Saturday, August 3, 2013

ပြာစင်ရွှမ်းလဲ့

June 30, 2012 at 10:41pm
“ချစ်သူ
သင်၏ မွှေးပျံ့သော ချစ်ရနံ့များအား ပေးအပ်လှည့်ပါ
ငါသည်
ထို သည် များအား
သွေးသားတို့၏ ရှင်သန်ခြင်းအတိုင်း
ပိုင်လိုပါ၏။”

ငယ်စဉ်က ရေးခဲ့တဲ့ကဗျာ
စာတွေဖတ်ခါစ
ကဗျာတွေ စပ်ခါစ။

ဒဂုန်တာရာ
သူ့ရဲ့ ဘ၀အမြင်ဒဿန
“လူ့ဘ၀ဆိုတာ အချစ်နဲ့စတင်ခဲ့တာ။”
အဲဒီလိုနဲ့ အချစ်တွေက ကျနော့်ကိုရှာ
ကျနော်က အချစ်ကိုရှာ
မည်း၊ ဖြူ၊ နီ၊ ညို၊ ၀ါ။

တကယ်ပါပဲ
ကျနော့်ရဲ့ အချစ်ရှာပုံတော်ခရီးက
နင့်နင့်နဲနဲ ထဲထဲဝင်ဝင်
အ၀င်အထွက်တွေလည်းများ
အဆင်အကွက်တွေလည်းများ
အဆနုး - တကြယ်
အဲဒီလိုနဲ့ …
“အချစ်အဓိပ္ပါယ်သဘောတရားကိုလည်း နားရည်လည်”
လည်ရင်းလည်လာခဲ့ရာမှ ကျနော့်အဖြစ်က
“အဖြူထဲမှာ အဖြူရှာ
အမည်းထဲမှာ အမည်းရှာ” ဆိုသလိုမျိုး …
ဟုတ်ကဲ့
တကယ်တော့ အသည်းကွဲရတယ်ဗျာ။

မေး - မြင်ရသလား?
ဖြေ - ဟုတ်ကဲ့။
မေး - မြင်ရတော့ ဘယ်လိုခံစားရပါသလဲ?
ဖြေ - ရသ ၉ ပါး ကိုယ်ထင်ပြနေသလားပဲ။ အထူးအားဖြင့် တုန်လှုပ်တယ်။
မေး - ၀မ်းလား? တူးလား?
ဖြေ - မိန်းမရေ … မင်းသိပါတယ်။ ခင်ဝမ်းသီချင်းတွေကြိုက်တယ်
       “တောင်ကုန်းလေးတခုပေါ်ကို တက်လှမ်းလိုက်တော့ …
        တွင်းထဲကိုငုံ့ပြီး နှင်းရေ … လို့ အော်ခေါ်မိတယ်။”
        အဲဒီလိုအော်ခေါ်လိုက်တော့ တွင်းထဲက ပဲ့တင်လှိုင်းတွေပေါ်လာတယ်။
မေး - ပဲ့တင်လှိုင်းတဲ့လား? သူက …?
ဖြေ - ပြာစင်ရွှမ်းလဲ့။
မေး - ခင်ဗျားရဲ့ ရွေးလမ်းနဲ့ပါတ်သက်ပြီး အပစ်တင်ချင်လိုသူတွေအတွက် … ?
ဖြေ - လူ့ဖြစ်တည်မှုဆိုတာ အပျော့ - အမာ ကိစ္စလား။
       သခင်စိုးရောက်လာတယ်
       စားပွဲပေါ်ကို “စတာလင်” ရဲ့ ပုံကိုတင်လိုက်တယ်။ ပြီးတော့ ပြောတယ် …
       “မော်စီတုန်း” က ငပျော့။
       “ဒဂုန်တာရာ” က ပြောတယ်
       “ပန်းနုရောင်အို” တဲ့
        အခြေခံအားဖြင့်တော့ ပန်းရောင်
        အဲဒီ ပန်းရောင်ဟာ နုပျိုလွင်မနေဘူး
        ရင့်တယ်။ အိုတယ်။ ဒါ့ကြောင့် အနီဘက်ကို ပိုနွယ်တယ်။ ပြီးတော့ အဖြူယှက်တယ်။
        အလုပ်ဖြစ်ခဲ့ပါတယ်။
        ကျနော့်ရွေးလမ်း အလုပ်ဖြစ်တယ်။
မေး - နောက်ဆုံးအနေနဲ့ ပြောချင်တာလေးများရှိရင် ပြောပေးဖို့ … ?
ဖြေ - ချစ်ခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်တယ်။

ညိုထက် (လမ်းသစ်ဦး)
၃၀ - ၆ - ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...