Thursday, February 14, 2013

သို့/---သမီးလေး


သို့/---သမီးလေး
မေမေ့သမီးလေးနေကောင်းရဲ့လား ?
မေမေလေသမီးလေးကိုအရမ်းသတိရတာပါပဲကွယ် သမီးလေးကို မေမေအရမ်းချစ်ပါတယ် ။ သမီးဘာလို့ မေမေကိုမုန်းနေရတာလဲ သမီးမေမေ့ကိုလစ်လျှူရှုထားခဲ့ပေမယ့် မေမေ့မျက်ဝန်းထဲမှာ အရောင်အဆင်းလေးတွေနဲ့လှပတဲ့ မြန်မာဝတ်စုံလေးမြင်တိုင်း မေမေ့သမီးလေး မြန်မာဆန်ဆန်လေးနဲ့ လှပနေမလားလို့ပါ..

မေမေ့ဘ၀ကိုလှည့်မကြည့်ပဲထွက်သွားခဲ့တဲ့ သမီးလေးရယ် ဘယ်တွေကိုရောက်နေပြီလဲ အမေဒုက္ခရောက်နေသလို သမီးလေးဒုက္ခမရောက်ပါစေနဲ့လို့မေမေ အမြဲဆုတောင်းနေတယ် သမီး။ သမီးငယ်ငယ်တုန်းကမေမေ့ကိုပြောဖူးတယ်။
သူဌေးသမီးဖြစ်ချင်တယ်တဲ့ အခုသမီးက သူဌေးဇနီးဖြစ်နေပြီမဟုတ်လား ကျေနပ်ပါတော့ သမီးရယ်...
သမီး မေမေလေ အရောင်လွင့်နေတဲ့အ၀တ်တွေနဲ့နေပူထဲမှာ တစ်နေ့ဝမ်းစာရေးအတွက်အလှူခံနေပါတယ်။
 သမီး
မေမေလေ အဲ့ဒီနေ့က သမီးကို ပိုးထည်တိုက်တစ်ခုမှာ မြန်မာဝတ်စုံလေးဝယ်နေတာတွေ့လိုက်ရသလိုပါပဲ။
မေမေ့မျက်လုံးတွေမှုန်ဝါးနေလို့လားမသိပါဘူး သမီးရယ် မေမေပဲလူမှားနေတာများလား သမီးပဲမေမေ့ကိုမမှတ်မိတာများလား။

သမီး မေမေလေအဲ့လိုအရောင်အဆင်းလေးတွေလှနေတဲ့ မြန်မာဝတ်စုံလေးကိုဝတ်ဖူးချင်တာထက် အမေ့သမီးလေးမြန်မာဆန်နေရင်ပဲ မေမေကျနပ်နေရပါပြီ သမီးရယ်။ မေမေက သမီးဘ၀အတွက်အဖိုးမတန်ပါဘူး မေမေဆင်းရဲလို့ သမီးမေမေ့ကိုအရမ်းမုန်းတယ်မဟုတ်လား။
တွယ်ရာမဲ့တဲ့မေမေ့ဘ၀မှာ သမီးလေးကမြန်မာဆန်ဆန်လေးနဲ့လှနေတာကိုမြင်နေရတာပဲ မေမေ ၀မ်းသာမဆုံးပီတိဖြစ်မိပါတယ် သမီး။

သမီး မေမေ့နှလုံးသားထဲကစကားတွေကို မေမေအံကြိတ်ပြီးအောင့်ထားပေမယ့် မေမေရေးလိုက်တဲ့ စာကိုတော့ သမီးဖတ်ဖြစ်အောင်ဖတ်ပေးပါ။
မေမေဟာ သမီးကိုငွေကြေးမထောက်ပံ့နိုင်ခဲ့ပေမယ့် မေမေ့နှလုံးသားထဲမှာ သမီးလေးတစ်ယောက် တည်းပဲရှိပါတယ်။ မေမေ အပြစ်မမြင်ပါဘူး သမီးဘာလုပ်လုပ်ပေါ့။
မေမေဖြစ်စေချင်တဲ့ဆန္ဒတစ်ခုရှိတယ်သမီး မြန်မာဆန်ပြီးဖြူစင်တဲ့မေတ္တာလေး သမီးလေးထားနိုင် ပါစေလို့ မေမေမှာထားချင်ပါတယ်...။

. ............/သမီးကိုချစ်တဲ့ မေမေ

---------/ နန်းမီမီမိုးစက်
ဓါတ်ပုံ/ Cover Studio (지순)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...