Saturday, February 2, 2013

ဒေါက်တာညီညီ


ဒေါ်စု ဒေါက်တာညီညီကို အတွေ့မခံတာ ဥာဏ်ရှိလို့ပေါ့။
မြန်မာနိုင်ငံရဲ့ ပညာရေးကို ပထမဦးဆုံး ဖျက်စီးသွားတာ
တပ်ဦးကျောင်းသားဟောင်း ၊ ဒေါက်တာညီညီ ဆိုတာပေါ့။

မျှတတဲ့စိတ်ဓါတ် ၊ လူကြီးဆန်ရှိတဲ့ Rector ဒေါက်တာသာလှ က
ဦးကျော်ငြိမ်းဆီ ခေါ်လာပြီး ထောာက်ခံပေးလို့
အစိုးရက တပ်ဦးကျောင်းသားပေမဲ့
နိုင်ငံတော်အစိုးရက ပညာတော်သင်လွှတ်လိုက်တယ်။


ဒေါက်တာသာလှက ၁၉၃၆ခု ကတည်းက ဦးကျော်ငြိမ်းတို့နဲ့
အတူ ကျောင်းသားသမဂ္ဂမှာ ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်

ဦးနေ၀င်း မတက်မှီ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အဆင့်မြင့်တယ်
Liberal Arts ပညာရေးကို သင်တာကြောင့်
ကျောင်းသားတွေဟာ ဖက်စုံ (အသိ) ကိုရတယ်
ဒ့ါပြင် critical Thinking ရှိအောင် လမ်းကြောင်းပေးတယ်

တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ
ဒုဝန်ကြီးဖြစ်လာတော့ လက်ဝဲအတွေးအခေါ်အတိုင်း
Liberal Education ကိုဖျက်ပြီး ၊ Socialistic Specialized Education
စနစ်ကြီးကို အတင်းရိုက်သွင်းလာတယ်

ဆယ်တန်းအောင်ရင် ILA စနစ်အရ ကော်လိပ်ကျောင်း ၀င်ခွင့် ကို သတ်မှတ်တယ်
ILA ဆိုတာက တဘာသာစီကို အမှတ်ပြန်ပေးပြီး၊ aggregate ပြန်လုပ်တာ
ဥပမာ math physics မှာ ၈၅ ၊  ၉၀ ရမှ ILA အတွက် ၂၀ ရမယ်
Arts subject တွေဖြစ်တဲ့ Hist Geography တို့ကြတော့ ၇၅ နဲ့ ILA 20 ရမယ်
ဘာသာအားလုံးပြန်ပေါင်းတေှာ့Science သမားတွေက ILA နဲ ပြီး Arts သမားတွေက
ILA များနေတာတွေ ဖြစ်လာရော

ILA အရ တက္ကသိုလ်ဝင်ခွင့်  ရွေးတော့ Arts ကလူတချို့ ဆေးတက္ကသိုလ် ရောက်ကုန်ရော
ရောက်သင့်တဲ့ Science ကျောင်းသားတွေ ဆေးကျောင်းမရောက်
Arts ကျောင်းသားတွေ Physics Chemistry Biology မသင်လာတော့
အိုးနင်းခွက်နင်း ဖြစ်ပြီး ထွက်ကြရရော

အရင် ပညာရေးစနစ်က ၀ါသနာ အရ ယူကြတာ
အမေရိကားမှာ ဆိုရင် ဆရာဝန် ဖြစ်ချင်ရင် Pre-med တက်ရတယ်
အမှတ်မှီ ၀င်ခွင့်ရအောင် ကြိုးစားကြရတယ်
စာတော်ပေမဲ့ Economics ၀ါသနာပါတဲ့သူ ၊ Law ၀ါသနာပါသူတွေ က
သူတို့ ၀ါသနာပါရာ ယူခွင့်ရှိတော့ ၊ ထူးချွန်ကြတယ်

ဒေါက်တာညီညီ ရဲ့ Specialized ပညာရေးစနစ်မှာ
အတော်ဆုံး ၁၁၀၀ (၅၅၀စီ) က ဆေး နဲ့ စက်မှုတက္ကသိုလ် တွေတက်ရတော့
ဒီကျောင်းသား တွေက မျက်နှာပွင့်တယ် ၊ ဂုဏ်ရှိတော့
မိဖတွေက စာတော်တဲ့ သားသမီးတွေကို ဖိအားပေးလာတယ်
ဝါသနာ ပါတာ မပါတာနဲ့ မဆိုင်ကြတော့ဖူး

