Saturday, August 3, 2013

“မသူတော်-၃”-ကိုမျိုး (မြန်မာစာ)

August 1, 2013 at 3:35am


ဆန္ဒပြပရိသတ်ရှေ့ မှောက်တင်ဆက်
အစွမ်းပြလိုက်ခြင်းနဲ့အတူ စစ်ရုံးအတွင်းမှ
တရားပွဲချက်ချင်းရပ်ဖို့ မရပ်ရင်ပစ်မယ်လို့ နောက်ဆုံး
သတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊
ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်
သွားခိုက်စောစောကကျွန်တော်ဆိုခဲ့တဲ့“လုပ်ရက်ကြလေခြင်း”
ဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကိုကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ 
အကြည့်ကထိုကမ္ဘာပျက်ခမန်းအသံတွေကိုမကြားမိတော့
အောင်ရှိစေခဲ့ပါတယ်။
ကိုမျိုး(မြန်မာစာ)

----------------------------------------------------
“မိခင်စိတ်ထား..စေတနာစကား..နားခါးခဲ့ပေမဲ့”

                 သမိုင်းကိုမအအောင်သင်ချင်ပါသော်လည်းသမိုင်းကိုမအ အအောင်သင်စေခဲ့သောကိုယ်သိစေသင်စေချင်သမျှသာကိုယ့်သမိုင်း
ကိုယ်ရေးလို့ သင်ပေးခဲ့တဲ့မဆလအစိုးရနဲ့ အမွေခံတို့ အစိုးရအဆက်
ဆက်ကြောင့်ကျွန်တော်လည်း ကိုယ့်သမိုင်းကိုယ်ရေးပြောလိုက်ချင်လာ
မိခြင်းပါလို့ ဆိုပေမဲ့သူများမကောင်းကြောင်း၊ကိုယ်ကောင်းကြောင်း
ကိုယ့်သမိုင်းကိုယ်ရေးနေကြတာတွေဟာသမိုင်းပြဋ္ဌာန်းစာအုပ်ထဲရောက်
လာခဲ့ပေါင်းများလာတဲ့အခါတိုင်းပြည်မှာအမှတ်မှားအသိမှားနဲ့သမိုင်းမှား
ရဲ့ ကျိန်စာကိုအလူးအလဲခံစားခြင်းဝိပါက၀ဋ်ကမလွတ်ကင်းနိုင်တာမို့ 
ကျွန်တော်တို့ တစ်တွေဆိုရေးရှိသမျှဆိုကြဖို့ မှာမသူတော်ဇာတ်ခင်း
ကိုယ့်ကောင်းသတင်းကိုယ်ဖေါ်ခြင်းကိုရွံရှာတက်ဖို့ အထူးလိုလာပါတယ်။
                  မသူတော်တွေအကြောင်းပြောရင်ကိုယ်လည်းသူများ မကောင်းကြောင်း၊ကိုယ်ကောင်းကြောင်းပြောတဲ့သူတွေလိုထူးမခြားနား
ဖြစ်မှာမို့ မသူတော်(၂)မှာမချိတင်ကဲဖြစ်ခဲ့ရတဲ့မြင်ကွင်းကိုရေးဖြစ်တာ
တော့ခွင့်လွတ်ကြပါဆိုချင်ရဲ့ ။ညီမလေးဝင်းမော်ဦးလိုအညတရသူရဲ
ကောင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ကိုစိုးနိုင်(ကိုဖုန်းမော်နဲ့ အတူ
ကျည်သင့်ခဲ့သူ)ရဲ့ မိခင်ကိုပုသိမ်သားတွေကဒီနှစ်မှာဂုဏ်ပြုကြမယ်
