက်တွဲအဖြစ်ဆင်ဆာကြည့်ရူပေးကြတယ်ပေါ့။ ဒီနေရာ
မှာကြုံလို့ သတိတရရှိမိတာက“၈၈နဲ့ ကျွန်တော်အချစ်” ကဗျာလို ဘဲ“ဆင်ဆာနဲ
့ကျွန်တော့်အချစ်”လို့ ရေးချင်စရာအမှတ်ရ၊ လွမ်းစရာတွေရှိကြောင်းကိုပါ။
ဆင်ဆာလူကြီးတွေကကျွန်တော်ဆို ချစ်သလိုလို၊မချစ်သလိုလိုပဲ။ကျွန်တော်
လည်းဒီသဘောပါပဲ၊ဆင်ဆာ ကိုကလေးဘ၀ကတည်းကမုန်းကြောင်း“ဆင်ဆာ”
ဆို တဲ့ခေါင်းစဉ်နဲ ကိုစာရေးလာတဲ့သူဆိုတော့ဆင်ဆာက ကျွန်တော်ကို သူတ
ကာထက်ပိုရင်းနှီးပိုအမြင်ကတ်နေနိုင်ကောင်းပေမဲ့သူစိမ်းတရံ စာထက်တော့
ပိုသံယောဇဉ်ရှိပုံရတယ်၊အကူအညီလည်းတော်တော် ရပါတယ်ချက်ချင်းကြည့်ပေး
တာများပါတယ်။ဒီကောင် ဘာတွေ မဟုတ်တရုတ်လုပ်ထားလည်း သိချင်ဇောတွေ
လည်း ဖြစ်နိုင်တယ်။ (ဟီးးးးးးးကျွန်တော်က ဘယ်တော့မှ ဆင်ဆာလူကြီးကိုတွေ
ကိုစင်း လုံးချော မြင်မပေးတက်ခဲ့ဘူး)လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က ဗီဒီယို
မဂ္ဂဇင်းအတွက်ဆင်ဆာနဲ့ ရွှေလမ်းငွေလမ်းဖေါက်ဖို့ ဆိုတာ ဘယ်လောက်ခက်
ရာခဲဆစ်ဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ကြ မယ့်အရာပါ။ကျွန်တော်နဲ့ အတူ
ဒီလမ်းကိုအတူဖောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ရမှာပါ။
ကိုသီဟသွယ်တို့  သူငယ်ချင်းညီညီလှိုင်တို့ ၊ဂျာနယ်လစ်ထက်ရာဇာတို့ ရဲ့ 
Disc Diarye နဲ့ ကျွန်တော်တို့ ညီလေးကျော်သူဦးတို့ အေးလင်းနိုင်၊အောင်လင်းနိုင်
တို့  ရဲ့ Viva ကခေတ်ပြိုင်ဆိုပေမဲ့ ကျွန်တော်တို့ (Disc Diaryeနဲ့ Viva ) ဗီဒီယို
မဂ္ဂဇင်းချင်းပြိုင်ဆိုင်မူမရှိဘဲလမ်းအတူလျှောက်နိုင်ဖို့ လမ်းအတူ ဖေါက်ခဲ့ကြ တာတကယ်ကိုအမှတ်ရစရာပါ။ကျွန်တော်တို့ လျှောက်လို တဲ့လမ်းကိုလျှောက်
ခွင့်ပြုနိုင်သလောက်ပြုခဲ့တဲ့ရုပ်ရှင်လုပ်ငန်းဆင်ဆာ အဖွဲ့ ရဲ့ အကြံပြုချက်တွေဟာ
လည်းအမှတ်ရကျေးဇူးတင်စရာပါ။ ဒီနေရာမှာကျေးဇူးစကားကိုမှတ်မှတ်ရရ
ဆိုရတဲ့အကြောင်းကိုကျွန်တော် ပြောလိုချင်လာတာကကျွန်တော်တို့ ကဆင်
ဆာဖြတ်တယ်ဆိုတာကို လုံးဝမကြိုက်ပေမဲ့ဆင်ဆာမဲ့ ခွေမလုပ်လိုတဲ့တရားဝင်
ချင်စိတ်တွေရှိတာကို လူကြီးတွေအသိအမှတ်ပြုပေးတာကိုကျေးဇူးတင်ချင်တာပါ။
တကယ်လို့ သာ ဆင်ဆာကြည့်မပေးရင်ကျွန်တော်တို့ လည်းဥပဒေမဲ့လုပ်ကိုင်
သူတွေဖြစ် ခဲ့ကြမှာပါ။အဲ့ဒီအဖြစ်ကိုမရောက်ခဲ့ရလို့ ကျေးဇူးတင်ရမှာပါပဲ။ဆင်ဆာ
ကို မုန်းတီးလွန်းတဲ့ ကျွန်တော်တို့ တတွေက ကျွန်တော်တို့ ရိုက်ထားတာ
လေးတွေကိုဆင်ဆာကြည့်ပေးဖို့ တကူးတကခွင့်တောင်းခဲ့ကြတာ မှား တယ်လို့ ဒီကနေ့ ထိမခံယူမိသေးပါဘူး။“ဆင်ဆာနဲ့ ကျွန်တော့်အချစ်”
ကိုတော့နောက်မှ ထပ်ရေးပါ့မယ်။လျှက်တစ်ပြတ်မှာ၂၀၀၇မတိုင်ခင်က ရေးခဲ့တဲ့
“ဆင်ဆာ”ဆိုတဲ့ဆောင်းပါးတွေပြန်ရှာပြီးမှ ရေးပါ့မယ်။ခုတော့ ကျွန်တော်
