ပညာပါရမိတာ

ဗုဒ္ဓ
ဟူသော စကားလုံး ၏ အနက်အဓိပ္ပာယ် မှာ ဗောဓိ (အသိဉာဏ်) ရှိသူ ဟု ဆိုလိုသည်။
ဗောဓိ၊ ဉာဏ်၊ ပညာ တို့သည် အနက် အဓိပ္ပာယ် တစ်ခုတည်း ၏ ပရိယာယ် စကားလုံးများ
ဖြစ်ကြသည်။ ခြားနားချက် မှာကား ပညာသည် ထူးခြားသော ဉာဏ် ကို ခေါ်၏။ ယခုခေတ်
ဝေါဟာရ စကားလုံးများ ဖြင့် ပြောရလျှင် ဒဿန သို့မဟုတ် ကြီးကျယ်သော ဉာဏ် ဟု
ခေါ်ဆို နိုင်ပေသည်။ သို့ရာတွင် ဗုဒ္ဓ သည် ပညာ သက်သက်ကို အလေးအနက် မပြုပေ။
သီလ (အကျင့်)၊ သမာဓိ (တည်ကြည်မှု)၊ ပညာ ဤ သုံးမျိုးလုံးကို အလေးအနက် ပြု၏။
ဤသုံးမျိုး အနက်က ပညာကို ပိုသာ၍သာ အလေးအနက် ပြု သည် ဖြစ်၍ ဗုဒ္ဓ အား မဟာ ဒဿန
ပညာရှင် တစ်ဦး အဖြစ် အသိအမှတ်ပြုကြသည်။ ဗုဒ္ဓ အဘိဓမ္မာ ၏ အခြေခံ အုတ်မြစ်မှာ
ကမ္ဘာကြီးသည် အတွင်း အပြင် နေရာလွတ် မချန် အားလုံး၌ ခဏတိုင်း
ပြောင်းလဲနေသည် ဟူသော အချက် ဖြစ်သည်။ "ခြွင်းချက် မရှိ အရာဝတ္ထု အားလုံး
အနိစ္စ ဖြစ်၏" ဟူလို။
ဤခဏိက နိယာမ သဘောတရား (ဝါ) ပြောင်းလဲခြင်း နိယာမ သဘောတရား ၏ အခြားအမည်ကို "ပဋိစ္စသမုပ္ပါဒ်" ဟု ပေး၏။ ယင်း အချက်နှင့် ပတ်သက်၍ ဗုဒ္ဓကိုယ်တော်တိုင် က "ဤအရာ ဖြစ်ပြီးနောက် ဤအရာ ဖြစ်၏" (အသ္မိံ သတိ ဣဒံ ဘဝတိ) ဟု ဟောတော်မူ၏။ အမှန်စင်စစ် အားဖြင့် ၎င်းမှာ ခြွင်းချက် မရှိ အရာဝတ္ထု အားလုံး တို့သည် အနိစ္စ ဖြစ်၏ ဟူသော အခြေခံ သဘောတရား အဓိပ္ပာယ် ရှင်းလင်းချက် ဖြစ်သည်။
ဗုဒ္ဓ နှင့် ဗုဒ္ဓ ဘာသာဝင်တို့သည် အနိစ္စ ဝါဒီများ ဖြစ်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုသော အရာဝတ္ထုကို အနိစ္စ ဖြစ်၏ ဟု မပြောမချင်း ထိုအရာဝတ္ထု၏ မှန်သော အရာ အဖြစ်ကို လက်မခံပေ။ နှောင်းခေတ် ဆရာအရှင်များကမူ ထိုအချက်ကို ထပ်မံ ရှင်းလင်းပြီး "ယတ် ဆတ် တတ် ခဏိကံ" (အကြင်အရာဝတ္ထုသည် မှန်သော အရာ ဖြစ်၏။ သို့ဆိုလျှင် ယင်းအရာသည် ခဏိက ဖြစ်၏) ဟု ပြောဆိုလေ့ ရှိသည်။ အပြင် အပ ဗဟိဒ္ဓရှိ အရာဝတ္ထုများကို အခြားသော ပုဂ္ဂိုလ်များ ကလည်း ခဏိက ဖြစ်၏ ဟု လက်ခံရန် အသင့်ပင် ရှိကြလေသည်။ သို့ရာတွင် ဗုဒ္ဓသည် အပြင်အပ အထည်ဒြပ် ရှိသည့် အရာဝတ္ထု ကို သာလျှင် ခဏိက ဖြစ်၏ ဟု ပြောပြခြင်း မဟုတ်ဘဲ အတွင်းရှိ သိမ်မွေ့နူးညံ့သော ကမ္ဘာ၌လည်း ဤခြွင်းချက် မရှိသော ဥပဒေ နိယာမ ရှိသည်ဟု ပြောပြတော်မူသည်။
ဗုဒ္ဓသည် မိမိ၏ အဘိဓမ္မာ အယူအဆကို ရှင်းလင်း ပြောပြသည့် အနေဖြင့် သစ္စာ၏ အသွင် နှစ်ခုကို မိန့်တော်မူ၏။ သစ္စာ တစ်ခုမှာ အတွင်းနှိုက်၍ ကြည့်လျင် မှန်မည် မဟုတ်သော်လည်း အပေါ်ယံ အသုံးပြုမှု အတွက် အမှန် ဖြစ်၏။ ၎င်းကို အသုံးပြုမှု အတွက် ဖြစ်သော သစ္စာ (ဝါ) သံဝိတိ (သမုတိ) သစ္စာ ဟု ခေါ်လေသည်။ ကျောက်၊ သံ၊ သစ်သား တို့ကို အကြင်အသွင်အပြင် မျိုးဖြင့် ကျွန်ုပ်တို့ မြင်ရ၏။ အကြင်အသွင်အပြင် မျိုးဖြင့် ကျွန်ုပ်တို့ အသုံးပြု ကြ၏။ ထိုအသွင်အပြင်မျိုး သည် သံဝိတိ (သမုတိ) သစ္စာ ဖြစ်၏။ သို့ရာတွင် ပရမတ္ထသစ္စာ ၏ အမြင်ဖြင့် ကြည့်လျှင်မူ ယင်းအရာ အားလုံးသည် မျက်စိဖြင့် မမြင်ရသည့် ပရမာ အဏုမြူများ ပေါင်းစု ပြုလုပ် ထားသည့် အရာများသာ ဖြစ်ကြပေသည်။