ဆိုတဲ့သတင်းကတော့ကြည်နူးစရာ။ပညာတော်တဲ့သားကောင်း
ဇာနည်ကိုစိုးနိုင်အတွက်၂၅နှစ်အကြာမှာပေါ်ပေါ်ထင်ထင်ဝံ့ဝံ့ကြွား
ကြွားဂုဏ်ယူနိုင်မှာလားအဟောင်းတွေအသစ်ဖြစ်ကာယူကြုံးမရ
ကြေကွဲရမှာလား၂၅နှစ်အကြာထိခံစားရရှိနေမယ့်မိခင်တစ်ယောက်
ရဲရင်ကိုဝင်ကြည့်ရင်းတွေးဆမိသမျှဟာလည်းနာကျင်ခံစားရစေပါရဲ့ ။
ကိုယ်မကောင်းတာကိုယ်သာအသိဆုံးလို့ ဆိုကြတဲ့အမှန်တရားမှာ
ကျွန်တော်ကိုယ်တိုင်လည်းအမေ့ရင်နာကျင်အောင်ဘယ်နှကြိမ်ပြုခဲ့
မိလဲမတွေးရဲအောင်ပါပဲ။၈၈ကာလမှာအမေ့လိုမိခင်စကားနဲ့ ဆိုခဲ့သူ
ကိုပင်ကျွန်တော်အမြင်မကြည်မလင်ရှိခဲ့ဖူးသေးရဲ့ မဟုတ်လား။
                  ခေါင်းဖြတ်တာမကြိုက်သလိုကြားဖြတ်တာလည်း
မကြိုက်တဲ့၊နိုင်ငံရေးမှာကျောင်းသားလူငယ်တွေအစတေးမခံရ
စေလိုတဲ့လူထုခေါင်းဆောင်တစ်ဦးဟာတပ်မတော်ခေါင်းဆောင်
ဟောင်းကြီးတွေအခြံအရံပြုလို့ မြန်မာ့နိုင်ငံရေးထဲသမိုင်းပေးတာ
ဝန်အရ၀င်လာရပေမဲ့သူယုံကြည်ရာကိုယုံကြည်သလိုမကြောက်
မရွံ့ ဆိုခဲ့တာအဲ့ဒီ၈၈ကာလကတည်းကဆိုတာသတိမူကြည့်သူတိုင်း
သိနိုင်တဲ့သမိုင်းဖြစ်ရပ်မှန်ပါ။သမိုင်းရေစီးကိုလှိုင်းကြီးစေခဲ့လေထန်
စေခဲ့သူတွေထဲမှာအရိုးခံမိခင်စိတ်ထားရှင်အဖြစ်နဲ့ “ကျောင်းသားသူငယ်
လေးတွေကိုရှေ့ ထွက်ဖို့ နောက်ကနေမြှောက်ပင့်နေသူတွေကိုနိုင်ငံရေး
မှာကျောင်းသားလူငယ်တွေကိုအသုံးမချဖို့ ပြောလိုကြောင်းအဲ့ဒီလို
လုပ်နေသူတွေကိုကိုရှုတ်ချကြောင်း”လမ်းမတော်ဆေးတက္ကသိုလ်က
သတင်းစာရှင်းလင်းပွဲမှာထုတ်ဖေါ်ပြောဆိုခဲ့တဲ့ထိုခေါင်းဆောင်ရဲ့ 
စကားကိုထိုအခါကအဖြူအစိမ်းဝတ်ကျောင်းသားလူငယ်တစ်ဦး
အနေနဲ့ ရှေ့ ကနေချီဖို့ သာအာသာပြင်းပြင်းရှိနေခဲ့၊ဘယ်သူ့ တိုက်
တွန်းမြောက်ပင့်မူမှမပါကိုယ့်ဆန္ဒနဲ့ကိုယ်သာဒီအရေးတော်ပုံမှာ
ပါခဲ့တာလို့ ယုံကြည်နေတဲ့ကျွန်တော့်အတွက်တော့မွေးသမိခင်
အရင်းအချာရဲ့ စကားနဲ့ မခြားထပ်တူကျနေတဲ့စကားဖြစ်တဲ့တိုင်
အောင်နားခါးခဲ့ပါတယ်။ကျွန်တော်တို့ နားဝင်ချိုတဲ့စကားကိုပြော
ရုံမက“သူရဲကောင်းလေးများ”လို့ ပင်ဆိုပြခဲ့တဲ့သူလည်းတပ်မ
တော်အစိုးရတက်စကတည်းကနေအရပ်ဝတ်လဲခါနီးထိသမိုင်း
တစ်ခေတ်ဆန်းသစ်လာပြီလို့ သီဆိုပေးသွားခဲ့ရရှာတာကတော့
သူ့ အကြောင်းနဲ့ သူ၊သူ့ သမိုင်းနဲ့သူရှိမှာပါ။
