Tuesday, August 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၈)

သစ်ထူးလွင်



Posted: 06 Aug 2013 06:26 AM PDT
ရှစ်လေးလုံး အရေးတော်ပုံရဲ့ ၂၅နှစ်မြောက် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ သြဂုတ်လ ၆ရက်နေ့က စတင် ဖွင့်လှစ် လိုက်ပြီး ပရိသတ် ၄ထောင်နီးပါး တက်ရောက် ဂုဏ်ပြုခဲ့ ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Aug 2013 06:18 AM PDT
မန္တလေးမြို့မှာ ကျင်းပတဲ့ ၈၈၈၈ ငွေရတု အခမ်းအနားကို ၃၁ လမ်းနဲ့ ၈၄ လမ်းဒေါင့်မှာရှိတဲ့ ဓမ္မသာလ ခန်းမမှာ နံနက် ၈ နာရီ ၈မိနစ် ၈စက္ကန့် မှာ ဦးဝင်းတင်နဲ့ ဦးသိန်းတန်တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်။ DVB TV News - ရိုက်ကူး - အိမ်ခိုင်မြဲ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Aug 2013 06:13 AM PDT
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဇီးတောရွာဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီကနေ့ အရုဏ်မတက်ခင် ၂ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရဲအထူးသတင်းတပ်ဖွဲ့က လူ နှစ်ဒါဇင်လောက်က ကျောင်းကို ၀င်ရောက်စီးနင်းပြီး ၄ ဦးကို ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဇီးတောရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအာလောကက မိန့်ကြားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Aug 2013 06:08 AM PDT
MV GLADYS သင်္ဘောဟာ မာန်အောင်ကျွန်း အနောက် မြောက်ဖက်နှင့် မင်းပြင် အနောက်ဘက် (၁၃)မိုင်ခန့်မှာရှိတယ်လို့ သိရှိရပါတယ်။ အဲဒီ ရေယာဉ်အနီးကို ဓည၀တီရေတပ် စခန်းဌာနချုပ်က ရေယာဉ်အမှတ်(၆၁၃)ဟာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နံနက်စောစော ကတည်းကရောက်ရှိပြီး လုံခြုံရေးနှင့် အခြား လိုအပ်ချက်တွေကို ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 06 Aug 2013 05:55 AM PDT
ခိုနှုမ်းထုန်သတင်းဌာန(Chin News Group)၀က်ဆိုက်မှ ၂.၈.၂၀၁၃ ရက်နေ့ အင်တာနက် စာမျက်နှာ ပေါ်၏ ‘‘ဆင်းရဲမွဲတေမှု ပပျောက်ရေး ထောက်ပံ့ငွေနဲ့ ကျွန်းသစ်လဲလှယ်” ခေါင်းစဉ်ပါ သတင်းတစ်ခုတွင် ရေးသား ဖော်ပြထားသည့် ကန်ပက်လက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် သစ်ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် မနောဖြူစင်အေကေ ကုမ္ပဏီတို့သည် နီးစပ်သူများ ဖြစ်ကြောင်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သူရဦးအောင်ကို



Posted: 06 Aug 2013 05:11 AM PDT
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းတဲ့အတွက် အေဒီချောင်းရေကြီးပြီး လားရှိုး-မူဆယ်သွား  အဝေးပြေးကားလမ်းမကြီးပေါ် ၂ ပေလောက်အထိ လျှံတက်လာတယ်လို့ ရေကြီးတဲ့နေရာမှာ သတင်းယူနေတဲ့ ဒီဗွီဘီအလွတ်သတင်းထောက် ဦးခင်ဇော်ဦးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Aug 2013 05:05 AM PDT
မလေးရှားနိုင်ငံမှာ နေထိုင် အလုပ်လုပ်ခွင့်ရဖို့ တရားမ၀င် နိုင်ငံခြားသားတွေ မှတ်ပုံတင် ရာမှာ ကြားခံပွဲစားတွေရဲ့ အထောက်အထား အတုတွေနဲ့ လိမ်လည်ခံရတဲ့ မြန်မာ နိုင်ငံသားပေါင်း ၂၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက် နေထိုင်နေတဲ့ မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားတွေ အတွက် မလေးရှား အစိုးရကနေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

(ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ်)



