Friday, February 8, 2013

အူတက်အောင်ရီရသော ဟာသများနဲ့အခြား (၈-၂)

Photo: အပိုဆောင်ထား

တခါက...အဖိုးကြီးတဥိးသည်....ညနေတိုင်း....လဘက်ရည်ဆိုင်ရှေ့မှဖြတ်၏။

ပီးနောက်....တဆိုင်ကျော်ရှိအရက်ဆိုင်သို့ဝင်ကာ...ဘီအီးအရက်တပိုင်းဝယ်၏။

ထိုအရက်တပိုင်းအား ပါဆယ်ဆွဲကာ...အိမ်တွင်သောက်၏။

မိုးရွာရွာနေပူပူ.....ပုံမှန်ညနေတိုင်းဝယ်၏။ထိုအခါ...လဘက်ရည်ဆိုင်တွင်ထိုင်နေကျ...လူငယ်များကသတိထားမိ၏။

"အဘ ကလဲဗျာ....ပင်ပန်းလိုက်တာ...အရက်တပိုင်းကိုနေ့စဉ်ပါဆယ်ဆွဲနေတယ်...၀ယ်လဲသောက်နိုင်သားနဲ့

လေးရက်စာ...၂..လုံးလောက်...အိမ်မှာ....တခါတည်း...၀ယ်ဆောင်ထားပါလားဗျ.".ဟုလူငယ်များကပြောကြ၏။

ထိုအခါ.အဖိုးကြီးပြောလိုက်တာက..".အေးဟုတ်တယ် ..ဒါပေမဲ့...အရက်ဆိုတာ...အပိုဆောင်ထားလို့ရတဲ့အရာမှမဟုတ်တာတဲ့"

ရီမောပျော်ရွှင်ပါစေ...

Lon Ely ...................
အူတက်အောင်ရီရသောဟာသများနဲ့အခြား
အပိုဆောင်ထား
တခါက...အဖိုးကြီးတဥိးသည်....ညနေတိုင်း....လဘက်ရည်ဆိုင်ရှေ့မှဖြတ်၏။
ပီးနောက်....တဆိုင်ကျော်ရှိအရက်ဆိုင်သို့ဝင်ကာ...ဘီအီးအရက်တပိုင်းဝယ်၏။
ထိုအရက်တပိုင်းအား ပါဆယ်ဆွဲကာ...အိမ်တွင်သောက်၏။
မိုးရွာရွာနေပူပူ.....ပုံမှန်ညနေတိုင်းဝယ်၏။ထိုအခါ...လဘက်ရည်ဆိုင်တွင်ထိုင်နေကျ...လူငယ်များကသတိထားမိ၏။
"အဘ ကလဲဗျာ....ပင်ပန်းလိုက်တာ...အရက်တပိုင်းကိုနေ့စဉ်ပါဆယ်ဆွဲနေတယ်...၀ယ်လဲသောက်နိုင်သားနဲ့
လေးရက်စာ...၂..လုံးလောက်...အိမ်မှာ....တခါတည်း...၀ယ်ဆောင်ထားပါလားဗျ.".ဟုလူငယ်များကပြောကြ၏။
ထိုအခါ.အဖိုးကြီးပြောလိုက်တာက..".အေးဟုတ်တယ် ..ဒါပေမဲ့...အရက်ဆိုတာ...အပိုဆောင်ထားလို့ရတဲ့အရာမှမဟုတ်တာတဲ့"
ရီမောပျော်ရွှင်ပါစေ...

Lon Ely ...................