ပရမာ အဏုမြူ သည်လည်း အမာခံ အရာဝတ္ထု မဟုတ်ပေ။ ၎င်းသည်လည်း အီလက်ထရွန် နှင့် နျူကလိယ တို့ ၏ အတွဲ ဖြစ်၏။ အီလက်ထရွန်သည် နေရာတစ်ခု ၌ တစ်ခဏပင် တည်မနေသော အရာဝတ္ထု ဖြစ်၏။ သိပ္ပံပညာရှင် များက ၎င်းကို အမှုန် နှင့် လှိုင်း နှစ်မျိုး ဟု ပြောကြလေသည်။ လှိုင်း ဟု ခေါ်ရမည့် မိမိ၏ အစဉ်အဆက် (ဝါ) အလျဉ်ကို စွန့်သည့် ပျက်စီး ယိုယွင်း တတ်သော အမှုန်မျိုး ဖြစ်သည်။ နျူကလိယ အတွင်း၌ ရှိသော ပိုဇစ်ထရွန်၊ နယူထရွန်၊ မေဆိုထရွန် တို့မှာလည်း ထိုနည်း အတိုင်းပင် ဖြစ်သည်။ အဓိပ္ပာယ်ကား ကမ္ဘာ လောက၏ အခြေခံ အုတ်များသည် ပရမာဏုမြူ ထက်ပင် သိမ်မွေ့၏။ ဣနြေ္ဒတို့ဖြင့် မထိတွေ့နိုင်၊ အလျဉ် အစဉ် ကဲ့သို့ ရွေ့လျားနေ၏။ ၎င်းကို ပရမတ္ထ သစ္စာ ဟု ယူလျှင် ကျွန်ုပ်တို့ မှတ်ယူနေသော သစ္စာ တစ်ခု ဖြစ်သည့် ကျောက်၊ သံ၊ သစ်သား တို့၏ အကြင် အသွင် အပြင်သည် သစ္စာ မဟုတ်တော့ပေ။ ယင်းသို့ အားဖြင့် ယခုခေတ် တွေးခေါ်ပုံ၌ပင် ကျွန်ုပ်တို့သည် အသုံးပြုမှု အတွက် ဖြစ်သော သစ္စာ (သမုတိ သစ္စာ) နှင့် ပရမတ္ထ သစ္စာ ဟူ၍ ကွဲပြား ခြားနားနေလေ၏။ ယင်း ခြားနားချက် ကို ဗုဒ္ဓက ရှင်းလင်း ပြောပြတော်မူသည်။ ဆရာအရှင် သန္တိဒေဝ ကလည်း ဤသို့ ဆို၏ -
"သံဝိတိ ပရမတ္ထ စ သစ္စာဒွယ မိဒံမတံ" [သံဝိတိ (သမုတိ) နှင့် ပရမတ္ထ ဟူ၍ နှစ်မျိုးသော သစ္စာ ကို မှတ်ယူရာ၏]

ပဋိစ္စသမုပ္ပါဒ် အားဖြင့်သာလျှင် ပရမတ္ထ သစ္စာကို မြင်နိုင်၏။ ပဋိစ္စသမုပ္ပါဒ်ကို သိနားလည်မှသာလျှင် ဗုဒ္ဓ အဘိဓမ္မာကို သိနားလည်နိုင်၏။ သို့ဖြစ်၍ "အကြင်သူသည် ပဋိစ္စသမုပ္ပါဒ်ကို မြင်၏။ ထိုသူသည် ဓမ္မကို မြင်၏။ အကြင်သူသည် ဓမ္မကို မြင်၏။ ထိုသူ၏ ဗုဒ္ဓကို မြင်၏" ဟု ပြောထားပါ၏။ (အရိယသာလိထမ္ဘသုတ်)
ဟီနယာန ဟူ၍လည်းကောင်း၊ ထေရဝါဒ ဟူ၍ လည်းကောင်း ခေါ်သည့် ရှေးဟောင်း ဗုဒ္ဓဘာသာဂိုဏ်းသည် ခဏိက သဘောတရား (အနိစ္စသဘော နှင့် ပဋိစ္စသမုပ္ပါဒ်) ကို ယုံကြည်လေသည်။ ထို့နောက် မဟာယာန ဂိုဏ်းသည် ယင်းခဏိက သဘောတရား ၏ အနက်အဓိပ္ပာယ် ကို ပို၍ စည်ပင်ဖွံ့ထွား တိုးတက်အောင် ပြုလုပ်၏။
အထက်တွင် ဆိုခဲ့ပြီးသည့် အတိုင်း ပဋိစ္စသမုပ္ပါဒ် ၏ အဓိပ္ပာယ်မှာ အရာဝတ္ထု တစ်ခုသည် လွန်သွား၏။ ပျက်စီးသွား၏။ နောက် အရာဝတ္ထု တစ်ခု ဖြစ်ပေါ်လာ၏ ဟု ဆိုလိုသည်။ အကျိုးနှင့် အကြောင်းသည် ဤမျှသာ ဆက်စပ်မှုရှိသည်။ အကြောင်းသည် အရာဝတ္ထု တစ်စုံတစ်ခု ကို မိမိ၏ အတွင်း၌ ချန်ထား၍ ပျောက်ကွယ်သွားခြင်း မဟုတ်။ ဤနေရာ၌ အပေါ်ယံ ပြောင်းလဲမှုမျိုး မဟုတ်။ တစ်ခု၏ အမြစ်အရင်း နှင့် တကွ ပျက်စီး ပျောက်ကွယ်သွားပြီး လုံးဝ အသစ်ဖြစ်သော အခြား အရာဝတ္ထု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အရာဝတ္ထု တိုင်းသည် နိစ္စ ဖြစ်ခြင်းမှ လုံးဝ ဆိတ်သုဉ်း၏။ ရုပ်ဝတ္ထု တို့သည် နိစ္စ ဖြစ်ခြင်းမှ လုံးဝ ဆိတ်သုဉ်း သကဲ့သို့၊ ကိုယ်ကာယ သည်လည်း အတ္တ ကဲ့သို့သော နိစ္စ သဘောမှ လုံးဝ ဆိတ်သုဉ်း၏။ သို့ ဖြစ်၍ ဗုဒ္ဓဘာသာဝင် တို့သည် အနတ္တဝါဒ ကို ယုံကြည်ကြခြင်း ဖြစ်၏။ အနတ္တဝါဒ သည် တစ်နည်း အားဖြင့် သုည ဝါဒ ဖြစ်ပါ၏။
