ဖိတ်ခေါ်ပါရစေ
ကျွန်တော်က တေးသီချင်းသီဆိုသူတစ်ယောက် ဖြစ်နေတာကြောင့် အသံနေသံထားမမှန်ရင် ကျွန်တော့နားက တန်းသိတာ ... ခုတော့ဗျာ ...ကျွန်တော့အဖြစ်ကဆိုးလွန်းပါတယ် ... နေတာက ရပ်ကွက်ဓမ္မာရုံနဲ့တစ်အိမ်ေ ကျာ်မှာနေတာ ... လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကျွန်တော့နားကို စပြီးဒုက္ခပေးတော့တာပါပဲ ...
(၁) ရပ်ကွက်သူ/ သားများက ဝိုင်းလှူလိုက်ကြလို့ အရင်က စပီကာအက်အက်အသံချဲ့စက်လေးနေရာမှာ ခပ်ကောင်းကောင်းစက်အသစ်ကလေး က နေရာရလိုက်ပြီးသကာလ ဘုရားလူကြီး
ဦးခင်ဇော်နဲ့ အပေါင်းအပါတစ်စုက ဘုန်းကြီးလိုလို ဇာတ်ဆရာလိုလေသံနဲ့
နေ့ရောညပါ အားတက်သရော ဟောပါလေရော ... သူပြီး သူ့ဆရာ .. သူ့ဆရာပြီး သူ့တပည့်
အလှည့်ရယ်ကမဆုံးနိုင် တစ်ပတ်လည် .. နားမခံနိုင်လောက်အောင်ကို ခံနေရတာက
ရပ်ကွက်သားတွေ ... သူဘာမှမဟောတော့ရင် သူ့တပည့်က အလှူရှင်စာရင်းကို
မရှည်ရှည်အောင် စာလုံးတွေဖြည့်ပြီး တစ်နေကုန်ထပ်ချည်းတလဲလဲကြေ ငြာပါတယ် ... ဂန္ဓာကုဍိတိုက်ဆောက်ရင်လည်းကြေငြာတယ် ...သွပ်မိုးရင်လည်း အလှူရှင်ကြေငြာတယ် ... သမန်တလင်းခင်းလည်း အလှူရှင်ကြေငြာတယ် ... မီးချောင်းလဲရင်လဲကြေငြာတယ်
... အိမ်သာဆောက်တာလည်း ကြေငြာတယ် ... ကာကွယ်ဆေးလာထိုးလည်း ကြေငြာတယ် ...
ဆေးသုတ်ရင်လည်းကြေငြာတယ် ...
(၂) မြောက်ဖက်ကပ်ရက်က နိသ
ျှည်းဘုန်းကြီးကျောင်း ... အဲဒီကျောင်းကဘုန်းကြီးက မနက်၎နာရီခွဲဆို
လော်စပီကာကြီးနဲ့ဘုရားရှိခိုးတယ်ဗျာ .. အခုဘုရားရှိခိုးသံမကြားရ ပဲ တရားခွေတွေကို အသံအက်အက်စပီကာအစုပ်ကြီးနဲ့  မနက်တိုင်း ဖွင့်နေတော့တာဗျာ ၁၅နှစ်လောက်ရှိနေပြီဗျာ .... အစုပ်ကြီးလို့သာပြောရတာ အသစ်လှူမယ့်သူမပေါ်ပါစေနဲ့ဆုတောင်းနေရတယ် ... စက်သစ်ရရင် မနက်၁နာရီခွဲလောက်က ထဖွင့်မလားပဲ (ဟိုတလောက အဲဒီဆရာတော် တော်တော်လေး မမာမကျန်းဖြစ်လို့ ... အင်း ဒီဆရာတော် ပျံလွန်တော်မူရင်ဖြင့် နိဌိတံလောက်တယ်လို့တွေးမိေ ပမယ့်
... အခုအဲဒီဆရာတော် ကျန်းမာရေး အရင်ကထက်၂ ဆကောင်းတယ်တဲ့) ....
(၃)
အခုလောလောဆယ်စက်ရပ်သတင်း - - - - - ဓမ္မာရုံမှာ အလှူတော်မင်္ဂလာတဲ့ဗျာ
၂ရက်ရှိပြီ လော်ကြီးနဲ့ ဘိသိတ်ဆရာရော ဆိုင်းအဖွဲ့က အဆိုတော်တဲ့ဗျာ ....
ဆိုလိုက်ကြတာ မနေ့ညကဆို ၁၂နာရီခွဲခါနီးမှ သိမ်းတော်မူပါတယ် ... အခုလည်း
ဟဲနေကြတုန်း ... ဆိုကြတီးကြပါ ... အခုက သံသေး သံကြောင် သံယိုင် သံရွဲ့
သံမတည့် သံချော် သံအော်ကလီဆန် သံနေသံထားမမှန်နဲ့ သီချင်းဆိုတာနဲ့မတူ
အစိမ်းသေသေတဲ့အသုဘမှာ အမိန့်စာပြန်တာလောက်မှ နားထောင်မကောင်းတဲ့
လွန်စွာအချိုးမကျနစွာ ဆိုနေကြတာ ခုထိမပြီးသေးဘူးဗျာ
(၄) ညကျရင်
ပွဲမသိမ်းသေးပဲ သံနေသံထားမမှန်စွာနဲ့ ရွတ်ဆိုမယ့် ရပ်ကွက်သူလေးများရဲ့
ဓမ္မစင်္ကြာအဖွဲ့များ ပါဦးမလားမသိသေးပါ .... မပါရင်တော့
ဟိုဆရာသမားကိုခင်ဇော်တို့ အဖွဲ့ ပြန်လည်အသုံးတော်ခံဦးမလားပဲဗျာ .... ( ဒါလောက်ပါပဲဗျာ ... အတွေ့အကြုံရလိုသူများ ကျွန်တော့ကိုအကြောင်းကြားပါ ....ကျွန်တော်လိုပဲ လက်တွေ့ခံစားလိုသူများရှိပါက ကျွန်တော့်အိမ်ကို အခုပဲကြွလာကြပါလို့ သူငယ်ချင်းများကို ဖိတ်ခေါ်ပါရစေ လက်ဖက်နဲ့ရေနွေးကြမ်း .. လက်ဖက်ရည်ချိုနဲ့ မုန့်များ နဲ့ ဧည့်ခံပါမယ် ထမင်းစားမယ်ဆိုလည်း ချက်ကျွေးပါ့မယ်ခင်ဗျာ )
0 comments:
Post a Comment