Monday, December 10, 2012

သန်းခေါင်စာရင်း ဥပဒေကြမ်း ပြဌာန်း

မိုး သူ and Sa Maung shared Sa Maung's photo.
မြန်မာ သတင်းများ ဒီဇင်ဘာ ၁၁၊ ၂၀၁၂

သန်းခေါင်စာရင်း ဥပဒေကြမ်း ပြဌာန်း

ပြည်ထောင်စု လွှတ်တော်က “လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ဥပဒေကြမ်း” ကို ပြန်ဌာန်းလိုက်သည်။ ယင်း ဥပဒေကြမ်းတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၇ ခန်း ပါရှိသည်။ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်း ဆိုင်ရာ အချက် အလက်များကို တိကျမှန်ကန်စွာရရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ ကောက်ယူခြင်း၊ ယင်းစာရင်းဇယားများကို အခြေခံ၍ နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာ ကိစ္စ များတွင် အကျိုးရှိစွာ အသုံးချခြင်းတို့ ပြုလုပ်နိုင်ရန် ပြဌာန်းလိုက်ခြင်း ဖြစ်ကြောင်း ယမန်နေ့ က အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေးနေ့ ကြေညာချက်ထုတ်

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က့ ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် အချက် ၉ ချက်ပါ လူ့အခွင့် အရေးဆိုင်ရာ ကြေညာချက် တစောင် ထုတ်ပြန်သည်။ ယင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသား အားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေး နေဦးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ လူ့အခွင့်အရေး ကြေ ညာ စာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး ယင်းအတည်ပြုခဲ့သည့်နေ့ကို နိုင်ငံတကာ လူ့အခွင့် အရေးနေ့အဖြစ် သတ်မှတ်ရန် မဲခွဲဆုံးဖြတ်ရာ မြန်မာနိုင်ငံသည် ပထမဆုံး ထောက်ခံမဲ ပေးသည့်နိုင်ငံ တနိုင်ငံ ဖြစ်သည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေး အသိုက်အ၀န်းနှင့်အတူ လက်တွဲဆောင်ရွက်လျက် ရှိကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဦးဆုံး ထောက်ခံအားပေးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်

၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြု ချမှတ်နိုင်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲဆုံးဖြတ်စဉ် မြန်မာနိုင်ငံသည် ပထမဦးဆုံး ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဂုဏ်ယူသတိရလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လူသားအားလုံးနှင့် သက်ဆိုင်သည့် အရေးအကြီးဆုံး ကြေညာချက် တစ်ရပ်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါနေ့အား နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေးနေ့ ပေါ်ပေါက်လာပုံကို ဖော်ပြထားသည်။
ယနေ့သည် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ရေရှည်လုပ်ငန်းစဉ်များကို ချပြရန် အသင့်လျော်ဆုံး အခါသမယဖြစ်ကြောင်း၊ ကော်မရှင်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လက်ခံရရှိခဲ့သော တိုင်တန်းချက်ပေါင်း သုံးထောင်ကျော်အနက် အများစုကို စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ''ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ'' အပါအ၀င် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသား မေတ္တာရပ်ခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းတို့ကို ကော်မရှင်က ဆောင်ရွက်ခဲ့ခြင်းသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို လွတ်မြောက်စေခဲ့ကြောင်း၊ လွတ်မြောက်လာသော အကျဉ်းသားအချို့သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသည့် အတွက်လည်း အားရကျေနပ်မိကြောင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်း အတွေ့အကြုံများအရ နိုင်ငံတော်အစိုးရနှင့် အခြားသက်ဆိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
လူ့အခွင့်အရေး မြင့်တင်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ပညာပေးရေးကို အထူးပြုဆောင်ရွက်နေသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် ထူးခြားသည့် ရလဒ်တစ်ခုအဖြစ် အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ရိုးများတွင် လူ့အခွင့်အရေး ဘာသာရပ်ကို အလေးထား သင်ကြားပေးနိုင်ရေး လုပ်ငန်းစဉ်ကို အစပျိုးနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရကြောင်း၊ သို့ဖြစ်ရာ ဒေသတွင်း လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ၄င်းဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု ဘာသာရပ်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တို့ကဲ့သို့သော အရေးကြီးသည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် ကိစ္စများ ပါဝင်ကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများသည် လူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း၊ ရေရှည်စီမံချက်အဖြစ် အရေးကြီးသော လူ့အခွင့်အရေး စာရွက်စာတမ်းများကို အများပြည်သူ သိရှိစေရန် မြန်မာဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေမူကြမ်းတွင် ဖော်ပြပါရှိသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ကော်မရှင်ကို ကြီးမားသော တာဝန်တစ်ရပ်အဖြစ် ယုံကြည်စွာ အပ်နှံခြင်းဖြစ်သောကြောင့် ဆောင်ရွက်ရာတွင် ကော်မရှင်အတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသားတို့၏ မွေးရာပါဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားပါသည်။