"ယော ပဋိစ္စသမုပ္ပါဒေါ သုညတာသေဝတေမတာ" [အကြင်အရာသည် ပဋိစ္စသမုပ္ပါဒ် ဖြစ်၏။ ထိုအရာသည် သုည ဖြစ်၏]
ထို့ပြင် ထိုသုည သဘောကို (ဝါ) ကမ္ဘာလောကရှိ အရာဝတ္ထု ဟူသမျှ ၏ ပျက်စီးယိုယွင်းခြင်း သဘောကို ယောဂီပုဂ္ဂိုလ်တို့ အတွက် ဘာဝနာ ၏ အာရုံအဖြစ် မှတ်ယူ၏။ "တသ္မိံမှိ ဝိစိကိစ္ဆေ ဘာဝနီယေဝ သုညတာ"
သုညသဘောတရားကို ရှေးဟောင်း ဗုဒ္ဓဘာသာဂိုဏ်း များ၌ တွေ့ရှိရသော်လည်း ယင်းသုည သဘောတရားကို အလေးအနက်အပြုဆုံးမှာကား မဇ္ဈမိက အဘိဓမ္မာကို လက်ခံထားသည့် မဟာယာနဂိုဏ်းဝင်များ ဖြစ်ကြလေ၏။ ယင်းဂိုဏ်း၏ ခေါင်းဆောင်ပုဂ္ဂိုလ်မှာ နာဂါဇ္ဇုန ဆရာ ဖြစ်လေသည်။ သူသည် သာတဝါဟနဘုရင်၏ လေးစားဂုဏ်ပြုအပ်သော ရာဇဂုရုမင်းဆရာ ဖြစ်သည်။ သီရိပဗ္ဗတတောင်၌ အနေများ၏။ သို့ဖြစ်၍ ထိုတောင်၏ အမည်မှာ နာဂါဇ္ဇနကောဏ္ဍာ (နာဂါဇ္ဇုနတောင်) ဟု တွင်သည်။ ယင်းသုည အဘိဓမ္မာ၏ မူလကျမ်းဂန် မှာ နာဂါဇ္ဇုန ရေးစီရင်သော "မဇ္ဈမိကာ ကာရိကာ" ဖြစ်၏။ ယင်း မဇ္ဈမိကာ ကာရိကာ ကို အထောက်အပံ့ပြုရန် အတွက် "ပညာပါရမိတာ" များစွာကို ရေးကြလေ၏။
မဇ္ဈမိကအဘိဓမ္မာ ၏ အလိုအရ အားလုံးသော ဓမ္မ (အရာဝတ္ထု) များသည် မာယာနှင့် တူ၏။ အိပ်မက်နှင့် တူ၏။ ယင်း အဘိဓမ္မာသည် ယထာဘူတဝါဒီ မဖြစ်နိုင်ကြောင်းမှာ အိပ်မက်နှင့် နိုးကြားမှု တွင် ခြားနားချက်ကို မပြုလုပ်လိုသော အကြောင်းဖြင့်ပင် ထင်ရှား လှပေသည်။ စက်ဘီး စီးသူ နှစ်ဦး တို့ စက်ဘီးစီးသွားကြသည်။ စီးသွားရင်း စီးသွားရင်း နှင့် သူတို့ နှစ်ဦး သည် ဆုံနိုင်ကြသည်။ ရင်ဆိုင် ရောက်လာလျှင် သူတို့ ဆုံနိုင်ပေသည်။ ရင်ဆိုင်ဆုံသည့် ခဏသည် အလွန်တရာမှ တာတိုလှပေ၏။ ထို့နောက် ဝေးသွား ကြသည်။ ထိုသို့ ဖြစ်သည့်အတွက် ကြောင့် - ၎င်းကို (ဓမ္မ) ယထာဘူတ ဝါဒီ တို့ အနေဖြင့် မာယာနှင့် တူသည်။ အိပ်မက်နှင့် တူသည်ဟု မဆိုနိုင်ပေ။
ကျွန်ုပ်တို့ ထမင်းစားကြသည်။ ထမင်းသည် ဝမ်းထဲ ရောက်သွားသည်။ ကြေကျက်သွားသည်။ ထိုအစာဖြင့် အသား အသွေး ဖြစ်သည်။ အင်္ဂါကြီးငယ် များထဲသို့ ရောက်သွားသည်။ ခဏမကြာ ပျက်စီး ယိုယွင်းတတ်သော နိယာမ သဘောတရား ၏ အလိုအရ ကျွန်ုပ်တို့ ကိုယ်ကာယ ၏ အင်္ဂါကြီးငယ် တို့သည် ခဏတိုင်း ခဏတိုင်းမှာ ပြောင်းလဲ နေကြသည်။ ထို ပြောင်းလဲနေသော အလျဉ်၌ ကျွန်ုပ်တို့ စားသော အစာကလည်း ပေါင်းစုံလေသည်။ ထိုအစာသည် ပြောင်းလဲရင်း၊ ပြောင်းလဲရင်း (သို့မဟုတ်) ပြေးသွားရင်း၊ ပြေးသွားရင်း သံဝိတိ (သမုတိ) သစ္စာ၏ အလိုအရ ကိုယ်ကာယ အပြင်ဘက်သို့ ရောက်သွားလေသည်။ ပရမတ္တသစ္စာ အလိုအရမူ ကိုယ်ကာယသည် ၎င်း၏ အင်္ဂါအစိတ်အပိုင်း၊ အခြားသော အမှုန် နောက်ဆုံး အသွင်ဖြင့် ပျက်စီး ယိုယွင်းတတ်သော အီလက်ထရွန်၊ နယူထရွန် စသည် တို့သာဖြင့် ဖြစ်ပေ၏။ အစားအစာသည် ကာလနှင့် ဒေသ မည်သည့် နေရာတွင်မှ တည်တံ့မနေပေ။
