Tuesday, December 4, 2012

ယနေ့ အကြိုက်ဆုံး Post


လူအမျိုးမျိုးတွေ့ရပါတယ်..

နဝေတိမ်တောင်နဲ့..ပါးပါးလေးပုတ်ထားတဲ့....
မဟာကြောင်ရေးတာလေးကိုအရင်ဖတ်စေချင်ပါတယ်...
သေချာလေးဖတ်ပေးပါဗျာ..
====================
(၁) သာမန် စီးပွားရေးဆိုင်ရာ ၀ါဏိဇ္ဇပြသနာအား ပုံကြီးချဲ့လာသူများမှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ထုတ်ပယ်ခံထားရသူများ၊ အဝေးရောက် ၈၈၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်၏ ပြည်တွင်းအစုအဖွဲ့များ ဖြစ်နေခြင်းကို တွေ့ရပြီး အတိတ်ကာလက ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြသူများက မီးထိုးပေးလျက် နိုင်ငံတော် ပြသနာတခုအဖြစ် ကြီးထွားလာစေခဲ့ခြင်း။

(၂) တရုတ်ကုမ္ပဏီအား မှားယွင်းကြောင်း ဆုံးဖြတ်လျင် ယခုနောက်ဆုံးတွေ့ခဲ့သည့် ဧည့်သည်တော်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းသွားသည့် (သင်တို့နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား မည်သို့ ကာကွယ်ပေးမည်နည်း?) ဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းဖြေကြားရာတွင် အခက်ခဲများတွေ့ပါတော့မည်။
ကျွန်တော်တို့ထံသို့ နောက်ထပ် ရင်းနှီးမြှုပ်နှံသူအသစ်များမှာ ယခု လက်ပံတောင်းပြသနာကို စောင့်ကြည့်နေကြပါသည်။ တချိန်တုန်းက ကနဦး ရင်းနှီးမြုပ်နှံမှု ပြုစဉ်ကပင် စံချိန်စံညွှန်းအတိုင်း လုပ်ကိုင်ခဲ့သော်လည်း တချိန်တွင် ပြသနာတခုခုအား နိုင်ငံရေးတလွဲ အသုံးချသူများက မီးထိုးပေးသည်အခါတွင် ဖြစ်ပေါ်လာတတ်သည့် လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား ကျွန်တော်တို့ မည်သို့ဖြေရှင်းမည်နည်း ဆိုသည်ကို ရင်းနှီးမြုပ်နှံသူများအား စောင့်ကြည့်နေပါသည်။

(၃) လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား မှားယွင်းသည်ဟု ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သူများက မသိနားမလည်သည့် လူထုနှင့် သံဃာ့အားကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်လာကြတော့မည်ကို ၀မ်းနည်းဖွယ်တွေ့နေရပါသည်။ ယခုပင်လျှင် သံဃာတော်များအား နိုင်ငံလုံး ဆန္ဒပြကြရန် လှုံ့ဆော်နေကြပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေရှင်းပေးပါမည် ဆိုသည်ကိုပင်လျှင် မယုံကြည်ကြောင်း ပြသသလို ဖြစ်နေသည်ကို အလွန် ၀မ်းနည်းပါသည်။

(၄) ထို အခြေနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော်တို့ ပြည်သူများအတွက် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်သည်။
တရုတ်ကုမ္ပဏီအား မှားယွင်းကြောင်းဆုံးဖြတ်လျင် ကျွန်တော်တို့ထံသို့ ရင်းနှီးမြှုပ်နှံသူ အသစ်များ လာရောက်ဖို့ မသေချာပါ။ အလုပ်လက်မဲ့နှုန်း ပိုမြင့်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှု များလာကာ အခြေခံလူတန်းစား၊ လူလတ်တန်းစားများ ဒုက္ခတွေ့ပါမည်။

လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား မှားယွင်းသည်ဟု ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်လူဆိုးစာရင်းသွင်းကာ ကန့်ကွက်လှုပ်ရှားမှုများ အဓိကရုဏ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်လျက် ဒေါ်အောင်ဆန်းစုကြည်အား နာမည်ဖျက်ကြတော့မည် ဖြစ်ပါသည်။

