မှန်ကြည့်ကြမလား ဖိတ်ချင်သည်.....
Author: lubo601 |
9:12 PM |
No မှတ်ချက် |
ရေးသားသူ- သင်းရီ
ယခုတလော မိမိကိုယ်မိမိ ကြည့်မြင်နိုင်သည့် ကြေးမုံပြင်တွေအကြောင်း စဉ်းစ

ားခန်းဝင်နေမိသည်။
မနက်မိုးလင်း၍ အိပ်ရာထကိုယ်လက်သန့်စင်ပြီးလျှင် လူတိုင်းကတော့ဖြင့် မှန်ကြည့်တတ်ကြသည်ထင်၏။ ကိုယ့်ကိုယ်ကိုယ်ေ
ချာလွန်းလှထင်၍ မှန်ရှေ့တွင် ရပ်ကြသည်တော့မဟုတ်။ မနက်ခင်းအိပ်ရာထ မျက်နှာပြင်ပေါ်တွင် အညစ်အကြေးကင်းစင်သန့်ရှင်းခြင်း ရှိ၊ မရှိစစ်ဆေးရန်ကြည့်ရှု ကြခြင်းဖြစ်လေသည်။
ခြွင်းချက်အဖြစ်တော့ မှန်လုံးဝမကြည့်ကြသူများလည်း ရှိနေနိုင်ပါသည်။ ထိုသူများကမူ အညစ်အကြေးကမ်းကုန်နေသဖြင့် မိမိကိုယ်မိမိ ပေလျာလကန်ထားကာ သေမထူး၊ နေမထူးသဘောပိုက်ထားကြသူများလည်း ဖြစ်နိုင်လျက် စိတ်ဝေဒနာစွဲကပ်နေကြသူများလည်း ဖြစ်နိုင်ပါသည်။ စင်စစ် မှန်သည် လူတို့၏သည်းခြေ ကြိုက်ပစ္စည်းတစ်ခုဖြစ်သည်။ အကျည်းတန်မှန်ကြိုက်ဆိုစေကာမူ ရုပ်ချောသူများကလည်း မှန်ကိုတော့ ကြိုက်ကြသည်သာ။
ထို့ကြောင့်လည်း လူသားတို့ပေါ်ဦးစ ကမ္ဘာ့အစောပိုင်းကတည်းကပင် မိမိ၏ပုံရိပ်ကို ပကတိအတိုင်း ပြန်မြင်ရနိုင်သော ပုံရိပ်ထင်ပစ္စည်းများကို တမက်တမော ရှိခဲ့ကြသည်။
ပထမဦးဆုံးသော ပုံရိပ်ထင်ပစ္စည်းမှာ တည်ငြိမ်နေသော ရေပြင်ဖြစ်လေ၏။ ရေမျက်နှာပြင်ပေါ်တွင် ထင်လာသော မိမိပုံရိပ်အား နှစ်သက်မက်မောစွာ ပြန်၍ရှုမြင်ရခြင်းကို အသိစိတ်ရှိသော လူသားများသာမက တိရစ္ဆာန်ငယ်လေးများပင် နှစ်သက်ခဲ့ကြသည်။
လူသားတို့ကမူ ရှာဖွေတီထွင်နိုင်စွမ်းရှိသူများဖြစ်ကြသဖြင့် ရေပြင်မှန်သား၌ ရောင့်ရဲမနေကြ။ ပိုမိုကောင်းမွန်သော ပုံရိပ်ထင်ပစ္စည်းများကို ရှာဖွေတီထွင် ဖန်တီးပြုလုပ်လာကြသည်။ ကျွန်ုပ်တို့ ယခုလက်ရှိ အသုံးပြုနေကြသည့် ကြေးမုံမှန်ပြင်များ စတင်လာခဲ့ရာ သမိုင်းကို ပြန်ကြည့်သောအခါ နှစ်ပေါင်းထောင်နှင့်ချီခဲ့လေ၏။
ပထမဦးစွာ မိမိနှင့်အတူ သယ်ယူ၍ရသော ပုံရိပ်ထင်ပစ္စည်းအဖြစ် Obsidan ဟု ခေါ်သော မျက်နှာပြင်ပြောင်လက်နေသည့် သဘာဝတွင်းထွက်ကျောက်တစ်မျိုးကို Anatolia ဒေသ (ယခု တူရကီ) မှ လူသားတို့က ရှာဖွေတွေ့ရှိ အသုံးပြုခဲ့ကြ၏။
သို့သော် ဦးနှောက်ကို အသုံးပြုခြင်း တိုးတက်လာသည့် လူသားတို့သည် သဘာဝတွင်းထွက် ပုံရိပ်ထင်ကျောက်တုံး၌သာ ရပ်တန့်မနေခဲ့။ တီထွင်ဖန်တီးပြုလုပ်ရန် အားထုတ်လာခဲ့ကြသည်။ အားထုတ်မှု၏ ရလဒ်အဖြစ် အမေရိက အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် နေထိုင်ကြသူများက ကျောက်ရိုင်းတုံးကို မျက်နှာပြင်ပြောင်လက် ချောမွတ်အောင် ပွတ်တိုက်ထားသည့် လူတို့ဖန်တီးတီထွင်သော လက်လုပ်ပုံရိပ်ထင်ပစ္စည်းကို ဘီစီ ၂၀၀၀ တွင် ပြုလုပ်အသုံးပြုလာနိုင်ခဲ့ကြသည် ။
ထိုမှတစ်ဆင့် ကြေးခေတ်သို့ ရောက်လာသည့်အခါ ကြေးနီကို အပြားပြုလျက် ပြောင်လက်အောင် တိုက်ချွတ်၍ ယခုထိတိုင် “ကြေးမုံ” ဟူသော ဝေါဟာရကျန်ရစ်ခဲ့စေသော ကြေးမုံပြင်ကိုကား အီဂျစ်နှင့် မက်ဆိုပိုတေးမီးယားသားတို့က ဘီစီ ၃၀၀၀ တွင် တီထွင်ခဲ့ကြ ခြင်းဖြစ်လေသည်။