ယင်းသို့ ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် နိုးကြားနေသည့် အခါ၌ စားသော အစားအစာကိုလည်း အိပ်မက်ထဲက မုန့်ပဲသရေစာ ဟု အောက်မေ့ရမည် လော။ ခဏတိုင်း ခဏတိုင်း ပျက်စီးယိုယွင်းခြင်း နှင့် တကွသော ထိုအစားအစာ ၏ အပြုအမူ တို့ကို ဘာမျှ မဟုတ်ဟု မပြောသင့်ပေ။ သို့ဖြစ်၍ ယထာဘူတ ဝါဒီ ဗုဒ္ဓ အဘိဓမ္မာ ဆရာ ဓမ္မကိတ္တိက အပြုအမူကို ပရမတ္ထသစ္စာ ကို သိရာသိကြောင်း ဖြစ်၏ ဟု ပြောလေသည်။ သုညဝါဒီ တို့ကမူ ထိုအချက်ကို လက်ခံဖို့ရန် အတွက် အသင့်မရှိပေ။
ဗုဒ္ဓသည် အရာဝတ္ထု အားလုံးကို ခဏမလပ် ပျက်စီးယိုယွင်း တတ်သော နိရောဓ ဓမ္မဟု အယူ ရှိလေသည်။ အရာဝတ္ထု အားလုံးသည် မွေးဖွား ဖြစ်ပေါ်လာကြ၏။ မွေးဖွား ဖြစ်ပေါ်လာသည် နှင့် တစ်ပြိုင်နက် ထိုအရာဝတ္ထု တို့သည် ပျက်စီးခြင်း သဘောကို တစ်ပါတည်း ယူဆောင်လာကြသည်။ သို့ရာတွင် ယင်းဖြစ်ပေါ်ခြင်း နှင့် ပျက်စီးခြင်းကို မာယာ သို့မဟုတ် အိပ်မက်နှင့် အတူ သဘောထားလျင် ဘယ်အရာဝတ္ထု ဖြစ်ပေါ်သည်၊ ဘယ်အရာဝတ္ထု ပျက်စီး ချုပ်ငြိမ်းသည် ဟု ကျွန်ုပ်တို့ ပြောနိုင်ပါမည်နည်း။ ပြောနိုင်လိမ့်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သုညဝါဒီ တို့က ဤသို့ ပြောကြသည်။
ဗုဒ္ဓသည် ဒုက္ခ၊ ဒုက္ခ၏ အကြောင်း၊ ဒုက္ခ ၏ ပျက်စီး ချုပ်ငြိမ်းမှု၊ ဒုက္ခပျက်စီး ချုပ်ငြိမ်းမှု အတွက် လိုအပ်သော လမ်းစဉ် - ယင်း မြတ်သော သစ္စာတရား လေးပါးကို ဟောပြတော်မူသည်။ သို့ရာတွင် ကမ္ဘာလောက နှင့် အမှန်ထင်ရှား ရှိသည့် အရာဝတ္ထု များကိုပင် မာယာ (အယောင်ဆောင်) နှင့် အိပ်မက် ဟု မှတ်ယူထင်မြင် ယူဆသူ သုညဝါဒီ တို့ အတွက်မူ ယင်း အရိယသစ္စာများ မလိုတော့ပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဒုက္ခ နှင့် သုခ ကိုပင်လည်း စိတ်ကူးချက် မျှလောက်သာ ထင်မြင်ယူဆ ကြလေ၏။ ဒုက္ခ နှင့် သုခ တို့၏ မည်ကဲ့သို့သော တည်ရှိမှု မျိုးမျှ မရှိ ဟု အလေးအနက် ပြောဆိုကြလေသည်။ သုခ ဒုက္ခ ဟူသည်မှာ စိတ်ကူးချက်မျှသာ ဖြစ်၏ ဟူသော အချက်ကို ပြရင်း သူတို့က ဤသို့ ပြောပြလေ၏။
သူတို့သည် ယင်းစကားဖြင့် သုခ နှင့် ဒုက္ခ သည် တစ်ခုတည်းသော အရာဝတ္ထု၏ အသွင်အပြင် နှစ်မျိုး ဖြစ်သည်။ သုခ နှင့် ဒုက္ခသည် တစ်သီးတစ်ခြား လွတ်လွတ်လပ်လပ် တည်ရှိမနေပေ။
ဗုဒ္ဓ ယူဆထားသော ပညာ၏ အသွင်မှာ အရာဝတ္ထု ရှိမှု ကို ပစ်ပယ် ငြင်းဆန်ရန် အတွက် မဟုတ်ပေ။ အရာဝတ္ထုကို သူ ရှိနေသည့် အခြေအနေအတိုင်း ယူဆရန် အတွက် ဖြစ်သည်။ ကမ္ဘာလောက နှင့် ကမ္ဘာလောက ရှိ အရာဝတ္ထု ဟူသမျှ သည် ခဏတိုင်း ခဏတိုင်းမှာ ပြောင်းလဲ နေကြသည်။ အရာဝတ္ထု မှန်သမျှကို ယင်းအသွင်မျိုး ဖြင့် ကြည့်ရမည် ဖြစ်လေသည်။ အရာဝတ္ထု ၏ ခဏိက တည်ရှိမှု ကိုပင် ပစ်ပယ်ငြင်းဆန်ခြင်း ကိုမူ ဗုဒ္ဓ နှင့် ယထာဘူတ ဝါဒီ ဆရာအရှင်တို့က မလိုလား မနှစ်သက်ပေ။ သူတို့သည် သုညဝါဒီ ဗုဒ္ဓဘာသာဝင်တို့ ရောက်သွားကြသည့် ထို အလွန်အကဲ လမ်းစဉ်သို့ အထိမူ မသွားလိုကြပေ။ သုညဝါဒီ တို့သည် သုညဝါဒ ပြုစု ပျိုးထောင်သူ နာဂါဇ္ဇုန ၏ ကျမ်းစာမျှဖြင့် မကျေနပ် မရောင့်ရဲ ကြပေ။ သူတို့သည် သုညသဘော နှင့် ပညာကို ပရိယာယ်တူ စကားလုံးဟု ယူဆကြပြီးလျှင် ပညာပါရမီတာ (မြင့်မြတ်သော ပညာနှင့် ပတ်သက်သော ကျမ်း) များစွာကို ရေးသားပြုစုကြသည်။ ယင်းကျမ်းတို့ကို ဗုဒ္ဓဟော ကျမ်းဂန်များ ဟူ၍ ထုတ်ဝေ ဖြန့်ဖြူးကြသည်။