လူ့အခွင့်အရေးအတွက် အစိုးရဌာနတွေ ပူးပေါင်းဖို့လိုအပ်သေး

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပိုမို ပွင့်လင်းမှု ရှိလာတယ်ဆိုပေမဲ့ - ဒီ့ထက်မက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန် ဖို့ဆိုရင် အစိုးရအပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြောလိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတရပ် မရှိသေးတဲ့အတွက် လုပ်ဆောင်ရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိသလို စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း နှစ်ဘက်စလုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ - ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က ပြောကြားခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူတွေကြား ပိုမို နိုးကြားမှု ရှိလာသလို - ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့အညီ တောင်းဆိုဆန္ဒပြခွင့်တွေ ရှိလာတာဟာ တိုးတက်တဲ့ အနေအထားတခုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြောပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့ - ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးပမ်းနေတဲ့ အစိုးရတရပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့် တယ်လို့ ဦးဝင်းမရ က ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နှစ်ဘက်စလုံးကနေ အရပ်သားပြည်သူတွေကို အဓမ္မ စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ၊ ညှင်းပန်းနှိပ်စက်တာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်း သိရှိ ရတယ်လည်းလို့ သူက ပြောပါတယ်။ အထူးသဖြင့် လက်ရှိ တိုက်ပွဲတွေ ဖြစ်နေဆဲ ကချင်ဒေသမှာဆိုရင် ပြည်သူတွေအနေနဲ့ အသက်အိုးအိမ် ထိခိုက်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး၊ ကုလသမဂ္ဂ က ပြဌာန်းထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်တွေကို အစိုးရစစ်တပ်ဘက်ကရော၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကပါ လိုက်နာဖို့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က တိုက်တွန်းသွားခဲ့ပါတယ်။ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်ဖို့ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးနိုင်ဖို့က အဓိကကျတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ဆောင်ရတဲ့အပိုင်းတွေမှာ အကန့်အသတ်တွေလည်း ရှိနေတာပါ။ လောလောဆယ် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတရပ် တရားဝင် ပေါ်ထွက်လာဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ တိုးတက်စေဖို့ဆိုရင် အစိုးရတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကလည်း အတော်လေးကို အရေးကြီးတယ် လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က ပြောကြားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နှေးကွေး၍မရဘဲ ရှေ့ဆက်နိုင်ရန် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကိုင်စွဲလျက် ငြိမ်းချမ်းသော လူ့ဘောင်ကို လျှောက်လှမ်းနိုင်ရန် နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) တိုက်တွန်း

မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နှေးကွေး၍မရဘဲ ရှေ့ဆက်နိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကိုင်စွဲလျက် ငြိမ်းချမ်းသော လူ့ဘောင်ကို ဆက်လက်လျောက်လှမ်းနိုင်ရေး တိုက်တွန်းကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) မှ တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့၊ ယုဒဿန်ရိပ်သာ ၌ '၂၁နှစ်မြောက်၊ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခြင်းနှင့် ထောက်ခံဆန္ဒပြခဲ့သော ကျောင်းသားလူငယ်များ (10D)' ၏ အမှတ်တရအခမ်းအနားတွင် ပြောကြားခဲ့သည်။
လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာသည် သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်၍ အခြေအနေမှန်ကို သိရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြန်အလှန် ပေါ်ပေါက်ထွန်းကားရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် လိုအပ်ကြောင်းနှင့် ကချင်ပြည်နယ်တွင်လည်း အပြန်အလှန် ယုံကြည်မှုဖြင့် နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုများ အားနည်းနေခြင်း၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်ခြင်းတို့ဖြစ်ကြောင်း၊ အမျိုးသား သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) မှ လက်ရှိနိုင်ငံရေး အခြေအနေအနေအပေါ် တိုက်တွန်းသုံးသပ်သွားသည်။ လက်ရှိလက်ပံတောင်းတောင် အခြေအနေ၌ အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းလိုက်ခြင်းသည် မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ တိုးတက်မှုကို စောင့်ကြည့်ထောက်ခံ အားပေးနေသော ကမ္ဘာ့နိုင်ငံရေး မျက်နှာစာတွင် အကြည်းတန်သော၊ အနုတ်လက္ခဏာတစ်ခုဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူ တရားစွဲဆိုခံနေရခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုရာ ရောက်နေသည်ဟု ထင်မြင်မိကြောင်း အဆိုပါအဖွဲ့မှ သုံးသပ်ပြောဆိုသည်။
ထို့ပြင် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ''အားလုံးသိတဲ့အတိုင်းပ၊ဲ ဒီကနေ့ လက်ပံတောင်းကိစ္စဟာ အင်မတန်ကို ကြီးကျယ်လာတဲ့ကိစ္စ ဖြစ်နေပါတယ်။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးနဲ့ ငြိမ်သက်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ပြန်လည်ဖြေရှင်းသင့်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းဘဲနဲ့ ပစ်ဟယ်၊ ခတ်ဟယ်၊ ချဟယ်နဲ့လုပ်တော့ အကြမ်းဖက်တဲ့နည်းမျိုး ဖြစ်သွားတဲ့အတွက် အင်မတန်မှ မကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်'' ဟု ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးအပ်မည့် ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် နိုဗယ်ဆုရရှိခြင်းအပေါ် ဂုဏ်ပြုသည့်အနေဖြင့် နေအိမ်အတွင်း အကျဉ်းချခံထားရခြင်းမှ လွှတ်ပေးရန်၊ ဖမ်းဆီးခံကျောင်းသားများ အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ ဒီမိုကရေစီရရှိရန် စသည့်တောင်းဆိုချက်များဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်နှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတို့တွင် လှုပ်ရှားခဲ့သော ကျောင်းသားလူငယ်များ (10D) ၏ အမှတ်တရ အခမ်းအနားအဖြစ် ရည်ရွယ်၍ ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးထွန်းကားဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြန်ပြင်ရမည်

အစိုးရသစ် လက်ထက် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး၊ ဖော်ဆောင်နေတယ်
ဆိုပေမဲ့လည်း မြန်မာ့နိုင်ငံရေးလောကမှာ စစ်တပ် ပါဝင်ပတ်သက်နေသမျနဲ့ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျင့်သုံးနေသမျ ကာလပတ်လုံး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တခြား စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့လည်း မြန်မာ့လူ့အခွင့်အရေး အခြေအနေကို မျက်ကွယ်ပြုတဲ့ အရိပ်လက္ခဏာကို တွေ့မြင်နေရတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ယခင်နဲ့ ယခု၊ တနည်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်နဲ့ အခုအသွင်ပြောင်းလာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၊ လူ့အခွင့်အရေး အခြေအနေနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုအခါမှာ သိသိသာသာ တိုးတက်လာတယ်လို့ မစ္စတာကင်တာနားက ဆိုပါတယ်။ သူထောက်ပြတဲ့ သက်သေ အထောက်အထားတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်၊ လွှတ်တော်အမတ်တွေဖြစ်လာတယ်ဆိုတဲ့ အချက်အလက်ပါဝင်ပါတယ်။ တခါ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရလာတယ်၊ စသဖြင့် သူထောက်ပြပြီးတော့ ပြောဆိုသွားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယခင်စစ်အစိုးရလက်ထက်က အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နစ်နာခဲ့ရတဲ့သူတွေ၊ ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ ဆိုတော့ ဒီဖြစ်ရပ်တွေကိုရော မေ့ဖျောက်ပစ်လိုက်ရမလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မစ္စတာကင်တာနားက သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဒီကိစ္စကိုဖော်ပြခဲ့ပါတယ်တဲ့။ဒီကိစ္စကိုဖော်ထုတ်ပြီးတော့ ထိုက်သင့်သလိုဆောင်ရွက်ဖို့ကို အကြံပြုတင်ပြထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရရဲ့ တုန့်ပြန်မှု တစုံတရာ မရရှိခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို စိတ်မဝင်စားကြဘူးလို့ မစ္စတာကင်တာနားကဆိုပါတယ်။