သို့သော် ကြေးမုံမှန်ပြင်တို့၏ ဖြစ်ထွန်းတိုးတက်မှုက ရပ်တန့်မသွားခဲ့။ ကျွန်ုပ်တို့ယခုလက်ရှိ အသုံးပြုနေကြသော ပြဒါးသုတ်မှန်ကိုမူ တရုတ်တို့က နောက်ဆုံးပိတ် အိတ်နှင့်လွယ်အဖြစ် အေဒီ ၅၀၀ တွင် တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်လေ၏။
ထိုထိုသော ကြေးမုံမှန်ပြင်တို့၏ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ရာ နှစ်ပေါင်းထောင်ချီသည့် သမိုင်း ခရီးအဆက်အဆက်ကို ပြန်ကြည့်သည့်အခါ လူသားတို့သည် မိမိ၏ပုံရိပ်ကို ပကတိအတိုင်း ရှုမြင်နိုင်သည့် ပုံရိပ်ထင်ပစ္စည်းများကို လူ့သမိုင်းအဦးအစကတည်းကပင် နှစ်သက်မက်မောခဲ့ကြလျက် မရ၊ ရအောင် တခုတ်တရ ဖန်တီးတီထွင်လာခဲ့ကြကြောင်း တွေ့ရလေသည်။ ထို့ကြောင့် လူသားတို့သည် ကြေးမုံမှန်ပြင်တို့ကို အလွန် မက်မောတပ်မက်ခဲ့ကြပါကလားဟု တွေးမိရသည်။
ကြေးမုံပြင်တို့ ဖြတ်သန်းလာခဲ့ကြရာ သမိုင်းအဆင့်ဆင့်အကြောင်း တွေးမိသည့်အခါ ကျွန်တော် ငယ်စဉ်မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့၏ ဆရာမ ပြောပြဖူးသည့် ပုံပြင်လေးတစ်ပုဒ်ကို သတိရမိသွားသည်။
“ဟိုးရှေးရှေးတုန်းက တန်ခိုးသြဇာ အလွန်ကြီးတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်သတဲ့ ..” ဟု ဆရာမက ပုံပြင်လေးကိုစသည်။ ဆရာမက ပုံပြောရာ၌ လေယူလေသိမ်း ဌာန် မာန်အပြည့်ပါသဖြင့် ကျွန်တော်တို့အားလုံး ထိုပုံပြင်လေးထဲ မျောပါသွားခဲ့ကြဖူးသည်။
ဆရာမ၏ ပုံပြင်ထဲမှ အဓိက ဇာတ်ကောင်ဖြစ်သည့် ထိုဘုရင်ကြီးမှာ တန်ခိုးသြဇာအာဏာ အလွန် ကြီးမားသော်လည်း သားသမီးကံကမူ မကောင်းခဲ့ဟုဆို သည်။ လူအိုနောက်ကျသားအဖြစ် ဆည်းဆည်းပူးပူး မွေးထားရသည့် သမီးတော်လေးမှာ နှုတ်ခမ်းပဲ့၊ သွားခေါ၊ မျက်စိစွေ၊ မျက်ခမ်းစပ်၊ နှာယောင်ကောက်၊ နဖူးမောက် ဆိုသကဲ့သို့ အလွန်အရုပ်ဆိုး အကျည်းတန်လေသည်တဲ့။ အရုပ်ဆိုးအကျည်းတန်လိုက်ပုံကလည်း နန်းတော်တွင်းရှိ ကြေးမုံမှန်ပြင်များ ရှေ့သို့ရောက်လေတိုင်း ကိုယ့်မျက်နှာကိုပြန်မြင်တိုင်း လန့်လန့် ငိုရသည်ထိ ဖြစ်လေ၏။
ထိုသို့ သမီးတော်လေး လန့်လန့်ငိုရဖန်များသည့်အခါ စိတ်မကောင်းခြင်းများစွာဖြစ်ပေါ် လာသည့် ဘုရင်ကြီးက မိမိ၏ သမီးတော်လေး ရုပ်ဆင်းအင်္ဂါ မပြေပြစ်သည်ကို မစဉ်းစားနိုင်တော့ဘဲ ကြေးမုံမှန်ပြင်များအပေါ်၌သာ ရာဇမာန်ဒေါသအမျက်ပွားလျက် နန်းတော်ထဲတွင်ရှိသော ကြေးမုံ မှန်ပြင်များကို ရိုက်ခွဲဖျက်ဆီးလေတော့သည်။ အလွန်ဒေါသကြီးသည့် ထိုဘုရင်ကြီးမှာ နန်းတော်အတွင်းရှိ ကြေးမုံမှန်ပြင်များ တစ်ခုမကျန် အကုန်အစင်ဖျက်ဆီးပစ် ပြီးသည့်တိုင်ပင် ဒေါသကမပြေနိုင်သေးသဖြင့် ၎င်းအုပ်ချုပ် မင်းလုပ်နေသည့် တိုင်းပြည်ကြီးအတွင်း ကြေးမုံမှန်ပြင် တစ်ကွဲတစ်စမျှ မရှိစေရဟု အမိန့်ထုတ်ပြန်လေ၏။
တိုင်းသူပြည်သားများအပေါ် မညှာမတာ အာဏာကုန်အုပ်ချုပ်လာခဲ့သည့် ဘုရင်ကြီးဖြစ်၍ ၎င်း၏ အမိန့်ကို မလွန်ဆန်ဝံ့ကြ။ အမိန့်အတိုင်းသာ ကြေးမုံမှန်ပြင်များကို ဖျက်ဆီးပစ်ကြရလေသည်။ ထို့ကြောင့်ပင် ထိုတိုင်းပြည်ကြီးမှာ ကြေးမုံမှန်ပြင် တစ်ချပ်တလေမျှပင် ကြည့်စရာမရှိတော့သော တိုင်းပြည်ကြီးဖြစ်သွားလေတော့၏။