Posted: 06 Aug 2013 04:50 AM PDT
မြဝတီမြို့ နယ် သင်္ဃန်းညီနောင် ကျေးရွာ ရှိအလယ်တန်း ကျောင်းတစ်ခု တွင် လာရောက်လှူဒါန်းသည့် ထမင်းများကို စားမိရာမှ ကျောင်း သား ၆ဝခန့်အစာ အဆိပ်သင့်မှု ယနေ့နေ့ လယ်ပိုင်းက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၅ရက် နေ့လယ် ၁၁နာရီဝန်းကျင်ခန့် တွင် မြဝတီမြို့နယ် သင်္ဃန်းညီ နောင်ကျေးရွာရှိ အမှတ်(၁) အ ခြေခံပညာ အလယ်တန်းကျောင်း တွင် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Aug 2013 04:45 AM PDT
ရခိုင်ပြည် နယ် မြောက်ဦးမြို့ ရှိ ရှေးဟောင်း သမိုင်း ဝင် ထုက္ကန်သိမ်ပုထိုးတော် ကြီး၏ခြေရင်းမြေကွက် လပ် တွင် မိုးစပါးစိုက်ပျိုးရန် ထွန်ယက်လျက် ရှိကြောင်း သိရသည်။ ရှေးဟောင်းသုတေသန ဌာနမှ ရှေးဟောင်းအဆောက်အ အုံများမှ ပေ ၉ဝအကွာအဝေးအတွင်း ထွန်ယက်စိုက်ပျိုးခြင်းမပြုလုပ်ရ ဟု တားမြစ်ချက် ထုတ်ပြန်ထား သော်လည်း ရှေးဟောင်းပုထိုး တော်ကြီး၏ အောက်ခြေဖောင် ဒေးရှင်းနှင့် အလွန်နီးကပ်နေပြီး ပေ၉ဝအတွင်းတွင် ထွန်ယက်စိုက် ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Aug 2013 04:36 AM PDT
နည်းပညာ တက္ကသိုလ် (သန်လျင်) တွင် ဖြစ်ပွားခဲ့သည့် ညစ်ညမ်း ဗီဒီယိုဖိုင် ထွက်ပေါ်လာမှုမှာ ကျောင်း အာဏာပိုင်တွင်လည်း တာဝန်ရှိပြီး အခင်းဖြစ်သည့်သူ နှစ်ဦးကိုသာ ပြစ်တင်ပြောဆိုနေမှုများ ကို ကန့်ကွက် ရှုတ်ချကြောင်း တက္ကသိုလ် ငါးခုမှ ကျောင်းသားများနှင့် ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ကိုယ်စားလှယ် များက သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီက နည်းပညာ တက္ကသိုလ် (သန်လျင်) အနီးရှိ တောသားကြီး စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Aug 2013 04:28 AM PDT
သမ၀ါယမ ၀န်ကြီးဌာနမှ ပြည်တွင်းရှိ ကျေးရွာများမှာ အသေးစား ချေးငွေ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာမှာ အခုအခါ မှာလည်း ပြည်တွင်းရှိ ကျေးရွာပေါင်း ၆ သောင်းကျော်မှာ နေထိုင်ကြတဲ့ မိသားစုများ အားလုံးကို ချေးငွေ ကျပ်ဘီလီယံ သုံးထောင်ခန့် ချေးပေးသွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Aug 2013 04:05 AM PDT
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် စပါးစိုက်ပျိုးရန် ကောက်စိုက်သမရှားပါးမှု ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ပန်းတနော်မြို့နယ်၊ ဘ၀ိုင်းကျေးရွာအုပ်စုရှိ လယ်ပိုင်ရှင်များ၏ ပြောပြ ချက်အရ သိရသည်။ ဘ၀ိုင်းကျေးရွာမှ လယ်ပိုင်ရှင် စောဟန်ကြီးက “လယ်အတွက် တစ်နေ့ကို ကောက်စိုက်သမ ၁၂ ယောက်ရမှ အလုပ်တွင်တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Aug 2013 03:43 AM PDT
တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက်ပွဲနှင့် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက် သည်များကို ရှုတ်ချခြင်းကို ယနေ့နေ့လယ် ၂နာရီခန့်တွင် သံဃာအပါး ၅၀၀ခန့်နှင့် လူအင်အား ၂၀၀နီးပါး ပါဝင်သော ဆန္ဒထုတ်ဖော်သည်။

ခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများက မပြုလုပ်ရန် တောင်းပန် လျှောက်ထား သော်လည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ ကြကြောင်း ဆန္ဒထုတ်ဖော် သူတစ်ဦး ကပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ယခုလ ၂ရက်နေ့တွင် တရားဝင် စာတင်သော်လည်း ခွင့်ပြုမိန့်မရရှိဘဲ သံဃာတော်များအနေဖြင့် မီဒီယာများ ဘက်လိုက်ရေးသား မှုကြောင့် ဗုဒ္ဓဘာသာ ညိုးနွမ်းရခြင်း၊ ဗုဒ္ဓ ဘာသာဝင်များအား အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ရှုံ့ချသော အနေဖြင့်သာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်ကြားသည်။

ဖိုးလပြည့်
Popular Myanmar News Journal


Posted: 05 Aug 2013 09:54 PM PDT
မြန်မာနိုင်ငံတွင် လုပ်ငန်း နယ်ပယ်စုံတွင် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ် မည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်နိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြည်သူ့ လွှတ်တော်တွင် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 09:39 PM PDT
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် နေပြည်တော် ကလပ်အသင်းနဲ့  ရန်ကုန် ယူနိုက်တက်အသင်းတို့ မနေ့ညနေက ကစားရာမှာ  ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်တဲ့ ကစားသမားတွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
(ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက် ဖေ့စ်ဘုတ်)



