Friday, February 1, 2013

ဆရာငှက် အလွမ်းပြေ ...


ဆရာငှက် ( ခေါ် ) ထူးအိမ်သင် သည် သောတဘုံ ဟူသော သုဂတိဘုံတစ်ခုမှာ စံနေရင်း.....သူ ကျင်လည်ပျော်မွေ့ ခဲ့ ရာ မြန်မာပြည် ဂီတလောက ကြီးဆီသို့ အလွမ်းပြေလာလည်သတတ်။
ဆရာငှက်ပြန်လာပြီ..တဲ့။ ...

RETURN OF KO HNGET ။
ကိုငှက်လို့ ပဲဆက်ရွေ့ ခေါ်မည် ငှက်
ငှက် ဘာလဲ ဘယ်လဲ..
အချစ်နှင့် သူ၏ ကိုကိုငှက်

ဆိုတဲ့ စာလုံးမည်းကြီးတွေနဲ့ ...
ကွိစိ ကွစ ဂျာနယ် များ ၊ ဗလွတ်ရွှတ်တ စာစောင်များ..၊ စုံစီနဖာ မဂဇင်း
များ တွင် မျက်နှာဖုံးတင်ကြလေပြီ။

သတင်းမုဆိုး သတင်းတံငါ သတင်းစုံထောက် သတင်းကွန်မန်ဒို
များကလည်း .. ကိုငှက်ကို သူ့ ထက်ငါ အရင် ဗျူးရရေးအတွက် တက်ညီလက်ညီချီတက်ကြပုံမှာ။

တစ်ယောက် ဖိနပ် တစ်ယောက်နင်းကာ.၊ တစ်ယောက်
မျက်စောင်းကို တစ်ယောက်က ခွက်စောင်းခုတ်ကာ၊ တစ်ယောက်နောက်စိ
တစ်ယောက်ဖိကာ............ချစ်ခင်ရင်းနှီးစွာ။

မြန်မာပြည်မှာဒါမျိုးကိစ္စဆိုလျှင် ဦးချင်သော ချန်နယ် ဆဲဗင်းက..
ကိုငှက်နဲ့ ဗျူးခွင့်ရသွားပြီး တိုက်ရိုက်ထုတ်လွှင့်လေသည်။
ကိုငှက်ကလည်း ဘော်ဒါဖြစ်သူ ဦးမြင့်မိုးအောင် မျက်နှာနဲ့  အဗျူးခံ
လေသတတ်။

" အဟမ်း..ကိုငှက်အနေနဲ့ ... မြန်မာနိုင်ငံကို ပြန်လာရတဲ့
အတွက် ရင်ထဲက ခံစားချက်လေးကို ပရိသတ်သိအောင်ပြောပြလိုက်ပါဦး' (စကားဆုံးခါနီးတွင် အသံကပိုကျယ်သွားပါသည်။ ပြောပြလိုက်ပါဦး..ဟုန်းဟုန်း။ တီဗီဘက်
ကိုလှည့်ပြီး အသားလွတ်ရီပြလိုက်သေးသည်)

မျက်နှာစပ်ဖြဲဖြဲ နှင့်သူ့ ကိုယ်သူ သိပ်ချောတယ်ထင်
နေသော အိပ်မက်ဖုန်ခါ အစီအစဉ်ရဲ့ ပလီစင်တာ မောင်ရင်က သည်လို ပဏာမ မေးခွန်းနှင့်  ဦးအောင်ဆော်ထည့်လိုက်တော့ ကိုငှက်ကြီး
မျက်မှန်ကို အသာပင့်တင်ပြီး.......

