Tuesday, February 5, 2013

Female Masturbation အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား

by ဘဘကြီး ဘဘလတ် on Monday, February 4, 2013 at 9:35pm ·

ကျမ အသက်က ၃၂ နှစ်ရှိပါပြီ။ အပျိုပါရှင့်။ (့) မြို့မှာနေပါတယ်။ ကျမမှာ မကောင်းတဲ့ အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ အမှန်ဆိုရင်တော့ အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင် အရမ်းနာပါတယ်။ ဆိုင်ကယ်စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ အခုနောက်ပိုင်း လိင်ဆက်ဆံချင်တဲ့စိတ်ဖြစ်ရင် ကြောက်လို့ မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။ အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ လိင်ဆက်ဆံချင်တဲ့ စိတ်က ခဏခဏ ဖြစ်တာလည်း ရောဂါလားရှင့်။
နောက်ပြီး ကျမ အိမ်ထောင် ကျခဲ့ရင်ကော ကျမအဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာကို ပြောပြရမှာ လားရှင့်။ ကျမလက်ထပ်ပြီးရင် ကလေးရနိုင်တာတွေအတွက် ဘေးထွက်-ဆိုးကျိုးတွေများ ရှိမလားရှင့်၊ ဖြေကြားပေးအုံးပါရှင့်။

(၁) ကလေးရစေဘို့ အခွင့်အလမ်း ပိုတောင်မှ ရှိနိုင်တယ်လို့ ဆိုပါတယ်။ စိုးရိမ်စရာမရှိပါ။ ဖြေဖျောက်ရုံတင် မဟုတ်ဘဲ Orgasm လိင်စိတ် ပြည့်ဝသွားရင်ကို ပြောတာပါ။

(၂) အိမ်ထောင်ကျရင် ဖွင့်ပြော-မပြောဆိုတာ ပြောရင် ဘာအကျိုးရှိမလဲ။ ကိုယ့်ရိုးသားမှုကိုတော့ ထုတ်ပြောရာကျမှာပေါ့။ ဒါပေမဲ့ နှစ်ဦးသား ဆက်ဆံရေးအပေါ် မူတည်မယ်။ ချက်ချင်း မပြောသေးတာ ပညာရှိဆန်မယ်။ ငြင်းတာ-လိမ်တာလဲ မဟုတ်ဘူး။ ဒီခေတ်က အိမ်ထောင် မကျခင် အပျိုမစစ်၊ လူပျို မစစ်တာတွေ သိပ်တွေ့နေရတဲ့ခေတ် ဖြစ်တယ်။ အပျိုမစစ်တဲ့ဇနီး၊ ကူးစက်ရောဂါရှိတဲ့ယောက်ျားတွေကသာ အားနည်းချက်ကြီးဖြစ်နိုင်တယ်။ ကိုယ်နဲ့ယူမဲ့သူဟာ လိင်-ကျန်းမာရေးကို ဘယ်လို-ဘယ်လောက် သိသလဲ၊ အလေးအနက်ထားသလဲ ဆိုတာလဲ လိုသေးပြန်တယ်။ ဆရာ့စာမျိုးတွေ ဖတ်သူမျိုးဆိုရင် တန်ဘိုးထားမှုကို ကျန်းမာရေးအသိနဲ့ ကောင်းကောင်းဆုံးဖြတ်နိုင်မှာပါ။ နောင်ဆိုရင် နှစ်ဦးသား လိင်ဆက်ဆံရေး သိပ်ကောင်းကြမယ်လို့ မှန်းကြည့်မိပါတယ်။

Sat, Feb 11, 2012 at 7:44 PM
ကျမ နောက်ထပ် သိချင်တာလေးရှိလို့ ထပ်မေးပါရစေ။ ကျမ Masturbation လုပ်တယ်လို့ ဆရာ့ကို ပြောဖူးတယ်နော်။ အဲဒါ ကျမ အဲလိုလုပ်တာ အိမ်ထောင်ကျရင် ကလေးယူဖို့တွေမှာ အခက်ခဲဖြစ်စေမလား သိပါရစေရှင့်။ ကလေးကော ရနိုင်ပါ့မလား။ နောက်ပြီး ကျမက ခရစ်ယာန် ဗမာအမျိုးသမီးတယောက်ပါ။ အဲလိုလုပ်တာ Sins ဖြစ်လားမသိဘူးနော်။

(၁) Masturbation လုပ်ဘူးတဲ့ ယောက်ျားဘဲဖြစ်ဖြစ် မိန်းဘဲဖြစ်ဖြစ် အိမ်ထောင်ကျရင် ကလေးရမယ်-မရဘူးဆိုတာနဲ့ မသက်ဆိုင်ပါ။ ကိုယ်ဝန်မရသေးတာအတွက် ကလေးကို ထိခိုက်မယ်ဆိုတာ ဘယ်လိုမှ ကြိုပြောမရသေးပါ။ ကလေး မရစေတဲ့ အကြောင်းထဲမှာလဲ (မာစတာဘေးရှင်း) ကို ရေးထားတာ မတွေ့ဘူးသေးပါ။ ဆေးပညာအရ ကြည့်ရရင် ဘယ်လိုနည်းနဲ့ (မာစတာဘေးရှင်း) လုပ်သလဲ သိဘို့လိုလာတယ်။ ရောဂါပိုးဝင်ဘူးသလား။ ပိုးဝင်တာက ခဏခဏ ဖြစ်သလား။ ဖြစ်ဘူးသူမှာ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ရာကနေ သားအိမ်ပြွန် ကျဉ်း-ပိတ်ရင်တော့ ကလေးမရတာ ဖြစ်စေနိုင်တယ်။ ဒီတချက်ဘဲ တွေ့တယ်။ (မာစတာဘေးရှင်း) ကြောင့်ပိုးဝင်တာလဲ အင်တန်ဖြစ်ခဲလွန်းပါတယ်။

