Friday, August 2, 2013

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသားများ၏ အနိမ့်ဆုံးဝင်ခွင့် အမှတ်များသည်ယခင်နှစ် အသက်မွေးဝမ်းကျောင်းအမှတ်ထက် မြင့်မား

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင်တက်ရောက်ခွင့်ပြုမည့် 
ထူးချွန်ကျောင်းသားများ၏ အနိမ့်ဆုံးဝင်ခွင့် အမှတ်များသည်ယခင်နှစ် 
အသက်မွေးဝမ်းကျောင်းအမှတ်ထက် မြင့်မား

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်
ကျောင်းသားများ၏ဝင်ခွင့်များ လျှောက်ထားရာတွင် အနိမ့်ဆုံးဝင်ခွင့်များ
သတ်မှတ်ရာ၌ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များထက် မြင့်မားကြောင်း
သိရသည်။ 

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင်ယခုနှစ် ပညာသင်နှစ်မှ 
စပြီးဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ် ၂၀ အတွက် ဘာသာရပ်တစ်ခုကိုကျောင်းသား
၁၅ ဦးစီနှင့်တက္ကသိုလ်တစ်ခုတွင်ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ 
ပညာသင်နှစ်၌လက်ခံ သင်ကြားပေးသွားမည်ဖြစ်သည်။

ထိုတက္ကသိုလ်များ တက်ရောက်နိုင်မည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ များအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် အနိမ့်ဆုံးဝင်ခွင့်သတ်မှတ် ချက်မှာရူပဗေဒ ၊ဓါတုဗေဒ ၊သချာင်္၊ သတ္တဗေဒ၊ရုက္ခဗေဒ၊ ဘူမိဗေဒ နှင့်ကုန်ထုတ်ဓါတုဗေဒ ဘာသာတို့၏ရမှတ် ပေါင်း (၄၉၀)၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ ဥပဒေ၊မြန်မာစာ ၊

 နိုင်ငံရေးသိပ္ပံဘာသာတို့၏ရမှတ်ပေါင်း (၄၇၀)၊ ပထဝီဝင်၊သမိုင်း၊စိတ်ပညာ၊ ဒဿနိက ဗေဒ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ အရှေ့တိုင်းဘာသာတို့၏  ရမှတ်ပေါင်း (၄၃၀) ၊အင်္ဂလိပ်စာရမှတ် (၅၀၀)၊ကွန်ပျူတာသိပ္ပံရမှတ် (၄၈၀) သတ်မှတ်ထားရာ 

အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များမှာ ယခင်နှစ်က
ဝင်ခွင့်အမှတ်များထက် ပိုမိုမြင့်မားနေသည်။

ယခင်နှစ်ကကျောင်းဝင်ခွင့် သတ်မှတ်ချက် အမှတ်အမြင့် ဆုံး ဖြစ်ခဲ့ပြီးထိပ်ဆုံးကရပ်တည်ခဲ့သောရန်ကုန်
နည်းပညာတက္က သိုလ် (အဆင့်မြင့်) ထက်ပင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့မှ ဝင်ခွင့်သတ်မှတ်ခဲ့သည့် အင်္ဂလိပ်စာဘာသာရပ်ကပိုနေခဲ့သည်။

ထူးချွန် ကျောင်းသားများကိုသာရွေးချယ် ဝင်ခွင့်ပြုမည့်ရန်ကုန် မန္တလေးတက္ကသိုလ် များတွင်တက်ရောက်ခွင့်ရရှိ
ရန် ကျောင်းသူကျောင်းသား အများစုသည် 
စိတ်ဝင်စားလျက်ရှိကြသည်။

တက္ကသိုလ်အမည်များနှင့် အနိမ့်ဆုံးဝင်ခွင့်ရမှတ်များမှာ..

ဆေးတက္ကသိုလ် ကျား(၄၉၀) ၊ မ( ၅၀၈)၊ 
သွားဘက်ဆိုင်ရာ
ဆေးတက္ကသိုလ် ကျား(၄၆၉) ၊ မ( ၅၀၁) ၊
ဆေးဝါးတက္ကသိုလ် ကျား ၊မ (၄၆၇) ၊
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျား၊မ(၄၅၉) ၊ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား(၅၀၀) ၊မ (၅၀၄) ၊ မန္တလေးနည်းပညာတက္ကသိုလ်(အဆင့်မြင့်) ကျား(၄၈၅) ၊မ( ၄၉၇) ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) ကျား ၊မ (၄၇၃)၊
မန္တလေးကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) ကျား ၊မ (၄၅၀) ၊ နည်းပညာတက္ကသိုလ်ကျား(၃၆၀) ၊ မ (၃၇၀) ၊ 
ကွန်ပျူတာတက္ကသိုလ်ကျား ၊မ (၃၆၅) ၊ 
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျား(၄၆၇)၊မ (၄၇၀) ၊မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျား(၄၈၇) ၊မ (၄၉၇) ၊မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ကျား ၊မ (၄၅၀) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျား၊မ (၃၈၃) ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်) ကျား ၊ မ (၄၉၂) ၊ ရန်ကုန်ရှိနိုင်ငံခြားဘာသာတက္ကသိုလ်များဖြစ်ကြသော 
(ဂျပန်) ကျား၊မ (၄၆၉) ၊
(တရုတ်) ကျား ၊ မ (၄၆၆) ၊ 
(ပြင်သစ်) ကျား ၊ မ (၄၅၈) ၊ 
(ကိုရီးယား) ကျား ၊ မ (၄၅၅) ၊ 
(ဂျာမန်) ကျား ၊ မ (၄၅၃)၊ 
(ထိုင်း) ကျား ၊ မ (၄၄၇)၊ ၊ 
(ရုရှား) ကျား ၊ မ (၄၃၇)၊ တို့ဖြစ်ကြောင်းသိရှိရသည်။

Skynet News

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသားများ၏ ဝင်ခွင့်များ လျှောက်ထားရာတွင် အနိမ့်ဆုံးဝင်ခွင့်များသတ်မှတ်ရာ၌ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များထက် မြင့်မားကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...