နင့်ပြိုင်ကား ဘယ်မှာလဲ
သူ့ဘာသာသူ အေးအေးလူလူ ဆေးလိပ်ထိုင်သောက်နေတဲ့ ယောက်ျားတစ်ယောက်ကို လမ်းသွားလမ်းလာ
မိန်းမတစ်ယောက်က ဆရာမကြီးအထာနဲ့ မေးခွန်းထုတ်လာပါတယ်။
မ။ ရှင် ဆေးလိပ်သောက်တတ်တယ်ပေါ့။
ကျား။ ဟုတ်ကဲ့ သောက်တတ်ပါတယ်။
မ။ တစ်နေ့ကို ဘယ်နှစ်ဗူးသောက်သလဲ။
ကျား။ သုံးဗူး သောက်ပါတယ်။
မ။ တစ်ဗူးကို ဘယ်လောက်ပေးရလဲ။
ကျား။ တစ်ထောင်ငါးရာလောက်ပါပဲ။
မ။ ဆေးလိပ် စွဲသောက်နေတာ ဘယ်လောက်ကြာပြီလဲ။
ကျား။ ဆယ့်ငါးနှစ်လောက်တော့ ရှိပြီထင်ပါတယ်။
မ။ ဒါဆို ဆေးလိပ်တစ်ဗူးကို တစ်ထောင်ငါးရာ၊ တစ်ရက်ကို သုံးဗူးဆိုတော့ လေးထောင်ငါးရာ၊ တစ်လကို တစ်သိန်းသုံးသောင်းငါးထောင်လောက
ကျား။ မှန်ပါတယ်။
မ။ တစ်နှစ်ကို အဲသလောက်ကုန်တယ်ဆိုရင် ရှင်သောက်လာတာ ဆယ့်ငါးနှစ်ဆိုတော့ နှစ်ရာလေးဆယ့်ခြောက်သိန်း သုံးသောင်း ခုနှစ်ထောင်ငါးရာ ဖြုန်းခဲ့သလို ဖြစ်မနေဘူးလား။
ကျား။ ဟုတ်ပါတယ်။
မ။ အဲသည့် ငွေဟာ ငွေကြေးဖောင်းပွနှုန်းနဲ့တွက်ရင်
ကျား။ သေချာပါတယ်။
မ။ တကယ်လို့ ရှင်သာ ဆေးလိပ်မသောက်ခဲ့ပဲ အဲဒီပိုက်ဆံတွေကို ဘဏ်မှာစုထားနိုင်ခဲ့ရင် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုတစ်ခုခုကို လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က စလုပ်ခဲ့ရင် ခုချိန်မှာဆို နောက်ဆုံးပေါ်ပြိုင်ကားတောင် ဝယ်မစီးနိုင်ပေဘူးလား။ ရှင်ကိုယ်ရှင် နားလည်ဖို့သင့်တယ်။
ကျား။ ခင်ဗျားကော ဆေးလိပ်သောက်လား။
မ။ လုံးဝမသောက်ပါဘူး
ကျား။ေxာက်ကောင်မ အဲလိုသာတွက်ကြေးဆို နင့်ပြိုင်ကားဘယ်မှာလဲပြောစမ်း
0 comments:
Post a Comment