(၅) ဒေါ်အောင်ဆန်းစုကြည်နေဖြင့် အဆိုပါ အခြေနေများအား ရှောင်လွှားနိုင်ရန်အတွက် ၈၈ ကျောင်းသားဟောင်းများကဲ့သို့ ကော်မတီမှ နှုတ်ထွက်ပြီး နံဘေးမှ ဖြေရှင်းပေးနိုင်ပါက အကောင်းဆုံးဖြစ်သော်ငြားလည်း ယခုကဲ့သို့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင်ပင် ဆက်လက် ဆန့်ကျင်ဆူပူမှုများ လှုံ့ဆော်နေသည်ကို တွေ့ရသဖြင့် နှုတ်ထွက်ဖို့ရာ အခြေနေမပေးသည်ကိုလည်း သတိပြုမိပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည်-
# ကျွန်တော်တို့အနေဖြင့် ဒေါ်အောင်းဆန်းစုကြည်အား မကျရှုံးစေချင်ပါ။
# ကျွန်တော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား အစားထိုးစရာ လူမရှိပါ။
# ကျွန်တော်တို့ အားလုံး က ဒေါ်အောင်ဆန်းစုကြည်အား မည်သို့ပင်ဖြစ်စေ ထောက်ခံမှသာ ယခုပြသနာအား ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မည်ကို တွေ့ရပါသည်။
# ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော်မတီမှ မည်သို့ဆုံးဖြတ်သည်ဖြစ်စေ ထောက်ခံပါသည်။ "
(မဟာကြောင်)
=============================

ရေးထားတဲ့ပုံစံကိုတွေ့ကြမှာပါ..ဘယ်လိုသဘောရပါသလဲ...
ပေါ်တင်ဝေဘန်တဲ့သူထက်ပူးသတ်တဲ့သူကကြောက်ဖို့အကောင်းဆုံးပါပဲ..

အဲဒီမှာအင်အားစုတစ်စုထပ်တွေ့ပြန်ရော..

ရှဉ့်လဲလျှောက်သာပျားလဲဆွဲသာဆိုသလို....
အခုလဲအဆင်ပြေစေ...အရင်လုပ်ခဲ့တာတွေလဲသင်ပုန်းချေစေဆိုတဲ့အင်အားစုက..
အခုပြောနေဝေဘန်နေကြတဲ့ တတိယအင်အားစု...ဖြစ်မယ်ထင်တယ်...
(အရေးအခင်းဖန်တီးတဲ့အင်အားစုတော့မဟုတ်သေးဘူး)
အဲဒီတော့ ပြည်သူက သင်ပုန်းမချေပေးနိုင်ကြရင်ရော..
သူတို့ဘာဆက်လုပ်ကြမလဲ...
ဖြစ်လာနိုင်တဲ့ ..အရင်ကလက်သိပ်ထိုးတာတွေက..အများကြီးကျန်သေး..

လွှတ်တော်ထဲဒေါ်စုကိုသွင်းသလို...မျောက်ပြဆန်တောင်းပုံစံပိုများနေတာတွေ..
(ဒေါ်စုတင်တဲ့ထိရောက်တဲ့အဆိုတိုင်းအောင်မြင်ခဲ့ရင် ..ကွှန်တော်အဲဒီလိုတွေးမိမှာမဟုတ်ပါ..)

နောက်ပြီး..ဒီလောက်လက်ပတောင်းပြသနာဖြစ်နေတာတောင်ထပ်တွေ့နေတာက..

မြောက်ကိုးရီးယားလက်နက်နဲ့ဆက်စပ်ပစ္စည်း ဂျပန်မှာမိတဲ့ကိစ္စ....
ရွှေသံလွင်က..ဆီမှောင်ခိုကိစ္စနောက်ဆက်တွဲကိစ္စ..

ဘယ်ရောက်ကုန်လဲမသိ..

နိုင်ငံတော်ကြီး...ပျက်စီးမှာမို..စိုးရိမ်လို့တိုင်းပြည်ချစ်နေကြတဲ့...
(တချို့ကတော့တကယ်..တချို့ကျတော့အရင်အရှုပ်ထုတ်တွေဘက် မျှားဦးလှည့်မှာစိုးကြတာ..)

မဟာကြောင်..၊ပလေတို့စတဲ့...
မှီငြမ်းတတ်..ရေးတတ်တဲ့သူတွေကလဲ.
အပေါ်ကကိစ္စနှစ်ခုကို..
ဒါမျိုးတွေကျတော့..မရှာတတ်မဖွေတတ်..အထောက်အထားကမရ..
အင်တာနက်ပဲပျက်နေသလိုလို....၊
သေချာတဲ့ အတွင်းသတင်းလေးတွေကလဲ မရ..၊
အာဝဇ္ဖန်းကငုတ်နေသလိုလို...

ပြည်သူတွေထဲမှာပါတဲ့စုန်းပြူးတွေကလိန်ကကျစ်ကျတာကြတော့ရေးတယ်.
(ဥပမာ-မြေကွက်ထဲကိုမနေ့တနေ့ကမှတဲတွေဝင်ဆောက်ပြီးတောင်းဆိုတဲ့ကိစ္စ)
ရှိမှာပဲလေ...အပေါ်မှာတောင်ရှိနေတာ..
ဒါကျတော့ဖေါ်ထုတ်ပြီးရှယ်တွေကျတော့မဖေါ်ထုတ်နဲ့ဆိုတော့လဲ....