" ပျင်းလို့ လာလည်တာပါဗျာ "

" အော်.ဟုတ်ကဲ့။ ကောင်းပါပြီ။ ကိုငှက်ရဲ့  အသွေးအသားဝိညာဉ်
ထဲမှာ ကိန်းအောင်းနေတဲ့ ဂီတ သံစဉ်တွေဟာခုဆိုရင် ဖြင့်  ပေါ့နော်....
လူငယ်တွေရဲ့ ရင်တွင်းနှလုံးသားထဲမှာ ကိန်းအောင်းဝပ်စင်းခစားနေဆဲ ဖြစ်
တာကို ပေါ့နော် ဟောဟဲ......... ရေ..လေးတစ်ခွက်လောက် သောက်ပါရစေ...........ဂလု ဂလု ဂလောက်.... အင်း.......ဘယ်ရောက်တွားပါလိမ့်"

" ကိန်းအောင်း...ဘာဖြစ်တယ် ဆိုလား"

" အော်အင်း။ အဲဒီ လို ခစားနေဆဲဖြစ်တယ် ဆိုတဲ့ ကိစ္စအပေါ့် ပေါ့နော်.......ကိုငှက်အနေနဲ့ .. ဂီတအနုပညာရဲ့ ပူးကပ် စီးဝင်
နိုင်မှူသဘောတရား.. အပေါ် ဘယ်လို ဝေဖန်သုံးသပ်ချင်ပါသလဲခင်ဗျ"
( ပြီး တော့ ကင်မရာဘက်ကို လှည့်ပြီး ဘလိုင်းကြီးထပ်ပြုံးပြ)

ကိုငှက် ... မျက်မှန်ကြားမှ စီးကျလာသော ချွေးကို လက်နှင့်တစ်ချက်သပ်ပြီး.

" ခင်ဗျား ဘာမေးတာလဲဗျ။ ပြန်မေးစမ်းပါ ။ ကျနော်နားမလည်ဘူး"

" ကိုငှက် .....သီချင်းတွေ ခုထိလူငယ်တွေကြိုက်နေတုန်းပဲ
လို့ ဆိုလိုတာပါ။ ဥပမာ ... အဲ.........ဟိုဒင်း....မောင့်...............မောင့်လပြည့်ဝန်း "

ကိုငှက် စိတ်ကို အတော်ချုပ်တီးထားရသည့် အသံဖြင့်

" မောင့်လပြည့်ဝန်းက စိုင်းထီးဆိုင်သီချင်းကွ။ တယ်လေ........."

" အော် အဟီး ..........ဆောဒီးမွှားတွားလို့် ..........။ ....ထင် တော့
ထင်သားပဲ....။ အဲဒီသီချင်းက မူရင်းသီချင်းတောင် အဲလောက်ကောင်းမှာ
မဟုတ်ဘူးနော်။ စာသားတွေက........အနုပညာရဲ့ တောက်စား လှပမှု.
စီးမျော သက်ဝင် မှု ....မှု..."

" မောင့်လပြည့်ဝန်းက ကိုယ်ပိုင်သံစဉ်သီချင်းဟ လဒူရ......။ စောက်စကားတွေမိုးလောက်လျှောက်ပြောပြီး စောက်ပဲတွေ
တများများနဲ့  ..စောက်ဗဟုသုတလည်းမရှိဘူး။ လုပ်တာက ဂီတအစီအစဉ်
မှာ ပရီစင်တာဟုတ်လား။ သွားစမ်း။ ငါနားရင်းမအုပ်မိခင် ငါ့ရှေ့ ကထွက်သွား..။ ထွီ..သည်းခံနေတာ အကောင်းမှတ်လို့ ...."

ဒေါသထွက်လာလျှင်မည်သူ့ ကိုမျှအားမနာတတ်သော် ကိုငှက်
ထထွက်သွား သောအခါ.............သတင်းထောက်တွေလည်း တရုံးရုံး
နဲ့ နောက်က လိုက်သွားလေသည်..။ ။

(ရှည်နေလို့  နောက်နေ့ မှဆက်ရေးတော့မည်)

ကိုထူးအိမ်သင်သို့ အမှတ်တရ.......

ဆရာငှက် . ( ၂)

သည်လို နဲ့ ပြီးပါရောလားတဲ့.။

အခွေထွက်ကြမ်းလှသော ဘဘအဆိုတော်ကြီးတစ်ယောက်က
ကားအကောင်းစားကြီးစီးလာကာ ငွေထုပ်ကြီးပြပြီး..