သံသယ
ဇနီးဖြစ်သူ ကွယ်ရာမှာဖောက်ပြန်နေသည်ဟု ကိုစောဝင်း စိတ်ထဲ မှာ ထင်မိ၏။
နောက် အကဲခတ်နေကြည့်နေ သည်မှာကြာပီ။ဒီမိန်းမ ကျိန်းသေ မူပျက်နေသည်။
မိမိ ၏ သံသယ ကိုမှန်မမှန် စမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။
တနေ့ နယ်သို့ခရီးထွက်မည်ဟု ဇနီး သည်အား ကြေငြာလိုက်သည်။
သို့သော် တကယ်မသွားပဲ မိန်းမ မသိအောင် အိမ်အောက်ထပ်ရှိ ဂိုထောင် ထဲတွင်ပုန်းနေ၏။
ညအချိန်သို့ရောက်လာလေပြီ။
အပေါ်ထပ် အိပ်ခန်းဘက်မှ နေ၍ အသံများကိုကြားနေရ၏။
သေချာအောင် နားစိုက်ပီးထောင်ကြည့်လိုက်သည်။
" ဘေးစောင်းလေး လှဲလိုက်။ဖြေးဖြေး။
ဟုတ်ပြီ။အဲ ...ခြေထောက်ကို နဲနဲထောင်လိုက်။
ဒီဘက်ကိုနည်းနည်းရွှေ့။ဟုတ်ပြီ။ကိုင်း .......စဆွဲမယ်။ဆွဲပြီ။ဆွဲပြီ။ "
ခဏ နားထောင်ပြီးနောက် ကိုစောဝင်း ဒေါသ ထွက်၏။လူတကိုယ်လုံးတဆတ်ဆတ်တုန်လာ၏။
သံသယနဲ့စောင့်မိတာ မှားလေစွဟုလည်း တွေဝေစွာ ငေးမောနေမိ၏။
နောက်ဆုံး ကိုစောဝင်း ဖောက်ပြန်သူတို့အား ရှင်းရန် ဖွက်ထားသော ဓါးကိုထုတ်၍ အိပ်ခန်းသို့ အပြေးအလွှား ၀င်ရောက်လေ၏။
ဇနီး ဖြစ်သူမှာ တရှူးရှူး နဲ့ အိပ်မောကျနေ၏။
စန္ဒယားကြီးကား မရှိတော့ချေ။
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely.......
 
လက်ခုပ်တီးတဲ့လူအရူး

စိတ်ေ၇ာဂါ ခံစားနေရသော လူနာ များကို ခရိုင်စည်းရုံးရေးမှူးမှ ပြည်ခိုင်ဖြိုးပါတီ ကောင်းကြောင်းကို အာဘောင်အာရင်းသန်သန်ဖြင့်ဟောပြောသည်။
စည်းရုံးပီး မဲဆွယ်၏။လွတ်တော့မဲ့ လူနာများကလည်း ပါတာကိုးဗျ။
ဟောပြောပွဲ ပီးသောအခါ နားထောင်သူ ပရိတ်သတ်များ.. အားလုံးလိုလို လက်ခုပ် တီးကြသည်။
တယောက်သော သူ သာ လက်ခုပ် မတီး ပဲနေ၏။
ဒါကို အမာခံ မြို့နယ် စည်းရုံးရေးမှူးမှ မြင်သောအခါ ၌ မေး၏။
" ရဲဘော် ။ ဘာဖြစ်လို့ သြဘာ မပေး ပဲနေတာလဲ "
ထိုအခါ ထိုသူ ပြန်ပြောလိုက်တာက.......
" ကျနော်က အရူးမှ မဟုတ်တာ.....၊ဆေးရုံမှာ မီးပျက်တာကိုလာပြင်တဲ့ လျှပ်စစ်မီးပြင်သမား ဗျ.........တဲ့"
တိန်
Lon Ely ...................
 
ရှရုားနာရီ
ရှရုားသို့ ပညာတော်သင်သွားသော သူ တဦးသည် မော်စကိုသို့ ရောက်၏။
ပထမဆုံးတွေ့သောသူ ကို ဘယ်နှစ်နာရီရှိပီလဲ ဟု မေး၏။
ထိုသူသည် လက်နှစ်ဘက်မှ ဆွဲလာသော သတ္တာကိုချကာ လက်ပတ်နာရီကိုကြည့်၏။
" ၁၁နာရီ၊ ၄၃မိနစ်။၁၀စက္ကန့်။နေ့စွဲ က ဒီဇင်ဘာ၁၅ ရက်။အပူချိန်က အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်။ညနေပိုင်း နှင်းမိုးရွာလိမ့်မယ်။ "
ရှရုား၏ အဖြေကြောင့် ပညာတော်သင် အရမ်းအံ့သြသွားသည်။ပတ်ထားသောနာရီသည် ဂျပန်လုပ် နာရီဖြစ်ရမည်ဟု ပညာတော်သင်ကပြော၏။
" မဟုတ်ဖူး။ဒါ ကျနော်တို့ နိုင်ငံလုပ် ရုရှားနာရီပါ ပြည်တွင်းဖြစ်နာရီဗျ "
" တယ်ဟုတ်ပါလား။ခင်ဗျားတို့နိုင်ငံရဲ့ စက်မှူပညာတိုးတက်မှူကတော့.....ချီးကျူးပါတယ်ဗျာ "
ရှရုားသည် ချထားသော သေတ္တာ နှစ်လုံးအား ကုန်းကောက်ရင်း .......
" နာရီကတော့မဆိုးပါဖူး.......ဒါပေမဲ့ သူ့အတွက် သယ်ရတဲ့ ဘက်ထရီကလေးလှတယ်ဗျ......တဲ့ "
Lon Ely ...................

