Monday, February 11, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၂)

သစ်ထူးလွင်



Posted: 11 Feb 2013 07:07 AM PST
ထက်အောင်ကျော်
မနက်ဖြန်ကျရောက်မဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ဟာ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ပါ။ ပြည် ထောင်စုနေ့ အကြောင်းတွေးလိုက်တိုင်း ပထမဆုံး သတိရတာကတော့ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တုန်းက ရေးခဲ့ဖူးတဲ့ ''ပြည်ထောင်စုနေ့ တို့မမေ့'' ဆိုတဲ့ စာစီစာကုံးပြိုင်ပွဲတွေပါပဲ့။ ပြည်ထောင်စုနေ့တင် မကပါဘူး။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့တွေမှာလဲ အလားတူ ခေါင်းစဉ် တွေနဲ့ စာစီစာကုံးတွေ ရေးခဲ့ကြရပါတယ်။



ဒီနေ့ မြန်မာနိုင်ငံက အလက၊ အထက တွေမှာ ဒီလိုစာစီစာကုံးပြိုင်ပွဲတွေ ဆက်ရှိနေဆဲလို့ ကျနော် ထင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီခေတ်လို့ပြောနေတဲ့ ဒီနေ့ခေတ် ဆယ် ကျော်သက်ခလေးတွေဟာလဲ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်မှာလူဖြစ်ခဲ့တဲ့ ကျနော် တို့ ငယ်ငယ်တုန်းကလိုဘဲ့ ပြဌဏ်းစာအုပ်ပါ အချက်လက်တွေကို အလွတ်ကျက်ပြီး စာစီစာကုန်းရေး တာ၊ စာမေးပွဲဖြေတာတွေလုပ်နေကြဆဲပါ။

ဒါပေမဲ့ အဲဒီပြဌဏ်းစာအုပ်ကို ဘယ်သူတွေကရေးတာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးထားတာလဲ
။ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာတဲ့ လွန်ခဲ့တဲ့ ၆၆ နှစ်က ပင်လုံစာချုပ်ပါအချက်လက်တွေနဲ့ ဒီနေ့ ကျောင်း စာအုပ်ပါ အချက်လက်တွေ တထပ်တည်းကျရဲ့လားဆိုတာကိုတော့ ကျနော်တို့ခေတ်ကကျောင်းသား အတော်များများ မစဉ်းစားခဲ့သလို ဒီနေ့ခေတ်ကျောင်းသားအတော်များများဟာလဲ စဉ်းစားမိမှာမဟုတ် သေးဘူးလို့ ကျနော်ထင်ပါတယ်။
ကျနော်မှတ်မိသမျှကိုပြန်ကောက်
ရမယ်ဆိုရင်တော့ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုဘဲ့ ကျောင်းစာအုပ်မှာ အကျယ်တ၀င့်ရှင်းပြထားပြီး အဲဒီနေ့မတိုင်ခင်မှာပြုလုပ်ခဲ့တဲ့ အဆင့်ဆင့်သောဆွေး နွေးပွဲတွေ၊ မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချင်း၊ ကချင်၊ ရှမ်းနယ်က တောင်တန်း သားကိုယ်စားလှယ်တွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ ဘာကြောင့် အဲဒီ အ ချက်အလက်လက်တွေက အရေးကြီးတယ်ဆိုတာတွေကို အသေချာဖေါ်ပြထားခြင်းမရှိပါဘူး။ သတင်း သဘောအရပြောမယ်ဆိုရင်တော့ ဘာဖြစ်တယ်ဆိုတာကိုဘဲ့ အလေးပေးဖေါ်ပြထားပြီး ဘာကြောင့်ဖြစ် ပေါ်လာတယ်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတဲ့ဘက်မှာ ဖေါ်ပြမှု အားနဲနေခဲ့တယ်လို့ ထင်ပါတယ်။
ဒါက အခုမှစဉ်းစားမိတာပါ။ ကျောင်းသားဘ၀ကတော့ ဒီလိုစဉ်းစားရကောင်းမှန်းမသိခဲ့
ပါ။ လွတ်လပ် ရေးနေ့၊ ပြည်ထောင်စုနေ့ မနက်ပိုင်းတွေမှာကျင်းပလေ့ရှိတဲ့ အားကစားပွဲတွေမှာဆုရအောင် ၀င်ပြိုင်ဖို့နဲ့ ညနေပိုင်းတွေမှာကျင်းပတဲ့ ယဉ်ကျေးမှုကပွဲက လှပျိုဖြူတွေကို ကြည့်ဖို့လောက်သာ စိတ်ဝင်စားခဲ့သူ ပါ။ ကျနော်တို့ခေတ်က ပြည်ထောင်စုအလံကို နိုင်ငံတ၀ှမ်း သယ်ယူတာ၊ တိုင်းအားကစားကွင်းမှာ အ ခန်း နားအကြီး အကျယ်လုပ်ပြီး ကြိုဆိုတာ၊ ယဉ်ကျေးမှု ပြခန်းမျိုးစုံ၊ ယဉ်ကျေးမှု အကမျိုးစုံနဲ့ဖျော်ဖြေ တာတွေကို လူအများ အထူးစိတ်ဝင်စားခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီခေတ်က နာမည်ကြီးလှတဲ့ ရန်ကုန် ကျိုက္ကံဆံကွင်းက ပြည်ထောင်စုနေ့ပြပွဲကိုတောင် ကျနော် တကူးတကာ့သွား ကြည့်ဖူးပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆွေးနွေးခဲ့တဲ့နေ့၊ ပြည်မနဲ့တောင်တန်းဒေသအားလုံးပေါ
င်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဗြိတိသျှနယ်ချဲ့ဆီကနေ လွတ်လပ်ရေးအရယူနိုင်ဖို့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့နေ့၊ အဲဒီနေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ် မှတ်ပြီး အခန်းနားတွေအကြီးအကျယ်ကျင်းပနေပေမဲ့ ပြည်ထောင်စုရဲ့အနှစ်သာရကိုမဖေါ်ပြဘဲ ယဉ် ကျေးမှုအက အခုန်တွေနဲ့သာ အချိန်ကုန်နေစေခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေဟာလဲ ယဉ်ကျေးမှု ကပွဲမှာ ဘယ်တိုင်းရင်းသူကလှတယ်၊ ၀တ်စုံကကောင်းတယ်၊ ဘယ်လို စသဖြင့် အပေါ်ယံအမြင်တွေ နဲ့ဘဲ့ အချိန်တွေကုန်လွန်ခဲ့ရတယ်လို့ကျနော်ထင်ပါတယ်။
ကမ္ဘာကြိးသည် ကျောင်းမှာလုံး၍ အိမ်မှာပြားသည်
ကျနော်တို့ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ ကာတွန်းတခုထဲက စာသားတွေပါ။ အခုခေတ်က အင်တာ နက်ခေတ်၊ အိုင်းဖုန်းခေတ်၊ မျက်နှာစာအုပ်ခေတ်ရောက်နေပြီဆို
တော့ ဒီစကားလုံးဟာ ဒီနေ့လူငယ် တွေအတွက် ငြင်းခုန်ဘွယ်မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကျောင်းစာအုပ်ပါ ပြဌဏ်းချက်တွေဟာ အိမ်မှာ တမျိုး၊ ကျောင်းမှာတမျိုး အဓိပ္ပါယ်ထွက်နေတာတတ်တာကတော့ တူနေဆဲလို့ထင်ပါတယ်။

