Thursday, August 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၈)

သစ်ထူးလွင်



Posted: 14 Aug 2013 06:54 AM PDT

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အုံးဇုန်းကျေးရွာ အုပ်စု ဝက်သေကျေးရွာမြေများတွင် ရွှေတူးဖော်ရေး ကုမ္ပဏီ သုံးခုက တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ယင်းမြေများ ပြန်လည်ရရှိရေးအတွက် သြဂုတ်လ ၁၃ ရက်နေ့ နံနက်၈ နာရီ မှ ၁၁ နာရီ အထိ အဆိုပါကျေးရွာ အမှတ် (၉)ဘုန်းတော်ကြီးသင်ကျောင်းတွင် ကျေးရွာ ဒေသခံ ၁၅၀ ဦး ကျော်က ဆန္ဒပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 06:25 AM PDT

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် မင်္ဂလာဒုံတွင် သင်တန်း တက်ရောက် လျက်ရှိသည့်  သူနာပြုမဟာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ်(၈) မှ သင်တန်းသား/သူ  (၃၇) ဦးကို တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံး၏ အမိန့် ဟုဆိုကာ ခိုင်လုံသော အကြောင်းပြချက် မရှိပဲ ကျာင်းထုတ်ခံခဲ့ရ ကြောင်း သိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 05:57 AM PDT

တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်း သာယာရေး ကော်မတီရဲ့ အစီရင်ခံစာဟာ ယေဘုယျဆန်တယ် ဆိုတဲ့ ဝေဖန်ချက်တွေ ရှိတဲ့ကြားကပဲ လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးလောက်က ၀ိုင်းဆွေးနွေး ခဲ့ကြတာဖြစ်ပြီး ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည် ဆွေးနွေးခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 05:34 AM PDT

၁၆.၆.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် ဒလမြို့နယ်နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးအေးမောင်သည် မလိခလမ်းထိပ်မှ ပျော်ဘွယ်လေးကျေးရွာသို့ အမျိုးသား(၂)ဦးမှ ဆိုင်ကယ်ကယ်ရီ ငှားသဖြင့် လိုက်ပို့ခဲ့ရာ ပိတ်စွယ်ကျေးရွာ အရောက်တွင် ၎င်းအမျိုးသား (၂)ဦးမှ သူငယ်ချင်း ဖြစ်သူအား မတွေ့သဖြင့် ဒလသို့ပြန်ပို့ခိုင်း၍ ပြန်လည် မောင်းနှင်လာစဉ်  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Aug 2013 05:27 AM PDT

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြို
င်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ရ၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 04:39 AM PDT

သမ္မတ ဦးသိန်းစိန်က မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေးကို မကြာခင်မှာ လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ပြောကြားပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းတွေကို အားထုတ်ဆောင်ရွက်ကြဖို့ ဒီနေ့ ကတိပြုပြောကြားသွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 04:11 AM PDT

အီဂျစ်နိုင်ငံ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြနေကြတဲ့ ကိုင်ရိုမြို့တော်က သပိတ်စခန်း ၂ ခုကို လုံခြုံရေးတွေက ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။ ရာဘာ အယ်လ် အက်ဒါဝီရ ဗလီနဲ့ ကိုင်ရို တက္ကသိုလ် အပြင်ဘက်က သပိတ်စခန်း ၂ ခုမှာ လုံခြုံရေးတွေက မျက်ရည်ယိုဗုံး သုံးခဲ့တဲ့အပြင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သပိတ်စခန်းတစ်ခု မြင်ကွင်း


Posted: 14 Aug 2013 03:58 AM PDT

တောင် သူလယ်သမားများကို သေနတ် ပြကာ ခြိမ်းခြောက်ခဲ့သည်ဟု တိုင် ကြားခံရသည့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီး၏ ကိုယ်ရံတော်ဗိုလ် မှူးချုပ်တစ်ဦးဖြစ်သူ၏အမှုကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ ရက် မှ စတင်ကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် လက်ရှိအချိန်၌ အဓိကတိုင်ကြား ခြင်းခံရသော ဗိုလ်မှူးချုပ်စိုးရှိန်၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းကို စစ်ဆေးနေခြင်းဖြစ်ကာ ဇူလိုင် ၆ရက်နေ့က----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 03:43 AM PDT