ထို့ကြောင့် တိုင်းသူပြည်သားများမှာလည်း မိမိကိုယ်မိမိ ပြန်ကြည့်ခွင့်၊ မြင်ခွင့်၊ သုံးသပ်ပြင်ဆင်ခွင့်မရကြတော့ဘဲ သားစဉ်မြေးဆက်တိုင် အရုပ်ဆိုးအကျည်းတန် ညစ်ပတ်ပေရေကုန်ကြသဖြင့် အခြားခြားသော အတိုင်းတိုင်း အပြည်ပြည်တို့ကပင် ဆေးဖော်ကြောဖက်မလုပ်ကြတော့သည့် ၀ိုင်းပယ်ခံ တိုင်းပြည်ကြီးတစ်ပြည် ဖြစ်သွားလေတော့သတဲ့ကွယ် .. ဟု ဆရာမက သူ့ပုံပြင်လေးကို အဆုံးသတ်သည်။
ထိုပုံပြင်လေးကို ဆရာမ ဘယ်ပုံပြင်စာအုပ်ထဲမှ ရလာခဲ့သည်လဲ။ ဆရာမကိုယ်တိုင် တီထွင် ဖန်တီးလာသည့် ပုံပြင်လေးပင်လား။ ကျွန်တော်မသိပါ။ ထိုပုံပြင်လေးကမူ ကျွန်တော့်နားထဲတွင် ယခုတိုင် စွဲထင်မှတ်မိရှိနေဆဲ ရှိပါသေးသည်။ ချွေးတွေ သံတွေ ဖုန်မှုန့်တွေ အလိမ်းလိမ်းဖြင့် ကျောင်းကစားကွင်းထဲမှ တက်လာသော ကျွန်တော်တို့ အပေအတေတစ်သိုက်ကို ရည်ရွယ်၍ ပြောခဲ့လေတာပင်လား ရေးတေးတေး မှတ်မိနေသေးသည်။
ယခု ပြန်စဉ်းစားမိသည့်အခါ ထိုပုံပြင်လေးထဲမှ အတွေးတစ်ခုရလာသည်။ အမြင်တစ်ခုရလာသည်။ မိမိ၏ သားသမီးကိုယ်တိုင် က ရုပ်ဆင်းအင်္ဂါ မပြေပြစ်ပါလျက် ထိုမပြေပြစ်မှုကို မျက်ကွယ်ပြုကာ ပကတိအတိုင်းသော ပုံရိပ်ကိုထင်သည့် ကြေးမုံမှန်ပြင်တို့အပေါ် ရာဇမာန်ရှခဲ့သည့် အာဏာရှင်ဘုရင်ကြီး၏ အလွဲကို သတိပြုမိလာသည်။ အာဏာကို အလွဲသုံးလျက် အဖြစ်မှန်ကို ဖုံးကွယ်လိုသည့် အာဏာရှင်ကြီးဟု မြင်လာသည်။ ထိုဘုရင်ကြီး၏ လွဲမှားမှုကြောင့် တိုင်းပြည်ရော ပြည်သူပြည်သားများပါ မြေဇာပင်များဖြစ်ကုန်ကြရလျက် အတိုင်းတိုင်းအပြည်ပြည်တို့မှ ၀ိုင်း ပယ်ခံရသည့် အကျည်းတန်တွေ ဖြစ်ခဲ့ကြရသည့်အပေါ်တွင်လည်း ဖြစ်ရလေခြင်းဟူသော ကောက်ချက်ကို ဆွဲမိလာသည်။
တကယ်တော့လည်း ထိုအာဏာရှင်ဘုရင်ကြီးက ပကတိအမှန်အတိုင်း ပုံရိပ်ထင်စေသော ကြေးမုံမှန်ပြင်များကို မည်မျှပင် မုန်းမာန်ပွားခဲ့သည် ဆိုစေကာမူ ကမ္ဘာဦးလူသားတို့မှသည် ယနေ့ခေတ် ခေတ်မီလူသားတို့အထိ အားလုံးတို့ကမူ ထိုကြေးမုံမှန်ပြင်များကိုပင် တမက်တမော သုံးစွဲခဲ့ကြ လျက် သုံးစွဲနေကြဆဲလည်း ရှိလေသည်။ အကြောင်းမှာ ကြေးမုံမှန် ပြင်ဆိုသည်က မိမိကိုယ်ကိုမိမိ ပကတိအတိုင်း မြင်နိုင်သောကြောင့် ဖြစ်လေ၏။
ဘုရင်ကြီးက အမှန်ကိုမမြင်လို မကြည့်ရဲသဖြင့် မှန်တွေကို မုန်းခဲ့သော်ငြား အများသူငါကမူ မှန်များကို ပကတိအတိုင်းအမှန်မြင်ရသဖြင့် တမက်တမောကြည့်ချင်နေကြခြင်းဖြစ် လေသည်။
တွေးရင်းမှပင် အတွေးက ဆက်လာပြန်သည်။ လူတို့သည် မိမိတို့၏ ဗဟိဒ္ဓဖြစ်သော အရေပြားပေါ်မှ ရုပ်ရည်ကိုသာ အမှန်အတိုင်း သိချင်မြင်ချင်ကြသည်လား။ အဇ္ဈတ္တဖြစ်သည့် မိမိ၏အတွင်းစိတ်နှလုံးသားကိုရော ပကတိအတိုင်း မြင်ဖူးသိဖူးကြပါရဲ့လား။ မိမိ၏ အဇ္ဈတ္တစိတ်နှလုံးသားကိုမိမိ ပကတိအတိုင်း သိလိုမြင်လိုစိတ်ရော ရှိကြပါရဲ့လား။ ယခုနေများ အပြင်ဗဟိဒ္ဓ ရုပ်ရည်ကိုရော အတွင်းအဇ္ဈတ္တစိတ်နှလုံးသားကိုပါ ပကတိအတိုင်း မြင်နိုင်စွမ်းသည့် ကိုယ်လုံးပေါ်ကြေးမုံ မှန်ပြင်ကြီးတစ်ချပ်များရခဲ့မည် ဆိုလျှင် ထိုမှန်ပြင်ကြီး၌ မိမိကိုယ်မိမိ ရှုမြင်လိုစိတ်များ ရှိကြပါလေမည်လားဟု စောကြောနေမိသည်။
အခြားသူများ၏ ဆန္ဒကိုမသိသော်လည်း ကျွန်တော်ကမူ ကျွန်တော်၏ အဇ္ဈတ္တစိတ်နှလုံးသားကို ပကတိအတိုင်း မြင်နိုင်သည့် ကိုယ်လုံးပေါ် ကြေးမုံမှန်ပြင်ကြီးတစ်ချပ် လိုချင်နေမိသည်။ ထိုမှန်ကြီးရှေ့တွင် ကိုယ်တိုင်ရပ်၍ ကိုယ့်စိတ်နှလုံးသားကို ကိုယ်ပြန်၍ ပကတိအတိုင်း ကြည့်ချင်နေ
မိသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးပါဟု ဆိုနေရင်းမှပင် မိမိ၏ထိုစကားအပေါ်တွင် သံသယရှိလာသောကြောင့် ဖြစ်၏။ “မိမိကိုယ်မိမိ အသိဆုံးဟုဆိုသော်လည်း မိမိကိုယ်မိမိမသိဆုံးလူမှာလည်း မိမိသာလျှင်ဖြစ်သည်” ဟူသော စကားလည်းရှိသောကြောင့် ဖြစ်လေ၏။
မှတ်သားထားမိသော နောက်စကားတစ်ခွန်းကမူ “လိမ်လည်ခြင်းများ၌ မိမိကိုယ်မိမိ လိမ်လည်ခြင်းက အန္တရာယ်အကြီးဆုံးဖြစ်၏” တဲ့။
သို့ဆိုလျှင် မိမိကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်များ လိမ်ခဲ့ပြီးပြီလဲ မေးရတော့မည်။ မေးသာမေးရ အဖြေက “မလိမ်ခဲ့မိဘူး ထင်ပါရဲ့” ဟုသာ ၀ိုးတ၀ါးထွက်သည်။
တကယ်တော့ ကျွန်တော်အပါအ၀င် လူတိုင်းနီးပါးသည် မိမိကိုယ်မိမိ ကြည့်မြင်ရာ၌ ရဲဝံ့ပြတ်သားမှုမရှိကြဟု ထင်သည်။ မိမိကိုယ်မိမိ ကာကွယ်မှုများ၊ ဆင်ခြေလဲမှုများ၊ သာသာထိုးထိုး အမှတ်ပေးမှုများဖြင့်သာ ပကတိအခြေအနေကို သလ္လာာဖုံးထားတတ်ကြသည်က များလှသည်။
များသောအားဖြင့်ကမူ သူတစ်ပါးအပေါ် ရှုမြင်သုံးသပ်ရာ၌သာ ထက်မြက်ပြောင်မြောက် တတ်ကြလျက် မိမိကိုယ်မိမိ ရှုမြင်သုံးသပ်ကြရာ၌မူ အားနည်းတတ် လက်တွန့်တတ်ကြသည်။ သူတစ်ပါး၏ အပြစ်ကိုမြင်လျှင် ကဲ့ရဲ့သဂြိုဟ်ပြုရန် နှုတ်အာသွက်သလောက် မိမိအပြစ်ကို ဖုံးကွယ် ဖျောက်ဖျက်ကြရာ၌လည်း ခြေမြန်လက်မြန်ရှိကြသည်။ မိမိအပြစ်ကို မိမိကိုယ်တိုင် ဖော်ထုတ်ဖွင့်ဟ ၀န်ခံဖို့ကိုမူ ဝေလာဝေးတော့သည်။ ယခုလောလောဆယ်တော့ဖြင့် ထိုစရိုက်သဘာဝသည်ပင် လူ့သဘာဝ အစစ်ဟု ဆိုရတော့မည်လောမသိတော့။
စင်စစ်၌ မိမိကိုယ်ကိုမိမိသာ အသိဆုံးဖြစ်ပါလျက် မိမိကိုယ်မိမိ မသိဆုံးမှာလည်း မိမိသာဖြစ်သည်ဆိုခြင်းမှာ မိမိကိုယ်မိမိ လိမ်နေ ခြင်းသာဖြစ်လေသည်။
လိမ်လည်ခြင်းများထဲတွင် မိမိကိုယ်မိမိ လိမ်လည်ခြင်းက အန္တရာယ်အကြီးဆုံးဖြစ်သည်ဆိုသည့် စကားက ကျွန်တော့်ဦးနှောက်ထဲ ပြန်ဝင်လာပြန်သည်။ မိမိကိုယ် မိမိလိမ်။ အခြားသူတစ်ဦးဦးကလည်း သူ့ဘာသာသူပြန်လိမ်ဖြင့် အလိမ်သပွတ်အူလိုက်ခဲ့လျှင် .. ဟု တွေးမိတော့ ကျောထဲမှာစိမ့်သွားသည်။
ကျွန်တော့်အသက် ၆၄ ဆိုသည့်အခါ ဖြတ်သန်းလာခဲ့မိသည့် ပရိဝုဏ်တွေက နည်းနည်းတော့ဖြင့်စုံသည်။ ထိုအထဲကမှ ထုတ်နှုတ်ရလျှင် ၀န်ထမ်းဘ၀ပရိဝုဏ်၊ စိုက်ပျိုးရေးသမားဘ၀ပရိဝုဏ်၊ နိုင်ငံရေးသမားဘ၀ပရိဝုဏ်၊ စာရေးဆရာဘ၀ပရိဝုဏ်။
နိုင်ငံရေးသမားတစ်ယောက်၏ ဘ၀ပရိဝုဏ်၌မူ ဖြတ်သန်းချိန် အတန်ငယ်ပိုခဲ့သည်ထင်၏။ ထိုထိုသော ဘ၀ပရိဝုဏ်များအတွင်း တွေ့ခဲ့ဆုံခဲ့ဆက်ဆံခဲ့ရသည့် သူတွေကလည်း အမျိုးမျိုး အဖုံဖုံ မနမတဂ္ဂ။ အဆင်အသွေးကလည်း စုံလှသည်။ သို့သော် မိမိကိုယ်မိမိ ပကတိအတိုင်း သိနေကြသယောင်ဆောင်ကြရာတွင်တော့ ကျွန်တော်တို့အပါအ၀င် အားလုံးတစ်ထပ်တည်းများကျနေကြသလားဟု ယခုတော့ဖြင့် တွေးမိနေသည်။