ဘယ်သူ သင်ပေးလိုက်တာလဲ 
သား ထမင်းကို ကုန်အောင် စားရင် ပန်းခြံ လိုက်ပို့မယ် ။
မာမီ ထမင်းကုန်ပြီး ။ ပန်းခြံလိုက်ပို့ ဆိုတော့ မာမီက အပြင်မှာ မှောင်နေပြီး သရဲ ကိုက်စားလိမ့်မယ် ။
ကျောင်း စတတ်တော့ ဆရာမက ပြောပြန်တယ် ။ ဒီ တပတ်လုံးမှာ စာရိတ္တ ကောင်းမွန်တဲ့ ခလေးတွေ ကို
အပျော်ခရီး လိုက်ပို့မယ် ။
တပတ်ပြည့်တော့ ဆရာမ ကိုမေးတယ် ၊ အပျော်ခရီး လိုက်ပို့မယ် ဆို ။ ဘာ ? ဘယ်က အပျော် ခရီးလဲ ?
အိမ်ရောက်တော့ အဖေက သား စာကြိုးစားနော် ။ ငါ့ သား အဆင့် တစ်ရရင် စက်ဘီး အသစ် ချွတ်ချွတ် တစ်စီး ၀ယ်ပေးမယ် ။ နှစ်ကုန် လို့ အဆင့် တစ်ရတော့ အဖေ သား အဆင့် တစ် ရ ခဲ့ပြီး ။
သားကို စက်ဘီး ၀ယ်ပေး ဆိုတော့ ၊ ဘာ စက်ဘီးလဲ ? အပြင်မှာ ဒီလောက် အန္တရာယ်များတာကို ။
ဒီလိုနဲ့ ဒီခလေး ကြီးလာတော့ နံပါတ်တစ် လူလိမ် ဖြစ်သွားတယ် ။
လူတွေက မေးတယ် ဘယ်သူ သင်ပေးလိုက်တာလဲ ? 
Lon Ely.....   
 
ယောက်ျားတွေဘက်က အမြင်.....
ကျနော် စိုက်ပျိုးရေး တက္ကသိုလ် တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်သို့ပြန်လာ၏။
အိမ်နီးချင်း အမျိုးသမီး တယောက်က ကျနော့်အား လာတွေ့ပီးမေးလေသည်။
ကြက်မွေးချင်လို့ တဲ့လေ.......အကြံဥာဏ်လာတောင်းတာပါ.....တဲ့။
အဲဗျ။ ကြက်မွေးမြူရေးမှာ... ကျနော် သင်ယူသည့်ဘာသာမဟုတ်ကြောင်း။ကျနော့် FIELD လည်း မဟုတ်ကြောင်း။
သို့သော် တပိုင်တနိုင် မွေးမြူ လိုလျှင် ကြက်မ ၂၅ ကောင်ခန့် ဆို လုံလောက်ကြောင်း ၊( ကျနော့် ကြက်မွေးသူသူငယ်ချင်း တဦး၏ အတွေ့အကြုံပြောစကားကို သတိရကာ) ပြောလိုက်မိပါသည်။
သို့နှင့် နွေရာသီ ကျောင်းရက်ရှည်ပိတ်၍ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်မိလေသည်။
ထိုအခါ ကျနော် အရမ်း အရမ်း အံ့အား သင့် သွားမိ၏။
ကြက်မ ၂၅ ကောင်နှင့် ကြက်ဖ အတော်များများကို တွေ့ရသောကြောင့်ဖြစ်သည်။
သို့ဖြင့် ကျနော်ကလည်းမနေနိုင် မထိုင်နိုင် သူမအား သွားပီးရှင်းပြမိ၏။
" တကယ်ဆိုရင် ကြက်ဖ တစ်ကောင် နှစ်ကောင် လောက်နဲ့တင်... ဒီကြက်မတွေအတွက် လုံလောက်ပါတယ်ဗျ ...."
ထိုအခါ သူမသည် ကျနော့်အား မကျေနပ်သည့် အကြည့်နှင့် ကြည့်လိုက်ပီး ပြန်ပြောလိုက်ပုံက.....
" ဒါကတော့ ရှင်က ယောက်ကျားအမြင်နဲ့ ပြောတာကိုး......"....တဲ့
တိန် ( တေဟ )
ရီမောပျော်ရွှင်ပါစေ

Lon Ely.....
 
 
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...