“သူတို့က ကုလသမဂ္ဂအဖွဲ့အနေနဲ့တာဝန်ရှိပါတယ်။ တရားမျှတမှုနဲ့ အမှန်တရားဆိုတာ ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မူဝါဒတွေဖြစ်ပါတယ်။ လူ့အခွင့်အရေးလေးစားမှုဆိုတာလည်း ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ပါ။ ဒါကြောင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ဒီနိုင်ငံတွေကို ကျနော် သတိပေးရပါလိမ့်မယ်။ ငွေရေး၊ ကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာပဲဖြစ်ဖြစ် မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့ လူ့အခွင့်အရေးအကြောင်းကို ထည့်ပြောရပါလိမ့်မယ်။ ဒါဟာ ကျနော် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ပြောနေတာဖြစ်ပါတယ်။”

လူ့အခွင့်အရေးဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအတွက် ပြည်တွင်းလိုအပ်ချက်အနေနဲ့ကတော့ အခုလက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါမှသာလျင် လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်၊ နိုင်ငံတရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်တာနားက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်၊ ပြုပြင်နိုင်မယ့် နည်းလမ်းတရပ်၊ အခြေအနေတရပ်ရှိမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲတရပ်ကို တွေ့မြင်ရပါလိမ့်မယ်။ အခုရှိနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံဟာ ၂၀၀၈မှာတုန်းက ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်ဆိုပေမဲ့ တရားမျှတမှုလုံးဝမရှိ၊ လုံးဝတဖက်သက် အတည်ပြုချက်ရယူခဲ့တာသာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည် ဒုက္ခရောက်နေချိန်၊ လုပ်သွားတဲ့ ဆန္ဒခံယူပွဲလည်းဖြစ်ပါတယ်။ လူထုဆန္ဒအစစ်အမှန်မရခဲ့ပါဘူး။ ကျနော့်သဘောပြောရမယ်ဆိုရင်တော့ အစိုးရအနေနဲ့ တချိန်ချိန်မှာ ဒီဖွဲ့စည်းပုံကို လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပေးပြီး ပြန်ပြင်ဖို့သင့်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးတဲ့ကိစ္စပါ။”

တခါအဲ့ဒီ့ဖွဲ့စည်းပုံအရဆိုလို့ရှိရင် စစ်တပ်က နိုင်ငံရေးမှာ အရေးပါတဲ့နေရာမှာ ရောက်ရှိနေတဲ့အတွက် ဒါဟာ လူ့အခွင့်အရေးအတွက် အနှောင့်အယှက်၊ အတားအဆီးတရပ် ဖြစ်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ်ရောက်ခဲ့ရာမှာ ကျန်တဲ့အရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့ပေမဲ့၊ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ဆုံခွင့်မရခဲ့ပါဘူးတဲ့၊ ဒါဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အားနည်းနေတယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်ဆိုတာကို မစ္စတာကင်တာနားက ထောက်ပြသွားပါတယ်။

“ပါလီမန်မှာ နေရာ ၂၅% ကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်သူတွေက ကြီးစိုးထားတာ တွေ့ရပါတယ်။ စစ်တပ်ဟာ ဒီနေရာမှာ အာဏာရှိနေတယ်ဆိုတာ ထင်ရှားတဲ့သက်သေပါ။ နောက်တစ်ခုက နယ်စပ်ဒေသက တိုင်းရင်းသားပြဿနာတွေကို ကိုင်တွယ်ရာမှာ စစ်တပ်က ဘယ့်လောက်အထိ အာဏာ ချုပ်ကိုင်ထားသလဲ ဆိုတာပါပဲ။ ကျနော် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ပြီးပါပြီ။ ဝန်ကြီးပေါင်းများစွာ၊ အရာရှိကြီးပေါင်း များစွာနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်တွေလည်း ရခဲ့ပါတယ်။ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ခွင့်မရခဲ့ပါဘူး။ ကျနော့်ဘက်က အမြဲ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ မရပါဘူး။ နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စစ်တပ်ရဲ့အနေအထားကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးဖို့က လိုအပ်ပါတယ်။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံအစိုးရနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို လုပ်မယ်၊ ပြီးတော့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးလိုက်နာဖို့ လေ့ကျင့်သင်ကြားပေးမယ်၊ မြန်မာစစ်တပ်ဟာ ဝန်ထမ်းကောင်းပီသတဲ့ အရပ်သားတွေရဲ့ အမိန့်အာဏာကို လက်ခံနိုင်တဲ့ လိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်ဆိုတဲ့အပေါ်မှာလည်းပဲ မစ္စတာကင်တာနားက အယုံအကြည်မရှိဘူးလို့ပြောကြားသွားပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ မနေ့က ကျင်းပရာမှာ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ဖို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးဆက်ဆံမှု လိုအပ်တယ်လို့ ပြောကြားပါတယ်။
လူ့အခွင့်ရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်းတခုကို ထူထောင်မယ်ဆိုရင် တယောက်နဲ့တယောက်၊ အပြန်အလှန် ဆွေးနွေးဆက်ဆံမှုရှိဖို့ လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဆွေးနွေးဆက်ဆံမှုဆိုတာ တဖက်သတ်သဘောမဟုတ်ဘဲ နှစ်ဖက် အပြန်အလှန်ဆက်ဆံရေးဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဝန်ကြီးဦးအောင်မင်းက ဦးသိန်းစိန်အစိုးရလက်ထက် လူ့အခွင့်ရေးဆိုင်ရာမှာ တိုးတက်မှုတွေထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေကို ဥပမာပေးပြောကြားခဲ့ပါတယ်။
"၂ဝ၁၁ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ အစိုးရအနေနဲ့စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုရေးတွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေထူဖို့အဖြစ်တွေ့နိုင်ပါတယ်၊ အခုအခါ ကျနော်တို့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်"
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Negan၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အစိုးရဝန်ကြီးဌာနတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် အီတလီမှာ ကျင်းပ

အီတလီနိုင်ငံ Sarzana မြို့မှာ ဒီဇင်ဘာလ (၉) ရက်နေ့က ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်မှာ ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်သောပါက က မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ဥရောပအခြေစိုက် ကရုဏာအဖွဲ့က ဦးစီးပြီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ခံရတာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေရှိနေတာတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ အရှင်သောပါက က မိန့်ပါတယ်။ဆွေးနွေးပွဲကို အီတလီ ပါလီမန်အမတ်တစ်ဦးလည်း တက်ရောက်လာပြီး မြန်မာနိုင်ငံ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့လည်း မိန့်ပါတယ်။

အိန္ဒိယ ဆက်သွယ်ရေး နည်းပညာသုံး ကျန်းမာရေး ၀န်ဆောင်မှု ရန်ကုန်တွင် စတင်

အိန္ဒိယနိုင်ငံ အပိုလို ဆေးရုံများအဖွဲ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာသုံး ဆေးဝါးကုသရေး (Telemedicine)၀န်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ထားကြောင်း သတင်းရသည်။ ၀န်ဆောင်မှုများအနေနှင့် တာဝန်ယူ ကုသပေးမှု၊ ဆွေးနွေး အကြံပေးမှု၊ ပြန်လည် စိစစ်သုံးသပ်ပေးမှု၊ ဆေးဝါး ကုသပေးပြီးသည့်နောက် လိုအပ်သော အထောက်အပံ့များ၊ ဆေးဝါးကုသရေးနှင့် ဆက်သွယ်နည်းပညာ ဆိုင်ရာ ဆက်စပ် ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း Gulf Today သတင်း၌ မနေ့က ရေးထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံထိုင်းကုမ္ပဏီက မနေ့က ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
မြန်မာ သတင်းများ ဒီဇင်ဘာ ၁၁၊ ၂၀၁၂

