သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁၂)
သစ်ထူးလွင်
|
- အဓမ္မပြုကျင့် ခံရသည့် မိန်းခလေးကို အသက်မပြည့်၍ အမှုဖွင့်လို့ မရကြောင်း တလုပ်တ္ထော် ရဲစခန်းမှပြောဆို
- ဟင်္သာတသတင်းထောက် ၂ ဦး သတင်းသွားရောက် ရယူရာတွင် ကူညီခဲ့သော ရွာသား ၂ဦး တရားစွဲခံရ
- ဟင်္သာတမြို့ပြည်သူများ၏ရင်ဖွင့်
သံ - ကျိုက်ထီးရိုး ဘုရားဖူးများစံချိန် တင်လာရောက်သဖြင့်တည်းခိုခန်းခ များသိန်းချီနေ
- ၁၂-၁၂-၁၂ ယနေ့ လက်ပံတောင်းတောင်မှာ သပိတ်စခန်းသစ် ဖွင့်လှစ် (ရုပ်/သံ)
- တင်သွင်းလာသော မော်ဒယ်မြင့်ကားများတွင် ပျက်စီးမှုများ ရှိနေ
- ဓာတ်မြေသြစာအတုများကြောင့် စပါးထွက်နှုန်း ထိခိုက်လျှက်ရှိ
- ပြည်တွင်းဆေးဝါး ဈေးကွက်တွင် ဆေးဝါးတုများ ၀င်ရောက်လျှက်ရှိ၊ သတိပြု ၀ယ်ယူသင့်
- ကလေးမြို့ရှိ သံဃာတော်များ ထိုင်သပိတ်ပြုလုပ်
- လက်ပံတောင်းတောင်စီမံကိန်းရပ်ဆု
ိင်းရေး ပုသိမ်မြို့တွင် ၃ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ် - ဇနီးသည်ကို သတ်ပြီး ထွက်ပြေးသူ မြန်မာရွှေပြောင်း အလုပ်သမား တစ်ဦး ဖမ်းဆီးရမိ (ရုပ်/သံ)
- ငါလိုချင်တာ၊ ငါ့လယ်၊ ငါ့ယာမှာ၊ ငါ့အစာ၊ ငါစိုက်စားဖို့ပါ ငါ့မြေ၊ ငါ့ရေမှာ၊ ငါတို့တွေ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ နေရဖို့ပါ
- မိတ္ထီလာ အကျဉ်းသားများ လုပ်အား ခေါင်းပုံဖြတ် ခံနေရ
- အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ လက်ထပ်မင်္ဂလာပွဲ (ရုပ်/သံ)
- ၀ါဝါ၀င်း ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာတွေနဲ့ ပတ်သက်ပြီး စတင် စုံစမ်းစစ်ဆေး (ရုပ်/သံ)
- စစ်တွေမြို့တွင် သံဃာတော်များမှ မေတ္တာပို့ ဆန္ဒထုတ်ဖော်
- မန္တလေးတွင် သံဃာတော် အပါး ၁၀၀၀ ခန့် ဆန္ဒပြ
- မုံရွာမြို့ရှိ သံဃာတော်များ ၁၂ လေးလုံး သပိတ်တိုက်ပွဲ စတင်
- ကလေးမြို့ရှိ သံဃာတော်များ ဆန္ဒ ထုတ်ဖော်
- ရန်ကုန်မြို့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာ ပြီးဆုံး
- ဒီဇင်ဘာလ(၁၃)ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-120
- ဆွီဒင်ထုတ်လက်နက်တွေ ကချင်စစ်ပွဲမှာ မြန်မာ စစ်တပ်အသုံးပြုနေ
- သမ္မတကြီးရဲ့ ပြန်ကြားစာ မုံရွာမြို့ က ဆရာတော်ကြီးများထံ လိုက်လံ ဆက်ကပ်နေ
- ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်
- ၁၂ရက် ၁၂လ ၁၂နာရီ၌ ပြည်မြို့တွင်ဆန္ဒထုတ်ဖော်
Posted: 12 Dec 2012 07:16 AM PST
