Saturday, December 1, 2012

မှားနေရင် ပြင်ယူနိုင်ဖို့ အရေးကြီးဆုံး


by Lwin Aung Soe on Saturday, December 1, 2012 at 4:39pm ·



လူတိုင်းဟာ မှန်မယ်ထင်လို့ လုပ်ကြပေမယ့် မှားတာကို လုပ်မိရင် မှားနေကြဦးမှာပါပဲ။ ကနေ့ အမှားတခု တွေ့လိုက်တဲ့အခါမှာ ကနေ့မှာပဲ ချက်ချင်း ပြန်ပြင်ယူနိုင်တဲ့ အခွင့်အရေးရှိလို့ ပြန်ပြင်ယူရင် အဲဒီလူ တိုးတက်တာပါပဲ။


မှားယွင်းခဲ့တယ်လို့ ပတ်ဝန်းကျင်က သတ်မှတ်ခံရတဲ့ လူတယောက် ဆိုကြပါစို့။
အဲဒီလူဟာ ပတ်ဝန်းကျင်အတွက် တစုံတရာ အရေးပါနိုင်တဲ့ လူတယောက် ဆိုကြပါစို့။
မိမိကိုယ်တိုင်ကလည်း ဒီပတ်ဝန်းကျင်ထဲမှာကနေ မပြောင်းမရွှေ့ နေရဦးမယ် ဆိုပါစို့။

ဒီလူဟာ အရင်က မှားခဲ့ပေမယ့် အခုဆိုရင်..

ပြန်ပြင်လိုက်ပြီလား...
ပြန်ပြင်နိုင်ပြီလား..
ပြန်ပြင်လိုက်လို့ ဘယ်လို အကျိုးရှိပြီး ဘယ်လို အကျိုးမဲ့စေသလဲ..
ပြန်ပြင်တာကရော ပြီးနေပြီလား..  
ဒီလူဟာ လိမ်လည်လှည့်စားဖို့အကြံနဲ့  ဟန်ပြ ပြန်ပြင်နေသလား...
အမှန်အကန် လုပ်နေတာလား...
တကယ်တမ်း အပြုသဘောနဲ့ ပြန်ပြင်နေပြီဆိုရင် သူ့ကို အားပေးသင့်သလား..
အားပေးလိုက်ရင် ဘယ်လို ဖြစ်လာနိုင်မလဲ...
အားမပေးဘဲထားရင် ဘယ်လိုဖြစ်လာနိုင်မလဲ..  စသဖြင့် တွေးနိုင်ရပါလိမ့်မယ်။

တွေးရုံသာမက .. လိုအပ်သလိုလည်း ထိန်းကျောင်း ပဲ့ပြင်ပေးရပါမယ်။ ဒါမှ ပတ်ဝန်းကျင်ကောင်းဖို့ သူကလည်း ကောင်းတာတွေ ပြင်ယူလာသလို ကိုယ်ကလည်း ကူညီပေးလိုက်လို့ ပိုကောင်းလာမယ်.. ပိုပြီးတော့လည်း မြန်လာပါမယ်။

ဒါက ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သေးသေးလေးအတွက်ပါ။ လူ့ပတ်ဝန်းကျင်က ပိုမိုကြီးမား ကျယ်ပြန့်ရင် ပိုပြီး အလေးအနက် ထားရပါမယ်။ နိုင်ငံအတွက်ဆိုရင်တော့ အလေးနက်ဆုံး သဘောထား တာဝန်ယူရမှာသာ ဖြစ်ပါတယ်။

အစိုးရတိုင်း နိုင်ငံရေးအသိ အမြဲတမ်း နိုးကြားမှု ထက်သန်နေရတာက တာဝန်တခု ဖြစ်ပါတယ်။ နိုင်ငံရေးအသိ နိုးကြားထက်သန်တဲ့ အစိုးရဟာ လူထုလိုလားချက်ကို အကောင်းဆုံး တုန့်ပြန်ပေးနိုင်ရင် အစိုးရကောင်းလို့ ချီးကျူးခံရပါတယ်။

ကနေ့အချိန်ခါဟာ နိုင်ငံကို တည်ဆောက်နေချိန်ပါပဲ။ အစိုးရက ဒါကို နားကိုနားလည်နေရပါမယ်။ မြန်မာနိုင်ငံမှာ စင်ကာပူလို၊ ဂျပန်လို၊ သြစတြေလျ၊ အမေရိကန်တို့လို တည်ငြိမ်တဲ့ နိုင်ငံရေးစနစ် မရှိသေးပါဘူး။ စနစ် အခြေခိုင်အောင် အရင်ကြိုးစားယူရပါဦးမယ်။ မှားနေရင် ပြင်ယူရပါမယ်။ ပြင်ယူတာဟာ ရှက်စရာ မဟုတ်သလို ညံ့လှချည်လားလို့လည်း အထင်သေးခံရဖို့ မရှိပါဘူး။ မပြင်ဘဲ ဆက်မှားနေတာကသာ ရှက်စရာကောင်းပြီး အပြစ်တင်ခံရဖို့ ရှိနိုင်ပါတယ်။

နိုင်ငံရေးစနစ်မှာ “အခြေခံ” ပိုင်နိုင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် စနစ်ကောင်းသွားပြီလို့ ဆိုနိုင်ပါတယ်။ စနစ်ကောင်းးတယ် ဆိုတာ နိုင်ငံသားတိုင်းအတွက် ကြောက်ရွံ့ပူပင်စရာ မလိုတော့တဲ့ ဘဝကို လွတ်လပ်စွာ ပိုင်ဆိုင်နိုင်အောင် စီမံထားတာပဲ ဖြစ်ပါတယ်။  

လွင်အောင်စိး
၂-၁၂-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...