ကျောင်းစာအုပ်ပါ သမိုင်းသင်ခန်းစာတွေ၊ ပထ၀ီ သင်ခန်းစာတွေကို အမှန်လို့ထင်ခဲ့ပြီး အသေကျက် မှတ်လာခဲ့တဲ့ ကျနော်တို့မျိုးဆက်ဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံနောက်ပို
င်းကျမှ သမိုင်းတွေ၊ ပထ၀ီတွေဟာ ကျောင်းမှာတမျိုး၊ အပြင်မှာတမျိုးဖြစ်နေမှန်း သိခွင့်ရလာခဲ့ပါတယ်။
''လွတ်လပ်ရေးနေ့တွေ၊ ပြည်ထောင်စုနေ့တွေက အတုအယောင်တွေပါကွာ။ အဲဒါတွေအစစ်အမှန်ဆို ရင် ငါတို့ ဒီနေရာမှာ နေဖို့ဘယ်လိုမလဲ''

အဲဒါ ကျနော်တို့တောထဲရောက်ရောက်ချင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခန်းနားအ တွက်ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တဲ့ KNU (ကရင့်အမျိုးသားအစည်းရုံး) အရာရှိတဦးရဲ့ စကားပါ။ သူ့စကားကိုကြားတော့ ကျနော်အတော်အံသြသွားပါတယ်။ မြန်မာနိုင်ငံမှာနေစဉ် နှစ် ၂၀ ကျော်ကာလ အတွင်း ဒီလိုစကားမျိုး တခါမှမကြားဖူးပါ။

လွတ်လပ်ရေးနေ့ကျရင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ကျရင် ပြည်ထောင်စုနေ့ ကျင်းပပြီး ဒီလိုဘဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်၊ အားကစားပြိုင်ပွဲလုပ်နဲ့ နေလာခဲ့တာ နှစ်တွေဘယ်နဲတော့မလဲ။

ဒါပေမဲ့ အခုတော့ အဲဒီနေ့တွေဟာ အနှစ်သာရမရှိဘူး၊ အဲဒီနေ့တွေအတိုင်း အစစ်မှန်အဓိပ္ပါယ်ရှိမယ် ဆိုရင်၊ တနည်းအားဖြင့် အဲဒီနေ့တွေဖြစ်ပေါ်လာစဉ်က ပေးခဲ့တဲ့ ကတိတွေ၊ စာချုပ်စာတန်းတွေအတိုင်း တာဝန်ရှိသူအားလုံးက စနစ်တကျဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့ကျောင်းသားတွေ တောခိုစရာ အကြောင်းမရှိသလို KNU အပါဝင် လူမျိုးစုတွေလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ်ေ
နစရာမလိုဘူးလို့ KNU အရာရှိက ပြောသွားတာဖြစ်ပါတယ်။
ဒါက နောက်ပိုင်းမှ စဉ်းစားရင်းနဲ့ တဖြေးဖြေးနားလည်လာတာပါ။ သူ့စကားကို စကြားကြားချင်းမှာ ''ဒီ လူဘာကြောင်တာလဲ'' ဆိုပြီး နားမလည်နိုင်သလို သူ့ကိုကြည့်ခဲ့ပါတယ်။ ရဲဘော်တွေကလဲ အဲဒီပုဂ္ဂိုလ် ရဲ့စကားကို နားမလည်ကြပါဘူး။ တသက်လုံး ဒီလိုပဲ့လုပ်လာတဲ့ ပြည်ထောင်စုနေ့ဘဲ၊ သူတို့မလာလဲ ကိုယ်ဘာသာ ကိုယ့်စခန်းမှာ ဆက်လုပ်ရုံပေါ့။ ဒါပေမဲ့ တခုစိတ်ဝင်စားဖို့ကောင်းတာကတော့ လွတ်လပ် ရေးနေ့၊ ပြည်ထောင်စုနေ့တွေကို သူတို့မလာပေမဲ့ ဖုန်းမော်နေ့တို့၊ ၈ လေးလုံးနှစ်ပတ်လည်နေ့တို့၊ ဒေါ် အောင်ဆန်းစုကြည်မွေးနေ့တို့ကိုေ
တာ့ KNU အပါဝင် မဟာမိတ်အဖွဲ့တွေက စိတ်ဝင်တစား တက် ရောက်အားပေးကြပါတယ်။
ဒါက ပြည်ထောင်စုနေ့ရဲ့သမိုင်းဆိုင်
ရာ အချက်လက်နဲ့ အဓိပ္ပါယ်အပေါ် မတူညီတဲ့အရပ်ကလာတဲ့ လူ နှစ်ဦးရဲ့ ကွဲပြားတဲ့ အမြင်တခုပါ။ ပြီးတော့ ပထ၀ီ။ ပထ၀ီကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ကျောင်းမှာ လုံး၍ အိမ်မှာပြားနေသည်ဆိုတာ အမှန်ပါဘဲ့။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ အခုရောက်နေတဲ့ ထိုင်း-မြန်မာနယ် စပ်တကျော၊ တရုတ်-မြန်မာ နယ်စပ်တကျောမှာ လူမျိုးစုသူပုန်တွေထိမ်းချုပ်ထားတဲ့ ဒေသ ဒီလောက်အထိ အကျယ်ကြီးရှိနေတယ်ဆိုတာကို ကျောင်းသင်ခန်းစာထဲက ပထ၀ီမှာ ကျနော် တို့ တခါမှမကြားဖူးခဲ့လို့ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပူတာအိုကနေ သံလွင်မြစ်အရှေ့ဖက်တခြမ်းလုံး၊ သောရင်းမြစ် တလျောက်နဲ့ ဘုရားသုံးဆူဒေသအပါဝင် ဟိုး...အောက်ဖက်စွန်း ကော့သောင့်အထိ တရုတ်၊ ထိုင်း နယ်စပ်တလျောက်လုံး လူမျိုးစုသူပုန်တွေ ထိမ်းချုပ်ထားတဲ့ဒေသက နဲနဲနောနောမှ မဟုတ်တာ။ ၁၉၈၈  ကျနော်တို့တောခိုစဉ်ကာလထုတ်ဝေတဲ
့ စာအုပ်စာတန်းတွေအရဆိုရင် မြန်မာနိုင်ငံ အကျယ်အ၀န်းရဲ့ ၂၅ ရာခိုင်နှုံး လောက်ကိုတောင် လူမျိုးစုသူပုန်တွေက ထိမ်းထားတဲ့ သဘောရှိပါတယ်။
ဒီအချက်လက်အမှန်တွေကို ဘာဖြစ်လို့ သမိုင်းရေးဆရာတွေ၊ ပထ၀ီရေးဆရာတွေက ကျောင်းသား တွေကို သိခွင့်မပေးခဲ့တာလဲ။ သမိုင်းတွေ၊ ပထ၀ီတွေကို အရှိတိုင်းမသင်ဘဲ လိုတိုးပိုလျှော့လုပ်ပြီး လက်ရှိအစိုးရအကြိုက် ပြဌဏ်းချက်တွေရေးဆွဲ ခဲ့တာလား။ အခုချိန်မှာကော အမှန်တိုင်းပြန်လည်ရေး ဆွဲ ပြဌဏ်းဖို့အချိန်မရောက်သေးဘူးလာ
း။
ပင်လုံစာချုပ်အကြောင်း၊ ဖက်ဒရယ်မူအကြောင်းပြောတာ စိုးရိမ်စရာလား
ပြည်ထောင်စုနေ့ကျင်းပပုံကိုသာသိ
ပြီး ပင်လုံစာချုပ်ပါ အချက်လက်တွေ၊ အဲဒီကတဆင့်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေ၊ လွတ်လပ်ရေးရပြီးချိန်ကစပြီး လူမျိုးစုတွေရဲ့ ရုန်းကန်တိုက် ပွဲဝင်နေမှုတွေအကြောင်း ဘာမှကောင်းကောင်းမသိတဲ့ ကျနော်ဟာ တောထဲရောက်တဲ့အခါမှာတော့ ဒီ အချက်လက်တွေကို အသဲအသန်လေ့လာခဲ့ရပါတယ်။ မလေ့လာလို့မဖြစ်၊ လူမျိုးစု မဟာမိတ် လက် နက်ကိုင်အဖွဲ့တွေက ဒီအကြောင်းဘဲ့နေစဉ်ပြောနေပြီး ဒီအတွက်ဘဲ့ သူတို့တတွေက ဒီတော ဒီတောင် တွေထဲ ရာစုနှစ်တ၀က်ကျော်အထိ ရောက်နေကြရတာမဟုတ်လား။