ထို့ကြောင့်ပင် ဗဟိဒ္ဓရော အဇ္ဈတ္တကိုပါ ပကတိအတိုင်း ရှုမြင်နိုင်စွမ်းရှိသည့် ကိုယ်လုံးပေါ်ကြေးမုံမှန်ပြင်ကြီးတစ်ချပ်ကို တမ်းတနေမိခြင်းဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ရဲရဲမရှုမြင်ရဲသော မိမိကိုယ်တိုင်လည်း ထိုကြေးမုံမှန်ပြင်ကြီးရှေ့တွင် ရပ်၍ မိမိကိုယ်မိမိ မညှာတမ်းရှုမြင်သုံးသပ်ကြည့်ချင် သည်။ ဖြစ်နိုင်လျှင် အများတကာကိုလည်း ထိုမှန်ကြီးရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ရှုမြင်သုံးသပ်ကြည့်စေချင်မိသည်။
ကျင်လည်ခဲ့ရာ နိုင်ငံရေးပရိဝုဏ်ဆီ ကြည့်မိသောအခါ အထိုက်အလျောက်ပွင့်လင်းသလိုရှိလာသည့် နိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပရိဝုဏ်ထဲသို့ အင်နှင့်အားနှင့် ၀င်လာကြသူများကို တွေ့ရသည်။ နိုင်ငံရေးဆိုသည်မှာ လူတိုင်းကိုယ်စီ၏ အရေးမို့ စိတ်ဝင်စားသူ များပြားလာခြင်း အပေါ် ၀မ်းမြောက်ရသည်။ ကြိုဆိုရသည်။
သို့သော် နိုင်ငံရေးဆိုသည်က အတ္တမပါ ပရကိစ္စသက်သက်။ ကျွန်တော်အပါအ၀င် လူဆိုသည်ကလည်း အတ္တတွင်သာအခြေခံတတ်သည့် အမျိုးပေမို့ မိမိ၏ အဇ္ဈတ္တအမှန်ကို ရံခါတွင်မူ မေ့လျော့နေတတ်သည်။ ထို့ကြောင့်ပင် အဇ္ဈတ္တအမှန်ပေါ်သည့် ကြေးမုံမှန်ပြင်ကြီးတွင် မိမိကိုယ်မိမိ ရှုမြင်သုံးသပ်
ကြည့်နိုင်ဖို့ဖိတ်ခေါ်ချင်သည်။
ကျွန်တော်တို့ဆရာမ ငယ်ငယ်ကပြောခဲ့ဖူးသည့် ပုံပြင်ထဲမှ အာဏာရှင်ဘုရင်ကြီးကမူ ပကတိအမှန်အတိုင်း ပုံရိပ်ထင်သည့် ကြေးမုံမှန်ပြင်တွေကို အမုန်းပွားခဲ့သဖြင့် တိုင်းပြည်ရော ပြည်သူပြည်သားများအားလုံးပါ အတိဒုက္ခရောက်ခဲ့ကြရသည်။
စင်စစ်တွေးတော့ ကျွန်ုပ်တို့ အားလုံးသည် ထိုကဲ့သို့သော မှန်မုန်းသူ ဧကရာဇ်ကြီးများ လက်အောက်တွင် နှစ်ပေါင်း ၅၀။ ရာစု နှစ်တစ်ဝက်။ မျိုးဆက်တစ်ဆက်။
ယခုတော့ အရုဏ်တက်ဖို့ ကြက်ဦးတွန်ချိန်။ မျက်နှာသစ်၍ ကိုယ်လက် သန့်စင်ပြီးလျှင်တော့ မှန်အတူ ကြည့်ကြရအောင် ဖိတ်ခေါ်ချင်သည်။ ။
မနက်မိုးလင်း၍ အိပ်ရာထကိုယ်လက်သန့်စင်ပြီးလျှင
ချာလွန်းလှထင်၍ မှန်ရှေ့တွင် ရပ်ကြသည်တော့မဟုတ်။ မနက်ခင်းအိပ်ရာထ မျက်နှာပြင်ပေါ်တွင် အညစ်အကြေးကင်းစင်သန့်ရှင်းခြင်း
ခြွင်းချက်အဖြစ်တော့ မှန်လုံးဝမကြည့်ကြသူများလည်း ရှိနေနိုင်ပါသည်။ ထိုသူများကမူ အညစ်အကြေးကမ်းကုန်နေသဖြင့် မိမိကိုယ်မိမိ ပေလျာလကန်ထားကာ သေမထူး၊ နေမထူးသဘောပိုက်ထားကြသူများလည်း
ထို့ကြောင့်လည်း လူသားတို့ပေါ်ဦးစ ကမ္ဘာ့အစောပိုင်းကတည်းကပင် မိမိ၏ပုံရိပ်ကို ပကတိအတိုင်း ပြန်မြင်ရနိုင်သော ပုံရိပ်ထင်ပစ္စည်းများကို တမက်တမော ရှိခဲ့ကြသည်။
ပထမဦးဆုံးသော ပုံရိပ်ထင်ပစ္စည်းမှာ တည်ငြိမ်နေသော ရေပြင်ဖြစ်လေ၏။ ရေမျက်နှာပြင်ပေါ်တွင် ထင်လာသော မိမိပုံရိပ်အား နှစ်သက်မက်မောစွာ ပြန်၍ရှုမြင်ရခြင်းကို အသိစိတ်ရှိသော လူသားများသာမက တိရစ္ဆာန်ငယ်လေးများပင် နှစ်သက်ခဲ့ကြသည်။
လူသားတို့ကမူ ရှာဖွေတီထွင်နိုင်စွမ်းရှိသူမျာ
ပထမဦးစွာ မိမိနှင့်အတူ သယ်ယူ၍ရသော ပုံရိပ်ထင်ပစ္စည်းအဖြစ် Obsidan ဟု ခေါ်သော မျက်နှာပြင်ပြောင်လက်နေသည့် သဘာဝတွင်းထွက်ကျောက်တစ်မျိုးကို
သို့သော် ဦးနှောက်ကို အသုံးပြုခြင်း တိုးတက်လာသည့် လူသားတို့သည် သဘာဝတွင်းထွက် ပုံရိပ်ထင်ကျောက်တုံး၌သာ ရပ်တန့်မနေခဲ့။ တီထွင်ဖန်တီးပြုလုပ်ရန် အားထုတ်လာခဲ့ကြသည်။ အားထုတ်မှု၏ ရလဒ်အဖြစ် အမေရိက အလယ်ပိုင်းနှင့်တောင်ပိုင်းတွင်