ကရိန်နော်သည် ကချင်ပြည်နယ် သမိုင်းတွင် အထင်ကရ နေရာတစ်ခု အဖြစ်သတ်မှတ်ထားသည့် အလှတရား တို့၏မြေပြင် ဖြစ်သည်။ ဧရာဝတီ မြစ်ကြီးသည် ၎င်း၏ ပခုံးထက်၌ မညောင်းမညာ တသွင်သွင် စီးဆင်းခြင်းသည် ကချင်ပြည်နယ်၏ အလှနှင့် လူမျိုးစု တစ်ခု၏သစ္စာတရား ကို ဖော်ကျူးထားသည်။ ရာဇဝတ်သားပမာ နောက်ပြန် မလှည့်ရဲသည့်ဟန်ဖြင့် မြစ်ရေတို့က မည်သည့်အကွေ့ အကောက်တို့ကို မဆိုရင်ဆိုင်မည့် သဘောဖြင့် ထပ်ကာထပ်ကာ စီးဆင်းမြဲ ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Aug 2013 03:28 AM PDT

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည် ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲ အတွင်းရှိ ဌာနဆိုင်ရာ ရုံးများကို လုံခြုံရေး အစီအစဉ်များ ချကာ အထူး ဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 09:08 PM PDT
ဖားအံမြို့နယ် လှာကဒေါင်ကျေးရွာ အုပ်စုက လယ်မြေ တွေကို အကျဉ်းဦးစီး ဌာနက ရဲဘက်စခန်း ဆောက်ဖို့ သိမ်းယူထားတယ်လို့ ဆိုပါတယ်။ သတ်မှတ် ဧက ၁၀၀ ဖြစ်ပေမယ့် သိမ်းယူထားတဲ့ လယ်မြေက ဧက ၇၀၀ ကျော်ဖြစ်တာမို့ လယ်သမားတွေက သူတို့ လယ်ယာမြေတွေ ပြန်ရဖို့ တောင်းဆိုနေကြပါတယ်။ ဘယ်လိုဖြစ်တာလဲ။ လယ်မြေတွေ ပြန်ရဖို့ အလားအလာ ရှိသလား ဆိုတာ တိုင်းရင်းရှုထောင့် အစီအစဉ်က တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 09:06 PM PDT
မိုးသည်းထံစွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်း နှင့် မြစ်ရေ ချောင်းရေများ လျှံကာ သျှမ်းပြည်ရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် ၊ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နှင့် အခြားများနယ်များ၌ ကျေးရွာ နေအိမ် လယ်ယာ စိုက်ပျိုးရေးခြံများ ရေလွှမ်းမိုး တိုက်စားခြင်း ခံရကြောင်း ကြားသိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 09:03 PM PDT
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမ၀င် လာရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံမှ ချင်းလူမျိုး ၉ ဦးကို Sairang ရဲစခန်းမှ တာဝန်ရှိ ရဲများက ယခုလ ၈ ရက်နေ့က ဖမ်းဆီးထောင်ချ လိုက်သည်ဟု သိရသည်။ ၎င်းတို့ ၉ ဦးကို အိုင်ဇောလ်မြို့တရားရုံးတွင် သြဂုတ်လ ၉ ရက်နေ့က ခေါ်ဆောင်ပြီး တရားသူကြီး Laldingpuia Tlau က အာမခံခွင့်ပြုခဲ့သော်လည်း သြဂုတ်လ ၁၄ ရက်နေ့နောက်ပိုင်းမှသာ ရူပီး ၃၀၀၀ နှင့် အစိုးရ၀န်ထမ်းတဦးဦးမှ အာမ ခံပြီး ပြန်လွတ်နိုင်မည်ဟု အမိန့်ချမှတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မီဇိုရမ်ပြည်နယ် အိုက်ဇော်မြို့ 