ဒီတော့ ဆရာဝန်ဘွဲ့ ၊ အင်ဂျင်နီယာဘွဲ့ ယူပြီး ဒီပညာနဲ့ လုပ်မစားတဲ့သူတွေပေါ်လာတယ်
ဒါမျိုးမဖြစ်ရအောင် ဒေါ်စုက Intellectual မျက်စိနဲ့ကြည့်ပြီး
ဆရာဝန်ဆို ဆေးကုဖို့ပြောတာပါ
Mismatch မဖြစ်ရအောင်ပါ

Institute of Economics မှာလည်း AA – IT – Eco ဆိုပြီး Economics ကိုအောက်ဆုံးမှာထားတော့
မြန်မာနိုင်ငံ အတွက် လိုအပ်တဲ့ Economics ပညာရှင်တွေ ထွက်မလာတော့ဖူး

စာရေးသူ စက်မှုတက္ကသိုလ်ရောက်တော့
ဆရာတွေဟာ Harvard – MIT trained တွေ ၊ Quality သိပ်မြင့်ပါတယ်
Rector က ဦးရုံးမို ၊ နောက်ဒေါက်တာ အောင်ကြီး ကနေဒါက Ph.D ရတဲ့ လူတော်တွေ

ဒေါက်တာညီညီ လက်ထက်မှာ ဆိုရှယ်လစ်တပ်ဦး ဥင်နဲ့ အရှေ့ဥရောပ နိုင်ငံတွေကို
ပညာတော်သင်လွှတ်တယ် ။ ပျက်ရော။
မာစတာလည်း မက ၊ ပါရဂူလည်းမကျ တဲ့
ဟိုမရောက် ၊ ဒီမရောက် (ဒစ်ပလုံး) ဆိုတာတွေပါလာသေးတယ်

စာရေးသူက ၁၉၆၈မှာ ၁၀တန်းအောင်ပါတယ်
ILA နောက်ဆုံးနှစ် ၊ လက်တွေ့ဖြတ်သန်းခဲ့ရသူပါ
ကြားဖူးနားဝ လေဖမ်းပြောတာမဟုတ်

စာရေးသူက အင်္ဂလိပ် မက်သတစ် ကအောင်ပါတယ်
ဗမာတပြည်လုံး ပထမ ကို မက်သတစ် နဲ့ St Paul ကျောင်းကပြိုင်နေကြ
စာရေးသူရဲ့ အတန်းက ဆေးကျောင်း ၊ စက်မှုကို ရောက်တာ ကအများစုလား
အားလုံးလားပဲ။
အဲဒီနှစ်က DSA ကို ၄ယောက်ရောက်တယ်
စာတော်တဲ့ ၊ စာကျိုးစားတဲ့သူဆိုတာ ဘယ်စနစ်ဖြစ်ဖြစ် အောင်မြင်ကြတာပါပဲ

ဒါပေမဲ့ ဒေါက်တာညီညီ လို
တိုင်းပြည်ပညာရေးကို ၊ ၀ါဒရေးမျက်စိနဲ့ ကြည့်ပြီး
ဖျက်စီးခဲ့တဲ့
Intellectual Prostitue မျိုးကို
ဒေါ်စု မတွေ့တာ ဥါဏ်ရှိလို့ပေါ့

ဒေါက်တာညီညီ လို ချီးထုပ်မျိုးကို ရှောင်တာ မှန်တာပေါ့
ဒေါ်စုကို အပြစ်တင်မဲ့အစား
ထိုင်ကန်တော့ ကြသင့်တယ်

ဘာမှာနားမလည်ပဲ ဒေါ်စုကို အပြစ်တင်လိုသူတွေသာ
ဒေါက်တာညီညီ လို ရွှေဥါဏ်တော်ဆူးရောက်သူတွေ
လက်ဝဲမျက်ကန်းတွေဆိုတာ
အများ သိစေချင်လိုပါ

ဒေါက်တာညီညီ တို့များ ယုံကြည်တာက လက်ဝဲ
နေတော့ နယူးရောက်မြို့
အရင်းရှင်နိုင်ငံ
နေပါလား မော်စကိုမှာ ၊ ပီကင်းမှာ

ဒေါ်စုကို ၊ နိုင်ငံကိုယ်စား
ကျေးဇူးတင်ပါတယ် ၊ လေးစားပါတယ်
ဒေါက်တာညီညီလို ပညာတတ်ဖါခေါင်းတွေကို လက်မခံတာ
တိုင်းပြည် မိအေးနှစ်ခါနာ မဖြစ်စေချင်လို့ပါ

                                                          *******************


ဒေါ်စုက မြန်မာနိုင်ငံ ပညာရေးကို ပြုပြင်ပြောင်းလဲမယ်လို. ပြောသံကြားတော့ ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီက ရန်ကုန်ကို ပြန်လာပြီး ဒေါ်စုနဲ. တွေ.ဖို. ကြိုးစားပါသတဲ့။ 