ထိုမှတစ်ဆင့် ကြေးခေတ်သို့ ရောက်လာသည့်အခါ ကြေးနီကို အပြားပြုလျက် ပြောင်လက်အောင် တိုက်ချွတ်၍ ယခုထိတိုင် “ကြေးမုံ” ဟူသော ဝေါဟာရကျန်ရစ်ခဲ့စေသော ကြေးမုံပြင်ကိုကား အီဂျစ်နှင့် မက်ဆိုပိုတေးမီးယားသားတို့က ဘီစီ ၃၀၀၀ တွင် တီထွင်ခဲ့ကြ ခြင်းဖြစ်လေသည်။
သို့သော် ကြေးမုံမှန်ပြင်တို့၏ ဖြစ်ထွန်းတိုးတက်မှုက ရပ်တန့်မသွားခဲ့။ ကျွန်ုပ်တို့ယခုလက်ရှိ အသုံးပြုနေကြသော ပြဒါးသုတ်မှန်ကိုမူ တရုတ်တို့က နောက်ဆုံးပိတ် အိတ်နှင့်လွယ်အဖြစ် အေဒီ ၅၀၀ တွင် တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်လေ၏။
ထိုထိုသော ကြေးမုံမှန်ပြင်တို့၏ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ရာ နှစ်ပေါင်းထောင်ချီသည့် သမိုင်း ခရီးအဆက်အဆက်ကို ပြန်ကြည့်သည့်အခါ လူသားတို့သည် မိမိ၏ပုံရိပ်ကို ပကတိအတိုင်း ရှုမြင်နိုင်သည့် ပုံရိပ်ထင်ပစ္စည်းများကို လူ့သမိုင်းအဦးအစကတည်းကပင် နှစ်သက်မက်မောခဲ့ကြလျက် မရ၊ ရအောင် တခုတ်တရ ဖန်တီးတီထွင်လာခဲ့ကြကြောင်း တွေ့ရလေသည်။ ထို့ကြောင့် လူသားတို့သည် ကြေးမုံမှန်ပြင်တို့ကို အလွန် မက်မောတပ်မက်ခဲ့ကြပါကလားဟု တွေးမိရသည်။
ကြေးမုံပြင်တို့ ဖြတ်သန်းလာခဲ့ကြရာ သမိုင်းအဆင့်ဆင့်အကြောင်း တွေးမိသည့်အခါ ကျွန်တော် ငယ်စဉ်မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့၏ ဆရာမ ပြောပြဖူးသည့် ပုံပြင်လေးတစ်ပုဒ်ကို သတိရမိသွားသည်။
“ဟိုးရှေးရှေးတုန်းက တန်ခိုးသြဇာ အလွန်ကြီးတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်သတဲ့ ..” ဟု ဆရာမက ပုံပြင်လေးကိုစသည်။ ဆရာမက ပုံပြောရာ၌ လေယူလေသိမ်း ဌာန် မာန်အပြည့်ပါသဖြင့် ကျွန်တော်တို့အားလုံး ထိုပုံပြင်လေးထဲ မျောပါသွားခဲ့ကြဖူးသည်။
ဆရာမ၏ ပုံပြင်ထဲမှ အဓိက ဇာတ်ကောင်ဖြစ်သည့် ထိုဘုရင်ကြီးမှာ တန်ခိုးသြဇာအာဏာ အလွန် ကြီးမားသော်လည်း သားသမီးကံကမူ မကောင်းခဲ့ဟုဆို သည်။ လူအိုနောက်ကျသားအဖြစ် ဆည်းဆည်းပူးပူး မွေးထားရသည့် သမီးတော်လေးမှာ နှုတ်ခမ်းပဲ့၊ သွားခေါ၊ မျက်စိစွေ၊ မျက်ခမ်းစပ်၊ နှာယောင်ကောက်၊ နဖူးမောက် ဆိုသကဲ့သို့ အလွန်အရုပ်ဆိုး အကျည်းတန်လေသည်တဲ့။ အရုပ်ဆိုးအကျည်းတန်လိုက်ပုံကလည်
ထိုသို့ သမီးတော်လေး လန့်လန့်ငိုရဖန်များသည့်အခါ စိတ်မကောင်းခြင်းများစွာဖြစ်ပေါ်
တိုင်းသူပြည်သားများအပေါ် မညှာမတာ အာဏာကုန်အုပ်ချုပ်လာခဲ့သည့် ဘုရင်ကြီးဖြစ်၍ ၎င်း၏ အမိန့်ကို မလွန်ဆန်ဝံ့ကြ။ အမိန့်အတိုင်းသာ ကြေးမုံမှန်ပြင်များကို ဖျက်ဆီးပစ်ကြရလေသည်။ ထို့ကြောင့်ပင် ထိုတိုင်းပြည်ကြီးမှာ ကြေးမုံမှန်ပြင် တစ်ချပ်တလေမျှပင် ကြည့်စရာမရှိတော့သော တိုင်းပြည်ကြီးဖြစ်သွားလေတော့၏။
ထို့ကြောင့် တိုင်းသူပြည်သားများမှာလည်း မိမိကိုယ်မိမိ ပြန်ကြည့်ခွင့်၊ မြင်ခွင့်၊ သုံးသပ်ပြင်ဆင်ခွင့်မရကြတော့ဘဲ သားစဉ်မြေးဆက်တိုင် အရုပ်ဆိုးအကျည်းတန် ညစ်ပတ်ပေရေကုန်ကြသဖြင့် အခြားခြားသော အတိုင်းတိုင်း အပြည်ပြည်တို့ကပင် ဆေးဖော်ကြောဖက်မလုပ်ကြတော့သည့် ၀ိုင်းပယ်ခံ တိုင်းပြည်ကြီးတစ်ပြည် ဖြစ်သွားလေတော့သတဲ့ကွယ် .. ဟု ဆရာမက သူ့ပုံပြင်လေးကို အဆုံးသတ်သည်။