ပြည်ထောင်စု လွှတ်တော်က “လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ဥပဒေကြမ်း” ကို ပြန်ဌာ
န်းလိုက်သည်။ ယင်း ဥပဒေကြမ်းတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၇ ခန်း ပါရှိသည်။ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်း ဆိုင်ရာ အချက် အလက်များကို တိကျမှန်ကန်စွာရရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ ကောက်ယူခြင်း၊ ယင်းစာရင်းဇယားများကို အခြေခံ၍ နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများတွင် အကျိုးရှိစွာ အသုံးချခြင်းတို့ ပြုလုပ်နိုင်ရန် ပြဌာန်းလိုက်ခြင်း ဖြစ်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

လူ့အခွင့်အရေးဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအတွက် ပြည်တွင်းလိုအပ်ချက်အနေနဲ့ကတော့အခုလက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူတို့ရဲ့ ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါမှသာလျင် လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်၊ နိုင်ငံတရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာကင်တာနားက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီအောင်၊ ပြုပြင်နိုင်မယ့် နည်းလမ်းတရပ်၊ အခြေအနေတရပ်ရှိမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲတရပ်ကို တွေ့မြင်ရပါလိမ့်မယ်။ အခုရှိနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံဟာ ၂၀၀၈မှာတုန်းက ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်ဆိုပေမဲ့ တရားမျှတမှုလုံးဝမရှိ၊ လုံးဝတဖက်သက် အတည်ပြုချက်ရယူခဲ့တာသာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည် ဒုက္ခရောက်နေချိန်၊ လုပ်သွားတဲ့ ဆန္ဒခံယူပွဲလည်းဖြစ်ပါတယ်။ လူထုဆန္ဒအစစ်အမှန်မရခဲ့ပါဘူး။ ကျနော့်သဘောပြောရမယ်ဆိုရင်တော့ အစိုးရအနေနဲ့ တချိန်ချိန်မှာ ဒီဖွဲ့စည်းပုံကို လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပေးပြီး ပြန်ပြင်ဖို့သင့်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက် သိပ်အရေးကြီးတဲ့ကိစ္စပါ။”

တခါအဲ့ဒီ့ဖွဲ့စည်းပုံအရဆိုလို့ရှိရင် စစ်တပ်က နိုင်ငံရေးမှာ အရေးပါတဲ့နေရာမှာ ရောက်ရှိနေတဲ့အတွက် ဒါဟာ လူ့အခွင့်အရေးအတွက် အနှောင့်အယှက်၊ အတားအဆီးတရပ် ဖြစ်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။ သူက မြန်မာနိုင်ငံကို အကြိမ်ကြိမ်ရောက်ခဲ့ရာမှာ ကျန်တဲ့အရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့ပေမဲ့၊ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ဆုံခွင့်မရခဲ့ပါဘူးတဲ့၊ ဒါဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အားနည်းနေတယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်ဆိုတာကို မစ္စတာကင်တာနားက ထောက်ပြသွားပါတယ်။