မဟာကြောင်ကိုအမြည်းလေးတစ်ခုပေးချင်ပါတယ်..

-နေပြည်တော် ရာဇဌာနီလမ်းပေါ်က ပုံစံတူအိမ်တွေအကြောင်း၊ 
-ကားကြီးဝင်းနားက..ဧကပေါင်းများစွာကျယ်တဲ့မြေကွက်ကြီးတွေကိုအဆင့်မြင့်ကားလုပ်ငန်းတွေအတွက်အကြောင်းပြပြီးခရိုနီတွေရထားပြီး၊တစ်နှစ်လောက်ရှိပြီ..တကယ်အလုပ်ဖြစ်နေကြတာဘယ်နှစ်ခုပဲရှိလဲ..၊တကယ်ရောဝပ်ရှော့ကအဲဒီလောက်လိုအပ်လိုလား၊၊ပြန်ငှားစားဖို့ကြိုပွိုင့်ယူထားတာလား၊
-ဂျာနယ်တွေထဲပါနေတဲ့..စက်ရုံငှားစားတဲ့ကိစ္စတွေ..ဆိပ်ကမ်းငှားစားတဲ့ကိစ္စတွေ...

ဒါအရင်ကလုပ်ခဲ့တာလား..အခုမှလုပ်လိုက်တာလား..
ဒါတွေကိုလဲရေးလေဗျာ....

နောက်မေးစရာရှိတာက..အရင်အရှုပ်ထုတ်တွေဘက်မျှားဦးမလှည့်စေချင်ရင်..
ဘာလို့ဆက်ခံနေကြသလဲ..
ကျွန်တော်တို့ဝေဘန်တာ..ဆန်းလား...
ထောက်ပြနေတာဆန်းလား..
အပြင်ကမီဒီယာတွေကလဲထောက်ပြနေကြတာပဲ..ဖြစ်တဲ့ပြသနာတွေကို..
ပညာရှင်တွေရဲ့သဘောထားတွေလဲဖေါ်ပြနေကြတာပဲ..
အများစုကအစိုးရလုပ်တာကောင်းနေတယ်ဖြူးနေတယ်လို့မြင်ကြပါသလား..
အဲဒီလိုပြောနေတဲ့လူတိုင်းကို..တိုင်းပြည်ဖျက်တယ်ဆိုတဲ့၊အဆိုးမြင်တဲ့လက်ကိုင်တုတ်ကြီးနဲ့
ရမ်းလို့ကတော့....???

နောက်တစ်ခုက
သဘောထားတင်းမာပြီးနောက်ကြောင်းပြန်လှည့်ချင်တဲ့အင်အားစုကတော့
အရေးအခင်းကိုဖန်တီးချင်စိတ်ရှိတဲ့သူတွေပါ ပါနိုင်ပါတယ်...
အဲဒါကျတော့ စတုတ္တအင်အားစုဖြစ်သွားပြီပေါ့..၊ဒါတွေကတမျိုး..