" အတော်ဘဲ။ ကိုငှက်သီချင်းတွေကျနော် ဆိုချင်လို့ ။ ရောင်းပါလား "

" အော် အဘ က ဘယ်သူပါလိမ့်ဗျာ "

" ကျနော် အဆိုတော် မြွေခဲမှန် ပါ။ သိရဲ့  သားနဲ့ ဗျာ။ ဒီလမ်းထဲတင်
ကျနော့ ပုံကြီးနဲ့ ကြော်ငြာဘုတ်တစ်ရာ့ ရှစ်ဘုတ် ရှိတယ်။ အဟဲ ကိုးနဝင်း
ကြေအောင် ဆရာ ပထမံဘရောင်ချိန်း အခ်ါတော်ပေးတဲ့အတိုင်းလုပ်ထားတာ။ "

' အဲ အင်း..ဟုတ်ပါပြီ။ ကြားဖူးပါတယ်။ ကျနော် ဒီမှာရှိတုန်းကတောင် အဘ က ..အဲ အကိုကြီး က အခွေမထုတ်သေးဘူးနော်။ နည်းနည်းနောက်ကျတယ် "

" ဟုတ်တယ် ဟုတ်တယ် ။ အဲဒီတုန်းက ... စားလို့ ကောင်းနေတုန်း
ရှိသေးတယ်။ အဲ မှုတ်ပေါင်..... ဝမ်းစာဖြည့်တုန်း ရှိသေးတယ် ငှီး ငှီး။
ခုမှ ဝမ်းဝ လို့ ....လိုင်းပြောင်းလာတာ အဲလေ..."

" .အော် ဒီအသက်အရွယ်ထိတောင် ဝမ်းစာဖြည့်လာတာဆိုတော့ တော်
တော် ကျွမ်းနေလောက်ပြီဘဲဗျ။ လုပ်စမ်းပါဦး..။ ကျနော့ကို counter point
အကြောင်းလေးများ ထပ်ရှင်းပြပါဦး "

" ကောင်တာပွိုင့်တော့မသိဘူး ။ကြိုပွိုင့်ဆိုတာတော့ရှိတယ်။ ကန်ထရိုက်တွေ
ပိုက်ဆံကြိုယူပြီးတိုက်ခန်းဆောက်တာလေ။....အဟီး။ ..ကိုငှက်ကလည်း
နောက်နေပြန်ပြီ။ သားက ..အဲလေ ကျနော်က အခုမှ F ကော့ဒ် ကိုင်တာသင်
တုန်းရှိသေးတယ် ။ ကဲပါ။ ကျနော့  အခွေတစ်ရာမြောက် အမှတ်တရ..ကိုငှက်သီချင်းတွေချည်းချမယ်. ။ ..လုပ်ပါ ။ ကိုငှက်လည်းဝင်ဆိုဗျာ။ ကျနော်က အခွေရောင်းရတာ မရောင်းရတာ
ဂရုမစိုက်ပါဘူး။ ...ဝါသနာပါလွန်းလို့ လုပ်စားနေတာ ။ ဈေးကကိုငှက်
ကြိုက်သလောက်ပြော ။ ဗီစီဒီထဲမှာ ဘယ်မော်ဒယ်နဲ့ တွဲချင်လည်းပြော။
ဆယ်ယောက်ပြူးတွဲချင်လည်း ရတယ် "

" အောင်မာ........ ဘာကိစ္စဝင်ဆိုရမှာလည်း..။ ဆိုလည်းမဆိုဘူး။ ရောင်းလည်းမရောင်းဘူး။ ခများကြီး ပိုက်ဆံတွေ
ကျုပ်က ဘာလုပ်ရမှာလဲ။ လစ်တော့ဗျာ။ ကျုပ် စိတ်ချဉ်ပေါက်နေတာနော်။"

ဒါမျိုးတွေက တဖုံ။.