“ပါလီမန်မှာ နေရာ ၂၅% ကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်သူတွေက ကြီးစိုးထားတာ တွေ့ရပါတယ်။ စစ်တပ်ဟာ ဒီနေရာမှာ အာဏာရှိနေတယ်ဆိုတာ ထင်ရှားတဲ့သက်သေပါ။ နောက်တစ်ခုက နယ်စပ်ဒေသက တိုင်းရင်းသားပြဿနာတွေကို ကိုင်တွယ်ရာမှာ စစ်တပ်က ဘယ့်လောက်အထိ အာဏာ ချုပ်ကိုင်ထားသလဲ ဆိုတာပါပဲ။ ကျနော် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ပြီးပါပြီ။ ဝန်ကြီးပေါင်းများစွာ၊ အရာရှိကြီးပေါင်း များစွာနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်တွေလည်း ရခဲ့ပါတယ်။ စစ်တပ်အကြီးအကဲနဲ့တော့ တခါမှ တွေ့ခွင့်မရခဲ့ပါဘူး။ ကျနော့်ဘက်က အမြဲ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ မရပါဘူး။ နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စစ်တပ်ရဲ့အနေအထားကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးဖို့က လိုအပ်ပါတယ်။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံအစိုးရနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို လုပ်မယ်၊ ပြီးတော့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးလိုက်နာဖို့ လေ့ကျင့်သင်ကြားပေးမယ်၊ မြန်မာစစ်တပ်ဟာ ဝန်ထမ်းကောင်းပီသတဲ့ အရပ်သားတွေရဲ့ အမိန့်အာဏာကို လက်ခံနိုင်တဲ့ လိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်ဆိုတဲ့အပေါ်မှာလည်းပဲ မစ္စတာကင်တာနားက အယုံအကြည်မရှိဘူးလို့ပြောကြားသွားပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ မနေ့က ကျင်းပရာမှာ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ဖို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးဆက်ဆံမှု လိုအပ်တယ်လို့ ပြောကြားပါတယ်။
လူ့အခွင့်ရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်းတခုကို ထူထောင်မယ်ဆိုရင် တယောက်နဲ့တယောက်၊ အပြန်အလှန် ဆွေးနွေးဆက်ဆံမှုရှိဖို့ လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဆွေးနွေးဆက်ဆံမှုဆိုတာ တဖက်သတ်သဘောမဟုတ်ဘဲ နှစ်ဖက် အပြန်အလှန်ဆက်ဆံရေးဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဝန်ကြီးဦးအောင်မင်းက ဦးသိန်းစိန်အစိုးရလက်ထက် လူ့အခွင့်ရေးဆိုင်ရာမှာ တိုးတက်မှုတွေထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေကို ဥပမာပေးပြောကြားခဲ့ပါတယ်။
"၂ဝ၁၁ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ အစိုးရအနေနဲ့စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုရေးတွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေထူဖို့အဖြစ်တွေ့နိုင်ပါတယ်၊ အခုအခါ ကျနော်တို့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်"
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Negan၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အစိုးရဝန်ကြီးဌာနတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် အီတလီမှာ ကျင်းပ

အီတလီနိုင်ငံ Sarzana မြို့မှာ ဒီဇင်ဘာလ (၉) ရက်နေ့က ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်မှာ ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်သောပါက က မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ဥရောပအခြေစိုက် ကရုဏာအဖွဲ့က ဦးစီးပြီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ခံရတာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေရှိနေတာတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ အရှင်သောပါက က မိန့်ပါတယ်။ဆွေးနွေးပွဲကို အီတလီ ပါလီမန်အမတ်တစ်ဦးလည်း တက်ရောက်လာပြီး မြန်မာနိုင်ငံ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့လည်း မိန့်ပါတယ်။

အိန္ဒိယ ဆက်သွယ်ရေး နည်းပညာသုံး ကျန်းမာရေး ၀န်ဆောင်မှု ရန်ကုန်တွင် စတင်

အိန္ဒိယနိုင်ငံ အပိုလို ဆေးရုံများအဖွဲ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာသုံး ဆေးဝါးကုသရေး (Telemedicine)၀န်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ထားကြောင်း သတင်းရသည်။ ၀န်ဆောင်မှုများအနေနှင့် တာဝန်ယူ ကုသပေးမှု၊ ဆွေးနွေး အကြံပေးမှု၊ ပြန်လည် စိစစ်သုံးသပ်ပေးမှု၊ ဆေးဝါး ကုသပေးပြီးသည့်နောက် လိုအပ်သော အထောက်အပံ့များ၊ ဆေးဝါးကုသရေးနှင့် ဆက်သွယ်နည်းပညာ ဆိုင်ရာ ဆက်စပ် ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း Gulf Today သတင်း၌ မနေ့က ရေးထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံထိုင်းကုမ္ပဏီက မနေ့က ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

NLABR
Web-site: www.nlabr.com

Facebook: Sa Maung
Facebook: Miraculous Master For English Language

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...