ယင်း ရဲတပ်ဖွဲ့၏ ညွှန်ကြားမှုကြောင့် ဟင်္သာတမြို့နယ် တရားရုံးသို့ တိုင်ကြားရာ လုယက်မှု၊ အတင်းအဓမ္မ ခေါ်ဆောင်မှု(ပြန်ပေး) တို့ဖြင့် ဦးတိုက် လျှောက်ထား ခဲ့ရသဖြင့် ကာယကံရှင် မိန်းကလေးနှင့် မိသားစု ဘက်မှ နစ်နာနေပါ၍ ယနေ့ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် တလုပ်တ္ထော် ရဲစခန်း၌ မုဒိမ်းပြုကျင့် ခံရသော အဝတ်အစားနှင့် တကွ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 07:10 AM PST
ဟင်္သာတနယ်ခံ သတင်းထောက် ၂ ဦးမှ လေးမျက်နှာမြို.နယ်၊ ၀က်ဆင်းအိုင် ကျေးရွာရှိ စပါးခွံဂက်စ်သုံး ဆန်စက်၏ ကျေးရွာအတွင်း ရေဆိုးစွန်.ပစ်မှု များကြောင့် ကျေးရွာ အတွင်း စိုက်ပျိုးမြေများတွင် ထိခိုက်မှုများ ရှိနေကြောင်း၊ ဒေသတွင်း ကျန်းမာရေး ထိခိုက်မှုများ ရှိနေကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 06:42 AM PST
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့တွင် စည်ပင်သာယာ ၀န်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ ပြည်သူများထံမှ မတရား အခွန်ကောက်ခံ နေသည်ဟု ဟင်္သာတမြို့နေ ပြည်သူများထံမှ သိရှိရသည်။
“ကျွန်တော်တို့ဆီကို စည်ပင်သာယာကနေ(၆)လခွန်ဆိုပြီး လာတောင်တာ တွေရှိပါတယ် တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် လာကောက်တယ် ပုံမှန်သာလာကောက်တယ် အဲဒီ(၆)လခွန်နဲ့ ပါတ်သက်ပြီး အကောင်ထည် ဖော်တာတွေ ကျွန်တော်တို့ မတွေ့ရဘူး၊ လမ်းမီးတွေ ကျွမ်းတယ်မလဲဘူး၊ ရေမြောင်း တွေပိတ်တယ် မဖော်ဘူး၊ အမှိုက်ကားကလည်း ပုံမှန်မလာတော့ အမှိုက်တွေ ဘယ်ပုံရမှန်း မသိဘူး အ မှိုက်ကန်ဆို တာလည်း ထားမပေးဘူး အမှိုက်ကားက ထွက်တော့ထွက်တယ် ပိုက်ဆံပုံမှန် ပေးတဲ့ရပ် ကွက်ကို ပုံမှန် ထွက်ပေးတယ်၊ (၆)လခွန်သာ ပုံမှန်ပေးနေရတယ် ကျွန်တော်တို့ ပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှ ရမလာဘူး၊ သူတို့အဖို့က ပိုက်ဆံရဖို့ အတွက်ဆို အကုန်လုပ်တယ်၊ လမ်းမတွေပျက် ဆီးနေတာလည်း တော်တော်မြင်မကောင်းဘူး၊ မြို့အင်္ဂါရပ်နဲ့တောင်မညီဘူး။ ကျွန်တော်တို့လို လမ်း ဘေးဈေးသည်တွေကျတော့လည်း လုပ်ငန်းခွန်ဆိုပြီး တစ်နှစ်စာဆောင်ရတာကတစ်မျိုး၊ ဈေးကောက် ဆိုပြီးတစ်နေ့ကို(၂၀၀)ပေးရတာ အလားတူ ဟင်္သာတမြို့မြ၀တီရပ်ကွက်တွင်လည်း “ကျွန်တော်တို့ မြ၀တီရပ်ကွက်ဟာတက္က သိုလ်ကျောင်းသား/သူများ အများဆုံးရှိတဲ့ရပ်ကွက်ပါ၊ ဆိုင်းဘုတ်ချိတ်၍ ဘော်ဒါဌားစားကြသူများရှိ ကြသလို ဆိုင်းဘုတ်မချိတ်ပဲ ဘော်ဒါဌားစားကြသူများလည်း ရှိကြပါတယ်၊ အဝေးသင်ရက်ဆိုရင် စည်ပင်က ကျွန်တော်တို့ ရပ်ကွက်ကိုပုံမှန်လာတယ်၊ ကျွန်တော့်အိမ်ဆိုရင် နယ်က တူမလေး(၂)ယောက် တက္ကသိုလ်တက်ဖို့လာနေတယ် အဲဒါကိုစည်ပင်က ကျောင်းသားရှိလားလို့မေးတယ် ကျွန်တော်ကရှိ တယ်ပြောတော့ ကျောင်းသားရှိတဲ့အတွက် ကျောင်းသား တစ်ယောက်ကို (၇၀၀)ကျပ်အခွန်ပေး ဆောင်ရ တယ်၊ အိမ်ရှေ့ခြံကွက်လပ်လေးမှာ အဝေးသင်ရက်လေး(၂)လလောက်ကို ဆိုင်လေးဖွင့် တယ် အဲဒါကို စည်ပင်က တစ်နှစ်စာလုပ်ငန်းခွန်ဆိုပြီး (၆၀၀၀)ကျပ်ကောက်တယ်၊ ဈေးကောက်တစ်နေ့(၂၀၀)ကျပ်ကတစ်မျ by Myanmar News Now | ||