                မေမေကိုကျွန်တော်ဘယ်နှကြိမ်ဘယ်နှခါလောက်
သောကရောက်အောင်ပြုခဲ့လေသလဲဆိုတာကျွန်တော်မတွက်
ဆနိုင်ပေမဲ့ တစ်သက်တာလုံးကအကြိမ်အရေအတွက်ထက်
၈၈ကာလရက်ပေါင်းတရာကျော်မျှကပိုခဲ့မှာကတော့အသေအ
ချာပါ။ကျွန်တော့်မိခင်ကိုသာမကတစ်ခြားမိခင်တွေကိုပါ
ကျွန်တော်သောကပေးမိတာမျိုးလည်းရှိကောင်းရှိရဲ့ ။ကျွန်တော်
တို့ လက်ဖျောက်တီးအချက်ပေးခေါ်ထုတ်မှာစိုးရိမ်လို့ သားတွေကို
နယ်ကအမျိုးတွေဆီပို့ လွှတ်တဲ့မိခင်တွေ၊ကျွန်တော်တို့ ကိုလူရိပ်
လူယောင်မြင်တာနဲ့ မင်းသူငယ်ချင်းနေမကောင်းလို့ ဆေးတိုက်ပြီး
အိပ်ခိုင်းထားတယ်ဆီးကြိုပြောလွတ်တဲ့မိခင်တွေနဲ့ မိခင်များစွာရဲ့ 
စိုရိမ်သောကတွေကိုအကြိမ်ပေါင်းများစွာတွေ့ ကြုံဖူးပေမဲ့စကား
တခွန်းမျှမဆိုပဲလုပ်ရက်လေခြင်းဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကို
ကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ အကြည့်ကိုတော့ဒီကနေ့ တိုင်ကျွန်
တော်မေ့မရအောင်ရှိနေခဲ့ရပါသေးတယ်။
              သမိုင်းမ၀င်ပေမဲ့သမိုင်းစဉ်မှာယှဉ်တွဲပါခဲ့တဲ့
တပ်မတော်မှအာဏာမသိမ်းမီနှစ်ရက်အလိုကရန်ကုန်မြို့ 
တိရစ္ဆာန်ရုံ အနီးကစံပြဖဆပလရပ်ကွက်(စစ်ရုံးရှေ့ )
ကဆန္ဒပြတရားပွဲမှာမြန်မာစာပြကျူရှင်ဆရာကြီးဂုဏ်ထူး
ဦးသိန်းနိုင်ဟောပြောစဉ်စစ်ရုံးမှတားမြစ်လို့ ဖြစ်ပွားတဲ့
ပဋိပက္ခလို့ နိုင်ငံနဲ့ တစ်ဝှမ်းဟိုးဟိုးကျော်ထင်ရှားတဲ့
ပြဿနာရဲ့ နောက်ကွယ်တရားဟောစင်မြင့်အောက်မှ
အဖြစ်အပျက်လေးတစ်ရပ်ကိုကျွန်တော်ဘယ်အခါမှမေ့မရ။
မကြာသေးမီကဇိဝိတဒါနဆေးရုံမှာဘ၀နတ်ထံပျံ လွန်တော်
မူခဲ့တဲ့သံဃာတော်တစ်ဖြစ်လဲစွယ်စုံရအနုပညာ
ရှင်ကြီးချန်ပီယံတင်ညွန့် ကလွန်ခဲ့သော၂၅နှစ်ကကျွန်တော်
နဲ့ သူငယ်ချင်းတစ်သိုက်ထံအပူကပ်ပြီးသူ့ ရဲ့ ပြောင်မြောက်တဲ့
ပါဖောမန့် တစ်ရပ်ကိုအနယ်နယ်အရပ်ရပ်ကဆန္ဒပြပရိသတ်
ရှေ့ မှောက်တင်ဆက်အစွမ်းပြလိုက်ခြင်းနဲ့အတူစစ်ရုံးအတွင်းမှ
တရားပွဲချက်ချင်းရပ်ဖို့ မရပ်ရင်ပစ်မယ်လို့ နောက်ဆုံး
သတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊
ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်
သွားခိုက်စောစောကကျွန်တော်ဆိုခဲ့တဲ့“လုပ်ရက်ကြလေခြင်း”
ဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကိုကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ 
အကြည့်ကထိုကမ္ဘာပျက်ခမန်းအသံတွေကိုမကြားမိတော့
အောင်ရှိစေခဲ့ပါတယ်။
                  တရာဟောစင်မြင့်ပေါ်မှာအထူးအစွမ်းပြမယ့်ချန်ပီယံ
ဦးတင်ညွန့် ရဲ့ ပါဖောမန့်အကွက်ဆန်းအတွက်လိုအပ်တဲ့အဓိကဇာတ်
ဆောင်ကလေးငယ်တစ်ဦးရရှိနိုင်ဖို့ အရေး ကျွန်တော်တို့ အဖွဲ့ သား
ထဲမှတစ်ဦးက ကျွန်တော်နဲ့ တစ်ရပ်ကွက်တည်းသာမကတစ်လမ်း
တည်း၊အိမ်ချင်းလည်းအလွန်နီးစွာလိုလွန်စွာချစ်ခင်ရင်းချာခဲ့တဲ့
မိသားစုရဲ့သားငယ်လူမယ်ကလေးငယ်လေးကိုမျက်စေ့ကျကာ
ကလေးမိဘနှစ်ပါးကို နိုင်ငံကျော်အနုပညာရှင်ကြီးချန်ပီယံဦးတင်ညွန့် 
့နာမည်ပြောပြနားချစည်းရုံးလို့ ခွင့်ပြုချက်ရတာနဲ့ ကလေးကို
တိုက်ပုံနဲ့ မောင့်ကျက်သရေခေါင်းပေါင်းအကျအန၀တ်ဆင်ပေးပြီး
ချန်ပီယံဦးတင်ညွန့် လက်အပ်ကာစင်တင်ပေးလိုက်တဲ့အခါ
“ပါတီနာယကကြီးကတိုင်းပြည်ကိုအမှာစကားပြောကြားပါတော့မယ်”
ဆိုတဲ့ကျွန်တော်တို့ အားလုံးမမျှော်လင်ထားတဲ့ချန်ပီယံဦးတင်ညွန့် ရဲ့ 
စကားသံနောက်မှာကလေးငယ်လေးရဲ့ မပီကလာပီကလာစကား
သံနဲ့ “အားလုံးကိုရီးပ”ဲ ရီး( -ီး)ပဲ ဆိုတဲ့စကားကြောင့်တ၀ါးဝါး
တဟားဟားမပြုံးဘဲဝါးလုံးကွဲရယ်သံတွေနောက်မှာတော့ဆိုခဲ့တဲ့
“တရားပွဲချက်ချင်းရပ်၊မရပ်ရင်ပစ်ရပါမယ်”ဆိုတဲ့စစ်ရုံးအတွင်းက
သတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊
ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်သွားသလို
ဘယ်အချိန်စင်ပေါ်ပြေးတက်ပြီးသားငယ်လေးကိုစိုးရိမ်တကြီးပွေ့ ခေါ်
ချီမသွားမှန်းမသိလိုက်ရတဲ့ကလေးမိဘနှစ်ပါးကိုဖရိုဖရဲလူအုပ်ကြား
လှမ်းတွေ့ လိုက်ပြီးစကားစမြည်ပြုဖို့ ဟန်ပြင်ခိုက်ကျွန်တော်မြင်
လိုက်ရတာက“လုပ်ရက်ကြလေခြင်း”လို့ အဓိပ္ပါယ်ရှိနိုင်မယ့်
မျက်နာရိပ်မျက်နာကဲအကြည့်တစ်စုံပါ။ငယ်ရွယ်လွန်းတဲ့ကလေးနဲ့ 
အသုံးချပြီးမကြံအပ်မစည်ရာပြုရက်ကြလေခြင်းပေါ့...။
ဒီလူတွေကိုယုံလိုက်မိခဲ့တာသားလေးခမျာမသေးကောင်း
မပျောက်ကောင်းပေါ့။

            ကိုမျိုး(မြန်မာစာ)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...