Thursday, December 6, 2012

The ကို ဘယ်နေရမှာ သုံးလဲ


Thet Naing Maung shared Spring Flowers's photo.
တစ်ယောက်က The ကို ဘယ်နေရမှာ သုံးလဲ လို့ မေးတယ် ။ တကယ်တော့ အဲလို အထင်စမောစရာ အသုံးလေးတွေက မှတ်ရတာ အများဆုံးနဲ့ ဒုက္ခအပေးဆုံးဘဲ ။ နောက်ပြီး ၀ိုးတိုးဝါးတားအဖြစ်ဆုံး ။  ဒီတော့ ချာမလည်း အလွတ်မရဘူး ဟီး....စာအုပ်တွေ လှန်ကြည့်ပြီးမှ အတတ်နိုင်ဆုံး သမိုင်းကြောင်းတွေ လှန်မနေဘဲ အလွယ်ဆုံးနည်းနဲ့ ရှင်းပြဖို့ ကြိုးစားကြည့်ပါ့မယ် ။ ပိတ်သတ်များက ထုံးစံအတိုင်း လက်တစ်ဆစ်လောက် ထပ်ရှည်ပေးကြပါ ။

 The ကို တိတိကျကျ ပြောချင်ရင် သုံးတယ် ။ ဥပမာ

(1) လောကကြီး ၊ ကမ္ဘာကြီးမှာ တစ်ခုတည်းသာရှိတဲ့ အရာတွေ 
The earth , the sun, the moon, the Pacific Ocean , the world, the Nile ( နိုင်းမြစ် ) , the Ayeyarwaddy , the Himalayas  ( ဟိမ၀န္တာတောင်တန်းများ ) ...etc

(2 ) the sky , the sea, the ground, the country , the environment စတဲ့ ကျယ်ပြန့်တဲ့ အရာတွေကို ခြုံငုံရည်ညွှန်းတဲ့အခါ the ထည့်ရတယ် ။

We looked up at all the stars in the sky . ( in sky လို့ မရေးရ )
Would you like to live in the country ? ( country = ကျေးလက်ကို ရည်ညွှန်း )
We must do more to protect the environment. ( ကိုယ်ပတ်ဝန်းကျင်သဘာဝလောကကြီးကို ရည်ညွှန်း )

(3) space မှာ စကြာင်္ဝဌာထဲက space ကို ရည်ညွှန်းရင် the မထည့်ရ ။ ဥပမာ
There are millions of stars in space.

နေရာ space ကို ညွှန်းရင် ထည့်တယ် ။
I tried to park my car, but the space was too small. ကားကို ပါကင်မှာရပ်ထားဖို့ ကြိုးစားတယ် ။ ဒါပေမယ့် နေရာက သေးလွန်းနေတယ်  ။

(4) same ရဲ့ ရှေ့မှာ the ထည့်တယ် ။ ဥပမာ
Your dress is the same colour as mine. ( same colour လို့ မရေးရပါ )
Are these keys the same ? ဒီသော့တွေက အတူတူဘဲလား ။ 

(5) တချို့အသုံးတွေကျတော့ အသေကျက်ထားရတယ် ။ ဥပမာ 
the cinema , the theatre 
I go to the cinema a lot, but I haven't been to the theatre for ages . 

(6) အဲ...နောက်တစ်ခုကတော့ radio ရှေ့မှာ များသောအားဖြင့် the ထည့်တယ် ။
I listen to the radio a lot. 
We heard the news on the radio .

(7)  television ကျတော့ the ထည့်တာရှိသလို မထည့်တာလည်း ရှိတယ် ။ တီဗီ ကြည့်တယ်ဆိုတဲ့သဘောဆိုရင် မထည့်ရဘူး ။
I watch television a lot. 
We heard the news on television .

ဒါပေမယ့် တီဗီကို စက်အနေနဲ့ ရည်ညွှန်းရင် ထည့်တယ် ။ ဥပမာ
Can you turn off the television, please ?
တီဗီ ( စက် ) ကို ပိတ်လိုက်လို့ ရမလား ။ ( ဒီနေရာမှာ the television = the television set )

(8) breakfast, lunch , dinner ရှေ့မှာ များသောအားဖြင့် မထည့်ဘူး ။
What did you have for breakfast ? 
We had lunch in a very nice restaurent.
What time is dinner ?