ထိုပုံပြင်လေးကို ဆရာမ ဘယ်ပုံပြင်စာအုပ်ထဲမှ ရလာခဲ့သည်လဲ။ ဆရာမကိုယ်တိုင် တီထွင် ဖန်တီးလာသည့် ပုံပြင်လေးပင်လား။ ကျွန်တော်မသိပါ။ ထိုပုံပြင်လေးကမူ ကျွန်တော့်နားထဲတွင် ယခုတိုင် စွဲထင်မှတ်မိရှိနေဆဲ ရှိပါသေးသည်။ ချွေးတွေ သံတွေ ဖုန်မှုန့်တွေ အလိမ်းလိမ်းဖြင့် ကျောင်းကစားကွင်းထဲမှ တက်လာသော ကျွန်တော်တို့ အပေအတေတစ်သိုက်ကို ရည်ရွယ်၍ ပြောခဲ့လေတာပင်လား ရေးတေးတေး မှတ်မိနေသေးသည်။
ယခု ပြန်စဉ်းစားမိသည့်အခါ ထိုပုံပြင်လေးထဲမှ အတွေးတစ်ခုရလာသည်။ အမြင်တစ်ခုရလာသည်။ မိမိ၏ သားသမီးကိုယ်တိုင် က ရုပ်ဆင်းအင်္ဂါ မပြေပြစ်ပါလျက် ထိုမပြေပြစ်မှုကို မျက်ကွယ်ပြုကာ ပကတိအတိုင်းသော ပုံရိပ်ကိုထင်သည့် ကြေးမုံမှန်ပြင်တို့အပေါ် ရာဇမာန်ရှခဲ့သည့် အာဏာရှင်ဘုရင်ကြီး၏ အလွဲကို သတိပြုမိလာသည်။ အာဏာကို အလွဲသုံးလျက် အဖြစ်မှန်ကို ဖုံးကွယ်လိုသည့် အာဏာရှင်ကြီးဟု မြင်လာသည်။ ထိုဘုရင်ကြီး၏ လွဲမှားမှုကြောင့် တိုင်းပြည်ရော ပြည်သူပြည်သားများပါ မြေဇာပင်များဖြစ်ကုန်ကြရလျက် အတိုင်းတိုင်းအပြည်ပြည်တို့မှ ၀ိုင်း ပယ်ခံရသည့် အကျည်းတန်တွေ ဖြစ်ခဲ့ကြရသည့်အပေါ်တွင်လည်း ဖြစ်ရလေခြင်းဟူသော ကောက်ချက်ကို ဆွဲမိလာသည်။
တကယ်တော့လည်း ထိုအာဏာရှင်ဘုရင်ကြီးက ပကတိအမှန်အတိုင်း ပုံရိပ်ထင်စေသော ကြေးမုံမှန်ပြင်များကို မည်မျှပင် မုန်းမာန်ပွားခဲ့သည် ဆိုစေကာမူ ကမ္ဘာဦးလူသားတို့မှသည် ယနေ့ခေတ် ခေတ်မီလူသားတို့အထိ အားလုံးတို့ကမူ ထိုကြေးမုံမှန်ပြင်များကိုပင် တမက်တမော သုံးစွဲခဲ့ကြ လျက် သုံးစွဲနေကြဆဲလည်း ရှိလေသည်။ အကြောင်းမှာ ကြေးမုံမှန် ပြင်ဆိုသည်က မိမိကိုယ်ကိုမိမိ ပကတိအတိုင်း မြင်နိုင်သောကြောင့် ဖြစ်လေ၏။
ဘုရင်ကြီးက အမှန်ကိုမမြင်လို မကြည့်ရဲသဖြင့် မှန်တွေကို မုန်းခဲ့သော်ငြား အများသူငါကမူ မှန်များကို ပကတိအတိုင်းအမှန်မြင်ရသဖြင့် တမက်တမောကြည့်ချင်နေကြခြင်းဖြစ်
တွေးရင်းမှပင် အတွေးက ဆက်လာပြန်သည်။ လူတို့သည် မိမိတို့၏ ဗဟိဒ္ဓဖြစ်သော အရေပြားပေါ်မှ ရုပ်ရည်ကိုသာ အမှန်အတိုင်း သိချင်မြင်ချင်ကြသည်လား။ အဇ္ဈတ္တဖြစ်သည့် မိမိ၏အတွင်းစိတ်နှလုံးသားကိုရော
အခြားသူများ၏ ဆန္ဒကိုမသိသော်လည်း ကျွန်တော်ကမူ ကျွန်တော်၏ အဇ္ဈတ္တစိတ်နှလုံးသားကို ပကတိအတိုင်း မြင်နိုင်သည့် ကိုယ်လုံးပေါ် ကြေးမုံမှန်ပြင်ကြီးတစ်ချပ် လိုချင်နေမိသည်။ ထိုမှန်ကြီးရှေ့တွင် ကိုယ်တိုင်ရပ်၍ ကိုယ့်စိတ်နှလုံးသားကို ကိုယ်ပြန်၍ ပကတိအတိုင်း ကြည့်ချင်နေ
မိသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးပါဟု ဆိုနေရင်းမှပင် မိမိ၏ထိုစကားအပေါ်တွင် သံသယရှိလာသောကြောင့် ဖြစ်၏။ “မိမိကိုယ်မိမိ အသိဆုံးဟုဆိုသော်လည်း မိမိကိုယ်မိမိမသိဆုံးလူမှာလည်း မိမိသာလျှင်ဖြစ်သည်” ဟူသော စကားလည်းရှိသောကြောင့် ဖြစ်လေ၏။
မှတ်သားထားမိသော နောက်စကားတစ်ခွန်းကမူ “လိမ်လည်ခြင်းများ၌ မိမိကိုယ်မိမိ လိမ်လည်ခြင်းက အန္တရာယ်အကြီးဆုံးဖြစ်၏” တဲ့။
သို့ဆိုလျှင် မိမိကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်များ လိမ်ခဲ့ပြီးပြီလဲ မေးရတော့မည်။ မေးသာမေးရ အဖြေက “မလိမ်ခဲ့မိဘူး ထင်ပါရဲ့” ဟုသာ ၀ိုးတ၀ါးထွက်သည်။