ကိုငှက် ( သို့ မဟုတ် ) သီချင်းတွေနဲ့ ပလူပျံမဲ့ည ....

ဆိုသောနာမည်ဖြင့်....ရှိုးပွဲပြန်လုပ်ရအောင်လေ...ဝက်ဝက်ကွဲ
အောင်မြင်မှာဘဲ
မျော်စင်ကျွန်းမှာ ဒိတ်သွားယူလိုက်ရမလား

..ဆိုသည့် ပရိုဂျူဆာ ကိုအိတ်ဖောင်းတွေက လည်း တကျီကျီနောက်က လိုက်နေသဖြင့်
ကိုငှက် ခမျာ အိမ်သာမျှဖြောင့်ဖြောင့်မတက်ရရှာလေ..။

" မလုပ်ဘူးကွ။ ဘာရှိုးပွဲမှမလုပ်ဘူး။ ကီးမနိုင်ဘာမနိုင်နဲ့ ကောင်မတွေကောင်ထီးတွေနဲ့ လည်း ငါတွဲမဆိုနိုင်ဘူး။
မင်းတို့ ပြန် ။ ငါ့မှာ အိမ်သာလေးတောင်မဝင်ရသေးဘူး ဝိုင်းနားပွက်နေ
ကြတယ်။ နာချင်လို့ လား"

အိမ်သာတက်ရင်း ဂျာနယ်ဖတ်တော့လည်း...

ကိုငှက် ..နှင့် ပါရာဒိုင်းအရွေ့ 
ကိုငှက် သည် ဒေါက်တာဆိတ်ဖွားများဖြစ်နေမလား.
ကိုငှက် ပြောတဲ့ လူ့ အခွင့်အရေး
အလွမ်းရဲ့ မီးလျှံများ ဆိုတာ ရှစ်ဆယ့် ရှစ် အရေးအခင်းအကြောင်း ပါ လို့ ကိုငှက်ဖွင့်ပြောပြီ..............

ကိုငှက် ဘယ်ပါတီကိုကြိုက်တယ်တဲံ့လဲ.......
ကိုငှက် သိသော အမေစု

စသည့်ခေါင်းစဉ်များဖြင့် တမျှော်တခေါ်ကြီးလုပ်စားထားကြသည်များကို
မြင်ရလေလျှင်..

" ဟ.ငါလည်း ဘာမှမပြောဘဲနဲ့ ။.အမယ် မယ်.....ငါ့ပုံတွေကပါသေး.။
ဟာ..သွားပါပြီ.....ဗိုလ်ချုပ် ရုပ်ရှင်ကားမှာငါက နောက်ခံဂီတဖန်တီးမယ် ဆိုပါလား.။ ဟင်.....သြတဏှာ တို့ .. ဘန်နီတို့ ... ဆိုခွေးတို့ က ငါ့တပည့်
တွေဆိုပါလား ဟုတ်လဲ မဟုတ်ဘဲနဲ့ ........ငါဒီကထွက်မသွားခင်တုန်းက
ဖြင့် ဂွေးတန်းလန်းနဲ့ ပတ်ပြေးနေလောက်မဲ့အရွယ်ကောင်တွေက...................ဟ ဟ.....ပဲပဲခမ်းလှိုင်က လည်း ငါ့ အသံကြီးကို ဖီးချားရင်းထားပြီး
ရက်ပ် တစ်ပုဒ်နဲ့ ဂုဏ်ပြုမယ် ဆိုပါလား.......တယ်.................................ဘာကောင်တွေ ဘာကောင်မတွေ...လဲ....။ .................တော်ပြီ............ပြန်မယ် .ပြန်မယ်..................ဒိအချိုးတွေ နဲ့ ငါ့စိတ်နဲ့ တွေ့ ရင်အကုန်မီးလောင်ကုန်လိမ့်မယ် "

This world was never meant for one as beautiful as you.

အမှတ်တရ..........ကိုထူးအိမ်သင်သို့ 

ရီစရာလေး ရေးထားတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...