နောက်သင်ခန်းစာကျမှ ကျန်တာဆက်ပြောပါရစေ။ တခါတည်းနဲ့ အကုန်ပြောရင် မူးသွားမှာစိုးလို့ ။ တော်တော်ရှည်တဲ့ အင်္ဂလိပ်တွေဘဲ နော် ။ ဘ၀ကြီးက ရှုပ်ထွေးပါတယ်ဆိုမှ အခု ပိုရှုပ်သွားပြီ ......ဟွန်း ()း
တစ်ယောက်က The ကို ဘယ်နေရမှာ သုံးလဲ လို့ မေးတယ် ။ တကယ်တော့ အဲလို အထင်စမောစရာ အသုံးလေးတွေက မှတ်ရတာ အများဆုံးနဲ့ ဒုက္ခအပေးဆုံးဘဲ ။ နောက်ပြီး ၀ိုးတိုးဝါးတားအဖြစ်ဆုံး
 ။ ဒီတော့ ချာမလည်း အလွတ်မရဘူး ဟီး....စာအုပ်တွေ လှန်ကြည့်ပြီးမှ အတတ်နိုင်ဆုံး သမိုင်းကြောင်းတွေ လှန်မနေဘဲ အလွယ်ဆုံးနည်းနဲ့ ရှင်းပြဖို့ ကြိုးစားကြည့်ပါ့မယ် ။ ပရိတ်သတ်များက ထုံးစံအတိုင်း လက်တစ်ဆစ်လောက် ထပ်ရှည်ပေးကြပါ ။

The ကို တိတိကျကျ ပြောချင်ရင် သုံးတယ် ။ ဥပမာ

(1) လောကကြီး ၊ ကမ္ဘာကြီးမှာ တစ်ခုတည်းသာရှိတဲ့ အရာတွေ
The earth , the sun, the moon, the Pacific Ocean , the world, the Nile ( နိုင်းမြစ် ) , the Ayeyarwaddy , the Himalayas ( ဟိမ၀န္တာတောင်တန်းများ ) ...etc

(2 ) the sky , the sea, the ground, the country , the environment စတဲ့ ကျယ်ပြန့်တဲ့ အရာတွေကို ခြုံငုံရည်ညွှန်းတဲ့အခါ the ထည့်ရတယ် ။

We looked up at all the stars in the sky . ( in sky လို့ မရေးရ )
Would you like to live in the country ? ( country = ကျေးလက်ကို ရည်ညွှန်း )
We must do more to protect the environment. ( ကိုယ်ပတ်ဝန်းကျင်သဘာဝလောကကြီးကို ရည်ညွှန်း )

(3) space မှာ စကြာင်္ဝဌာထဲက space ကို ရည်ညွှန်းရင် the မထည့်ရ ။ ဥပမာ
There are millions of stars in space.

နေရာ space ကို ညွှန်းရင် ထည့်တယ် ။
I tried to park my car, but the space was too small. ကားကို ပါကင်မှာရပ်ထားဖို့ ကြိုးစားတယ် ။ ဒါပေမယ့် နေရာက သေးလွန်းနေတယ် ။

(4) same ရဲ့ ရှေ့မှာ the ထည့်တယ် ။ ဥပမာ
Your dress is the same colour as mine. ( same colour လို့ မရေးရပါ )
Are these keys the same ? ဒီသော့တွေက အတူတူဘဲလား ။

(5) တချို့အသုံးတွေကျတော့ အသေကျက်ထားရတယ် ။ ဥပမာ
the cinema , the theatre
I go to the cinema a lot, but I haven't been to the theatre for ages .

(6) အဲ...နောက်တစ်ခုကတော့ radio ရှေ့မှာ များသောအားဖြင့် the ထည့်တယ် ။
I listen to the radio a lot.
We heard the news on the radio .

(7) television ကျတော့ the ထည့်တာရှိသလို မထည့်တာလည်း ရှိတယ် ။ တီဗီ ကြည့်တယ်ဆိုတဲ့သဘောဆိုရင် မထည့်ရဘူး ။
I watch television a lot.
We heard the news on television .

ဒါပေမယ့် တီဗီကို စက်အနေနဲ့ ရည်ညွှန်းရင် ထည့်တယ် ။ ဥပမာ
Can you turn off the television, please ?
တီဗီ ( စက် ) ကို ပိတ်လိုက်လို့ ရမလား ။ ( ဒီနေရာမှာ the television = the television set )

(8) breakfast, lunch , dinner ရှေ့မှာ များသောအားဖြင့် မထည့်ဘူး ။
What did you have for breakfast ?
We had lunch in a very nice restaurent.
What time is dinner ?

နောက်သင်ခန်းစာကျမှ ကျန်တာဆက်ပြောပါရစေ။ တခါတည်းနဲ့ အကုန်ပြောရင် မူးသွားမှာစိုးလို့ ။ တော်တော်ရှည်တဲ့ အင်္ဂလိပ်တွေဘဲ နော် ။ ဘ၀ကြီးက ရှုပ်ထွေးပါတယ်ဆိုမှ အခု ပိုရှုပ်သွားပြီ ......ဟွန်း ()း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...