ကျွန်တော် note တစ်ခုရေးခဲ့ပါတယ်...
အဲဒီထဲကစာပိုဒ်လေးပြန်ဖေါ်ပြပါရစေ...
================
"ခရိုနီတွေဟာစစ်အစိုးရရဲ့အကျိုးရှိနိုင်တဲ့လုပ်ငန်းတွေကိုနှစ်ဦးသဘောတူလုပ်ဆောင်ပေးရင်းစစ်အစိုးရလက်ထက်မှာသူတို့ကိုသူတို့အကြောင်းသိသူတွေက..၊အင်တာနက်စတဲ့မီဒီယာတွေကတစ်ဆင့်တိုက်ခိုက်တာတွေကို ကောင်းကောင်းသင်ခန်းစာယူပြီးအစိုးရသစ်လက်ထက်မှာ..စစ်အစိုးရအရောင်ပြောင်းတွေနဲ့ပူးပေါင်းပြီး..ကိုယ်ပိုင်မီဒီယာလုပ်ငန်းတွေကိုထူထောင်နေကြပါတယ်..
၊နာမည်ရမီဒီယာလုပ်ငန်းအချို့ကိုစည်းရုံးမွေးစားလွှမ်းမိုးလာတာတွေကိုတွေ့လာရပါတယ်၊ဒါတွေဟာသတိထားရမဲ့အချက်တွေပါ..၊သူတို့ကိုယ်သူတို့ကာကွယ်ဖို့မီဒီယာလက်နက်ကိုပြန်သုံးနေပါပြီ..၊အရင်စစ်အစိုးရလက်ထက်ကလိုနားဝင်ဆိုးတဲ့အသံတွေနဲ့..တိုက်ရိုက်မတိုက်ခိုက်ပဲ..၊လူထုအကြိုက်တွေနဲ့ရောထည့်ပြီးလိုချင်တာလေးတွေကိုပါးပါးလေးပုတ်ပြီးထည့်တာတွေကို တွေ့မြင်လာရပါပြီ..၊Facebookလိုsocial media တွေမှာပါ professional Team တွေနဲ့လူကြိုက်များတဲ့Accont တွေဖန်တီးပြီး ၀ါဒဖြန့်ချီရေးနည်းတွေကို   ပြောင်မြောက်စွာဆောင်ရွက်တတ်လာပါပြီ..၊
တရုတ်ကိစ္စ..ခရိုနီကိစ္စဆူပွက်စပြုလာတိုင်းအာရုံပြောင်းသတင်းတွေ.အာရုံလွဲသတင်းတွေပွထလာတတ်တာတွေကို ၁၀ ကြိမ်ထက်မနည်း သတိထားမိလာပါတယ်...။
အဓိကကတော့ ဒေါ်စုကိုပြည်သူတွေကထောက်ခံတဲ့ထောက်ခံမှုကို လျှော့ကျသွားစေဖို့၊အမှန်အတိုင်းရေးတတ်တဲ့မီဒီယာတွေကိုလွှမ်းမိုးဖို့နဲ့အတိုက်အခံဘက်ကိုတစ်ဘက်သတ်ထောက်ခံတဲ့ပြည်သူကို...သူတို့ဘက်ကိုမျှဝေဖို့ပါ၊
အဲဒီအချက်အောင်မြင်မှုရှိမရှိ အင်တာနက်သတင်းဖတ်သူတွေအသိဆုံးပါ၊ ခရိုနီတွေဟာအဲဒီဘက်ကိုငွေအင်အားလူအင်အားများများနဲ့ဖိလာကြပါပြီ။
အဲဒီတော့..ယခင်ကဦးကျော်ဆန်းရဲ့“မီဒီယာကိုမီဒီယာနဲ့တိုက်မယ်”ဆိုတဲ့စကားကစစ်အစိုးရလက်ထက်မှာရှုံးနိမ့်သွားလို့…အခုမှသူတို့ဘက်က  ပြည့်ပြည့်စုံစုံပြင်ဆင်ပြီးတိုက်ပွဲပြန်ဝင်လာသလိုပါပဲ…၊"
=================

ဒါကိုလက်ခံပါသလား.....

အရင်က ဒေါ်စုနဲ့ဒီမိုအဖွဲ့တွေကိုတိုက်ခိုက်တဲ့..
Myanmar Express တို့လို...လုပ်လိုက်ရင်..ဘယ်သူမှအားပေးမှာမဟုတ်တော့ဘူးလေ..
အဲဒီတုန်းက ဒေါ်စုကအချုပ်ခံနေဆဲကာလ..၊စစ်အစိုးရကာလ.
.ပြီးတော့..မီဒီယာတွေကထောက်ပြတာတွေနည်းသေးတဲ့ကာလ...

အခုကာလက ဒေါ်စုမှဒေါ်စုဖြစ်နေတဲ့ကာလ..၊မီဒီယာတွေကလဲမျိုးစုံထောက်နေပြီ..
အဲဒီတော့..သူများတွေ ဒီကန်ကရေကိုသောက်နေကြသလို
သူတို့လဲမသောက်ချင်ပေမဲ့သောက်ပြရတော့မယ်..
ပြီးတော့မှ...ရေထဲကိုတဖြည်းဖြည်းဆားခတ်မယ်ပေါ့
သူတို့စာတတ်လာကြပြီ...။
ဖွဘုတ်တွေမှာ ဂျာနယ်တိုက်တစ်တိုက်ရဲ့တန်ဘိုးရဲ တစ်သိန်းပုံတစ်ပုံ လောက်သုံးစရာမလိုပါဘူး..
ခရိုနီဆိုတာလဲ..ခုခေတ်မှာpremier league  ပွဲတွေလွှင့်ချင်ရင်တောင်ဒေါ်လာသန်းချီ အကုန်ခံနေကြတဲ့ခေတ်လေ...၊
အလကားရထားတဲ့ပိုက်ဆံတွေနဲ့..
သူတို့ကိုယ်သူတို့တော့ကကာကွယ်ဖို့နှမြောမှာမဟုတ်ဘူးဆိုတာ

ဒါပါပဲ...မိတ်ဆွေများစဉ်းစားကြဖို့ပါ..၊

လူအမျိုးမျိုးတွေ့ရပါတယ်..

နဝေတိမ်တောင်နဲ့..ပါးပါးလေးပုတ်ထားတဲ့....
မဟာကြောင်ရေးတာလေးကိုအရင်ဖတ်စေချင်ပါတယ်...
သေချာလေးဖတ်ပေးပါဗျာ..
====================

(၁) သာမန် စီးပွားရေးဆိုင်ရာ ၀ါဏိဇ္ဇပြသနာအား ပုံကြီးချဲ့လာသူများမှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ထုတ်ပယ်ခံထားရသူများ၊ အဝေးရောက် ၈၈၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်၏ ပြည်တွင်းအစုအဖွဲ့များ ဖြစ်နေခြင်းကို တွေ့ရပြီး အတိတ်ကာလက ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြသူများက မီးထိုးပေး လျက် နိုင်ငံတော် ပြသနာတခုအဖြစ် ကြီးထွားလာစေခဲ့ခြင်း။


(၂) တရုတ်ကုမ္ပဏီအား မှားယွင်းကြောင်း ဆုံးဖြတ်လျင် ယခုနောက်ဆုံးတွေ့ခဲ့သည့် ဧည့်သည်တော်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းသွားသည့် (သင်တို့နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား မည်သို့ ကာကွယ်ပေးမည်နည်း?) ဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းဖြေကြားရာတွင် အခက်ခဲများတွေ့ပါတော့မည်။
ကျွန်တော်တို့ထံသို့ နောက်ထပ် ရင်းနှီးမြှုပ်နှံသူအသစ်များမှာ ယခု လက်ပံတောင်းပြသနာကို စောင့်ကြည့်နေကြပါသည်။ တချိန်တုန်းက ကနဦး ရင်းနှီးမြုပ်နှံမှု ပြုစဉ်ကပင် စံချိန်စံညွှန်းအတိုင်း လုပ်ကိုင်ခဲ့သော်လည်း တချိန်တွင် ပြသနာတခုခုအား နိုင်ငံရေးတလွဲ အသုံးချသူများက မီးထိုးပေးသည်အခါတွင် ဖြစ်ပေါ်လာတတ်သည့် လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား ကျွန်တော်တို့ မည်သို့ဖြေရှင်းမည်နည်း ဆိုသည်ကို ရင်းနှီးမြုပ်နှံသူများအား စောင့်ကြည့်နေပါသည်။

(၃) လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား မှားယွင်းသည်ဟု ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သူများက မသိနားမလည်သည့် လူထုနှင့် သံဃာ့အားကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်လာကြတော့မည်ကို ၀မ်းနည်းဖွယ်တွေ့နေရပါသည်။ ယခုပင်လျှင် သံဃာတော်များအား နိုင်ငံလုံး ဆန္ဒပြကြရန် လှုံ့ဆော်နေကြပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေရှင်းပေးပါမည် ဆိုသည်ကိုပင်လျှင် မယုံကြည်ကြောင်း ပြသသလို ဖြစ်နေသည်ကို အလွန် ၀မ်းနည်းပါသည်။

(၄) ထို အခြေနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော်တို့ ပြည်သူများအတွက် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်သည်။
တရုတ်ကုမ္ပဏီအား မှားယွင်းကြောင်းဆုံးဖြတ်လျင် ကျွန်တော်တို့ထံသို့ ရင်းနှီးမြှုပ်နှံသူ အသစ်များ လာရောက်ဖို့ မသေချာပါ။ အလုပ်လက်မဲ့နှုန်း ပိုမြင့်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှု များလာကာ အခြေခံလူတန်းစား၊ လူလတ်တန်းစားများ ဒုက္ခတွေ့ပါမည်။

လူစုလူဝေးဖြင့် ဆန့်ကျင်လာမှုများအား မှားယွင်းသည်ဟု ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်လူဆိုးစာရင်းသွင်းကာ ကန့်ကွက်လှုပ်ရှားမှုများ အဓိကရုဏ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်လျက် ဒေါ်အောင်ဆန်းစုကြည်အား နာမည်ဖျက်ကြတော့မည် ဖြစ်ပါသည်။