ဒီလိုနဲ့ ပင်လုံစာချုပ်နဲ့ ဖက်ဒရယ်မူအကြောင်းဆွေးနွေးချက်ေ
တွဟာ မာနယ်ပလောဌာနချုပ်အပါဝင် တောတွင်းသူပုန်စခန်းအသီးသီးနဲ့ တောတွင်းကျေးလက်ဒေသတွေ၊ နယ်စပ်နဲ့ပြည်ပမှာထုတ်ဝေတဲ့ စာအုပ်စာတန်းတွေမှာ အဆက်မပြတ်ဖေါ်ပြပါရှိခဲ့ပေါ့။ ဒါပေမဲ့ အစိုးရထိမ်းချုပ်ဒေသမှာတော့ ဒါတွေကို ပြောသံတခါမှ မကြားမိ။ ဒီကိစ္စကိုပြောမိရင် ခွဲထွက်ရေးသမားလိုလို၊ တိုင်းပြည်သစ္စာဖေါက်လိုလို အ ထင်ခံခဲ့ရတဲ့အခြေနေက မဆလ ခေတ်ကအတိုင်း ရှိမြဲရှိနေဆဲဖြစ်နေပါတယ်။
ကျနော်မှတ်မိသလောက်ဆိုရင် ပြည်ထောင်စုနေ့နဲ့ လူမျိုးစုပြသာနာအကြောင်း၊ အတိအကျပြောရမယ် ဆိုရင် ဖက်ဒရယ်မူအကြောင်း ပွင့်ပွင့်လင်းလင်း မီဒီယာအပေါ် စတင်ဆွေးနွေးလာသူဟာ အဲဒီပင်လုံ စာချုပ်အခန်းနားဆီတက်ခဲ့တဲ့ ရှမ်းခေါင်းဆောင် ဦးရွေအုန်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၀န်းကျင်ဟာ မီဒီယာအခြေနေ၊ နိုင်ငံရေးအခြေနေ ပွင့်လင်းမှုမရှိသေးတဲ့အတွက် ဒီလိုကိစ္စမျိုးကို ပြည်ပ ရေဒီယိုတွေပေါ် တက်ပြောရဲတဲ့ ပြည်တွင်းက နိုင်ငံရေးသမား အတော်ရှားပါးတဲ့ကာလဖြစ်ပါတယ်။

ဆိုလိုတာကတော့ ၁၉၅၈ ခုနှစ် ၀န်ကြီးချုပ်ဦးနု ခေတ်ကဖြစ်ပွါးခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေပါ ''ခွဲထွက်ခွင့်မူ'' အငြင်းပွါးမှုကိစ္စ၊ အဲဒီနောက်ပိုင်း ''လူမျိုးစုတွေခွဲထွက်မှာစိုးလု
ိ့ စစ်တပ်က အာဏာ သိမ်းရပါတယ်၊ တိုင်းပြည်ကြီး ဂျောက်ထဲကျဖို့ လက်တလုံးအလိုမှာ တပ်မတော်က ကယ် တင်လိုက်ရပါတယ်'' လို့ လုပ်ကြံအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းမှုဖြစ် စဉ်တွေဟာ ဒီနေ့ကာလမှာ ဆွေးနွေးသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။
ဦးရွေအုန်းလို ပွင့်ပွင့်လင်းလင်းဆွေးနွေးတဲ့ နိုင်ငံရေးသမားတွေ၊ လူမျိုးစုခေါင်းဆောင်တွေ လိုနေပါ တယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးဘဲ စစ်တပ်နဲ့ အစိုးရကပြောတဲ့အတိုင်း သမိုင်းရေး ဆရာတွေက ကျောင်းစာအုပ်ထဲ ထည့်ရေးထားတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီလိုတဖက်သတ်ရေး ထားတဲ့အတွက် ''ဖက်ဒရယ်မူ'' လို့ပြောလိုက်တာနဲ့ လူတွေက မထိရဲ မကိုင်ရဲ ဖြစ်လာခဲ့၊ ဖြစ်နေခဲ့တာ ဒီနေ့မြင်နေရတဲ့ အတိုင်းပါပဲ့။