တကယ်တော့ ကျွန်တော်အပါအ၀င် လူတိုင်းနီးပါးသည် မိမိကိုယ်မိမိ ကြည့်မြင်ရာ၌ ရဲဝံ့ပြတ်သားမှုမရှိကြဟု ထင်သည်။ မိမိကိုယ်မိမိ ကာကွယ်မှုများ၊ ဆင်ခြေလဲမှုများ၊ သာသာထိုးထိုး အမှတ်ပေးမှုများဖြင့်သာ ပကတိအခြေအနေကို သလ္လာာဖုံးထားတတ်ကြသည်က များလှသည်။
များသောအားဖြင့်ကမူ သူတစ်ပါးအပေါ် ရှုမြင်သုံးသပ်ရာ၌သာ ထက်မြက်ပြောင်မြောက် တတ်ကြလျက် မိမိကိုယ်မိမိ ရှုမြင်သုံးသပ်ကြရာ၌မူ အားနည်းတတ် လက်တွန့်တတ်ကြသည်။ သူတစ်ပါး၏ အပြစ်ကိုမြင်လျှင် ကဲ့ရဲ့သဂြိုဟ်ပြုရန် နှုတ်အာသွက်သလောက် မိမိအပြစ်ကို ဖုံးကွယ် ဖျောက်ဖျက်ကြရာ၌လည်း ခြေမြန်လက်မြန်ရှိကြသည်။ မိမိအပြစ်ကို မိမိကိုယ်တိုင် ဖော်ထုတ်ဖွင့်ဟ ၀န်ခံဖို့ကိုမူ ဝေလာဝေးတော့သည်။ ယခုလောလောဆယ်တော့ဖြင့် ထိုစရိုက်သဘာဝသည်ပင် လူ့သဘာဝ အစစ်ဟု ဆိုရတော့မည်လောမသိတော့။
စင်စစ်၌ မိမိကိုယ်ကိုမိမိသာ အသိဆုံးဖြစ်ပါလျက် မိမိကိုယ်မိမိ မသိဆုံးမှာလည်း မိမိသာဖြစ်သည်ဆိုခြင်းမှာ မိမိကိုယ်မိမိ လိမ်နေ ခြင်းသာဖြစ်လေသည်။
လိမ်လည်ခြင်းများထဲတွင် မိမိကိုယ်မိမိ လိမ်လည်ခြင်းက အန္တရာယ်အကြီးဆုံးဖြစ်သည်ဆိုသည့်
ကျွန်တော့်အသက် ၆၄ ဆိုသည့်အခါ ဖြတ်သန်းလာခဲ့မိသည့် ပရိဝုဏ်တွေက နည်းနည်းတော့ဖြင့်စုံသည်။ ထိုအထဲကမှ ထုတ်နှုတ်ရလျှင် ၀န်ထမ်းဘ၀ပရိဝုဏ်၊ စိုက်ပျိုးရေးသမားဘ၀ပရိဝုဏ်၊ နိုင်ငံရေးသမားဘ၀ပရိဝုဏ်၊ စာရေးဆရာဘ၀ပရိဝုဏ်။
နိုင်ငံရေးသမားတစ်ယောက်၏ ဘ၀ပရိဝုဏ်၌မူ ဖြတ်သန်းချိန် အတန်ငယ်ပိုခဲ့သည်ထင်၏။ ထိုထိုသော ဘ၀ပရိဝုဏ်များအတွင်း တွေ့ခဲ့ဆုံခဲ့ဆက်ဆံခဲ့ရသည့် သူတွေကလည်း အမျိုးမျိုး အဖုံဖုံ မနမတဂ္ဂ။ အဆင်အသွေးကလည်း စုံလှသည်။ သို့သော် မိမိကိုယ်မိမိ ပကတိအတိုင်း သိနေကြသယောင်ဆောင်ကြရာတွင်တော့ ကျွန်တော်တို့အပါအ၀င် အားလုံးတစ်ထပ်တည်းများကျနေကြသလာ
ထို့ကြောင့်ပင် ဗဟိဒ္ဓရော အဇ္ဈတ္တကိုပါ ပကတိအတိုင်း ရှုမြင်နိုင်စွမ်းရှိသည့် ကိုယ်လုံးပေါ်ကြေးမုံမှန်ပြင်ကြီ
ကျင်လည်ခဲ့ရာ နိုင်ငံရေးပရိဝုဏ်ဆီ ကြည့်မိသောအခါ အထိုက်အလျောက်ပွင့်လင်းသလိုရှိလ
သို့သော် နိုင်ငံရေးဆိုသည်က အတ္တမပါ ပရကိစ္စသက်သက်။ ကျွန်တော်အပါအ၀င် လူဆိုသည်ကလည်း အတ္တတွင်သာအခြေခံတတ်သည့် အမျိုးပေမို့ မိမိ၏ အဇ္ဈတ္တအမှန်ကို ရံခါတွင်မူ မေ့လျော့နေတတ်သည်။ ထို့ကြောင့်ပင် အဇ္ဈတ္တအမှန်ပေါ်သည့် ကြေးမုံမှန်ပြင်ကြီးတွင် မိမိကိုယ်မိမိ ရှုမြင်သုံးသပ်
ကြည့်နိုင်ဖို့ဖိတ်ခေါ်ချင်သည်။
ကျွန်တော်တို့ဆရာမ ငယ်ငယ်ကပြောခဲ့ဖူးသည့် ပုံပြင်ထဲမှ အာဏာရှင်ဘုရင်ကြီးကမူ ပကတိအမှန်အတိုင်း ပုံရိပ်ထင်သည့် ကြေးမုံမှန်ပြင်တွေကို အမုန်းပွားခဲ့သဖြင့် တိုင်းပြည်ရော ပြည်သူပြည်သားများအားလုံးပါ အတိဒုက္ခရောက်ခဲ့ကြရသည်။
စင်စစ်တွေးတော့ ကျွန်ုပ်တို့ အားလုံးသည် ထိုကဲ့သို့သော မှန်မုန်းသူ ဧကရာဇ်ကြီးများ လက်အောက်တွင် နှစ်ပေါင်း ၅၀။ ရာစု နှစ်တစ်ဝက်။ မျိုးဆက်တစ်ဆက်။
ယခုတော့ အရုဏ်တက်ဖို့ ကြက်ဦးတွန်ချိန်။ မျက်နှာသစ်၍ ကိုယ်လက် သန့်စင်ပြီးလျှင်တော့ မှန်အတူ ကြည့်ကြရအောင် ဖိတ်ခေါ်ချင်သည်။ ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment