Unless သုံးနည်း
Myint Myint Thein shared Spring Flowers's photo.
unless ဆိုတာ '' မ.......ရင် '' လို့ အဓိပ္ပါယ်ရတယ် ။ မရှိရင် ၊ မသွားရင် ၊ မလုပ်ရင် စသည်ဖြင့် ။
*** အငြင်း ( not ) ဆိုတာ ထည့်ဖို့ မလိုဘဲ အငြင်းအဓိပ္ပါယ်ဆောင်နေတဲ့ စကားလုံးပါ ။ ဥပမာကို ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ် ။
Unless it is free, I won't go. အလကားမဟုတ်ရင် ငါမသွားဘူး ။
If it isn't free, I won't go. ဆိုတာနဲ့ အတူတူပါဘဲ ။
အောက်မှာ အဓိပ္ပါယ်တူ ၀ါကျနှစ်ကြောင်းစီ ပေးလိုက်မယ် ။ နှိုင်းယှဉ်ကြည့်လိုက်ပါနော် ။
I'll walk to town unless it rains. မိုးမရွာရင် ငါမြို့ကို လမ်းလျှောက်ပြီးသွားမယ် ။
If it doesn't rain, I'll walk to town.
Unless we leave now, we’ll be late. ငါတို့ အခု မထွက်ခွာရင် နောက်ကျလိမ့်မယ် ။
If we don't leave now, we'll be late.
***ထပ်ပြီး ပြောပါရစေ ....unless နောက်က ၀ါကျဟာ not မပါပေမယ့် အငြင်းအဓိပ္ပါယ် ပါပြီးသားဆိုတာ မမေ့ပါရန် ။
You can't enter unless you have a ticket. မင်းမှာ လက်မှတ် မပါရင် ၀င်လို့မ၇ဘူး ။
ှုIf you do not have a ticket , you can't enter.
I’ll be at your place at 9.00, unless the bus is late.ကားနောက်မကျရင် မင်းဆီကို ငါ ကိုးနာရီမှာ ရောက်မယ် ။
If the bus is not late, I'll be at your place at 9.00 .
You won't get the job unless you prepare for the interview. အင်တာဗျူးအတွက် ပြင်ဆင်မထားရင် မင်းအလုပ်ရမှာ မဟုတ်ဘူး ။
If you do not prepare for the interview, you won't get the job.
Don't do it unless he tells you to. သူမင်းကို မပြောဘဲနဲ့တော့ မလုပ်ပါနဲ့ ။
If he doesn't tell you , don't do it.
I can’t help you unless you tell me what’s wrong. ဘာမှားနေလဲ ဘာအဆင်မပြေဘူးလည်းဆိုတာ မင်း ငါ့ကို မပြောဘဲနဲ့တော့ ငါ မကူညီနိုင်ဘူး ။
If you do not tell me what's wrong, I can't help you.
Unless you come now, I’m going to leave without you.
မင်းအခု မလာရင်တော့ မင်းမပါဘဲ သွားတော့မယ် ။
I am going to leave without you if you don't come now.
ကဲ....အောက်ပါ စာလေး ငါးကြောင်းကို ဘာသာပြန်ပြပါလား ။ ဒါမှမဟုတ်လည်း if နဲ့ ပြန်ရေးပြပါလား ။ အားလုံး မှန်ရင် ဆုပေးပါ့မယ် .......ခိခိ
( ဆု = facebook အလကားသုံးသွားရန် :)
I will not go unless you dress properly.
She will fail the exam unless she studies.
I won't go unless the weather improves.
I won't tell you my secret unless you promise me to keep it.
I won't be able to do it unless you help me.
0 comments:
Post a Comment