ယခုခေတ်တွင်လည်း မဟာယာန ဂိုဏ်းဝင် ပုဂ္ဂိုလ် တို့သည် ထိုကျမ်းများကို ထိုကဲ့သို့ပင် မှတ်ယူကြလေသည်။ မူလပင်ရင်း သက္ကတ ဘာသာဖြင့် 'သကတ ဟဿိကာ' ၊ 'အဋ္ဌသာ ဟဿိကာ' ကဲ့သို့သော ပညာပါရမိတာ နှစ်ကျမ်းသုံးကျမ်းကိုသာလျှင် တွေ့ရှိ ရပေ၏။ သို့ရာတွင် တိဗက် ဘာသာ၌ သုံးဆယ်မျှသော၊ တရုတ်ဘာသာ၌ ကိုးကျမ်းမျှသော ပညာပါရမိတာ တို့၏ ဘာသာပြန်များ ရှိလေသည်။ အက္ခရာ ၃၂- လုံးကို ရှလိုက (ဂါထာ) တစ်ခု ဟု အသိအမှတ် ပြုပြီး ၎င်း၏ အမည်နာမ ဖြင့် ကျမ်းဂန် များကို ပိုင်းခြား ရေတွက် ပြီးလျှင် 'အဋ္ဌသာဟဿိကာ' ရှလိုက ရှစ်ထောင် နှင့် အညီအမျှ စသည်ဖြင့် ၎င်းတို့၏ အမည်နာမကို ပေးထားလေသည်။
တိဗက် ဘာသာဖြင့် ရှိသော ပညာပါရမိတာ ဘာသာပြန်သည် ကန်ဂျု လက်ရွေးစင် ပေါင်းချုပ်ဖြစ်သည့် ပုရပိုက် ၃၁ ခု ဖြင့် ရှိလေသည်။ ၎င်းတို့ကို အက္ခရာ ၃၂ ခု ရှိသော ရှလိုက တို့ဖြင့် ရေတွက်လျှင် ရှလိုက ပေါင်း နှစ်သိန်းထက် ပိုလိမ့်မည်။ ၎င်းတို့၏ အမည်နာမ များမှာ -
၁။ သတသာဟဿိကာ
၂။ ပဉ္စဝီသတိသာဟဿိကာ
၃။ အဋ္ဌာဒသ သာဟဿိကာ
၎။ ဒသသာဟဿိကာ
၅။ အဋ္ဌသာဟဿိကာ
၆။ ပဉ္စသတိကာ
၇။ သတပဉ္စသတိကာ (၁၅၀)
၈။ ပဉ္စသတိကာ (၅၀)
၉။ ပဉ္စဝီသတိကာ (၃၅)
၁၀။ သတ္တသတိကာ (၇၀၀)
၁၁။ အဋ္ဌသတိကာ (၈၀၀)
၁၂။ ဧကာအက္ခရီ
စသည်။
၎င်းတို့ အနက် ၁၊ ၂၊ ၄ နှင့် အခြား အချို့ ဘာသာပြန် များကမူ တရုတ် ဘာသာ ၌လည်း တွေ့ရှိရပေသည်။ ၎င်းတို့ကို ဖတ်လျှင် စာဖတ်သူသည် ငြီးငွေ့လာသည်။ အကြောင်းမူကား သတသာဟဿိကာ ၏ ရှလိုက တစ်သိန်းမျှ ရှိသော ပုရပိုက်၏ ထပ်ခါ ထပ်ခါ ပါနေသော အချက်များကို ဖယ်ထုတ်၍ စာရွက် ဆယ်ရွက် အရွက်နှစ်ဆယ်ခန့်လောက် အထိ ချုံ့ပစ်လိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဖတ်ရွတ်သရဇ္ဈာယ် မှုကို အလွန်တရာ အလေးအမြတ် ပြုကြ သည် ဖြစ်၍ သဒ္ဓါတရား ထက်သန်သော သူများသည် စိတ်ပါ လက်ပါ ဖြင့် ၎င်းတို့ကို ဖတ်ရွတ် သရဇ္ဈာယ် ကြကုန်၏။
အားလုံးသော ပညာပါရမိတာ တို့၏ တစ်ခုတည်းသော ဆိုလိုရင်းမှာ အားလုံး သုည ဖြစ်၏။ အားလုံးသော ကမ္ဘာလောက သည် မာယာ (အယောင်ဆောင်) နှင့် လည်းကောင်း၊ အိပ်မက် နှင့် လည်းကောင်း တူပေ၏။ ကမ္ဘာလောက ၏ တည်ရှိမှု ကိ ယုံကြည်ယူဆခြင်း သည် ရူးခြင်း ထက် ပိုပြီး အခြား ဘာမှ မဟုတ်ပေ။
ပညာပါရမိတာ နှင့် ပတ်သက်ပြီး တစ်ဘက်တွင် ကြီးမားသော ကျမ်းဂန်များကို ရေးသား ကြ၏။ သုည ဝါဒကို ရှင်းလင်း ဖွင့်ပြရန် အတွက် နာဂါဇ္ဇုန၊ အရိယဒေဝ၊ စန္ဓကိတ္တိ အစရှိသည် တို့သည် နက်နဲသည့် အဘိဓမ္မာ ကျမ်းများစွာကို ရေးသားကြ၏။ အခြား တစ်ဘက်၌လည်း ပညာပါရမိတာ သည် ကဗျာဆရာများနှင့် အနုပညာရှင် များအား ဆွဲဆောင်ခဲ့လေ၏။ ပညာပါရမီတာ များနှင့် သုည သဘောသည် တစ်ခုတည်း ဖြစ်၏ ဟု ပြောပြခဲ့ပြီးလေပြီ။ တရားပေါက်ရောက် ပြီး ကုန်သော သူတော်စင် သရဟပါဒသည် သူ၏ စရိယာဂီတိ အမည်ရှိ အဖွဲ့တစ်ခု ၌ ကရုဏာ နှင့် သုည သဘောကို သာလျှင် အလေးအနက်ပြုပြီး ရေးသားဖွဲ့ဆို ထားလေသည်။
သရဟပါဒသည် သုညသဘောတရား ကို ကမ္ဘာအနှံ့ ပြန့်၍ နေသည့် ခဏတိုင်း ခဏတိုင်း ပျက်စီး ယိုယွင်းခြင်း နိယာမ သဘောတရား ကို အရာဝတ္ထု ဟူသမျှ အပေါ်၌ သတ်မှတ်ခဲ့သည်။ ထိုနိယာမ သဘောတရား ကို သုညဟု မှတ်ယူရန် အတွက် ဖြစ်သော ယောဂ အကျင့်၊ ဘာဝနာ အကျင့် ကို ကျင့်ကြံခဲ့သည်။ ကရုဏာ သည် သတ္တယါ အပေါ်၌ အတိုင်းမရှိ ကြင်နာသနားခြင်း ဖြစ်သည်။ သရဟပါဒ ၏ နောက်အခြား ဖြစ်သည့် တရား ပေါက်ရောက်ပြီး ကုန်သော သူတော်စင်တို့သည်လည်း ကရုဏာ နှင့် သုညသဘောတရားကို အလေးအနက် ပြုကြလေသည်။ သုညသဘောတရား အနတ္တဝါဒ သည် ဗုဒ္ဓ၏ မူလတရား ဓမ္မ၌လည်း ရှိသည်။ ၎င်းကို ပညာဟု ခေါ်၏။ ယင်းသို့ အားဖြင့် ပညာသည် သူတော်စင် စာဆို ပညာရှင် တို့၏ စိတ်ကြိုက် အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။
အနုပညာရှင် တို့သည် ပညာပါရမိတာ ကို အလွန်လှပသော ပုံသဏ္ဍာန် အဖြစ် တွေးတော ကြံဆကြကုန်သည်။ ပညာပါရမိတာ ၏ အလွန်လှပသည့် ရုပ်ထု များကို ထုလုပ်ကြသည်။ ဂျာဗားမှ ရရှိသည့် ပညာပါရမိတာ ၏ ရုပ်ထုမှာမူ ကမ္ဘာပေါ် ရှိ အလှဆုံး အနုပညာလက်ရာများ ထဲ၌ တစ်ခု အပါအဝင် ဖြစ်၏။ ထိုရုပ်ထု ၌ ကြာပွင့်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော လက်ရုံး နှစ်ဘက် ရှိ နတ်ဒေဝီသည် တရားဥပဒေသ ဟောကြားနေသည့် ဟန် မမှိတ်တမှိတ် မျက်လုံးဖြင့် ထိုင်နေပုံကို တွေ့မြင်ရပေ၏။
ရာဟုလာသံကိစ္စည်း
............................
Reading on မဟာလူသားဗုဒ္ဓ၊ ~ ပါရဂူ
............................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

'အဇာတမနီ ရုဒ္ဓံစ တသ္မာ သဗ္ဗမိဒံ ဂျဂတ်'[သို့ဖြစ်၍ ဤကမ္ဘာလောက တစ်ခုလုံးသည် ဖြစ်လည်း မဖြစ်၊ ပျက်လည်း မပျက်စီး။]
ဗုဒ္ဓသည် ဒုက္ခ၊ ဒုက္ခ၏ အကြောင်း၊ ဒုက္ခ ၏ ပျက်စီး ချုပ်ငြိမ်းမှု၊ ဒုက္ခပျက်စီး ချုပ်ငြိမ်းမှု အတွက် လိုအပ်သော လမ်းစဉ် - ယင်း မြတ်သော သစ္စာတရား လေးပါးကို ဟောပြတော်မူသည်။ သို့ရာတွင် ကမ္ဘာလောက နှင့် အမှန်ထင်ရှား ရှိသည့် အရာဝတ္ထု များကိုပင် မာယာ (အယောင်ဆောင်) နှင့် အိပ်မက် ဟု မှတ်ယူထင်မြင် ယူဆသူ သုညဝါဒီ တို့ အတွက်မူ ယင်း အရိယသစ္စာများ မလိုတော့ပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဒုက္ခ နှင့် သုခ ကိုပင်လည်း စိတ်ကူးချက် မျှလောက်သာ ထင်မြင်ယူဆ ကြလေ၏။ ဒုက္ခ နှင့် သုခ တို့၏ မည်ကဲ့သို့သော တည်ရှိမှု မျိုးမျှ မရှိ ဟု အလေးအနက် ပြောဆိုကြလေသည်။ သုခ ဒုက္ခ ဟူသည်မှာ စိတ်ကူးချက်မျှသာ ဖြစ်၏ ဟူသော အချက်ကို ပြရင်း သူတို့က ဤသို့ ပြောပြလေ၏။
'အဟိ မယူရဿ သုခါယ ဇာယတေဝိသံ ဝိသာဘျာသဝတော ရသာယနံဘဝန္တိ စာနန္ဒ ဝိသေသ ဟေတဝေါမုခံ တုဒန္တောကရကဿ ကဏ္ဍကာ။'