(၂) မေးခွန်းထဲက Sin အကုသိုလ် ဟုတ်-မဟုတ်ကို ဆရာဝန်ဟာ ဘယ်ဘာသာဝင် ဖြစ်နေနေ သူကနေဖြေတာ သဘာဝမကျပါ။ ဆရာဝန်ရဲ့ အလုပ်မဟုတ်လို့ပါ။ မေးလာတော့ လေ့လာကြည့်ပါတယ်။ အဖြေတွေ မတူကြတာ တွေ့ရတယ်။ (ရက်စ်) လဲပါတယ်။ (နိုး) လဲပါတယ်။ (ခရစ်ယမ်) ဘာသာဝင်တွေချင်း ရေးတာတွေထဲက အကောင်းဆုံးလို့ သူတို့ကနေ သတ်မှတ်တာတခုကို ထုတ်နုတ် ရေးပါမယ်။

“Bible ထဲမှာ ဒီအချက်ကို အသေအခြာဆွေးနွေးမထားပါ။ Masturbation is not specifically declared to be sinful လို့ ဆိုတာတွေ့ပါတယ်။ တချိန်ထဲမှာ God ကနေ ပြောမထားတာတခုကို အကုသိုလ် ဟုတ်တယ်၊ အကုသိုလ် မဟုတ်ဘူး ပြောကြတယ်ဆိုတာ အတော်ကြီး သတိထားသင့်ကြတယ်။ ကျမ်းစာမှာပါတဲ့ မူတွေကို အခြေခံပြီး စဉ်းစားသင့်တယ်လို့လဲ ရေးကြတယ်။”

“Sex ကို ဘုရားသခင်ကနေ ဖန်ဆင်းတော်မူတယ်။ Procreative purposes မျိုးပွါးမှု-ရည်ရွယ်ချက်၊ Physical enjoyment ရုပ်ပိုင်းဆိုင်ရာ ယာယာမှု၊ Intimacy between a husband and a wife ဇနီး-ခင်ပွန်း ရင်းနှီးခြင်း ဆိုတဲ့ ရည်ရွယ်ချက်တွေ အတွက် ဖြစ်တယ်။ ဒါကြောင့် Sexual act လင်နဲ့မယား လိင်ဆက်ဆံခြင်းဟာ သန့်စင်တယ်။ Masturbation ဟာ ကိုယ်တိုင် နှိုးဆွပေးမှု ဖြစ်လို့ မတူဘူး။ ဒါပေမဲ့ (ဆင်န်) လို့ (ဘိုင်ဘယ်လ်) မှာ မပါတာမို့ မယူဆသင့်ဘူးလို့လဲ ရေးကြတယ်။”

“Principle of purity ဆိုတာကတော့ သန့်စင်ခြင်း အခြေခံမူအရ စဉ်းစားရတော့မယ်။ (မာစတာဘေးရှင်း) လုပ်ရာမှာ Sexual fantasies နဲ့ Pornography ပါနေရင် မသန့်စင်ဘူး။”

Jesus ကပြောတာက “You shall not commit adultery” ဖေါက်ပြန်မှု မပြုရဘူး။
Matt 5:28-29 (NIV) [Jesus:] “But I tell you that anyone who looks at a woman lustfully has already committed adultery with her in his heart.” မိန်းမတယောက်ကို ရာဂစိတ်နဲ့ ကြည့်ခြင်းဟာ ဖေါက်ပြန်တာဘဲ။ ဒါကြောင့် (မာစတာဘေးရှင်း) လုပ်ရာမှာ ကိုယ့်တရားဝင် ယူထားသူကို စိတ်ထဲမှာမထားဘဲ လုပ်တာဟာ (ဆင်န်) ဖြစ်နိုင်တယ်။” (မှတ်ချက်။ ဘုရာသခင်က ဒီနေရာမှာ ယောက်ျားတွေအတွက်သာ တားမြစ်တော်မူတယ်။)

“တခါသတိထားဘို့ ရှိပြန်လာတယ်။ (ဘိုင်ဘယ်လ်) မှာ ဒါကိုထည့်ရေးမထားပြန်လို့ ကျွန်တော်တို့ကနေ (ဆင်န်) ပါလို့ ပြောတာ မှန်ပါ့မလား။”
1Cor 4:6 (Wey) .. in order to teach you by our example what those words mean, which say, "Nothing beyond what is written!"...

ဒီအပြောကို ပြန်ငြင်တာက “Fornication ကိုယ်တရားဝင် ယူထားတာ မဟုတ်သူနဲ့ မဖေါက်ပြားမိအောင် (မာစတာဘိတ်) လုပ်ရတယ်ဆိုရင် ဖေါက်ပြားတာကသာ (ဆင်န်) ဖြစ်ပြီး၊ (မာစတာဘေးရှင်း) က ပိုသင့်တော်မယ်။ ဥပမာ ခရစ်ယမ်မှာဘဲ အရက်-(ဝိုင်) သောက်တာကို အတိုင်းအတာနဲ့ လက်ခံနေကြ သလိုမျိုး လို့ဖြစ်တယ်။”

ဒါကြောင့် “ဒါဆိုရင် (မာစတာဘေးရှင်း) လုပ်ပါလို့ ပြောမလား။ (ဘိုင်ဘယ်လ်) မှာ လုပ်ပါလို့လဲ မပါသလို မလုပ်ပါနဲ့လို့လဲ ရေးမထားပါ။”

Dr. တင့်ဆွေ
၁၂-၂-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...