အခုလိုနိုင်ငံရေးပွင့်လင်းစကာ
လမှာ အထူးသဖြင့် ပွင့်လင်းစအစိုးရသစ်နဲ့ လွှတ်တော်သစ်ခေတ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်နဲ့ ဖက်ဒရယ်မူကိစ္စ ဆွးနွေးသင့်ပါ တယ်။  နေပြည်တော် ပါလီမန်ထဲက လူမျိုးစုပါတီကိုယ်စားလှယ်တွေ၊ လူမျိုးစုအခွင့် ရေးနဲ့ ဒီမိုကရေစီအခွင့်ရေး ဒွန်တွဲနေတယ်လို့ ယုံကြည်တဲ့ နိုင်ငံရေးသမားတွေ အသေချာဆွေးနွေး တင်ပြသင့်တဲ့ကာလလို့ ကျနော် ထင်ပါတယ်။
တဆက်တည်းတင်ပြချင်တာကတော့ နေပြည်တော်မှာကျင်းပမဲ့ ပြည်ထောင်စုနေ့ အခန်းနားဆီ ပါလီမန်ထဲ ပါလီမန်ပက နိုင်ငံရေးသမားတွေ၊ လူမျိုးစုခေါင်းဆောင်တွေအပြင် ''ပြည် ထောင်စုနေ့ဟာ အတု အယောင်ပါ'' လို့ တချိန်ကပြောခဲ့တဲ့ KNU နဲ့ နယ်စပ်တကျောက လူမျိုးစု လက် နက်ကိုင်အဖွဲ့ေ ခါင်းဆောင်တွေကိုပါ ဖိတ်ခေါ်ပြသသင့်တဲ့အချိန် ရောက်နေပြီလို့ ကျနော်ထင်ပါတယ်။
ပြည်ထောင်စုနေ့ အလံသယ်အခန်းနားတွေ၊ ယဉ်ကျေးမှုကပွဲခုန်ပွဲ၊ အားကစားပြိုင်ပွဲတွေ၊ ခေါင်းဆောင် ကြီးများရဲ့ ရှန်ပိန်သောက်တဲ့ညစာစားပွဲအပါ
ဝင် နှစ်စဉ်လုပ်နေကြပွဲတွေအပြင် ပင်လုံစာချုပ်ပါအချက် လက်တွေ၊ ပြည်ထောင်စုရဲ့အနှစ်သာရတွေ၊ ဖက်ဒရယ်မူရဲ့အနှစ်သာရတွေကိုပါဆွေးနွေးနိုင်တဲ့၊ အသွင် သဏ္ဍန်အပြင် အနှစ်သာအရပါ ပြည်ထောင်စုစိတ်ဓာတ်ကို ဖေါ်ဆောင်နိုင်မဲ့ တကယ့် ပြည်ထောင်စုနေ့ မျိုး ကျင်းပသင့်တဲ့အချိန်ရောက်နေပြီလို့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အလေးအနက် တိုက် တွန်း တင်ပြလိုက်ရပါတယ်။
..............................
......................
Posted: 11 Feb 2013 05:55 AM PST
ပဲခူးတိုင်း ဒေသကြီး အရှေ့ခြမ်း၊ ဒိုက်ဦးမြို့နယ် ကန်တော်မင်္ဂလာ လမ်းဆုံ၊ ရန်ကုန် - မန္တလေး လမ်းမကြီး ပေါ်၌ ဖေဖေါ်ဝါရီလ ၈ ရက် နံနက် ၂ နာရီ တွင် တရားမဝင် သစ်လုံးတင် ယာဉ် တစ်စီး တိမ်းမှောက် သဖြင့် လူသုံးဦး သေဆုံး ခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 05:42 AM PST
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ၊ ပေါက်တိုက် ရပ်ကွက်၌ ယခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှု အပေါ် တရားမျှတ စွာ ဆောင်ရွက် ပေးရန် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက  တိုက်တွန်းပြော ကြားခဲ့ကြောင်း နမ့်ခမ်း ကျားဖြူပါတီထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မျက်နှာ၌ ဓါးဒဏ်ရာဖြင့် သေဆုံးသူ စိုင်းလိန်
သေဆုံးသူ၏လက်၌လည်း ဓါးဒဏ်ရာဖြင့်
Posted: 11 Feb 2013 04:39 AM PST
သံလျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ သံလျင်-ကျောက်တန်း သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်း နယ်မြေတွင်းရှိ လယ်မြေဧက ၂၀၀၀ ကျော်တွင် လက်ရှိ နေထိုင်လျက်ရှိသော အိမ်များကို ရက်ပေါင်း ၁၄ ရက်အတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန် သံလျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အကြောင်းကြားစာ ထုတ်ပြန်ကာ နေအိမ်များတွင် လိုက်လံသတိပေးစာ ကပ်ထားကြောင်းနှင့် ထိုဒေသများရှိ လယ်မြေများကို ၁၉၉၅ ခုနှစ်တွင် စီမံကိန်းပြုလုပ်ရန် တဧကလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် သက်ဆိုင်ရာမှ နစ်နာကြေးပေးခဲ့သော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းအထိ လယ်သမားဘက်မှ မြေခွန်ဆောင်ကာ ဘဏ်ချေးငွေများလည်း ထုတ်ချေးခံခဲ့ရခြင်းကြောင့် လယ်သမားများအနေဖြင့် နစ်နာကြေး ထိုက်သင့်စွာရရှိလိုကြောင်း သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ လယ်သိမ်းခံ လယ်သမားတဦးဖြစ်သူ ဦးလှရွှေမှ ဘားမားဗီဂျေမီဒီယာအား ပြောကြားထားပါသည်။
Burma VJ Media Network