[မြွေသည် ဥဒေါင်း၏ သုခ အတွက် ဖြစ်ပေါ်လာသည်။ အဆိပ်သည် အဆိပ်ကို အကျင့်ရသူ တို့ အတွက် ရသာယန ဆေး ဖြစ်လေသည်။ မျက်နှာကို ထွင်းဖောက်သော ဆူးတို့သည် ကုလားအုတ် ၏ နှစ်သက်ရွှင်လန်းမှု အတွက် ထူးခြားသော အကြောင်း ဖြစ်လေသည်။]
သူတို့သည် ယင်းစကားဖြင့် သုခ နှင့် ဒုက္ခ သည် တစ်ခုတည်းသော အရာဝတ္ထု၏ အသွင်အပြင် နှစ်မျိုး ဖြစ်သည်။ သုခ နှင့် ဒုက္ခသည် တစ်သီးတစ်ခြား လွတ်လွတ်လပ်လပ် တည်ရှိမနေပေ။
ဗုဒ္ဓ ယူဆထားသော ပညာ၏ အသွင်မှာ အရာဝတ္ထု ရှိမှု ကို ပစ်ပယ် ငြင်းဆန်ရန် အတွက် မဟုတ်ပေ။ အရာဝတ္ထုကို သူ ရှိနေသည့် အခြေအနေအတိုင်း ယူဆရန် အတွက် ဖြစ်သည်။ ကမ္ဘာလောက နှင့် ကမ္ဘာလောက ရှိ အရာဝတ္ထု ဟူသမျှ သည် ခဏတိုင်း ခဏတိုင်းမှာ ပြောင်းလဲ နေကြသည်။ အရာဝတ္ထု မှန်သမျှကို ယင်းအသွင်မျိုး ဖြင့် ကြည့်ရမည် ဖြစ်လေသည်။ အရာဝတ္ထု ၏ ခဏိက တည်ရှိမှု ကိုပင် ပစ်ပယ်ငြင်းဆန်ခြင်း ကိုမူ ဗုဒ္ဓ နှင့် ယထာဘူတ ဝါဒီ ဆရာအရှင်တို့က မလိုလား မနှစ်သက်ပေ။ သူတို့သည် သုညဝါဒီ ဗုဒ္ဓဘာသာဝင်တို့ ရောက်သွားကြသည့် ထို အလွန်အကဲ လမ်းစဉ်သို့ အထိမူ မသွားလိုကြပေ။ သုညဝါဒီ တို့သည် သုညဝါဒ ပြုစု ပျိုးထောင်သူ နာဂါဇ္ဇုန ၏ ကျမ်းစာမျှဖြင့် မကျေနပ် မရောင့်ရဲ ကြပေ။ သူတို့သည် သုညသဘော နှင့် ပညာကို ပရိယာယ်တူ စကားလုံးဟု ယူဆကြပြီးလျှင် ပညာပါရမီတာ (မြင့်မြတ်သော ပညာနှင့် ပတ်သက်သော ကျမ်း) များစွာကို ရေးသားပြုစုကြသည်။ ယင်းကျမ်းတို့ကို ဗုဒ္ဓဟော ကျမ်းဂန်များ ဟူ၍ ထုတ်ဝေ ဖြန့်ဖြူးကြသည်။
ယခုခေတ်တွင်လည်း မဟာယာန ဂိုဏ်းဝင် ပုဂ္ဂိုလ် တို့သည် ထိုကျမ်းများကို ထိုကဲ့သို့ပင် မှတ်ယူကြလေသည်။ မူလပင်ရင်း သက္ကတ ဘာသာဖြင့် 'သကတ ဟဿိကာ' ၊ 'အဋ္ဌသာ ဟဿိကာ' ကဲ့သို့သော ပညာပါရမိတာ နှစ်ကျမ်းသုံးကျမ်းကိုသာလျှင် တွေ့ရှိ ရပေ၏။ သို့ရာတွင် တိဗက် ဘာသာ၌ သုံးဆယ်မျှသော၊ တရုတ်ဘာသာ၌ ကိုးကျမ်းမျှသော ပညာပါရမိတာ တို့၏ ဘာသာပြန်များ ရှိလေသည်။ အက္ခရာ ၃၂- လုံးကို ရှလိုက (ဂါထာ) တစ်ခု ဟု အသိအမှတ် ပြုပြီး ၎င်း၏ အမည်နာမ ဖြင့် ကျမ်းဂန် များကို ပိုင်းခြား ရေတွက် ပြီးလျှင် 'အဋ္ဌသာဟဿိကာ' ရှလိုက ရှစ်ထောင် နှင့် အညီအမျှ စသည်ဖြင့် ၎င်းတို့၏ အမည်နာမကို ပေးထားလေသည်။
တိဗက် ဘာသာဖြင့် ရှိသော ပညာပါရမိတာ ဘာသာပြန်သည် ကန်ဂျု လက်ရွေးစင် ပေါင်းချုပ်ဖြစ်သည့် ပုရပိုက် ၃၁ ခု ဖြင့် ရှိလေသည်။ ၎င်းတို့ကို အက္ခရာ ၃၂ ခု ရှိသော ရှလိုက တို့ဖြင့် ရေတွက်လျှင် ရှလိုက ပေါင်း နှစ်သိန်းထက် ပိုလိမ့်မည်။ ၎င်းတို့၏ အမည်နာမ များမှာ -
၁။ သတသာဟဿိကာ
၂။ ပဉ္စဝီသတိသာဟဿိကာ
၃။ အဋ္ဌာဒသ သာဟဿိကာ
၎။ ဒသသာဟဿိကာ
၅။ အဋ္ဌသာဟဿိကာ
၆။ ပဉ္စသတိကာ
၇။ သတပဉ္စသတိကာ (၁၅၀)
၈။ ပဉ္စသတိကာ (၅၀)
၉။ ပဉ္စဝီသတိကာ (၃၅)
၁၀။ သတ္တသတိကာ (၇၀၀)
၁၁။ အဋ္ဌသတိကာ (၈၀၀)
၁၂။ ဧကာအက္ခရီ
စသည်။
