Monday, February 4, 2013

“ ဆံစ မှ ခြေဖျားထိ ဝေါဟာရများ အပိုင်း-၁ (Hair) ”



အင်္ဂလိပ်ဘာသာစကားကို လေ့လာလိုသူများအတွက် အင်္ဂလိပ်ဘာသာစကား လေ့လာနည်း လမ်းညွန်များကို Listening (နားထောင်)၊ Speaking (ပြော)၊ Reading (ဖတ်)၊ Writing (ရေး) စသည့်ကို အစဉ်လိုက် ရေးသားခဲ့ပြီး ဖြစ်ပါသည်။ “အင်္ဂလိပ်ဘာသာစကားကို ချဉ်းကပ်ခြင်း” ဆောင်းပါးတွင် ပြောခဲ့ သည့်အတိုင်း အဆိုပါ စွမ်းရည် ၄ ရပ် (4 Skills) လုံးကို တိုးတက်စေရန်အတွက် စကားလုံး (Word) တနည်းအားဖြင့် Vocabulary (ဝေါဟာရ)များ ကြွယ်ဝရန် လိုအပ်ပါသည်။ လူတစ်ယောက်၏ ဗဟုသုတကို ဝေါဟာရ ကြွယ်ဝမှုနှင့် တိုင်းတာနိုင်ပါသည်။ ဝေါဟာရများများ အသင့်ရှိထားသူသည် သူတစ်ပါးပြောစကား၊ ရေးသားထားသည့် မည်သည့်အကြောင်းအရာကိုမဆို လွယ်လွယ်ကူကူ နားလည်နိုင်သလို မိမိပြောလိုသော အကြောင်းအရာများကိုလည်း တစ်ဖက်သားနားလည်စေ ရန် ဝေဝေဆာဆာ ပြောပြ၊ ရေးသားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို လေ့လာသူများအနေဖြင့် မိမိ၏ အနီးစပ်ဆုံးရှိနေသည့် ခန္ဓာကိုယ်မှ ဝေါဟာရ အသုံးအနှုန်းများကို ခေါင်းစဉ်တွင် ဖော်ပြထားသည့်အတိုင်း ဆံစ မှသည် ဖြေဖျားအထိ အစဉ်လိုက် အပတ်စဉ် ရေးသားသွားပါမည်။

ယခုတစ်ပတ်တွင် ဆံပင်နှင့် ပတ်သက်သော အသုံးအနှုန်းများကို စတင်ကာ တင်ပြပါမည်။ 

ဆံပင်အရောင်များ
black hair(အနက်ရောင်)
brown hair(အညိုရောင်)
blond hair (ရွေရောင်ဖျော့) စသည်ဖြင့်သုံးနိုင်ပါသည်။ 

ဆံပင်ကို ပုံသဏ္ဍန်များ
curly hair (အလိပ်၊ အခွေပုံလို့ ပြောရင် သင့်တော်မယ်ထင်ပါတယ်)၊ 
wavy hair (လှိုင်းတွန့်ပုံ)၊ 
straight hair (အဖြောင့်) စသည်တို့ကို သုံးနိုင်ပါသည်။ 

Hair ကို ဆံပင် အပြင် အမွေး၊ အမှင် ဟုလည်းသုံးနိုင်ပါသည်။ 
ဥပမာ - body hair = ခန္ဓာကိုယ်ရှိအမွေး၊ 
facial hair = မျက်နှာပြင်ပေါ်ရှိအမွေး၊ 
pubic hair = မမြင်အပ်သောနေရာတွင်ရှိသောအမွေး(နားလည်မည်ဟုထင်ပါသည်။) 
horse hair = မြင်းအမြီးမွေး၊ လည်ဆံမွေး

Hair နှင့်ပတ်သက်သော အသုံးအနှုန်းများ
get in someone's hair - (informal) to annoy someone by always being near them, asking them questions, etc. (ခြေရှုပ်သည်။ ရှုပ်သည် ဟုအဓိပ္ပာယ်ရပါသည်။)
e.g. My roommate has been getting in my hair a bit recently.
(အခုတစ်လော ကျွန်တော့် အခန်းဖော်က လာရှုပ်နေသည်။)

a hair's breadth - a very small amount or margin: you escaped death by a hair’s breadth (အလွန်တိုတောင်းသောကာလကိုဆိုလိုပါသည်။)
e.g. She came within a hair's breadth of losing her life (= She nearly died) .
(ဘဝ၏နောက်ဆုံးနေဝင်ချိန်ကို ရောက်ခဲ့ပါပြီ)

keep your hair on – (informal) said to tell someone to stop being so angry or upset (စိတ်မဆိုးပါနှင့်၊ စိတ်အေးအေးထားပါ)
e.g. Keep your hair on! Your car isn't badly damaged!

make sb's hair stand on end – (informal) to make someone very frightened (တစ်စုံတစ်ယေက်ကို ကြောက်လန့်စေသည်။)
e.g. To be honest, the thought of jumping out of a moving airplane makes my hair stand on end. (ရိုးရိုးသားသားပြောရရင် ပျံသန်းနေတဲ့ လေယာဉ်ပေါ်က ခုန်ချလိုက်ရင်ဆိုတဲ့အတွေးဟာ ကျွန်တော့်ကို ကြောက်လန့်သွားစေသည်။)

the hair of the dog (that bit you) – (informal) alcohol that you drink in order to make you feel better when you have drunk too much alcohol the night before
(အမူးပြေအောင်မျက်နှာသစ်သည့် အရက်၊ လွယ်လွယ်ကူကူပြောရလျှင် မနက်ခေါင်းကိုက်ချိန်တွင် ဖြေသည်ကို ဆိုလိုပါသည်။)

let your hair down – (informal) to relax and enjoy yourself, especially in a lively wayIt's about time you let your hair down and had some fun (စိတ်လွတ်ကိုယ်လွတ်နေသည်)
e.g She certainly let hair down at the office party!

not have a hair out of place – (of a person) to look extremely clean and neat
e.g She was immaculate as ever, not a hair out of place. (သူမသည် အမြဲတမ်း သပ်ရပ်သန့်ရှင်းနေသည်)

not see hide nor hair of someone/something – (informal) not to see someone or something for some time (တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို မတွေ့ရသည့် အချိန်ကာလ ဖြစ်ပါသည်။)
e.g. I haven't seen hide nor hair of her for a month. (သူမကို မတွေ့ရသည်မှာ တစ်လလောက်ရှိပြီ။)

not turn a hair – to show no emotion when something surprising, shocking, etc. happens (မတုန်မလှုပ်)
She listened to his confession without turning a hair. (သူ၏ ဖွင့်ဟဝန်ခံချက်ကို သူမက မတုန်မလှုပ် နားထောင်ခဲ့ပါသည်။)

not harm/touch a hair on someone's head – to not hurt someone physically in any way (မှဲ့တစ်ပေါက်မစွန်းစေရ)

split hairs – to pay too much attention in an argument to differences that are very small and not important (ရေးကြီးခွင်ကျယ်လုပ်သည်၊ မလိုအပ်သည်ကို အသေးစိတ်လုပ်သည်)

hairbrush = ဆံပင်ဖီးရာတွင်သုံးသည့် ဝက်မှင်ဘီး
hairdo = အမျိုးသမီးများဆံပင်ပုံစံ (e.g. She has a new hairdo every month.)
hairdresser = အမျိုးသမီးများကိုဆံပင်ညပ်သူ ( အမျိုးသားများကို ဆံပင်ညပ်သူမှာ barber ဖြစ်သည်)
hairgrip = ဆံညပ်
hairline = ဆံစ၊ ဆံစပ်။ 
hairnet = ဆံထုံးအုပ်
hairpiece = ဆံစု၊ ဆံတု။
hairpin = ဆံထိုး
hairspray = ဆံပင်ပုံသွင်း ရာတွင် ဖျန်းသော ဆေးရည်
hairstyle = ဆံပင်ပုံစံ
hairdryer = ဆံပင် အခြောက်ခံသည့် ကိရိယာ
haricut = ဆံပင်ညပ်ခြင်း၊ ဆံပင်ကေ (e.g. That’s a nice hair cut.)
ဆံပင်ညပ်သည်ဟု သုံးလိုလျှင် have + obj + V3 ပုံစံနှင့်တွဲသုံးရပါသည်။ 
ဥပမာ- ကျွန်တော်ဆံပင်ညပ်ချင်သည် - I want to have my hair cut. ဟုရေးပါသည်။ (ကိုယ်ကိုတိုင်လုပ်ရန် အဆင်မပြေဘဲ သူတစ်ပါးက ပြုလုပ်ပေးရသော ကိစ္စများကို have + Obj + V3 ပုံစံဖြင့် သုံးနိုင်ပါသည်။)

အင်္ဂလိပ်စကားပြောရာတွင် စကားလုံးကြွယ်ဝစေရန် ရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။

အောင်ကိုဦး(UMK)

Phone: (95) 9 421752568

Read more: “ ဆံစ မှ ခြေဖျားထိ ဝေါဟာရများ အပိုင်း-၁ (Hair) ” - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A797801&xgs=1&xg_source=msg_share_topic#ixzz2JuFWrw8u

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...