Posted: 13 Aug 2013 08:47 PM PDT
အာဖရိက အလယ်ပိုင်း သမ္မတ နိုင်ငံမှာ ကလေး အယောက် တသိန်းကျော် ခန့်ဟာ လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်ခံနေရပြီး လက်နက်ကိုင် အဖွဲ့တွေထဲ သိမ်းသွင်းခံ နေရတယ်လို့ Save the Children အဖွဲ့ကြီးက ပြောပါတယ်။ အခုနှစ် မတ်လတုန်းက သူပုန်တွေက အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက် ကလေးတွေဟာ ထွက်ပြေး နေရပြီး အဲဒီအထဲက အများစုဟာ အာဟာရ ခိျု့တဲ့မှုနဲ့ ငှက်ဖျား ရောဂါတွေ ခံစား နေရတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အာဖရိက အလယ်ပိုင်း သမ္မတ နိုင်ငံက ဒုက္ခသည်တွေ

Posted: 13 Aug 2013 08:27 PM PDT
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံက မြေယာ၊ အခြေခံ အဆောက်အဦး၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီး Mr. Akihiro Ohta နဲ့ သမ္မတဦးသိန်စိန်တို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး တိုးတက် မြှင့်တင်ရေး အတွက် အဓိကထား ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 08:23 PM PDT
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ စက်ရုံနှင့် အလုပ်ရုံများမှ လုပ်သားများသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်နေကြ ရကြောင်း အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာသည့် လွှတ်တော်၏ ကော်မရှင်က သြဂုတ် လ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ အစီရင်ခံစာ တင်ခဲ့သည်။ နိုင်ငံတကာ အလုပ်သမား ဥပဒေတွင် လုပ်သားတစ်ဦးသည် တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီသာ သတ်မှတ်ထား သည့်အတွက် ယခုအလုပ်သမားများသည် တစ်ရက်လျှင် ငါးနာရီကြာ ပိုလုပ်နေရသည့် သဘော ဖြစ်နေသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 08:08 PM PDT
မြန်မာအမျိုးသမီးတွေ အသားအရေလှပဖို့၊ နေပူဒဏ် ကာကွယ်ဖို့အတွက် အသုံးပြုကြတဲ့ ရိုးရာမြန်မာ့သနပ်ခါး သွေးတဲ့အခါမှာ ကျောက်ပြင်ဟာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သနပ်ခါး ကျောက်ပြင် ထုတ်လုပ်ရေးအကြောင်းကို RFA သတင်းထောက် ကိုဇော်တူးက တင်ဆက်ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 08:06 PM PDT
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားဟာ ဒီကနေ့ စစ်တွေအကျဉ်းထောင်ကို သွားရောက်လေ့လာကြည့်ရှုခဲ့သလို ရခိုင်နဲ့ မွတ်စလင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြပေးမှာပါ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Aug 2013 08:02 PM PDT
သြဂုတ်လ(၁၆)ရက်နေ့ ထုတ် The Hot News Journal အတွဲ ၄၊ အမှတ် ၁၅၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 08:01 PM PDT
သြဂုတ်လ(၁၅)ရက်နေ့ ထုတ် Sports Center Journal ( Vol-2, No-27)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 08:01 PM PDT
သြဂုတ်လ(၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 08:00 PM PDT
သြဂုတ်လ(၁၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 07:59 PM PDT
သြဂုတ်လ(၁၂)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃၊ အမှတ် ၃၀
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 04:05 PM PDT

ရန်ကုန်မြို့ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းက သတ္တမတန်း ကျောင်းသား ကျောင်းသူ ၅ဝကို ပါရမီဆေးရုံက နားအကြားအာရုံကို သြဂုတ်လ ၁၃ရက်နေ့မှာ အခမဲ့စမ်းသပ် စစ်ဆေး ပေးခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Aug 2013 08:23 AM PDT

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မူဆလင်အများစု နေထိုင်တဲ့ဒေသမှာ ဧပြီလက ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူ ၂ ယောက်ကို သေဒဏ်နဲ့ ကျန် ၃ ယောက်ကိုတော့ ထောင်ဒဏ် ၉ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...