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Feb 2013 04:39 AM PST
ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ အင်းပတ်လည် အုပ်စု အောင်မြင်ကုန်း ကျေးရွာက ရွာသား ၁၁ ဦးပိုင် ကွင်းအမှတ် (၇၄) မှာရှိတဲ့ တောင်ယာဧက ၈၀ ကို ရယက ဥက္ကဌ နဲ့ အပေါင်းအပါ တစ်စုကနေ ၂၀၀၄-၂၀၀၅ ခုနှစ်က မတရား ရောင်းစား ခဲ့တယ်လို သိရပါတယ်။ ဒေသခံ လယ်သမား တွေဟာ ဒီတောင်ယာ တွေကို သူတို့ရဲ့ မိဘတွေ လက်ထပ် ကတည်းက လုပ်ကိုင် စားသောက် လာကြ တာပါ။
အလားတူ တောင်ယာ ၇ ဧကကို ငွေကျပ် ၂၀၀၀၀ ပေးပြီး အသိမ်းခံ ခဲ့ရသူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အနီးနား ရွာတွေဖြစ်တဲ့ ဂျိုးကုန်း ၊ စစ်ဗိုလ်ကြီး ၊ တောင်သုံးလုံး ၊ အင်းပတ်လည် စတဲ့ရွာတွေက တောင်သူတွေရဲ့ လယ်ယာမြေတွေဧက ၄၀၀ နီးပါးကို ယုဇန ကုမ္မဏီ ၊ ဦးဖိုးလုံး ကုမ္မဏီ နဲ့ NRDC ကုမ္မဏီ ၊ အမျိုးသား သယံဇာတ ကုမ္မဏီ ပြည်တော်စိုး ကုမ္မဏီ တွေက အချို့ကို နစ်နာကြေး အနည်းငယ် ပေးပြီး သိမ်းယူခဲ့ကြသလို အချို့ကိုလည်း နစ်နာကြေး တစ်စုံတရာ မပေးပဲ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

Burma VJ Media Network

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Feb 2013 03:59 AM PST
မန္တလေးမြို့ ၊ အောင်မြေ သာစံမြို့နယ် ၊ ၆၆ လမ်း ၊ ၁၆x၁၇ လမ်းကြား ကျုံးရေပြင်တွင်
ဖေဖော်ဝါရီလ ၉ရက်နေ့က အလောင်း တစ်လောင်းပေါ် နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ အကြောင်းကြား သဖြင့် အမှတ်(၂) ရဲစခန်းမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး ကျုံးရေပြင် အမျိုးသား အလောင်း တစ်လောင်း ကျုံးရေပြင် ပေါ်တွင်
ပေါ်နေ ၊ ဓါတ်ပုံ - ဧဒင်အချစ်ပုံပြင်



Posted: 11 Feb 2013 03:45 AM PST
ကယားပြည်နယ်၊ လွိုင်ကော်  မြို့၊ မိုင်းလုံး ရပ်ကွက်တွင် သတ္တမ တန်းကျောင်းသူ တစ်ဦး ကြိုးဆွဲချ ကာ သေဆုံးသော ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် နေထိုင်ပြီး လည်း ကောင်း၊ ရပ်ကွက်အတွင်းရှိအမှတ်  (၄) အခြေခံပညာ အထက်တန်း ကျောင်းမှ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 03:06 AM PST
ဖေဖေါ်ဝါရီလ (၁၄)၇က်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 02:44 AM PST
ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခထဲမှာ အိမ်ရာတွေ မီးရှို့ခံလိုက်ရတဲ့ ရခိုင်မိသားစုတွေ အတွက် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တဖက်ကမ်းရှိ စက်မှုဇုန်ရွာ မြေယာလွတ်တွေမှာ တည်ဆောက် နေတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 02:01 AM PST
ဖေဖေါ်ဝါရီလ (၁၃)၇က်နေ့ ထုတ် Mobile Guide Issue 91

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 01:55 AM PST
၁၀-၂-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်တွင် တာချီလိတ်မြို့နယ်၊ ပါဆမ်ကျေးရွာနေ မနာခါဘို (၂၅)နှစ်သည် ရဲစခန်းသို့ ရောက်ရှိလာပြီး ၄-၂-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်တွင် ၎င်း၏ ဖခင်ဖြစ်သူ ဦးကျဖူး(၅၀)နှစ်အား မိုင်းဖြတ်မြို့နယ်၊ ကောင်းမူရွာနေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 01:51 AM PST
၁၀-၂-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်း တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်မှ မိတ်္ထီလာသို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 11 Feb 2013 01:37 AM PST
၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး””ဆေးဆိုင်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအား တိုက်ကျွေးပါက ကာမရာဂ စိတ်ကိုထကြွစေသည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Feb 2013 01:10 AM PST
ဖက်ရှင်ဆိုတဲ့ ခေတ်ရေ စီးကြောင်းမှာ စီးမျော လိုက်ပါ ကြတာ လူငယ်တွေ ကစလို့ ဟိုးလူကြီးတွေအထိပါ စားဝတ် နေရေးဆိုတဲ့ စကားမှာ ဝတ်စား ဆင်ယင်မှုက လူတစ် ယေက် အတွက် သိပ်ကိုအရေးကြီး လှပါတယ်။ မြန်မာနိုင်ငံ လို ယဉ်ကျေးမှုနဲ့ ဟီရိ၊ သြတ္တပ္ပ တရား ကြီးမားလှတဲ့နိုင်ငံမှာ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 11 Feb 2013 01:00 AM PST
၁၉၅၇ ခုနှစ်ဖော်ဖော်ဝါရီ၁၃ရက်နေ့က ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံ၌ကျင်းပခဲ့ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် ဤသို့တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားတိုင်းမှာ သမိုင်းဝင် အထိမ်းအမှတ်နေ့ကြီး နှစ်နေ့ရှိနေ သည်။ နေ့တစ်နေ့က ‘မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေး ကြီး သော တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှုရရှိသောနေ့’ တစ်နည်း အားဖြင့် ပင်လုံစာချုပ်ချုပ်ဆိုသော နေ့၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ် သည်။ ထိုနေ့ကို နိုင် ငံတော်က ပြည် ထောင်စုနေ့ဟု တရားဝင်သတ်မှတ် ပေးထားသည်။ နောက်ထပ်ထူးခြား သောနေ့တစ်နေ့မှာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ေ မွးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဖြစ် သည်။သည်နေ့ကို မြန်မာနိုင်ငံ ‘ကလေးများနေ့’ ဟု သတ်မှတ်ထား သော်လည်း ပြန်တမ်းဝင်နေ့တစ်နေ့ ဟု သတ်မှတ်မထား။ သို့သော် လည်း ဗိုလ်ချုပ်မွေးနေ့ကို ‘ကလေး များနေ့’ ဟုသတ်မှတ်ကာ ၁၉၅၇ ခုနှစ်က ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပန်းခြံ၌အခမ်းအနားကျ
င်းပခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရှိရ သည်။ ထိုနှစ်ကကလေးသူငယ်အကျိုး ဆောင် ဥက္ကဋ္ဌကြီးစဝ်ရွှေသိုက်၊ လွှတ်တော် ဥက္ကဋ္ဌကြီးဗိုလ်မှုးအောင်၊ မြို့တော်ဝန် ဦးမောင်မောင်တို့ တက်ရောက်ခဲ့ပြီး ကလေး သူငယ်များ စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်ကြည်က ဘက်စုံ ထူးချွန်သောကလေး သူငယ် များအား ဗိုလ်ချုပ်အောင်ဆန်း ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ကလေးဘဝ