Posted: 12 Dec 2012 06:19 AM PST
ကျိုက်ထီးရိုး ဆံတော် ရှင်စေတီတော် မြတ်ကြီးသို့ ယခုနှစ် ဘုရားပွဲတော် ကာလအတွင်း ပြည်တွင်း ဘုရားဖူးများ စံချိန်တင် လာရောက်လျက် ရှိသဖြင့် တည်းခိုခန်းခများ သိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရ သိရသည်။ ကျိုက်ထီးရိုး တောင်ပေါ်သို့ကင် မွန်းစခန်း တောင်ခြေမှ ကားဖြင့်တိုက် ရိုက်သွား နိုင်သည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 05:40 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြ တောင်းဆိုနေတဲ့ သံဃာတော်တွေနဲ့ လူတွေဟာ တုံကျေးရွာက ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမဘေးမှာ သပိတ်စခန်း ဖွင့်လိုက်ပါတယ်။ ရိုက်ကူး အိုင်စီဂျေ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 04:53 AM PST
ကမ်းပေါ်ရောက် မော်ဒယ်မြင့် ကားများတွင် စပီကာ မကောင်းခြင်း၊ နောက်ကြည့် ကင်မရာများ Lens မငြိမ်ခြင်း စသည်တို့ အပြင် တစ်ခါတစ်ရံ အင်ဂျင်များ လဲလှယ်ထားခြင်း၊ အိတ်ဇောပိုက် မလုံခြင်း နှင့် Air Con များ သုံးမရခြင်း၊ တာယာများ တစ်ပတ်ရစ်များ ပြောင်းလဲထားခြင်း စသည်တို့ပါ တွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 04:35 AM PST
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ အချို့မှာ အရည်အသွေး မမီခြင်း နှင့် အတုများကို စပါးစိုက် တောင်သူများ သုံးမိခြင်းကြောင့် စပါးအထွက်နှုန်း လျော့ကျခြင်းများဖြင့် ကြုံတွေ့နေရသည်ဟု မြောင်းမြမှ စပါးစိုက် တောင်သူများ ထံက သိရှိရသည်။
“ဓာတ်မြေသြဇာ အိတ်မှာ ပါတဲ့ အညွှန်းအတိုင်း ဘယ်လောက် ဘယ်လောက် ထည့်ဆိုပြီး သုံးပေမယ့် စပါးအရည်အသွေးက မတက်လာဘူး ၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 04:22 AM PST
ပြည်တွင်း ဆေးဝါး ဈေးကွက်တွင် အရည်အသွေး ပြည့်မှီခြင်း မရှိသော ဆေးဝါး အတုများ ပြည်ပမှ နည်းလမ်း ပေါင်းစုံဖြင့် ၀င်ရောက် နေခြင်းကြောင့် ဆေးဝါး ဈေးကွက် တည်ငြိမ်မှု မရှိကြောင်း ဆေးဝါး ဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။ “နိုင်ငံအစုံ၊ လိုင်းအစုံက နေ၀င်လာတဲ့ ဆေးတွေမှာ ဆေးအတုတွေ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 04:08 AM PST
ယနေ့ နေ့လည် ၁ နာရီတွင် ကလေးမြို့ရှိ ရွှေဘုံသာ စေတီတော် ရင်ပြင်တွင် သံဃာတော်အပါး ၁၅၀ ခန့်သည် မြို့နေ ပြည်သူများနှင့် အတူ ထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထိုင်သပိတ်အား ရွှေပါရမီ ဥယျာဉ်ကျောင်း ဆရာတော်ကြီးမှ ကြီးမှူး ကျင်းပခဲ့ကြောင်းသိရပြီး ဖမ်းဆီး ထားသော ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 03:51 AM PST