(၅) ဒေါ်အောင်ဆန်းစုကြည်နေဖြင့် အဆိုပါ အခြေနေများအား ရှောင်လွှားနိုင်ရန်အတွက် ၈၈ ကျောင်းသားဟောင်းများကဲ့သို့ ကော်မတီမှ နှုတ်ထွက်ပြီး နံဘေးမှ ဖြေရှင်းပေးနိုင်ပါက အကောင်းဆုံးဖြစ်သော်ငြားလည်း ယခုကဲ့သို့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင်ပင် ဆက်လက် ဆန့်ကျင်ဆူပူမှုများ လှုံ့ဆော်နေသည်ကို တွေ့ရသဖြင့် နှုတ်ထွက်ဖို့ရာ အခြေနေမပေးသည်ကိုလည်း သတိပြုမိပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည်-
# ကျွန်တော်တို့အနေဖြင့် ဒေါ်အောင်းဆန်းစုကြည်အား မကျရှုံးစေချင်ပါ။
# ကျွန်တော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား အစားထိုးစရာ လူမရှိပါ။
# ကျွန်တော်တို့ အားလုံး က ဒေါ်အောင်ဆန်းစုကြည်အား မည်သို့ပင်ဖြစ်စေ ထောက်ခံမှသာ ယခုပြသနာအား ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မည်ကို တွေ့ရပါသည်။
# ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော်မတီမှ မည်သို့ဆုံးဖြတ်သည်ဖြစ်စေ ထောက်ခံပါသည်။ "
(မဟာကြောင်)
=============================

ရေးထားတဲ့ပုံစံကိုတွေ့ကြမှာပါ..ဘယ်လိုသဘောရပါသလဲ...
ပေါ်တင်ဝေဘန်တဲ့သူထက်ပူးသတ်တဲ့သူကကြောက်ဖို့အကောင်းဆုံးပါပဲ..

အဲဒီမှာအင်အားစုတစ်စုထပ်တွေ့ပြန်ရော..

ရှဉ့်လဲလျှောက်သာပျားလဲဆွဲသာဆိုသလို....
အခုလဲအဆင်ပြေစေ...အရင်လုပ်ခဲ့တာတွေလဲသင်ပုန်းချေစေဆိုတဲ့အင်အားစုက..
အခုပြောနေဝေဘန်နေကြတဲ့ တတိယအင်အားစု...ဖြစ်မယ်ထင်တယ်...
(အရေးအခင်းဖန်တီးတဲ့အင်အားစုတော့မဟုတ်သေးဘူး)
အဲဒီတော့ ပြည်သူက သင်ပုန်းမချေပေးနိုင်ကြရင်ရော..
သူတို့ဘာဆက်လုပ်ကြမလဲ...
ဖြစ်လာနိုင်တဲ့ ..အရင်ကလက်သိပ်ထိုးတာတွေက..အများကြီးကျန်သေး..

လွှတ်တော်ထဲဒေါ်စုကိုသွင်းသလို...မျောက်ပြဆန်တောင်းပုံစံပိုများနေတာတွေ..
(ဒေါ်စုတင်တဲ့ထိရောက်တဲ့အဆိုတိုင်းအောင်မြင်ခဲ့ရင် ..ကွှန်တော်အဲဒီလိုတွေးမိမှာမဟုတ်ပါ..)

နောက်ပြီး..ဒီလောက်လက်ပတောင်းပြသနာဖြစ်နေတာတောင်ထပ်တွေ့နေတာက..

မြောက်ကိုးရီးယားလက်နက်နဲ့ဆက်စပ်ပစ္စည်း ဂျပန်မှာမိတဲ့ကိစ္စ....
ရွှေသံလွင်က..ဆီမှောင်ခိုကိစ္စနောက်ဆက်တွဲကိစ္စ..

ဘယ်ရောက်ကုန်လဲမသိ..

နိုင်ငံတော်ကြီး...ပျက်စီးမှာမို..စိုးရိမ်လို့တိုင်းပြည်ချစ်နေကြတဲ့...
(တချို့ကတော့တကယ်..တချို့ကျတော့အရင်အရှုပ်ထုတ်တွေဘက် မျှားဦးလှည့်မှာစိုးကြတာ..)

မဟာကြောင်..၊ပလေတို့စတဲ့...
မှီငြမ်းတတ်..ရေးတတ်တဲ့သူတွေကလဲ.
အပေါ်ကကိစ္စနှစ်ခုကို..
ဒါမျိုးတွေကျတော့..မရှာတတ်မဖွေတတ်..အထောက်အထားကမရ..
အင်တာနက်ပဲပျက်နေသလိုလို....၊
သေချာတဲ့ အတွင်းသတင်းလေးတွေကလဲ မရ..၊
အာဝဇ္ဖန်းကငုတ်နေသလိုလို...

ပြည်သူတွေထဲမှာပါတဲ့စုန်းပြူးတွေကလိန်ကကျစ်ကျတာကြတော့ရေးတယ်.
(ဥပမာ-မြေကွက်ထဲကိုမနေ့တနေ့ကမှတဲတွေဝင်ဆောက်ပြီးတောင်းဆိုတဲ့ကိစ္စ)
ရှိမှာပဲလေ...အပေါ်မှာတောင်ရှိနေတာ..
ဒါကျတော့ဖေါ်ထုတ်ပြီးရှယ်တွေကျတော့မဖေါ်ထုတ်နဲ့ဆိုတော့လဲ....