Posted: 05 Aug 2013 09:33 PM PDT
ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်အတွင်း ဇူလိုင်လ ပထမ အပတ်က ဖြစ်ပွားခဲ့သော လူကုန်ကူးမှုတွင် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ခရိုင် ချင်းရွှေဟော် မြို့နယ်ရဲစခန်း ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိ၏ဇနီး ပါဝင်သောကြောင့် အဆိုပါ ရဲအရာရှိကို သံသယ ရှိကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး စောသန်းလွင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 09:23 PM PDT
အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ ထိပ်တန်း ခေါင်းဆောင် တဦးရဲ့ ဆက်သွယ်မှုကို အခြေခံပြီး အမေရိကန် သံတမန် လုပ်ငန်းတွေကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တဲ့အကြောင်း New York Times သတင်းစာက ဖော်ပြ လိုက်ပါတယ်။ ပါကစ္စတန် နိုင်ငံမှာ ရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် Ayman al-Zawahri က တနင်္ဂနွေနေ့လောက် အစောဆုံးထားပြီး တိုက်ခိုက်မှုတွေ လုပ်ဖို့ ယီမင်နိုင်ငံက စစ်သွေးကြွအဖွဲ့ကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Ayman al-Zawahri




Posted: 05 Aug 2013 09:16 PM PDT
ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ ထွက်ရှိပြီး နောက်ပိုင်း အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုသည့် လုပ်ငန်းဆိုင်ရာ အမိန့် ကြော်ငြာစာများ ထုတ်ပြန်ရာ မှားယွင်း ထုတ်ပြန်မိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနက ပြည်သူ့ လွှတ်တော်တွင် ဝန်ခံ ပြောကြား သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စီမံ/စီးပွားဒုဝန်ကြီးဒေါက်တာ ဒေါ်ခင်စန်းရီ




Posted: 05 Aug 2013 09:09 PM PDT
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းရှိ စာသင်ကျောင်းပေါင်း ၁၈ ကျောင်းမှာ ရေကြီး နစ်မြုပ်နေ ဆဲဖြစ်သည့် အတွက် ဩဂုတ်လ ၁ ရက်မှ စတင်ကာ ရက် အကန့် အသတ်မရှိ ပိတ်ထား ရသည်။ ဇူလိုင် ၃၀ ရက်မှ စတင်ကာ အဆက် မပြတ်ရွာ သည့်မိုးကြောင့် ကျိုက်မရော မြို့နယ်အတွင်း ရှိ ကျေးရွာများ ရေဝင်ရောက်လျက် ရှိနေပြီး ရေပြန်ကျခြင်း မရှိသည့်အတွက် ကျောင်းများ ပိတ်ထားရခြင်းဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကျိုက်မရော ရေကြီးမှု မြင်ကွင်း - ဓါတ်ပုံ - The Voice Weekly



Posted: 05 Aug 2013 08:44 PM PDT
ဇူလိုင်လ ကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် မွန်ပြည်နယ်တွင် လယ်မြေဧက ခြောက်သောင်းကျော် ရေလွှမ်း ခံရကြောင်း ဩဂုတ်လ ၃ ရက်တွင် တင်သွင်းသည့် မွန်ပြည်နယ် မြေစာရင်းဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာ အရ လယ်ဧက ၆၆၄၇၄ ဧကကျော်ရေ လွှမ်းခဲ့ပြီး၊ တောင်သူဦးရေ ၉၁၇၀ ဦး ထိခိုက်ခဲ့ ရသည်ဟု ဖော်ပြ ထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Aug 2013 08:34 PM PDT
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ဆိတ်ငြိမ်ရပ်ကွက် အဖြစ် တည်ရှိနေသည့် ရပ်ကွက်ကြီး အချို့တွင် နှစ်လဆက်တိုက် အိမ်ခြံမြေ အဝယ်လိုက်နေပြီး ဈေးနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်များ က ပြောကြား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 05:32 PM PDT
သြဂုတ်လ(၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 05:30 PM PDT
သြဂုတ်လ(၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 04:45 PM PDT
အောက်ခြေက လယ်ယာမြေ စီမံ ခန့်ခွဲရေး အဖွဲ့တွေကို အယုံအကြည် မရှိကြောင်းနဲ့ အသိမ်းခံ လယ်တွေ အမြန်ဆုံး ပြန်ရဖို့ ဧရာဝတီတိုင်း ၅ မြို့နယ်က တောင်သူ ကိုယ်စားလှယ် တွေ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ယက်ရုံးမှာ တွေ့ဆုံ ခဲ့ပါတယ်။ အခု တောင်းဆိုတဲ့ လယ်မြေ တွေက ဒေသ အာဏာပိုင်တွေ သိမ်းထားတဲ့ မြေတွေ လို့ ဘိုကလေး၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ် နဲ့ မအူပင် မြို့နယ်က တောင်သူ တွေက  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြေပြန်ရရေး ပြေစာတွေ ပြပေမယ့် မပြေလည်


Posted: 05 Aug 2013 04:48 PM PDT
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲ မှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...