Tuesday, August 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု ( ၁၃-၈)

သစ်ထူးလွင်


Posted: 12 Aug 2013 06:56 AM PDT

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့က ဒေသစံတော်ချိန် ည ၁၂ နာရီခန့် အချိန်တွင် ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ဆွဲကြိုးချသေဆုံးသူ ကရင်လူငယ်အမျိုးသား၏ အမည်မှာ ကညောစိုး(Ka Nyaw Soe) အသက် ၂၅ နှစ် (ဘ) ဦးရဲထူး (မိ) ဟာ့စ်အ်လဲအ်ပို (Hse Lae Paw)တို့၏သား ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 06:42 AM PDT

မြန်မာပြည်ရဲ့ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးရဲ့ ၀င်ရောက်စွက်မှုတွေ ရှိနေတဲ့အပြင် ဥပဒေတချို့ရဲ့ အားနည်းချက်ကြောင့် ပြည်သူတွေ နစ်နာနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်ခင်စောဝေ (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်)

Posted: 12 Aug 2013 06:34 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-9mkbd9nksb4/ugjkwt3fhri/... more info...
http://3.bp.blogspot.com/-pu7wr4vnr-c/ugjis9o0-ii/... more info...
http://2.bp.blogspot.com/-ob2hcduesaw/ugjsxw-1dui/... more info...
http://3.bp.blogspot.com/-a1vnihm5tly/ugjlt3hnfmi/... more info...
http://2.bp.blogspot.com/-cmwcpunpdhi/ugi9ddvk3ji/... more info...
http://3.bp.blogspot.com/-el-nvwwajku/ugixppxslri/... more info...
http://3.bp.blogspot.com/-c38numbzfmy/ugiup2amati/... more info...

မိုးအများဆုံး ရွာသွန်းခဲ့သည့် ဇူလိုင်လမှစ၍ မြင့်တက်လာသော ဧရာဝတီမြစ်ရေသည် ထပ်မံမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒရုံးမှ ဦးစီးအရာရှိက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Aug 2013 06:28 AM PDT
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား သဘောထားကွဲလွဲနေတဲ့ သတင်းမီဒီယာဥပဒေကြမ်း  ပြဿနာကို ပြေလည်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးတဲ့နည်းနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ၀န်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီကို ရေးဆွဲစေခဲ့လို့ ရေးဆွဲတင်ပြခဲ့တဲ့  မီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်နဲ့ ပတ်သက်ပြီး နှစ်ဘက်သဘောထားကွဲလွဲရာကနေ ညှိနှိုင်းလို့မရ ဖြစ်နေခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Aug 2013 05:18 AM PDT

ကျောက်စိမ်း၊ ကျောက်မျက် ရောင်းချသည့်ဆိုင် များအနက် ရာခိုင်နှုန်း ၂ဝမှာ အတုများ ရောနှောရောင်းချနေ သောကြောင့် ယင်းတို့အားဖော် ထုတ် အရေးယူ ဆောင်ရွက်ရန် စီစဉ်နေကြောင်း ကျောက်မျက် လုပ်ငန်း ရှင်များ အသင်းမှ အ တွင်းရေးမှူး(၁) ဦးကျော်ဌေးက ထုတ်ဖော်ပြောကြား လိုက်သည်။ ကျောက်စိမ်း၊ ကျောက်မျက် အတုရောင်းချသည့်ဆိုင် တချို့ကိုဖော်ထုတ်အရေးယူရာတွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 04:48 AM PDT

ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကပိုကျေးရွာနှင့် ဒဟတ်တောကျေးရွာရှိ လယ်သမားများက ဆန္ဒဖော်ထုတ်ခွင့် ပြုရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့သို့ တင်ပြလျှောက်ထား ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပယ်ချခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး တောင်သူ လယ်သမားနှင့် ရေလုပ်သား တိုးတက်ဖွံ့ဖြိုးရေး သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 04:09 AM PDT

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့တိုက်ခတ်ခဲ့တဲ့ အူးတောရ် Utor တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၃ ဦး ပျောက်ဆုံးနေတယ်လို့ သတင်းဌာနတွေက လောလောဆယ် ထုတ်ပြန်ထားပါတယ်။ ပျောက်ဆုံး နေသူအားလုံးဟာ Utor မုန်တိုင်း ချဉ်းကပ်လာခဲ့တဲ့ အဓိက ကျွန်းမကြီး လူဇွန်ကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေဘက်က ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေသူကြသူတွေလို့ အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ - အေအက်ဖ်ပီ

Posted: 12 Aug 2013 03:54 AM PDT

အာဆီယံ ပြတင်းပေါက် စနစ်ကျင့်သုံးရေး အတွက် e-government လုပ် ငန်း အကောင်အထည်ဖော်မှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်သည်။ အဆိုပါ စနစ်အကောင်အ ထည်ဖော်နိုင်ရန်အတွက် ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာ ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဌာနအားလုံး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Aug 2013 03:47 AM PDT

ပြည်တွင်းမှာ ဖြစ်ပွားတဲ့ အစာ အဆိပ်သင့်မှု များဟာ ဓါတုပိုးသတ် ဆေးများ အသုံးပြု စိုက်ပျိုး ထားတဲ့ အစားအစာ များကို စားသုံးမိတဲ့ အတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ စားသုံးသူ ပြည်သူများ ပိုးသတ်ဆေးနဲ့ ဓါတုအဆိပ်သင့် အန္တရာယ် ကင်းရှင်းတဲ့ အစား အသောက်နဲ့ လူသုံးကုန် ပစ္စည်းများ စားသုံးနိုင်ရေး အတွက် ဓါတုဆေးဝါးလွတ် ဆိုင်ဖွင့်ပွဲ မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 03:04 AM PDT

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့  ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တားနာကို   ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာ ကင်တားနားဟာ  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို ဒီနေ့ သွားရောက်ပြီး ပဋိပက္ခဘေး ဒုက္ခသည်တွေရဲ့ အခြေအနေကို သွားရောက်လေ့လာတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မစ္စတာ ကင်တားနား

Posted: 12 Aug 2013 03:01 AM PDT

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် လူ ၁ ဦး ရေထဲမျှောပါသွားပြီး လယ်ယာမြေနဲ့ အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။ ကျိုင်းတုံမြို့နယ်ထဲက နမ့်လပ်၊ နမ့်ခွန်၊ နမ့်ဖူး စတဲ့ ချောင်းတွေ ရေလျှံကျပြီး အနီးနား ပတ်ဝန်းကျင်တ၀ိုက်က  ကတ်ထိုက်၊ ၀မ်ဆောင်းကျေးရွာအုပ်စု ၂ ခုနဲ့ လယ်ယာစိုက်ပျိုးခင်းတွေပါ ရေ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:58 AM PDT

မြန်မာနိုင်ငံမှာ ဟန်းဖုန်းလို့ ခေါ်ကြသည့် မိုဘိုင်းတယ်လီ ဖုန်းတွေ ပေါ်လာသည့် အခါ ဈေးကြီး ပေးပြီး ၀ယ်သုံးနိုင် သူတွေ ဂုဏ်တက်ကြသည်။ ရင်ကော့ကြသည်။ လူပုံအလယ်မှာ ဟန်းဖုန်းပြောရတာ အရမ်းဂုဏ်တက်သည်။ အရသာရှိသည်။ လူသူမမြင်ကွယ်ရာ အိမ်ထဲမှာ ဟန်းဖုန်းမပြောဘဲ လမ်းပေါ်တက်ပြီး စကားပြောပြသည်။ ဟန်းဖုန်းကိုင်နိုင်တာ၊ သုံးနိုင်တာကို ပတ်ဝန်းကျင်ကမြင်ပြီး အထင်ကြီးခံချင်လို့ လူမြင်ကွင်းကိုထွက်ပြီး ဟန်းဖုန်းပြောသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:53 AM PDT

ဆီးရီးယား ပဋိပက္ခတွင်း ပိတ်မိနေသော ကာ့ဒ် လူမျိုးများကို ကာကွယ်နိုင်ရန် ဝင်ရောက် စွက်ဖက်မည် ဟု အီရတ် ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ မာဆွတ် ဘာဇာနီက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။ ကာ့ဒ် လူမျိုးများ အကြမ်းဖက်ဝါဒနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှု ကြုံတွေ့နေရပါက ၎င်းတို့ကို ကာကွယ်ပေးနိုင်ရန် အီရတ် ကာ့ဒစ္စတန် က ပြင်ဆင်သွားမည်ဟု မာဆွတ်ဘာဇာနီက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:51 AM PDT

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရ တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင် သူပုန်များ ကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ဒေသခံ ၂၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေးနေရကြောင်း အစိုးရ အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။ ဒေသခံ မိသားစုများက အဝတ်အစားများ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များကို ယူဆောင်ပြီး မင်ဒါနာအို ကျွန်းပေါ်ရှိ နလာပန်ရွာ သို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:43 AM PDT

မျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ေ...ဖ်ာပြော ကြားလိုက်သည်။ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:32 AM PDT

နှစ်စဉ်အာဆီယံနိုင်ငံများက ထင်ရှား ကျော်ကြားသော စာရေး ဆရာများကို ဆုများ ပေးအပ်ချီးမြှင့် လျှက်ရှိရာတွင် ယခုလာမည့် ၂၀၁၃ ခုနှစ် ထင်ရှား ကျော်ကြားသော ကဗျာဆရာဆုကို မြန်မာနိုင်ငံ စာရေးဆရာ အသင်း(ဗဟို)၏ ရွေးချယ်မှုနှင့် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ကဗျာဆရာ အဖြစ် စာရေးဆရာ ကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း) က ရရှိခဲ့ကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:24 AM PDT

ထိုင်းနိုင်ငံတွင် ပါလီမန် လွှတ်တော်တွင်း အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူ အင်အားစုများ အကြား ထိပ်တိုက်တွေ့မှုနှင့် လမ်းမပေါ် ဆန္ဒပြမှုများကြောင့် ဖြစ်သော နိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက အထူးပင် စိုးရိမ်လျက် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:21 AM PDT

သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတ ဦးသိန်းစိန်က ကျန်ရှိနေသေးသည့် သူ့အစိုးရသက်တမ်း လ ၃၀ အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းငန်းများ လုပ်ဆောင်ရန် လမ်းပြမြေပုံအဖြစ် အချက် ၇ ချက်ကို လမ်းညွှန်လိုက်ပြီး ထို လမ်းညွှန်ချက်များကို သြဂုတ်လ ၁၂ ရက် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 02:17 AM PDT

ဘာသာရေးနဲ့နွယ်တဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် ဒုက္ခဆင်းရဲကြုံနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေ ကို စိတ်ပိုင်းရုပ်ပိုင်းအရ အားပေးကူညီပြီး... တပြိုင်နက် မှာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးတစ်မျိုး အဖြစ် တောင်းဆိုချက်တွေကို နောက်ဆုတ် လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပြဿနာတွေ အေးငြိမ်း သွားနိုင်ပါတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဒီကနေ့ တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 01:55 AM PDT

သြဂုတ်လ(၁၂) ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 01:52 AM PDT
Posted: 12 Aug 2013 01:49 AM PDT
သြဂုတ်လ(၁၁) ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 01:41 AM PDT

အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ကာ ကွယ် စောင့်ရှောက်ရေး ကော်မရှင် မှ ကွင်းဆင်းလေ့လာတွေ့ရှိချက် အရ နှစ်ဖက်စလုံးတွင် ကျိုးကြောင်း ဆီလျော်သော တောင်းဆိုချက် များရှိဟု ကော်မရှင်က ပြောကြား လိုက်သည်။ အဆိုပါ လေ့လာတွေ့ရှိချက် များနှင့်ပတ်သက်၍ ကွင်းဆင်း ဆောင်ရွက်သူများက တွေ့ရှိချက် များကို ရေးချခြင်း၊ ဝေဖန်သုံးသပ် ခြင်းများ ပြုလုပ်ပြီးနောက်  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Aug 2013 01:36 AM PDT

အများသုံး ဘိုထိုင်အိမ်သာများ သုံးရာတွင် ကျန်းမာရေး သတိပေါ့ဆ မှုကြောင့် ကူးစက်မြန် ရောဂါများဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရော ဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ များ ကူးစက်မှု လွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။ ယင်းကဲ့သို့ ဘိုထိုင်အိမ်သာ များ မသန့်ရှင်းခြင်းအားဖြင့် ကူး စက်ရောဂါများဖြစ်သော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Aug 2013 01:14 AM PDT

စစ်သားတစ်ဦး ၀န်ထမ်းအိမ်ရာရှိ အခန်းအတွင်း၌ပင် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု သြ ဂုတ် ၁၀ ရက်က မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ သေဆုံးသူသည် အသက် ၂၇ နှစ် အရွယ် တပ်ကြပ်ကျော်စွာသိန်းဖြစ်ပြီး အမှတ်-၂ တပ်မတော်စစ်ဘက် ရေးရာ လုံခြုံရေးအကူတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်း ရဲစခန်းက အတည်ပြုထုတ်ပြန် ထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...