ရန်ကုန်ပြန်ရောက်တဲ့ နှစ်လအတွင်း ဒေါ်စုကို တွေ.ဖို. ကြိုးစားပေမယ့် တွေ.ခွင့်မရပါဘူး။ နေပြည်တော်ကို လိုက်သွားတော့လဲ မအားလပ်တဲ့အတွက် တွေ.ခွင့်မရပြန်ပါဘူး။ 

အဲဒိအကြောင်း စဉ်းစားနေရင်း ဒေါ်စုက ကိုရီးယား မင်းသားတွေကို တွေ.မယ့်သတင်း ကိုရီးယားတိုင်းမ် သတင်းစာ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရတယ်။ ဒါမျိုး သတင်းနှစ်ခု ယှဉ်ကြည့်လိုက်ရင် တကယ့် ရုပ်ပျက်ဆင်းပျက် မျက်နှာပူစရာပဲ။

ဒေါ်စု အလုပ်များတာတော့ လက်ခံပါတယ်။ သမ္မတ တစ်ယောက်ထက် အလုပ် ပိုလုပ်ရသူပါ။ ဒါပေမယ့် ဦးညီညီလို တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူတော်တစ်ဦးကို တွေ.ဆုံဖို. အချိန် နှစ်နာရီလောက်အတွက် တခြား သိပ်အရေးမကြီးတဲ့ အလုပ်တွေကို ထားပစ်လိုက်သင့်တယ်။ ဒေါ်စုနားက ဘယ်သူ.ကို တွေ.သင့်တယ် ဘယ်သူ.ကို မတွေ.သင့်ဘူးဆိုတာမျိုး အကြံပေး ဆုံးဖြတ်ပေးနေတဲ့သူတွေ တော်တော် ညံ့တယ်ပြောရမယ်။ ဒေါက်တာညီညီ ကိစ္စကို ဦးတည်ပြီး ပြောပေမယ့် တခြား အရေးကြီးတဲ့လူတွေ တန်ဖိုးရှိတဲ့ လူတော်တွေ မတွေ.ရဘဲ ဘယ်နှစ်ယောက် ပြန်သွားရလဲ NLD အတွင်းစည်းကလူတွေ အသိဆုံး ဖြစ်မှာပဲ။
"
ဦးသိန်းစိန်က ၂၀၁၀ ကနေ ခုချိန်ထိ ယှဉ်လိုက်ရင် လူထုထောက်ခံမှု ပိုများလာတယ်။ ဒေါ်စု လွတ်လာချိန်ကနေ ခုချိန်ထိ ယှဉ်လိုက်ရင် ထောက်ခံမှု များလာလား၊ ကျသွားလား??? NLD စဉ်းစားဖို.လိုပြီ။ ဒီတိုင်း ဆက်သွားရင် ၂၀၁၅ မှာ လျှာထွက်အောင် ရုန်းရလိမ့်မယ်။"
(
ခုလိုရေးလို. ဘလိုင်းကြီး လာဆဲမယ်တော့ မကြံနဲ.။ လာဆဲဖို. စဉ်းစားတဲ့ကောင်တွေ ဖတ်ဖို. ဟာသလေး တစ်ခု အောက်မှာ ရေးထားတယ်။ ဟာသက ရယ်ချင်မှ ရယ်ရလိမ့်မယ်။ ဒါပေမယ့် မဆဲခင် သေချာတော့ဖတ်)ဒေါ်စု လူကြားထဲ သွားတော့ ဟိုလူက ဖက်နမ်း ဒီလူက ပန်းစည်း ကမ်းနဲ. တော်တော်လေး ဗရမ်းဗတာ ဖြစ်တာမြင်ကြတော့ ဒေါ်စု လုံခြုံရေးကို စိုးရိမ်ရကြောင်း ပြောကြသံတွေ ထွက်လာတယ်။အဖိုးကြီး တစ်ယောက်က ဘာပြောလဲဆိုတော့ ... ဒေါ်စုနားမှာ သူ.ကို ကာကွယ်ဖို. အမြှောက်တပ်ကြီး တစ်တပ်လုံး ရှိတာပဲကွာလို. ပြောသတဲ့။ ကြားရတဲ့ သူတွေက ... အဘကလဲ ဒေါ်စု လုံခြုံရေးတွေက လက်နက်ဆို အပ်တိုတောင် မကိုင်ရတာ ဘယ်က အမြှောက်တပ် ရှိရမလဲ ဆိုတော့ ... "ဒေါ်စု ဘာလုပ်လုပ် မြှောက်ပေးနေတဲ့သူတွေ သူ.နားမှာ တပ်မကြီး တစ်တပ်လောက် ရှိတယ်ဟေ့။ အဲဒိ အမြှောက်တပ်ကို ပြောတာဟ" လို. ပြောသတဲ့။အဲဒိ အမြှောက်တပ်သားတွေကို ပြောချင်တာက မင်းတို. ဒေါ်စုကို ချစ်တာ လေးစားတာထက် ငါမပိုရင်တောင် မလျော့ဘူး။ ဒါပေမယ့် ငါက ကိုယ့်ခေါင်းဆောင်လို. သတ်မှတ်ထားတဲ့သူကို အမှားလုပ်ခွင့် မပေးနိုင်ဘူး။ မေမေစု ဘာလုပ်လုပ် အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး လက်ခုပ်တော့ အမြဲ မတီးနိုင်ဘူး။ ဒေါ်စု ဘာလုပ်လုပ် လက်ခုပ်ပဲ တီးနေကြရင် အာဏာရှင်စံနစ်ကို ချစ်တဲ့သူတွေထဲ မင်းတို.လဲ ပါနေပြီလို. ကိုယ့်ကိုယ်ကို သတိရကြ။ ဒေါ်စုကို ငါတို. ချောက်ထဲ တွန်းပို.နေမိပါလားလို. အမြင်မှန်ရကြ။ ဒါပါပဲ။စတေးတပ်စ် တစ်ခုနဲ. အကြောင်းအရာနှစ်ခု ရောပြောမိတာတော့ နားလည်ပေးပါ။ အားပါသွားလို.။ 
Top of Form
Like · · Share · January 29 at 5:27pm ·
  •  
  • Naing Aung, TeZa Hlaing, La Min Naing Lmn and 150 others like this.
  • 111 shares
Maung Maung Than ပြင်ညာရေး ဆိုတာကို စတင်သွားတဲ့ ၀န်ကြီးမို့ လို့ နေမှာပါ၊ ကျနော်တို့ က သူ့ ဒဏ်ကို ကောင်းကောင်းခံခဲ့ရတာ၊
January 29 at 5:31pm · Like · 23
ကို သာ ပို အမျိုးမျိုးပါ့လားဟ...
January 29 at 5:33pm · Like
Yin Aung Dr. Nyi Nyi က ပညာရေးလောက မှာ နာမယ်တော်တော်ပျက်ခဲ့ပါတယ်။ အခု အသက် ၆၀ တန်း ၇၀ တန်းလက်တွေ့ ခံခဲ့ရတာပါ။ ဆရာဆရာမတွေ ရောကျောင်းသားကျောင်းသူတွေပါ မနှစ်မြို့တာကြားသိဖူးပါတယ်။
January 29 at 5:36pm · Like · 22
Kyaw Zwa http://www.koreatimes.co.kr/www/news/nation/2013/01/116_129611.html

Aung San Suu Kyi to meet 'Hallyu' stars
www.koreatimes.co.kr
www.koreatimes.co.kr delivers the latest information on all events and stories taking place in Korea.
January 29 at 5:37pm · Like
Kyaw Zwa မဆလခေတ်က ၀န်ကြီးဆိုတော့ သူဝန်ကြီး လုပ်ခဲ့တဲ့ ကာလကို မှန်းလို. ရပါတယ်။ သို.သော် Max ဇော်ဇော်လို တေဇလို ခရိုနီ တွေကိုတောင် လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သေးတာပဲ။ ဒေါက်တာညီညီကို the same principle နဲ. ငြင်းတာ အဓိပ္ပါယ် မရှိပါဘူး။
January 29 at 5:48pm · Edited · Like · 13
Aung Gyi ဗိုလ်ချုပ်အောင်ဆန်းခေတ် ဖဆပပြန်ဖွဲ့ တော့ အင်္ဂလိပ်ခေတ်မှာ ဝန်ကြီးလုပ်ခဲ့တဲ့ဘကြီးဘဘေလိုလူမျိုးကိုပြန်ခေါ်ပီးနေရာပေးအကြံဥာဏ်ယူခဲ့သေးတာပဲ။ အဓိကက ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ သူ့ နေရာနဲ့ သူ အသုံးကျတဲ့ သူမျိုးတွေ ရှိနေဖို့ အရေးကြီးတယ်။ ဒေါက်တာညီညီလိုလူမျိုးဆီက ပညာရေးအတွက် အကြံဥာဏ်ကောင်းတွေရနိုင်ပါတယ်။နေဝင်းခေတ်မှာ ပညာရေးဝန်ကြီးတစ်ယောက်အနေနဲ့  လုပ်ပိုင်ခွင့်အပြည့်အဝမရခဲ့ဖူးဆိုတာ သေချာပါတယ်။
January 29 at 5:53pm · Like · 9
Aung Tha Nge I agree with Yin Aung the first commenter above. Dr. Nyi Nyi used to be a Professor of Geological Department. ကြုံလို့ ၀င်ပြောတာပါ... အဲ့သည့် ဒေါက်တာညီညီပဲ ပညာရေးဝန်ကြီး ဖြစ်တော့ Bottle-neck Education Policy ကို ရေးဆွဲခဲ့တာ... အဲ့ပေါ်လစီကြောင့် ကျောင်းသားတွေဟာ ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို မသင်ယူနိုင်ခဲ့ကြရဘူး... ဗမာပြည်အတွက် နှစ်ပေါင်းများစွာ ခေတ်နောက်ကျသွားစေခဲ့တယ်... အဲ့လို လူမျိုးက ဘာထပ်လုပ်ပေးနိုင်ဦးမှာလဲ... I used to be a graduate with Geology from RASU in 80's.
January 29 at 5:54pm · Edited · Like · 20
Kyaw Zwa but we also need to consider his current status in the UN. if he doesn't know something, he won't be there. but above status is my "opinion" not fact. so we can disagree.
January 29 at 5:56pm · Like · 5
Kyaw Zwa and i am not only talking about Dr Nyi Nyi. there were a lot of people who came to see her, but return back in vain. many of them are people she should see.
January 29 at 5:58pm · Like · 6
Aung Tha Nge Maybe he can provide some information of resources and advices. But our current education system cannot be changed nor upgraded in a snap. What we really need is a democratic government. After that, we can consider the way to change the whole system of Education. That's a long termed project, and we all need the fully support of the government. That's the fact.
January 29 at 6:02pm · Like · 8
Aung Tha Nge I am not at both side. I am telling what I believe in this case.
January 29 at 6:05pm · Like · 9
Htay Aung အခုလို အပြုသဘော ထောက်ပြဝေဖန်တာကို ထောက်ခံပါတယ်။
January 29 at 6:10pm · Like · 2
Yin Aung ပညာရေး က အပိုင်းခွဲပြောရမယ် ထင်တယ်။ လက်ရှိအခြေအနေမှာ ခါးပြတ်နေတာ တစ်ခု ကျူရှင်ပြသနာတစ်ခု ..ကျူရှင်ကြောင့် ပို corrupted ဖြစ်လာတဲ့ အခြေအနေက တစ်ခု။ ငါ့သားသမီးအတွက် မဟုတ်တာလုပ်ဖို့ ဝန်မလေးဖူး။