ရဲ့ “မြန်မာ့ပထမအရပ်ဖက်ရုပ်သံမီဒီယာဆင်ဆာခွင့်ပြုချက်ရ ဒေါ်အောင်ဆန်း
စုကြည်သတင်း”ကိုပဲပြန်ဆက်ပါရစေ။ကျွန်တော်တို့  Vivaကိုရပ်လိုက်
ရပြီးနောက်မှာကျွန်တော်က ကိုဦးဆွေလုပ်ခဲ့တဲ့ Myanmar Prime ကို
နေပြည်တော်မှာပထမဦးဆုံးလုပ်မယ် အကယ်ဒမီပွဲရိုက်ကူးမူနဲ့ ထွက်ရှိနိုင်
ဖို့ အသက်သွင်းခဲ့တယ်။ ဗီဒီယိုဥက္ကဋ္ဌရဲ့ တိုက်ကထုတ်တာဆိုတော့ကျွန်တော့်
လက်ရာကောင်း မကောင်းထက်ဥက္ကဋ္ဌမျက်နှာနဲ့ ဝိုင်းရောင်းပေးလိုက်ကြလို့ 
အောင်မြင် ခဲ့တယ်၊ဒီတော့ကျွန်တော်ကနောက်ထက်လုပ်ချင်တယ် ဒါပေမဲ့လစဉ်ထုတ်ပေးဖို့ ကိုထုတ်ဝေသူကဘယ်လိုယုံကြည်မူမျိုးနဲ့  ဆက်လုပ်နိုင်မှာလဲလေ။ဒီတော့ကျွန်တော်ကနောက်ထုတ်ဝေသူရှာပြီး VIOLETနာမည်နဲ့ အထူးထုတ်တယ်။ခွေထွက်ခါနီးမှာကိုသားကြီး(ဒွေး) ဆုံးပါးသွားတော့ခွေထဲနောက်ဆက်တွဲအနေနဲ့ သတင်းဦးသတင်းထူး ထည့်ဖြစ်တယ်။ရုပ်သံတွေကမပြတဲ့သတင်းဆိုတော့ခွေကရောင်း မလောက်ဘဲ။အဲ...ရောင်းမလောက်တာကျွန်တော်တို့ တရားဝင်ဖြန့် တဲ့ ဆီကနေမဟုတ်ဘဲခိုးကူးပါ။အဲ့ဒီကစတွေ့ တာပါပဲလို့ ဆိုရတော့မှာပေါ့လေ။ ခိုးကူးတွေနှိပ်စက်တဲ့ကြားမှာပဲကျွန်တော်ဆက်ထုတ်ပြီးအကယ်ဒမီ အချိန်ဆို
ရုပ်ရှင်အစည်းအရုံးအတွက်ရန်ပုံငွေသဘောရိုက်ကူး ထုတ်လုပ်လှူဒါန်းပေးပြီး။
တစ်ခြားအချိန်မှာရောင်းမရမယ့် အတူတူFree Copyထုတ်ဖို့ စိတ်ကူးကိုအကောင်
အထည်ပေါ် ဖို့ တောင်ကြိုးစားခဲ့တယ်။ဒါပေမဲ့တစ်နှစ်မှသုံးလေးခွေလောက်
အနိုင်နိုင် ထုတ်နေရတဲ့ ကျွန်တော့်အခွေအတွက်အဓိကကုန်ကြမ်းဖြစ်တဲ့အကယ်ဒမီပွဲ
ကို ကျွန်တော်ရိုက်ခွင့်မရတော့တဲ့အဖြစ်ကြုံရတယ်။လူထုစိတ်ဝင်စားမူနည်းနိုင်တဲ့
နေပြည်တော်ကအကယ်ဒမီပွဲကိုအနုပညာရှင်တွေရဲ့ ပြင်ပပုံရိပ်တွေနဲ့  စိတ်ဝင်စားအောင်ရိုက်ခဲ့တဲ့ ကျွန်တော့်အကျိုးပြုဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုနိုင်လောက်အောင်ရှိကြတဲ့ပယောဂဟာဘာဖြစ်လေမလဲ လို့ တော့ကျွန်တော်အဖြေရှာမနေတော့ပါဘူး။နောက်ဆုံးမှာတော့ ရုံးကထုတ်တဲ့မဂ္ဂဇင်းတွေမှာမေတ္တာလက်ဆောင်ဗီဒီယိုခွေတွေထည့်ပေးနိုင်ဖို့  သာကြိုးစားခဲ့ပါတော့တယ်။ရတီမဂ္ဂဇင်းကစပြီးခွေလက်ဆောင်လေးတွေထည့် လာရာကနေစောစောကကျွန်တော်ဂုဏ်ယူစွာဆိုတဲ့“မြန်မာ့ပထမအရပ်ဖက် ရုပ်သံမီဒီယာဆင်ဆာခွင့်ပြုချက်ရဒေါ်အောင်ဆန်းစုကြည်သတင်း
[https://www. youtube.com/watch?v=5g0aZIjayZw] ”ကိုတော့ရတီ
မဂ္ဂဇင်းသာမက Living မဂ္ဂဇင်း၊Mrမဂ္ဂဇင်းတို့ မှာပါထည့်ဖြစ်ခဲ့ပါတယ်။
ပထမစကားသိပ်ပြောကြလို့  ကျွန်တော်လည်း ကိုယ့်သမိုင်းကိုယ်ရေးပြော
လိုက်ချင်လာတာပါ။
သြော်.. ကျွန်တော်လည်း......။

ကိုမျိုး(မြန်မာစာ)

Share on Facebook

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...