တခါက WWW ကိုထိမ်းချုပ်ဖို့ ကျိုးစားခဲ့ဘူးသလို
by Than Saw on Sunday, December 9, 2012 at 11:43am
ကျမ website တွေကို ၁၉၉၆ ခုနှစ်ကတည်းက ဟိုတစ ဒီတစ စထောင်ဘူးပါတယ်။
ကျမ ၁၉၉၈ ခုနှစ် မတိုင်ခင်က domanin names နဲ့ website အတော်များများကိုဝယ်ပြီး ချုပ်ထားဘူးပါတယ်။ အခုကျမလုပ်နေသလိုပါဘဲ။
အဲဒီတုန်းက domain name နဲ့ website ပါဝယ်ထားရင် တော်တော် လေး ပိုက်ဆံကုန်ပါတယ်။
ကျမရဲ့ မြန်မာပြည်က ညီမနှစ်ယောက်ကလည်း အီတာလျှံ့တွေနဲ့ ဖက်စပ် ကုမ္ပဏီထောင်ကြတုန်း ကလည်း ကျမက ဒီဖက်က အခမဲ့ ကိုယ်အိတ်ထဲက ပိုက်ဆံနဲ့ company domain name ရယ် website ရယ်ကို ဦးစီလုပ်ပေးပါတယ်။
သူတို့က ကျမဘာလုပ်ပေးနေတယ်ဆိုသာတောင် လုံးဝနားမလည်ပါ။ ကျေးဇူးတင်ဖို့ကတော့ ဝေးသေး။ ကျမဘက်ကသာ အိမ်မက်ကြီးကြီး မက်ပေးပါတယ်။ တနေ့ သူတို့ ကုမ္ပဏီလည်း ဒေဝါလီခံတဲ့ အခါကျမှ ကျမလည်း ဒီဖက်က ဖြုတ်ပေးလိုက်ပါတယ်။
သူတို့ ကုမ္ပဏီအတွက် ဒီဖက်က website ထောင် ပြီး ကြီးကြပ်ကွပ်ကဲပေးနေရတော့ ဝယ်ထားတဲ့ domain names နဲ့ websites တွေကို မကြည့်နိုင်တော့ဘူး။ မြန်မာနိုင်ငံက ပြည်နယ်အားလုံးရဲ့ ဒိုမိန်းနိမ်းတွေပါ။ WWW ကို ထိန်းချုပ်လိုတဲ့ ကျမအိမ်မက်က တော်တော်လေးကြီးခဲ့ပါတယ်။ စီးပွားရေးနဲ့ ထိန်းချုပ်ခြင်သာမျိုးမဟုတ်ပါ။ ကိုယ်မှာ ငွေးရေးကြေးရေး မတောင့်တင်းဘဲ ဝမရှိဘဲ ဝိလုပ်ဖို့ ကြိုးစားခဲ့သာပါ။
၂၀၀၃ ခုနှစ်လည်း ရောက်ရော ကျမလည်း မတတ်နိုင်တော့ဘူး။ ကိုယ့်ဝမ်းစာအတွက်လည်း အင်မတန် ရုံးကန်ရတော့ ဒီ domain names တွေကို လက်လွှတ်လိုက်တော့တယ်။ အဲဒီတုန်းက ထီပေါက်ခြင်လိုက်သာ။ ထီသာ ပေါက်ရင် အခမဲ့ ဒိဝက်ဆိုက်ဒတွေ အားလုံးကို မြန်မာပြည်အတွက် အခမဲ့ ကြီးကြပ်ပြီး WWW ကိုလည်း ချုပ်ထားမယ်ပေါ့။ နောက်ဆုံး ကိုယ်တစ်ယောက်ထဲ ဒါတွေအတွက်လုပ်ဖို့ ဆက်လက် ငွေ မထောက်ပံ့နိုင်ခဲ့ဘူး။ အိမ်မက်မက်ခဲ့သာလေ။
ယူကျုပ်ပေါ်လာတော့ ကျမတော်တော်လေး စိတ်ထောင်းနေပါပြီ။ အကောင့် ၃ လေးခုထားခဲ့ပါတယ်။ ဘာမျှ မယ်မယ်ရရ မလုပ်ခဲ့ပါ။
ဖေ့စ်ဘွတ်စပေါ်တော့လည်း ဒီအတိုင်းပါဘဲ။ ကိုယ်ရဲ့ ပထမအိမ်မက်ပျက်ခဲ့တော့ ချက်ခြင်း နိုးနေသော်လည်း အိပ်ယာထဲက မထခြင်ဘူး။
ဝက်စမင်တာ မြို့တော် ကောင်စီကိုတီးခြင်လို့ ဘလော့ဂ်ဆိုက်ဒ်တို့ ဖေ့စ်ဘွတ်တို့မှာ တက်လာပြီး ကျမရဲ့ ဖျက်ဆီးခြင်း ခံရတဲ့ ဥယာဉ်လေးအတွက် ပေ့ခ်ျထောင်ပြီး သူတို့ကို ဆော်ခဲ့တယ်။ သူတို့က ကျမ အိမ်ခန်းခသက်သာတဲ့ အခန်းစုတ်ထဲကတုန်းထုတ်ပြီး၊ အိပ်ခန်း တခန်းပါတဲ့ အိမ်ခန်းထဲ တွန်းပို့လိုက်တယ်လေ။ တမင်တကာ ဂျောက်ချသာ။ မိုးပျံတိုက်တခုလုံးမှာ အိပ်ခန်း ၂ ခန်းပါတဲ့ အခန်းငှားနေသူအားလုံးထက် များတဲ့ အခန်းခကို တောင်းတယ်။ တတိုက်လုံးမှာ ကျမတစ်ယောက်ဘဲ ပထမဦးဆုံး အခန်းခ အများဆုံး ပေးခိုင်းခဲ့တယ်။
