မခိုင်
by ဇာ တိ on Saturday, December 8, 2012 at 10:28am
ကိုယ့်ကို အပျော်ပဲဖြစ်ဖြစ် ချစ်လို့ရပါတယ် မခိုင်
ဆိုကြပါစို့ . . . မခိုင်က နောက်တီးနောက်တလုပ်ပြီး
မခိုင်ကို ဒီည မောင်လာခိုးပါလားဆိုရင်တောင် ကိုယ်က ရဲရဲဝံ့ဝံ့လာရောက်ခိုးယူလှည့်မှာပါ
သိသိရက်နဲ့ ကိုယ် အလှည့်စားခံပါ့မယ် . . . .
အရေကြီးတဲ့အချက်တစ်ခုကတော့ ကိုယ့်ကို တကယ်မချစ်မိပါစေနဲ့ မခိုင်
တခါတရံ တကယ့်အဖြစ်အပျက်အမှန်တွေဟာ ကိုယ်တို့နဲ့ လားလားမှမအပ်စပ်ဘူး
ဒီလိုဆို ဟိုဟာ ဟိုလိုဆို ဒီဟာမျိုးတွေကို ဆိုလိုတာပေါ့ . . . .
တောက်တိုမယ်ရအနေနဲ့ ကိုယ့်ကိုချစ်ပါ မခိုင် . . . .
တစ်ခါတစ်လေတော့ မခိုင်ဆံပင်ကို ဆောင့်ဆွဲပြီး ကိုယ် အားပါးတရ နမ်းပစ်လိုက်ချင်စိတ်တွေလဲ ရှိခဲ့တယ်
ဒါပေမဲ့ ကိုယ်တို့က တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်ကြတဲ့
တစ်ယောက်နဲ့တစ်ယောက် မသိကျွမ်းကြတဲ့ လူမဟုတ်တဲ့ လူနှစ်ယောက်မဟုတ်လား . . . .
ဘ၀တွေက တစ်ခါတစ်ရံ ကိုယ်တို့ထင်ထားသလို ဖြစ်ဖြစ်လာတဲ့အခါမှာ ကိုယ်သိပ်ဝမ်းနည်းတယ် မခိုင်
ကိုယ်တို့ရဲ့ သတ်မှတ်ချက်ဟာ ကိုယ်တို့အတွက် ဘယ်တုန်းကမှ အသုံးမတည့်ခဲ့ဘူးပဲလေ . . . .
တစ်သက်မမေ့နိုင်တဲ့ညတွေကို ကိုယ်တို့အများဆုံးဖြတ်သန်းကြရတယ်
နောက်တော့ ကိုယ်တို့ ခဏခဏ ဝေးတယ် . . .
အဓိက အချက်က ကိုယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ယုတ်ယုတ်မာမာနည်းတွေနဲ့ ချစ်ဖို့မကြိုးစားကြလို့ပဲပေါ့
ကိုယ့်ကို ခြေဖျားလေးထောက်ပြီး တစ်ခါလောက်ပဲဖြစ်ဖြစ် နမ်းပါ မခိုင် . . . .
မကောင်းမှုဆိုတာ ကိုယ်တို့အတွက် ကောင်းတဲ့အမှုတစ်ခုဖြစ်နေတာကစပြီး
ကိုယ်တို့ဟာ အမြဲမပြတ် လောကကြီးကို အရွဲ့တိုက်ကြတော့တာပဲမဟုတ်လား
မခိုင် နေလို့ကောင်းပါရဲ့လား . . . .
သိပ်ကိုသေချာတာပေါ့ မခိုင်ရယ် မိန်းမတစ်ယောက်အတွက် ယောင်္ကျားဆိုတာ လှဖို့ချောဖို့မှ မလိုအပ်တာ
ဒီဘက်ခေတ်မှာတော့ တိရိစ္ဆန်နဲ့ လူတွေဟာ အသိဥာဏ်ချင်းရော နေရာချင်းကော လဲယူလိုက်ကြတော့တယ်
ဒါပေမဲ့ ကိုယ်တို့ဟာ အရာရာကနေ လွတ်မြောက်နေကြရဲ့မဟုတ်လား . . .
ကိုယ်က ဝက်ရူးပြန်ရင်တောင် မခိုင်နာမည်ကို တနေမယ့်ကောင် . . . .
စောက်ပြသနာပဲ မခိုင်ရင်သားလေး လှစ်ကနဲမြင်ရတာလေးနဲ့တင် ကိုယ့်မှာ အိုးနင်းခွက်နင်းကို ဖြစ်လို့
အဲ့ဒီနောက်တော့ တစ်ဆွေလုံးတစ်မျိုးကို မေ့ပစ်ပြီး မခိုင်ဆီ ကိုယ်ခြေစုန်ပစ် ၀င်မိတော့တယ် . . . .
ကိုယ့်မျက်နှာမှာ ကျောက်ပေါက်မာတွေနဲ့ မခိုင် ချစ်နိုင်ပါ့မလား . . .
ငယ်ငယ်တုန်းက နုတ်ခမ်းနီဆိုတာ ကိုယ်နဲ့မသက်ဆိုင်တဲ့ ရုပ်ပစ္စည်းတစ်ခုသက်သက်ပါ မခိုင်
ကိုယ်က လူကုံထံတစ်ယောက်မှမဟုတ်တာ ဒါပေမဲ့ မခိုင်ကိုတော့ ကောင်းကောင်းချစ်နိုင်ပါသေးတယ်
ကိုယ့်ကို ဦးဆောင်ခွင့်ပေးပါ မခိုင် . . . .
ကိုယ်တို့ဟာ ခေတ်ပျက်ထဲက ကျည်ခွံတွေဖြစ်ကြတယ်
ကိုယ်တို့ ရိုးမြေကျဝေးမလား ရိုးမြေကျချစ်မလားဆိုတာကို စဉ်းစားဖို့အချိန်ရောက်ပြီ . . . .
ကိုယ်က တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျတယ်ဆိုတာကို အယုံအကြည်မရှိဘူး မခိုင်
အရေးတကြီး ပက်သက်စရာမရှိရင် ဘာအတွက် ကိုယ်တို့ဆက်ဆံစရာလိုနေအုံးမှာလဲ
ကိုယ်တို့ရဲ့ အတ္တက ကိုယ်တို့အတွက်မဟုတ်ဘူး မဟုတ်လား
ဇာတိ(ဖျာပုံ)
8.12.2012
zartipyapon@gmail.com
မှတ်ချက် - စတေးတပ်များအား စုစည်းထားခြင်းဖြစ်သည်း)
0 comments:
Post a Comment