 ဗိုလ်ချုပ်အောင်ဆန်းတွင် Sterling Qualities ခေါ် ထူးခြား သည့်ဂုဏ်များရှိနေသည်။ သူသည် ကလေးဘဝကပင် စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေလိုသည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်းကို အထူး စက်ဆုပ်သည်။ လုံးဝလိမ် ညာတတ်သူမဟုတ်။ကြွားဝါထင်ပေါ် မှုကို မလိုလား။ စာပေအနုပညာကို ငယ်စဉ်ကပင် ဗီဇရှိနေ သူဖြစ်သည်။ ဗိုလ်ချုပ်၏ ကြီးကျယ်မြင့်မြတ်မှု၊ ရိုးသားတည်ကြည်မှု၊ ကိုယ်ကျိုးမငဲ့ ကွက်မှုများမှာ ကလေးတို့အတွက် စံပြုလောက်သည့် ဂုဏ်ဒြပ်များဖြစ် သည်။ ဤ အချက်များကြောင့်ပင် မြန်မာ့ကလေးများနေ့ကို ဗိုလ်ချုပ် မွေးနေ့အားသတ်မှတ်ခြင်းမှာ အဓိပ္ပာယ်ရှိသည်ဟုဆိုခြင်းဖြစ်ပါ
သည်။

 ဗိုလ်ချုပ်အောင်ဆန်းဟု မြန်မာ နိုင်ငံတွင် ထင်ရှားလာသည့် မောင် အောင်ဆန်းကလေးကို ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ စနေနေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်ေ မာက် မြို့၌ မိဘများဖြစ်ကြသည့် ဦးဖာနှင့် ဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး ငယ်မည် မှာ မောင်ထိန်လင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက လူ့ပြည် သို့ရောက်ရှိလာပုံကိုသူ၏ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၌.. “ဖေဖော်ဝါရီ ၁၃ ရက်ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏အစိုးရ၊ နန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေ သည်။ ထိုနေ့တွင်မွေးသော ကျွန် တော်မှာသူပုန်လောင်းလေးဖြစ်သည် ကို ထိုအခါက မည်သူမျှ ထူးထူး ခြားခြားမထင်ခဲ့ကြချေ။ ကျွန်တော် ၏ဇာတာနာမည်မှာထိန်လင်းဖြစ် လေသည်။ သို့သော် ကျွန်တော့် အထက် အစ်ကိုအောင်သန်းနှင့် နာ မည်လိုက်အောင် အောင် ဆန်းဟု နာ မည်တွင်လေသည်”ဟုရေးသား ခဲ့သည်။

ဗိုလ်ချုပ်က ဖခင်ဖြစ်သူ ဦးဖာ သည်သူ့ကိုမွေးသည့်အချိန်က မည် သို့ရှိနေမည်ကိုလည်း ယခုလိုစိတ်ကူး  ဖြင့်ပုံဖော်ရေးသားထားလေသည်။ “ကောင်းကင်သို့ ပတ်ချာ လှည့် မော့ကြည့်တော့ကာ ထွန်းတောက် နေသော နက္ခတ်တာရာတို့၏ အနေ အထားကို မှတ်သားလျက် အနီးဆုံး အချိန်ကို တွက်ချက်လေတော့ သည်။သို့ဖြင့် ကိုရင်ဖာ သည် သူ၏သား မွေးနေ့၊ မွေးရက်၊ အချိန်နာရီတို့ကို ပေရွက်တစ်ရွက်တွင်ကညစ်ဖြင့်ရေး သား၍ မှတ်သားထားလိုက်လေသည်” “ကောင်းတယ်ဟေ့၊ နေ့ကလည်း စနေ သား၊ ရာဇကလည်း ရာဇဖွား၊ ဘယ်လောက်ထက်ပြီး ကြောက်စရာ ကောင်းမယ့်ကလေးလည်းတော့ မပြောတတ်ဘူး” ဟု သူ၏ဖွားဇာတာ ကိုပါ ရေးဖွဲ့ခဲ့လေသည်။

သုံးလေးနှစ်ကဇာတိပြ

 မောင်အောင်ဆန်းကလေး ၃ နှစ်ကျော်၊ ၄နှစ်သားအရွယ်က အဖြစ်အပျက်တစ်ခုမှာ အံ့သြချီးမွမ်း ဖွယ် ဖြစ်ပါသည်။ တစ်နေ့တွင် သူ၏မိခင် ဒေါ်စုသည် ငွေချေးထားသူ များ အား ပေးဆပ်ချိန်ရောက်သော်လည်း ကြွေးမဆပ်၍ ကြွေးတောင်းနေ သည်ကိုအနီးတွင် ကစားနေသော မောင်အောင်ဆန်းက “အစ်မရာ သူ့ရှိမှ ပေးနိုင်မှာပေါ့” ဟု တစ်ခွန်း ချင်း ပီသစွာပြောခဲ့လေသည်။တစ်နေ့တွင် တောမှ စပါးဝယ် သူများရောက်လာ၍ သူ၏မိခင်က “ကဲ..မင်းတို့လိုချင်လည်း ယူသွား ကြပေါ့။ ငါဝယ်တုန်းကတော့ ၆ဝ ဈေးပဲ။ မင်းတို့လိုချင်ရင် ၅ဝ ဈေးပဲ ထားပေါ့” ဟုပြောဆိုနေခိုက် အိမ် လှေကားနားတွင် ကစားနေသော မောင်အောင်ဆန်းကလေးက “အစ်မ၊ ခင်ဗျားမဟုတ်တာေ တွပြောရော့ မယ်။ ဒီစပါး ၅ဝ ဈေးနဲ့ဝယ်ထား တာဗျ။ ကျုပ်သိတယ်။ ဟုတ်တာပြော မှ ဥစ္စာပေါတယ်။ လိမ်ပြောတာ မကောင်းဘူး” ဟုဝင်ပြောလိုက်လေ သည်။ငယ်စဉ် ကပင်လိမ်ညာပြောသည် ကိုမကြိုက်သည်ကားထင်ရှားလေပြီ။