အဓိက လိုအပ်နေတာက communication လမ်းပန်းဆက်သွယ်ရေးနဲ့ social security. တကယ်တမ်း ပညာရေးနဲ့ ကျန်းမာရေးက ကုန်ကျစရိတ်အများဆုံးဖြစ်တဲ့အတွက် ဒါတွေက social security ရှိရင် corruption က လျော့ကောင်းလျော့လာနိုင်တယ်။ ငါ့ကလေး ကျောင်းကောင်းကောင်းထားရဖို့ကျူရှင်ပေးဖို့ က အရေးကြီးနေတဲ့ပြသနာ။ ဆရာမ ကျူရှင်မပေးရင် ဘာနဲ့ စားမလဲ ဆိုတဲ့ အဆိုတွေနဲ့ တိုင်းပြည်က ပိုပျက်သထက် ပျက်လာတာ။

တကယ်က တစ်ယောက်ထဲ လစာနဲ့ တစ်မိသားစုလုံးစားနေတဲ့ပြသနာ။ အလုပ်မလုပ်တဲ့ပြသနာ။ အလုပ်မရှိတဲ့ပြသနာ။ ဟန်ပြ သာသာ အလုပ်လုပ်တဲ့ပြသနာ။

နောက်တစ်ခုက မိသားစုမှ ပညာရေးကျန်းမာရေးအတွက် ဘာအာမခံ လုံခြုံမှုမှ မရှိတဲ့ပြသနာ

နယ်ကို ဘယ်သူသွားချင်မလဲ မြို့ ပြနဲ့ တော ကွာဟနေတာကိုး။ လမ်းပန်းဆက်သွယ်ရေးကောင်းလာရင် စီးပွားရေးဖွံ့ ဖြိုးလာမယ်။ ဒါဆို နယ်ကိုလဲ သွားမဲ့ဆရာမ တွေ ပိုလာမပေါ့၊ ခလေးတွေလဲ ကျောင်းတက်ဖို့ အခွင့်အလမ်းပိုတော့မပေါ့။ အခုက ကလေးတွေက ဆယ်နှစ်လောက်ရောက်ရင် အပြင်ထွက် စီးပွားလုပ်ပေးနေရတာတွေ မှ မနဲတာ။

စီးပွားရေး ဆက်သွယ်ရေး လူမှုဘ၀ (ပညာရေး ကျန်းမာရေး)လုံခြုံရေး မရှိပဲနဲ့ တော့ လေထဲတိုက်ဆောက်နေတာပဲ၊