မဟာကြောင်ကိုအမြည်းလေးတစ်ခုပေးချင်ပါတယ်..

-နေပြည်တော် ရာဇဌာနီလမ်းပေါ်က ပုံစံတူအိမ်တွေအကြောင်း၊
-ကားကြီးဝင်းနားက..ဧကပေါင်းများစွာကျယ်တဲ့မြေကွက်ကြီးတွေကိုအဆင့်မြင့်ကားလုပ်ငန်းတွေအတွက်အကြောင်းပြပြီးခရိုနီတွေရထားပြီး၊တစ်နှစ်လောက်ရှိပြီ..တကယ်အလုပ်ဖြစ်နေကြတာဘယ်နှစ်ခုပဲရှိလဲ..၊တကယ်ရောဝပ်ရှော့ကအဲဒီလောက်လိုအပ်လိုလား၊၊ပြန်ငှားစားဖို့ကြိုပွိုင့်ယူထားတာလား၊
-ဂျာနယ်တွေထဲပါနေတဲ့..စက်ရုံငှားစားတဲ့ကိစ္စတွေ..ဆိပ်ကမ်းငှားစားတဲ့ကိစ္စတွေ...

ဒါအရင်ကလုပ်ခဲ့တာလား..အခုမှလုပ်လိုက်တာလား..
ဒါတွေကိုလဲရေးလေဗျာ....

နောက်မေးစရာရှိတာက..အရင်အရှုပ်ထုတ်တွေဘက်မျှားဦးမလှည့်စေချင်ရင်..
ဘာလို့ဆက်ခံနေကြသလဲ..
ကျွန်တော်တို့ဝေဘန်တာ..ဆန်းလား...
ထောက်ပြနေတာဆန်းလား..
အပြင်ကမီဒီယာတွေကလဲထောက်ပြနေကြတာပဲ..ဖြစ်တဲ့ပြသနာတွေကို..
ပညာရှင်တွေရဲ့သဘောထားတွေလဲဖေါ်ပြနေကြတာပဲ..
အများစုကအစိုးရလုပ်တာကောင်းနေတယ်ဖြူးနေတယ်လို့မြင်ကြပါသလား..
အဲဒီလိုပြောနေတဲ့လူတိုင်းကို..တိုင်းပြည်ဖျက်တယ်ဆိုတဲ့၊အဆိုးမြင်တဲ့လက်ကိုင်တုတ်ကြီးနဲ့
ရမ်းလို့ကတော့....???

နောက်တစ်ခုက
သဘောထားတင်းမာပြီးနောက်ကြောင်းပြန်လှည့်ချင်တဲ့အင်အားစုကတော့
အရေးအခင်းကိုဖန်တီးချင်စိတ်ရှိတဲ့သူတွေပါ ပါနိုင်ပါတယ်...
အဲဒါကျတော့ စတုတ္တအင်အားစုဖြစ်သွားပြီပေါ့..၊ဒါတွေကတမျိုး..

ကျွန်တော် note တစ်ခုရေးခဲ့ပါတယ်...
အဲဒီထဲကစာပိုဒ်လေးပြန်ဖေါ်ပြပါရစေ...
================
"ခရိုနီတွေဟာစစ်အစိုးရရဲ့အကျိုးရှိနိုင်တဲ့လုပ်ငန်းတွေကိုနှစ်ဦးသဘောတူလုပ်ဆောင်ပေးရင်းစစ်အစိုးရလက်ထက်မှာသူတို့ကိုသူတို့အကြောင်းသိသူတွေက..၊အင်တာနက်စတဲ့မီဒီယာတွေကတစ်ဆင့်တိုက်ခိုက်တာတွေကို ကောင်းကောင်းသင်ခန်းစာယူပြီးအစိုးရသစ်လက်ထက်မှာ..စစ်အစိုးရအရောင်ပြောင်းတွေနဲ့ပူးပေါင်းပြီး..ကိုယ်ပိုင်မီဒီယာလုပ်ငန်းတွေကိုထူထောင်နေကြပါတယ်..
၊နာမည်ရမီဒီယာလုပ်ငန်းအချို့ကိုစည်းရုံးမွေးစားလွှမ်းမိုးလာတာတွေကိုတွေ့လာရပါတယ်၊ဒါတွေဟာသတိထားရမဲ့အချက်တွေပါ..၊သူတို့ကိုယ်သူတို့ကာကွယ်ဖို့မီဒီယာလက်နက်ကိုပြန်သုံးနေပါပြီ..၊အရင်စစ်အစိုးရလက်ထက်ကလိုနားဝင်ဆိုးတဲ့အသံတွေနဲ့..တိုက်ရိုက်မတိုက်ခိုက်ပဲ..၊လူထုအကြိုက်တွေနဲ့ရောထည့်ပြီးလိုချင်တာလေးတွေကိုပါးပါးလေးပုတ်ပြီးထည့်တာတွေကို တွေ့မြင်လာရပါပြီ..၊Facebookလိုsocial media တွေမှာပါ professional Team တွေနဲ့လူကြိုက်များတဲ့Accont တွေဖန်တီးပြီး ၀ါဒဖြန့်ချီရေးနည်းတွေကို ပြောင်မြောက်စွာဆောင်ရွက်တတ်လာပါပြီ..၊
တရုတ်ကိစ္စ..ခရိုနီကိစ္စဆူပွက်စပြုလာတိုင်းအာရုံပြောင်းသတင်းတွေ.အာရုံလွဲသတင်းတွေပွထလာတတ်တာတွေကို ၁၀ ကြိမ်ထက်မနည်း သတိထားမိလာပါတယ်...။
အဓိကကတော့ ဒေါ်စုကိုပြည်သူတွေကထောက်ခံတဲ့ထောက်ခံမှုကို လျှော့ကျသွားစေဖို့၊အမှန်အတိုင်းရေးတတ်တဲ့မီဒီယာတွေကိုလွှမ်းမိုးဖို့နဲ့အတိုက်အခံဘက်ကိုတစ်ဘက်သတ်ထောက်ခံတဲ့ပြည်သူကို...သူတို့ဘက်ကိုမျှဝေဖို့ပါ၊
အဲဒီအချက်အောင်မြင်မှုရှိမရှိ အင်တာနက်သတင်းဖတ်သူတွေအသိဆုံးပါ၊ ခရိုနီတွေဟာအဲဒီဘက်ကိုငွေအင်အားလူအင်အားများများနဲ့ဖိလာကြပါပြီ
အဲဒီတော့..ယခင်ကဦးကျော်ဆန်းရဲ့“မီဒီယာကိုမီဒီယာနဲ့တိုက်မယ်”ဆိုတဲ့စကားကစစ်အစိုးရလက်ထက်မှာရှုံးနိမ့်သွားလို့…အခုမှသူတို့ဘက်က ပြည့်ပြည့်စုံစုံပြင်ဆင်ပြီးတိုက်ပွဲပြန်ဝင်လာသလိုပါပဲ…၊"
=================

ဒါကိုလက်ခံပါသလား.....

အရင်က ဒေါ်စုနဲ့ဒီမိုအဖွဲ့တွေကိုတိုက်ခိုက်တဲ့..
Myanmar Express တို့လို...လုပ်လိုက်ရင်..ဘယ်သူမှအားပေးမှာမဟုတ်တော့ဘူးလေ..
အဲဒီတုန်းက ဒေါ်စုကအချုပ်ခံနေဆဲကာလ..၊စစ်အစိုးရကာလ.
.ပြီးတော့..မီဒီယာတွေကထောက်ပြတာတွေနည်းသေးတဲ့ကာလ...

အခုကာလက ဒေါ်စုမှဒေါ်စုဖြစ်နေတဲ့ကာလ..၊မီဒီယာတွေကလဲမျိုးစုံထောက်နေပြီ..
အဲဒီတော့..သူများတွေ ဒီကန်ကရေကိုသောက်နေကြသလို
သူတို့လဲမသောက်ချင်ပေမဲ့သောက်ပြရတော့မယ်..
ပြီးတော့မှ...ရေထဲကိုတဖြည်းဖြည်းဆားခတ်မယ်ပေါ့
သူတို့စာတတ်လာကြပြီ...။
ဖွဘုတ်တွေမှာ ဂျာနယ်တိုက်တစ်တိုက်ရဲ့တန်ဘိုးရဲ တစ်သိန်းပုံတစ်ပုံ လောက်သုံးစရာမလိုပါဘူး..
ခရိုနီဆိုတာလဲ..ခုခေတ်မှာpremier league ပွဲတွေလွှင့်ချင်ရင်တောင်ဒေါ်လာသန်းချီ အကုန်ခံနေကြတဲ့ခေတ်လေ...၊
အလကားရထားတဲ့ပိုက်ဆံတွေနဲ့..
သူတို့ကိုယ်သူတို့တော့ကကာကွယ်ဖို့နှမြောမှာမဟုတ်ဘူးဆိုတာ

ဒါပါပဲ...မိတ်ဆွေများစဉ်းစားကြဖို့ပါ..၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...