 မောင်အောင်ဆန်းသည် အငယ် ဆုံးသားဖြစ်ရာ မိခင်ကြီးဒေါ်စုက အချစ်ပိုလေသည်။ အသက် ၇ နှစ် ကျော်၊ ၈ နှစ်ထိရောက်မှ ဦးသော ဘိတကျောင်းတွင် ကျောင်းနေေ သာ် လည်း စာတော်သူဖြစ်၍ အတန်း ကျော်တက်ခွင့်ရသူလည်းဖြစ်သည်။ အသက် ၁၁နှစ်တွင် မြန်မာစာ ၃ တန်းသို့ ရောက်လေသည်။ ထိုအချိန် က ၃ တန်းကျောင်း သား မောင် အောင်ဆန်းသည် သူ၏ဖတ်စာအုပ် တွင် စာကြောင်းရေ လေး၊ ငါး၊ ဆယ် ကြောင်းဖြင့် ဇာတ်လမ်းဖွဲ့ရေးသား ခဲ့သည်ကို ယခုလိုတွေ့ရလေသည်။

လိမ္မာသောလူပြော- ဆိုးသောကလေး များသည် ငှက်များကိုပစ်ကြသည်။ အလွန်မှားသည်။ အလွန်ဆိုးသည်။

ဆိုးသောလူပြော- ဘာမှားသလဲကွ၊ ဘာဆိုးသလဲကွ..ဟင်။

လိမ္မာသောလူပြော- ငှက်ပစ်တာ ဆိုးတယ်ကွေ့ (ကွ)။

ဆိုးသောလူပြော- ဒါဖြင့် မင်း ငှက် သားမစားဘူးလား။

လိမ္မာသောလူပြော- စားတယ်။

ဆိုးသောလူပြော- မင်း ငှက်သား မစားချင်ဘူးလား။

လိမ္မာသောလူပြော- စားချင်တယ်။

ဆိုးသောလူပြော- မင်းစားချင်ရဲ့ သားနဲ့ ငှက်ပစ်တဲ့လူ မိုက်တယ်၊ ဆိုး တယ်လို့ ဘာလို့ပြောရတုံး။

လိမ္မာသောလူပြော- မင်း ငါက ပြော တာမှာ ဆိုးတယ်လို့ပြောသည် မဟုတ်ဘူးလား။

ဆိုးသောလူပြော- အေး။

လိမ္မာသောလူပြော- မင်းတို့ငှက်ပစ် လို့ မိုက်တာဆိုတာ ကမ္ဘာပေါ်မှာ အမိုက်ဆုံးပဲ။

ဆိုးသောလူပြော- နောက်မပြောနဲ့ ကွာ။ မင်းစားချင်ရဲ့သားနဲ့..မိုက် တယ်လို့ဆိုတာကိုကွ။

 ဤကား ၃ တန်းကျောင်းသား မောင်အောင်ဆန်း၏ ပြဇာတ်တစ် ပုဒ်ဟုပင် ဆိုရမည်ဖြစ်ပါသည်။  မောင်အောင်ဆန်းသည် ၈ နှစ် သားအရွယ်ရောက်မှ ကျောင်းနေရ သည်ဆိုသော်လည်း ၇ တန်းနှင့် ၁ဝ တန်းတို့တွင် ထူးထူးချွန်ချွန်အောင် မြင်ခဲ့၍ စကောလားရှစ်ခေါ် ပညာ သင်ဆုပင် ရရှိခဲ့သူဖြစ်သည်။ မောင် အောင်ဆန်း ၇ တန်းေ ကျာင်းသား ဘဝကပင်သူသည် ထိုခေတ်က ထင် ရှားသော လူပုဂ္ဂိုလ်များ၏ ရုပ်ပုံ ကိုပင်ပန်းချီဆွဲထားသည်ကို တွေ့ ခဲ့ရသည်။ငယ်စဉ် ကျောင်း သားဘဝကပန်းချီဆွဲ ဝါသနာပါပုံကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော ‘ဗိုလ် ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ’ စာအုပ်တွင် “ကိုအောင်ဆန်း၏လေ့ကျင့်ခန်းစာ အုပ်ကိုယူ၍ ကြည့် လျှင်ပန်းချီဝါသနာ ပါသူ တစ်ယောက်ဟု မှတ်ယူလောက် အောင်ပင် စိတ်ကူးနှင့်ရေးဆွဲထားသည့် ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်း ချလျက်မျက်စိမှိတ်နေသည်ဟု ထင်ရ သောမိန်းမဦးခေါင်းပုံများကို
အများအပြားတွေ့ရမည်ဖြစ်ပေသည်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

 ”ရေနံချောင်းမြို့၊ အမျိုးသား ကျောင်း ၈ တန်းကျောင်းသားဘဝ တွင် ကျောင်း၌ တစ်ယောက်တည်း စဉ်းစားတွေးတောခြင်းဖြင့်လည်း ကောင်း၊ စာအုပ်နှင့်မျက်နှာ အပ် လျက်သော်လည်းကောင်း အမြဲ ရှိတတ်လေသည်။အိမ်သို့ပြန်လာ သောအခါတွင်သရေစာတစ်ခုခုကို ရှာစားပြီး လူရှင်းသောတစ်နေရာရာ တွင် တင်ပျဉ်ချိတ်ကာ အချိန်များ စွာတွင် စာအုပ်ကို စွဲလမ်းစွာ ကြည့် ရှုတတ်လေသည်။ ကိုအောင်ဆန်း နှစ်သက်သောစာအုပ်မှာဗမာရာဇ ဝင်များနှင့် ပျို့၊ ကဗျာ၊ လင်္ကာစာ အုပ်မျာြး ဖစ်လေ သည်။ ပျို့ကဗျာ၊လင်္ကာစာအုပ်များကို အာဂုံဆောင် နိုင်သည့်တိုင်အောင် ကြည့်ရှုဖတ် နေလေ့ရှိပါသည်”ဟု တွေ့ရှိရပေသည်။

 ဗိုလ်ချုပ်အောင်ဆန်း၏ ငယ် ဘဝကိုကြည့်လျှင် တောသူတောင် သား မိဘနှစ်ပါးက မွေးဖွားခဲ့သည် ဆိုသော်လည်း ထူးကဲ သောပါရမီရှိသူ ဟုဆိုနိုင်ပါ၏။ အသက် ၃၂ နှစ်မျှ သောလူငယ်ဘဝမှာပင်နိုင်ငံကို လွတ် လပ်ရေးရရှိအောင်ထိပ်ဆုံးမှအသက် ပေး၍ ဦးဆောင်ခဲ့သူဖြစ်ပါ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏မွေးနေ့ ကို မြန်မာနိုင်ငံတွင် ‘ကလေးများနေ့’ သတ်မှတ်၍ ကလေးများကို အတုယူ အားကျစေရန် ဗိုလ်ချုပ်အကြောင်း ပြောဆို၊ဟောပြော၊ဆွေးနွေးခြင်း
သည် လွန်စွာသင့်မြတ်သော အလုပ်တစ်ခု ဟုပင် ဆိုရပါတော့မည်။