အခုတော့ အိုကေပါဘဲ။ နေမကောင်းဖြစ်တော့ ဒီဈေးကြီးတဲ့ အခန်းခကို သူတို့ဘဲ ပြန်ပေးရတော့တယ်။ ဒါပေမဲ့ အိမ်ခန်း အပူပေးခ သောက်ရေ သုံးရေခကို တပတ် ၂၃ ပေါင်ပြန်ယူတယ်လေ။ ကိစ္စမရှိဘူး။ ကိုယ်က တပတ် ၁၀ ပေါင်နဲ့ အသက်ရှင်နိုင်တယ်။ သူတို့လည်း ကျမ ကိုယ် ကျမ သတ်သေမှာ သိပ်ကြောက်နေတယ်လေ။ ဒီလိုဖြစ်ရင် သူတို့ သမိုင်းဆိုးက သူတို့ကို ပတ်တော့မှာကို သိပ်ကြောက်နေကြတယ်။ ဒီတော့ ကျမကို ပိုးမွေးသလို မွေးကြတော့မယ်။ ရီစရာတော့ အကောင်းသား။ ကဲ အင်တာနက်ဘက် ပြန်လှည့်ကြရအောင်။
ဖေ့စ်ဘွတ်က်မှာ ပေ့ခ်ျတစ်ခုကို ထောင်မိသာနဲ့ ဘိန်းစွဲသလိုပါဘဲ။ နောက်ထပ် သစ်ပင်တွေ ပန်းပင်တွေ ပေ့ခ်ျသတ်ကို ၂၀၁၁ မေလလောက်မှာ ထောင်ဖြစ်တယ်။ နောက် အခု မြင်တဲ့ အတိုင်းပါဘဲ အဖွဲ့တွေ ပေ့ခ်ျတွေ အရေအတွက်က ရာကျော်သွားပြီ။
ပင်စင် ထောက်ပံ့ကြေးထဲက ကျမ Sky Broadband ကို တလ ပေါင် ၃၀ နီးပါး ပေးခြင်းအားဖြင့် ဒီဒစ်ဂျစ်တယ် စင်္ကြဝဠာကြီးကို (Virtual Universe) ထောင်နိုင်တယ်လေ။ ကိုယ်က အသက် ၆၀ အရွယ်မှာ ရောဂါ ဘလပွနဲ့ အပြင်ထွက်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုတော့သာကိုဘဲ နှစ်သက် သဘောကြမိတယ်။ ကိုယ်ကြိုက်သာကိုယ်ဖို့ အချိန်တွေ ပိုရလာတယ်လေ။ What's your name? Your age? Why did you flee Myanmar? ဆိုတဲ့ မေးခွန်းတွေ အဖြေတွေကိုဘဲ ဥဏှောက်ကို ထုံထိုင်းသွားအောင် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဘာသာပြန်နေစရာမလိုတော့ဘူး။
ဖေ့စ်ဘွတ်က် ပေ့ခ်ျလေး တစ်ခုထောင်ဖို့ အတွက် အင်တာနက် ဝက်ဆိုက်ဒ် ထောင်ဖို့အတွက် တနှစ် ဒေါ်လာ ၁ သန်း ရှိစရာမလိုပါဘူး။ ကျမပင်စင်ထောက်ပံ့ကြေးအထဲက အင်တာနက်အတွက် တလ ကို ပေါင် ၃၀ သုံးပြီး၊ ကိုယ့်ရဲ့ ၄ နှစ်သား လက်ပ်တော့လေးနဲ့ Virtual Universe ကြီးတစ်ခုလုံးကို မြန်မာပြည်သားများအတွက် တခါက WWW ကိုထိမ်းချုပ်ဖို့ ကျိုးစားခဲ့ဘူးသလို ထိန်းချုပ်ဖို့ အခု ပြန် ကြိုးစားနေပါတယ်။
ဘာမျှ အခကြေးငွေမရဘဲ စေတနာနဲ့ ဝိုင်းဝန်း ကူညီကြသူတွေ အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အက်ဒ်မင်အားလုံး အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။
မြန်မာပြည်အထဲက ငွေကြေးမတတ်နိုင်လို့ ကျောင်းကောင်းကောင်း မတက်နိုင်သူတွေ နိုင်ငံခြားထွက် ပညာမသင်နိုင်သူတွေ အားလုံးအတွက် ဒီပေ့ခ်ျတွေကို သုံးပြီး လေ့လာနိုင်ရန် ဆက်လက် ဝိုင်းကူညီကြပါ။ ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment