Wednesday, February 6, 2013

ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံဆက်ဆံခြင်း

မြစ်သာမြို့နယ်  ကံစွယ်လေးအုပ်စု  ပဲခင်းကြီးတွင်  ဦးအောင်ဆန်းသည်  ဦးဆန်းဦးကို တုတ်ဖြင့် ရိုက်ပြီးပထမရန်ပြုပြီး ထပ်မံ၍ ဦးဆန်းဦးအား တောကိုလိုက်၍  ဦးဆန်းဦးအား ဓားဖြင့် လည်ပင်ကို ခုတ်ရာတွင်  ဦးဆန်းဦးမှ  ရှောင်လိုက်ရာတွင် မျက်စိအောက်ပါးပြင်ကိုထိခိုက်ပြီး နောက်ထပ်ခုတ်ရာတွင် လက်ဖြင့်ဖမ်းလိုက်သဖြင့် လက်တွေပြဲသွားကာ ရခိုင်ကြီးဆေးခန်းသို့တင်ပို့ခဲ့ရသည်။ ကြိုတင်ကြံစည်မှူတစ်ခုလိုလဲ ပြောလိုရပါတယ်။ ခိုင်ကြီးရဲစခန်းသို့ တိုင်ကြားရာတွင် ပုဒ်မ ၃၂၆  ဖြင့် တိုင်းကြားရာတွင် ရခိုင်ကြီးရဲစခန်းမှ ဦးဆန်းဦးအား မသေမချင်ဓားဖြင့်ခုတ်မှု့ပုဒ်မကို ပုဒ်မ ၃၂၄ သို့ ပြောင်းလဲပစ်တယ်ဗျာ။ ဒီအချက်ကို ကြည်ခြင်းဖြင့် ရခိုင်ကြီးရဲစခန်းရဲ့ လာဘ်စားမှူက ပေါ်လွင်နေ ပါတယ်ခင်ဗျာ။ ရခိုင်ကြီးရဲစခန်းမှ ၁.၁၂.၂၀၁၂   မှ    ယနေ့ထိ တရားခံကိုဖမ်းဆီးခြင်း မရှိပါ။
တရားလို ဦးဆန်းဦး အိမ်မှာ အခုထိ ညတွေမှာ ကောင်းကောင်းမအိပ်ရပါ။ ခွေးတွေဟောင် တိုင်း ကြောက်နေရပါသည်။ ဒီဓားခုတ်မှု့ကို ရခိုင်ကြီးရဲစခန်းအနေနဲ့ လာဘ်စားမှူ့တွပြုလုပ်ပြီး အခုထိတရားခံဖမ်းဆီးခြင်း မရှိသေးပါ။ တရားလိုဘက်က တရားရုံးသို့ လွဲပြောင်းပေးဖို့တောင်းဆိုကာ ရခိုင်းကြီးရဲစခန်းမှူး ကိုခင်မောင်စိုးနှင့် အခြားရဲဝန်ထမ်းများသည် တဖက်ငွေးပေးမှူကြောင့် လွဲပြောင်းပေးခြင်းမ၇ှိဘူးဗျာ။ကံစွယ်လေး ဥက္ကဌ ကိုမောင်မောင် နဲ့ပေါင်းပြီးရခိုင်ကြီးရဲတပ်ဝင်များ လာဘ်စားမှူတွေပြုလုပ်နေပါသည်။အဲဒီမှူကို မှန်မှန်ကန်ကန်ဖြေရှင်းပေးဖို့ တောင်ဆိုတင်ပြအပ်ပါသည်။

ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့နေရသော  ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့် ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စရပ်များ အတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့် ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း သုံးသပ်အပ်ပါသည်။ ““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲ စခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ စုံစမ်းတဲ့အခါတို့မှာ ရခိုင်ကြီး ရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။ နောက် ရခိုင်ကြီ့းရဲစခန်းဝင်အနေနဲ့ ကိုယ် ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံနေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန် တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ်မရှင်း ပြရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာ လေး ပြောလိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ 

ရခိုင်ကြီးရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံတာမျိုး လုံးဝမရှိဘူး””  ရခိုင်ကြီးရဲစခန်း၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားလိုသည်။ ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာတွင် ပြေလည်စွာဆက်ဆံမှု မပြုခြင်း၊ ရခိုင်ကြီး ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများထံမှ အကြောင်းပြ ချက်အမျိုး မျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ ယင်း သို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သော ပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်းသွားနိုင်ကြောင်း ပြောကြားလိုပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...