သိန်းအေး - Popular Journal

ရည်ညွှန်း-
(၁) ခေါင်းဆောင်မှုဟူသည် (ဗိုလ်မှူးချုပ်မောင်မောင်)
(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင်များ (တင်နိုင်တိုး)


Posted: 11 Feb 2013 12:55 AM PST
(၉.၂.၂၀၁၃) စနေနေ့ ညနေ (၅း၃၀) အချိန်တွင် ရန်ကုန်ဆိပ်ကမ်း မှ မော်ကျွန်း သို့ ထွက်ခွာလာသော ပုသိမ်သူ ရှပ်ပြေး ရေယာဉ် အမှတ်(၂) ပေါ်တွင် ရန်ပွဲများ ဖြစ်ပွားခဲ့ကြောင်း လိုက်ပါလာသူ ခရီးသည်များက ပြောကြား ခဲ့ပါသည်။ ဖြစ်ပွားပုံမှာ ကျိုက်လတ်မြို့သို့ မရောက်မီ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Feb 2013 12:18 AM PST
ကမ္ဘာပေါ်မှာ အလင်းဆိုတာ တည်ရှိလာတဲ့ အချိန်ကတည်းက အမှောင်ဆိုတာပါ တွဲဖက်တည်ရှိနေခဲ့တယ်။ ဒီလိုပဲ မီးနဲ့ရေ၊ အပူနဲ့အအေး၊ အမာနဲ့အပျော့၊ အမှားနဲ့အမှန်၊ အကောင်းနဲ့ အဆိုးစတဲ့ ဆန့်ကျင်ဘက်တွေ ဟာလည်း တွဲဖက်တည်ရှိ နေခဲ့တယ်။ အလင်းဟာ အမှောင်ကြောင့် ပိုတောက်ပသလို အမှန်ဟာလည်း အမှားကြောင့် ပိုဂုဏ်ရှိရတယ်။ ဆိုလိုချင်တာက ဒီဆန့်ကျင်ဘက် တရားတွေဟာ တစ်ခုတည်ရှိမှုကြောင့် ကျန်တဲ့တစ်ခုရဲ့ ဂုဏ်ပိုမြင့်မားလာရတယ် ဆိုတာပါ။
အလင်းထဲက လူတွေဟာ အမှောင် ဘက်တော်သားတွေကို ကြောက်နေစရာ မလိုဘူး။ အလင်းလာရင် အမှောင်ဆိုတာ ဖယ်ပေးရစမြဲပဲ။ အကြောင်းရင်းကတော့ အလင်းဆိုတာ အမှန်တရားကို ကိုယ်စားပြုတယ် အမှန်တရားရဲ့ဘက်မှာ ရဲရင့်ခြင်းရှိတယ်...

သတင်းသမားရဲ့တာဝန်

သတင်းသမား တစ်ယောက်ရဲ့ တာဝန်ဟာ သူသိရှိတဲ့ အကြောင်းအရာတွေကို အခြားသူတွေပါ သိလာအောင် အမှန်တရားကို အခြေပြုပြီး တင်ပြရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပုဂ္ဂိုလ်ရေးတွေ အကြောက်တရားတွေ ရှိနေပါစေ အမှန်တရားကို မျက်ကွယ်မပြုဘဲ ဖော်ပြခြင်းဟာ သတင်းသမား တစ်ယောက်ရဲ့ ကျင့်ဝတ်ပဲ။ ဒီလိုအမှန်တရားကို အခြေပြုပြီး ဖော်ပြတဲ့အခါ မှာ ကိုယ့်ကို သဘောကျတဲ့သူတွေ ရှိသလို မုန်းသူတွေလည်း ရှိနိုင်ပါတယ်။ အမှန်တရားကို အခြေပြုနေသရွေ့ သတင်းသမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်မှာ ခိုင်မြဲတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေသရွေ့ ကိုယ့်ကိုသဘောကျတဲ့ သူတွေဟာ အမှန်တရားကို မြတ်နိုးသူတွေ ဖြစ်ပြီး ကိုယ့်ကိုမုန်းတဲ့ သူတွေကတော့ အမှန်တရားကို ခံနိုင်ရည်မရှိတဲ့ သူတွေဆိုတာ နှလုံးသွင်း ထားရပါလိမ့်မယ်။ လူ ၁၀၀ မှာ ဘယ်လိုပဲ ၉၉ ယောက်က ကိုယ့်ကို သဘောကျနေပါစေ မုန်းတဲ့တစ်ယောက်ဟာ ကိုယ့်ကို တိုက်ခိုက်မယ့်သူ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနှုန်းနဲ့ ဆိုရင်တောင် ကိုယ့်ကို အယောက်တစ်သောင်း သဘောကျစေဦး ကိုယ့်ကို မုန်းတဲ့သူတွေဟာလည်း အယောက်တစ်ရာ ရှိနေမှာပါပဲ။ ဒါ့ကြောင့် ပြောခဲ့သလိုသာ နှလုံးမသွင်းထားဘူး ဆိုရင်တော့ သတင်းသမား တစ်ယောက်ဟာ အတိုက်အခိုက်တွေကြားမှာ ဒူးထောက်အရှုံး ပေးသွားရပါလိမ့်မယ်။

ဘယ်ကိစ္စမျိုးမှာမဆို အမြင်ဆိုတာ နှစ်မျိုးရှိမှာပါပဲ။ တစ်ဖက်က လက်ဖ၀ါး ဖြစ်နေပေမယ့် အခြားဘက်ကတော့ လက်ဖမိုး ဖြစ်နေမှာပါ။ သတင်းသမားဆိုတာက လက်ဖ၀ါး ဘက်ကလည်း မဟုတ်သလို လက်ဖမိုး ဘက်ကလည်း မဖြစ်စေရပါဘူး။ သူဟာ လက်ဖ၀ါးနဲ့ လက်ဖမိုးကြားက တကယ့်အရှိတရားကို မြင်တတ်သူသာ ဖြစ်ရပါလိမ့်မယ်။ အများညီလို့ ဤကို ကျွဲဖတ်နေစေဦး ဤဟာ ဤပဲဖြစ်တဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ရ ပါလိမ့်မယ်။ ဒီလို အမှန်တရားဘက်က ရပ်တည်တဲ့အခါမှာ အ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...