အခွန်စံနစ်သေသေချာချာဖြစ်လာဖို့ လိုတယ်. အခွန်ထဲက ဘယ်လောက် ရာခိုင်နှုံးနဲ့ နိုင်ငံတော် စိုက်ထုတ်မှု ဘယ်လောက်ရာခိုင်နှုံးဆိုတာ တိတိကျကျ ရှိလာမှ ... ရေရှည်မှန်းလို့ ရမှာပါ။

အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား အခွင့်အရေးပဲလိုချင် တာဝန်မလိုချင်တဲ့ လူတွေနဲ့ အတွက်ကတော့ ... သူတို့ နဲ့ ထိုက်တန်တာပဲ ဆက်ရနေဦးမယ်လို့ ထင်ပါတယ်။
January 29 at 6:12pm · Like · 24
Yin Aung ဒေါက်တာညီညီနဲ့ တွေ့ လဲ မထူးဖူး Psy နဲ့ တွေ့ လဲဘာမှ မထူးဖူး။ အိုဘားမားလဲ မကယ်နိုင်ဖူး။ အဓိက က အင်အားက ကိုယ့်လူတွေ လုပ်မှ ကိုယ့်ဒူး ကိုယ်ချွန်မှ ကိုယ့်စိတ်ဓါတ်တွေကို ကိုယ်ကိုယ်တိုင်ပြင်ကြမှ။ အခုက အပြောင်းအလဲတော့လိုချင်ပါရဲ့ ကိုယ့်ကိုတော့ တစ်စက်ကလေးမှ အနာမခံနိုင်ဖူး။ ကိုယ်ကိုယ်တိုင်ကျတော့ မပြောင်းချင်တာ။ ပြောရင်လဲ ရွာပြင်ရောက်တာပဲ အဖတ်တင်မယ်။
January 29 at 6:15pm · Edited · Like · 38
Yin Aung ဗမာပြည်နဲ့ အနေဝေးနေရင်တော့ အထဲက လူအများစုရဲ့ အကျင့်စိတ်ဓါတ်ကို သိပ်နားလယ်မယ် မထင်မိဖူး.. ကျမလဲဒီထက်ပိုပြီး ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်တော့ပါ။
January 29 at 6:20pm · Like · 17
Ko Ko Myauk ဒါဆို ဒီနေ့ ညနေ တွေ.မယ်လေ ....
January 29 at 7:05pm · Like
Florence Amaung ဒေါက်တာညီညီက လက်ရှိ ပညာရေးဝန်ကြီးနဲ့ တွေ့သွားခဲ့သေးလားဗျ။ တကယ်မသိလို့ မေးတာ။
January 29 at 7:27pm · Like · 6
Kyaw Zwa ကျွန်တော် ဒေါက်တာညီညီရဲ. ခရီးစဉ်တစ်ခုလုံးကိုတော့ သေသေချာချာ မသိပါ။ မီဒီယာတွေထဲမှာလဲ တွေ.ကြောင်း မဖတ်မိပါ။ ဒါ့ကြောင့် တွေ.လား မတွေ.လား မသေချာပါ။ သို.သော် ကျွန်တော် ပြောချင်တာက ဒေါက်တာညီညီကို တွေ.သင့် မတွေ.သင့် ဆိုတဲ့ ကိစ္စ မဟုတ်ပါ။ ဒေါ်စုနောက်က အတွင်းရေးမှုးအဖွဲ.အနေနဲ. ဒေါ်စုရဲ. schedule ကို စီစဉ်တာ ကမောက်ကမ ဖြစ်နေတာကို အဓိက ပြောချင်တာပါ။ မလုပ်လဲဖြစ်တဲ့ ကိစ္စတွေ လုပ်နိုင်နေတဲ့ အချိန်မှာ လုပ်သင့်တာ တချို.တွက် အချိန်မရှိဘူး ဖြစ်နေတယ်။
January 29 at 7:35pm · Like · 14
Naing Zaw ယူအန်မှာ ဒေါ်စုစကားပြောပြီးတော့ ဘယ်သူတွေဆွေးနွေးဦးမလဲဆိုတော့ ဘယ်သူမှစမပြောတာနဲ့ ဒေါ်စုကိုယ်တိုင် ဒေါက်တာညီညီဘာမှမပြောတော့ဘူးလားလို့ တလေးတစားမေးခဲ့ဖူးပါတယ်။ နောက်ဒေါက်တာညီညီစဆွေးနွေးပါတယ်။ဆိုတော့ ဒေါက်တာညီညီမြန်မာပြည်လာတာ ဒေါ်စုနဲ့တွေ့ဖို့စီစဉ်တယ်ဆို ဒေါ်စုကအချိန်မရှိဘူးတွေ့ဖို့အစဉ်မပြေဘူးဆိုတာစဉ်းစားစရာတွေရှိပါတယ်။ဖွဘုတ်ကြီးဖြစ်နေမလားပဲကွယ်။
January 30 at 2:41am · Edited · Like · 27
Thantzin Soe ဒါမျိုးလေးရေးတော့ လေးစားတယ်ဗျာ။ တချိန်တုန်းက ဆဲလိုက်ကြရတောတောင် စိတ်မကောင်းဘူး
January 30 at 10:05am · Like
Myo Min Thaung They have met in UN office, when she called NY in 2012.
January 30 at 11:35am · Like · 1
Myo Min Thaung https://www.youtube.com/watch?v=b4htYlKTrfI
January 30 at 11:36am · Like · 3
Ma Khine ဖြစ်နိုင်မဖြစနိုင် ကိုယ်ဦးနှောက် နဲ့ ကိုယ် စဉ်းစားပြီ ယုံစေချင်။အခုတလော ဖွဘုတ် မှ ဒီလို့ ဇာတ်လမ်းဆင်ပြီးဒေါ်စု ကို ပုတ်ချနေကြတာ ကြာရော့
January 30 at 11:47am via mobile · Like · 13
Ye Naing Yenaing ပုတ်ဘုတ်
January 30 at 12:33pm via mobile · Like · 1
Aung Than Tun ဒေါကိတာညီညီလာသံမကြားမိပါ
January 30 at 12:58pm via mobile · Like · 2
Tin Htut Naing (ခုလိုရေးလို. ဘလိုင်းကြီး လာဆဲမယ်တော့ မကြံနဲ.။ လာဆဲဖို. စဉ်းစားတဲ့ကောင်တွေ ဖတ်ဖို. ဟာသေလး တစ်ခု အောက်မှာ ရေးထားတယ်။ ဟာသက ရယ်ချမငှ် ရ်ရယလိမ့်မယ်။ ဒါပေမယ့် မဆဲခင် သေချာတော့ဖတ်)) ဆိုတာ အကြိုက်ဆုံးပဲ ။ ကျန်တာတွေက ကိုယ့် ဦးနှောက်သေးသေးလေးနဲ့ နားမလည်တော့ ဘာမှပြန်မပြောတတ်ဘူး ။
January 30 at 1:05pm via mobile · Like · 1
Yamon Aye အခုထိမကောင်းတဲ့ အကွက် တကွက်မှမမြင်သေးပါ လူဆိုတာခံစားချက်နဲ့ ပဲလေ တွေ့ချင်တဲ့သူနဲ့တွေ့ပြီး မတွေ့သင့်တဲ့သူနဲ့ မတွေ့ခွင့်ရှိတယ်လေ အဲ့ဒါအပြစ်လား သူများဒီထက်ကြီးတဲ့အပြစ်တွေနဲ့ ပြောဆိုလုပ်ဆောင်နေတာတွေတော့ မသိချင်ယောင်ဆောင်သလား
January 30 at 1:50pm via mobile · Like · 10
A Nyo Yaung ကို Kyaw Zwa ဒေါ်စုအကြံပေးလုပ်သင့်တယ်...
January 30 at 2:10pm via mobile · Like · 1
မှူး သစ် အထိမခံ
January 30 at 3:30pm · Like
Moe Zaw Aung ရင်လေးပါတယ်..2015 ရယ်:-)
Thursday at 4:49am · Like · 1
Than Naing ဒီစာကကျနော်မကြာသေးခင်ကကြားခဲ့ရတာလေးကိုပြန်ပြောပြဖို့ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့(၁)လလောက်ကမြန်မာသွားဆရာဝန်မတယောက်ဈေးလာဝယ်လို့စပ်မိစပ်ရာပြောဖြစ်ကြပါတယ်။ သူကဒေါ်အောင်ဆန်းစုကြည်နဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ပါတယ်(သက်တူရွယ်တူပေါ့)။ သူနဲ့ဒေါ်စုတို့ငယ်စဉ်ကခရီးအတူထွက်ခဲ့ပုံတွေပြောရင်းနဲ့ ဒေါက်တာညီညီကိစပါလာပါတယ်။ သူပြောတာက ဒေါက်တာညီညီဟာမြန်မာပြည်ပညာရေးကိုညံ့ဖျင်းစုတ်ပြတ်သွားအောင်အဓိကကိုယ်တိုင်ကိုယ်ကျလုပ်ခဲ့တဲ့သူဖြစ်တယ်။ ဒါကိုသူသိသလို ဒေါ်စုလဲသိတယ်တဲ့ ကုလသမဂမှာ လူကြီးလူကောင်းပီသစွာ လေးလေးစားစားဆက်ဆံခဲ့တာဖြစ်ပါတယ်တဲ့။
Thursday at 7:03am · Like · 10
Khin Maung Aye ကိုကျော်စွာက မဆလခေတ် ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီ အကြောင်း နဲ့ သူ့လုပ်ဆောင်ချက်တွေကို သေချာသိအောင်လုပ်ပြီးမှ ဒီစာကို ရေးသင့်တယ်လို့ အကြံပြုပါရစေ။ ဝန်ကြီးဟောင်းဆိုတိုင်း တန်ဘိုးရှိတဲ့ လူတော်တစ်ဦးလို့ ကင်ပွန်းတပ်တာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့။.
Thursday at 11:18am via mobile · Like · 8
Myo Set မြောက်အိုပါးတွေနဲ့တွေ့တဲ့အချိန် တောင်အိုမားနဲ့ စကားပြောတော့ နူကလီးယားကိစ္စ ဖင်တကြွကြွဖြစ်နေတဲ့ အာဆီယံနဲ့ အနောက်အတွက် (မြန်မာနိုင်ငံအပေါ်) အပြုသဘောသက်ရောက်မှုမရှိနိုင်ဘူးလားပေါ့။ တောင်ကိုးရီးယား၊ ဂျပန်က အာရှနိုင်ငံတွေထဲမယ် မြန်မာကို အမြန်ဆုံးအလံုးအရင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်နေတဲ့ နိုင်ငံလို့ထင်တယ်။ ဒေါက်တာနဲ့တွေ့တာလဲ ကောင်းမှာပါ။ ကိုးရီးယားမင်းသားတွေနဲ့တွေ့တာ မတွေ့တာကတော့ ခရီးသွားရင်းဟန်လွဲလို့ပဲထင်တာပဲ။ လောလောဆယ် အနည်းဆုံးတော့ မြောက်အိုပါးတွေနဲ့ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ကေ့စ်နဲ့ အာဆီယံထဲ လှုပ်လာနိုင်တဲ့ အနေအထား ငြိမ်တော့သွားမှာပေါ့လေ။
Thursday at 11:44am · Like · 4
Kalu Rubicon Sometimes leader had their own plan and idea. Let them to decide to their team not others. We cant listen one side story and make judgement. I think Aunty Su is really hard working and she is clearing the mess one by one. She is working on diplomatic front and a lot of people count on her.
Thursday at 12:06pm via mobile · Like · 6
Helios Htet Nay https://www.facebook.com/helios.nay/posts/3644744816524

Same Idea with me.
Thursday at 12:09pm · Like
Thaw Zin Kaung လက်တစ်ဆုပ်စာ ဥာဏ်လေးနဲ့ တော့ မဝေဖန်နဲ့ ခင်ဗျ။ ဒေါ်စုက သူ့ ဘေးကပြောတိုင်းယုံမယ်ထင်နေလို့ လားဗျ အချိန်မရောက်ခင်ဝေဖန်တဲ့သူတွေလောက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့သူမရှိဘူး။ ဒေါ်စုဘာကိုမှအလွှတ်မဲ့မလုပ်ဘူး။ ခုမှဖုတ်ပူမီးတိုက်နဲ့ လာတွေ့ရအောင် လက်ဖက်ရည်ဆိုင်မှာလည...See More
Thursday at 7:08pm via mobile · Edited · Like · 2
Thaw Zin Kaung ထပ်ပြောမယ်ဥာဏ်လေးတစ်ထွာတမိုက်နဲ့တော့မဝေဖန်ပါနဲ့။
Thursday at 7:13pm via mobile · Like
Thaw Zin Kaung ပြီးတော့သေသေချာချာလည်းသိတာမဟုတ်ဘူးတဲ့။ ဖွတ်ပဲ ဆရာတွေများထှာ
Thursday at 7:15pm via mobile · Like
Moe Myint Myat Aung ဟေ့လူ .. . နတ်နေကိုင်းကိုမချိုင်ကောင်းတာ ခင်ဗျားလည်းအသိသားနဲ့ဟာ .. အလကားနေရင်းလူမုန်းခံချင်နေပြန်ပါပြီ .. ဒါမျိုးဆိုရင် ကျုပ်တို့က ဝေးဝေးနေတယ်ဗျ .. ထမိန်စွန်တောင်ဆွဲတွေနဲ့တွေ့နေမှာစိုးလို့
Friday at 5:03am · Like
by Bo K Nyein on Saturday, February 2, 2013 at 5:28pm ·
 
ဒေါက်တာညီညီ ကိုမတွေ့လိုဆိုပြီး ဒေါ်စုကို အပြစ်တင်ထားတာတွေ့လို့ မနေနိုင်လို့ဝင်ရေးမိတာပါ
Forward လုပ်ဖို့လိုက်ရှာတာမတွေ့လို့ Notes အဖြစ်ပဲတင်လိုက်ပါတယ်။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...