၎င်းတို့ အနက် ၁၊ ၂၊ ၄ နှင့် အခြား အချို့ ဘာသာပြန် များကမူ တရုတ် ဘာသာ ၌လည်း တွေ့ရှိရပေသည်။ ၎င်းတို့ကို ဖတ်လျှင် စာဖတ်သူသည် ငြီးငွေ့လာသည်။ အကြောင်းမူကား သတသာဟဿိကာ ၏ ရှလိုက တစ်သိန်းမျှ ရှိသော ပုရပိုက်၏ ထပ်ခါ ထပ်ခါ ပါနေသော အချက်များကို ဖယ်ထုတ်၍ စာရွက် ဆယ်ရွက် အရွက်နှစ်ဆယ်ခန့်လောက် အထိ ချုံ့ပစ်လိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဖတ်ရွတ်သရဇ္ဈာယ် မှုကို အလွန်တရာ အလေးအမြတ် ပြုကြ သည် ဖြစ်၍ သဒ္ဓါတရား ထက်သန်သော သူများသည် စိတ်ပါ လက်ပါ ဖြင့် ၎င်းတို့ကို ဖတ်ရွတ် သရဇ္ဈာယ် ကြကုန်၏။
အားလုံးသော ပညာပါရမိတာ တို့၏ တစ်ခုတည်းသော ဆိုလိုရင်းမှာ အားလုံး သုည ဖြစ်၏။ အားလုံးသော ကမ္ဘာလောက သည် မာယာ (အယောင်ဆောင်) နှင့် လည်းကောင်း၊ အိပ်မက် နှင့် လည်းကောင်း တူပေ၏။ ကမ္ဘာလောက ၏ တည်ရှိမှု ကိ ယုံကြည်ယူဆခြင်း သည် ရူးခြင်း ထက် ပိုပြီး အခြား ဘာမှ မဟုတ်ပေ။
ပညာပါရမိတာ နှင့် ပတ်သက်ပြီး တစ်ဘက်တွင် ကြီးမားသော ကျမ်းဂန်များကို ရေးသား ကြ၏။ သုည ဝါဒကို ရှင်းလင်း ဖွင့်ပြရန် အတွက် နာဂါဇ္ဇုန၊ အရိယဒေဝ၊ စန္ဓကိတ္တိ အစရှိသည် တို့သည် နက်နဲသည့် အဘိဓမ္မာ ကျမ်းများစွာကို ရေးသားကြ၏။ အခြား တစ်ဘက်၌လည်း ပညာပါရမိတာ သည် ကဗျာဆရာများနှင့် အနုပညာရှင် များအား ဆွဲဆောင်ခဲ့လေ၏။ ပညာပါရမီတာ များနှင့် သုည သဘောသည် တစ်ခုတည်း ဖြစ်၏ ဟု ပြောပြခဲ့ပြီးလေပြီ။ တရားပေါက်ရောက် ပြီး ကုန်သော သူတော်စင် သရဟပါဒသည် သူ၏ စရိယာဂီတိ အမည်ရှိ အဖွဲ့တစ်ခု ၌ ကရုဏာ နှင့် သုည သဘောကို သာလျှင် အလေးအနက်ပြုပြီး ရေးသားဖွဲ့ဆို ထားလေသည်။
သရဟပါဒသည် သုညသဘောတရား ကို ကမ္ဘာအနှံ့ ပြန့်၍ နေသည့် ခဏတိုင်း ခဏတိုင်း ပျက်စီး ယိုယွင်းခြင်း နိယာမ သဘောတရား ကို အရာဝတ္ထု ဟူသမျှ အပေါ်၌ သတ်မှတ်ခဲ့သည်။ ထိုနိယာမ သဘောတရား ကို သုညဟု မှတ်ယူရန် အတွက် ဖြစ်သော ယောဂ အကျင့်၊ ဘာဝနာ အကျင့် ကို ကျင့်ကြံခဲ့သည်။ ကရုဏာ သည် သတ္တယါ အပေါ်၌ အတိုင်းမရှိ ကြင်နာသနားခြင်း ဖြစ်သည်။ သရဟပါဒ ၏ နောက်အခြား ဖြစ်သည့် တရား ပေါက်ရောက်ပြီး ကုန်သော သူတော်စင်တို့သည်လည်း ကရုဏာ နှင့် သုညသဘောတရားကို အလေးအနက် ပြုကြလေသည်။ သုညသဘောတရား အနတ္တဝါဒ သည် ဗုဒ္ဓ၏ မူလတရား ဓမ္မ၌လည်း ရှိသည်။ ၎င်းကို ပညာဟု ခေါ်၏။ ယင်းသို့ အားဖြင့် ပညာသည် သူတော်စင် စာဆို ပညာရှင် တို့၏ စိတ်ကြိုက် အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။
အနုပညာရှင် တို့သည် ပညာပါရမိတာ ကို အလွန်လှပသော ပုံသဏ္ဍာန် အဖြစ် တွေးတော ကြံဆကြကုန်သည်။ ပညာပါရမိတာ ၏ အလွန်လှပသည့် ရုပ်ထု များကို ထုလုပ်ကြသည်။ ဂျာဗားမှ ရရှိသည့် ပညာပါရမိတာ ၏ ရုပ်ထုမှာမူ ကမ္ဘာပေါ် ရှိ အလှဆုံး အနုပညာလက်ရာများ ထဲ၌ တစ်ခု အပါအဝင် ဖြစ်၏။ ထိုရုပ်ထု ၌ ကြာပွင့်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော လက်ရုံး နှစ်ဘက် ရှိ နတ်ဒေဝီသည် တရားဥပဒေသ ဟောကြားနေသည့် ဟန် မမှိတ်တမှိတ် မျက်လုံးဖြင့် ထိုင်နေပုံကို တွေ့မြင်ရပေ၏။
ရာဟုလာသံကိစ္စည်း
............................
Reading on မဟာလူသားဗုဒ္ဓ၊ ~ ပါရဂူ
............................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
0 comments:
Post a Comment