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၁၂ လေးလုံးအထိမ်းအမှတ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ပွဲကို တတိယမြောက်နေ့အဖြစ် ယနေ့ ပြုလုပ်ခဲ့ရာမှာ ပုသိမ်ကနိုင်ငံရေးအင်အားစုတွေ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် သံဃာတော်အနေနဲ့ သိက္ခာချခံထားရတဲ့ ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသ ခေါ် ဦးဇင်းနိုင်ကြီး ၁ ပါးပဲ ပါဝင်တာကို တွေ့ရပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 03:33 AM PST
ဇနီးသည်ကို သတ်ပြီး ထွက်ပြေးသူ မြန်မာရွှေပြောင်း အလုပ်သမား တစ်ဦးကို ထိုင်းအာဏာပိုင်တွေ မဲဆောက်မြို့မှာ ဖမ်းဆီးရမိ ခဲ့ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်း ပေးပို့ ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 03:19 AM PST
ပြောကြစတမ်း ဆိုလျှင် အမှန်တရားသည် တစ်ပိုင်းတစ်စ ကောက်နုတ်ချက် မဟုတ်။ ချိန်ခွင်လျှာသဖွယ် အလယ်ဗဟိုတွင် တည်ရှိနေသော အရာမဟုတ်။ အပြီးသတ် ထုတ်လုပ်ထားသော ကုန်ပစ္စည်း မဟုတ်။ အကယ်၍ ဤအတိုင်းသာ ဆိုလျှင် အရာရာ အကြွင်းမဲ့ သူ့ နဂိုအတိုင်း ရှိနေသော ငြီးငွေ့ဖွယ်ရာ ကောင်းသည့် ကမ္ဘာလောက ကြီးသာ ဖြစ်နေပေလိမ့်မည်။
ဆိုကြစို့။ ကမ္ဘာကြီးကား လှုပ်ရှားမှု ကင်းမဲ့သော ကမ္ဘာလောက၊ မျှော် လင့်ချက်မရှိသော၊ တိုးတက်မှု မရှိသော၊ ပြောင်းလဲမှု မရှိသော ကမ္ဘာလောက အဖြစ် မြင်နေရလျှင် လူသားတို့၏ မျှော်မှန်းချက် အသစ်များ ပေါ်ထွက် လာနိုင်မည် မဟုတ်။ အနာဂတ် မရှိခြင်းသည် သေဆုံးခြင်းသာ ဖြစ်၏။ အနာဂတ်သည် သက်ရှိကမ္ဘာ၊ လှုပ်ရှားပြောင်းလဲနေသောကမ္ဘာ၊ တိုးတက်သော ကမ္ဘာလောက၏ ပွင့်လန်း သော မျှော်လင့် ချက်။ ပြောရလျှင် သဘာဝကျရေး ဝါဒ (Naturalism) ဆိုသည် သရုပ်မှန်ဝါဒ (Realism)နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ အမှန်စင်စစ် (Naturalism) ဆိုသည်မှာ.. လွဲမှားသော အသုံးအနှုန်းသာ ဖြစ်၏။ သဘာဝကျဖို့ အဓိကဆိုကာ.. အဖြစ်သနစ် များကို သဘာဝကျအောင် ခြယ်မှုန်းတင်ပြရုံဆိုလျှင်.. အဖြစ်သနစ် အတွင်းမှ အမှန်တရား ပေါ်ထွက်လာနိုင်မည် မဟုတ်။ ဘဝဆိုသည်မှာ ရယ်ခြင်း၊ ငိုခြင်း ဆိုသည့် သဘာဝအဖြစ်သနစ် ဖြင့် ရပ်နားနေပြီး.. ထိုမျှဖြင့် ရောင့်ရဲ ကျေနပ် စရာ အထင်ရှိစေခြင်းသည် အတွေးအခေါ် အားဖြင့်သော်လည်း ကောင်း၊ လူမှုရုပ်ဘဝ အခြေအနေ အားဖြင့် သော် လည်းကောင်း၊ တစ်ဆင့်တက် တီထွင်ဖန်တီးမှုအား ပိတ်ပင်တားဆီးခြင်း ဖြစ်သောကြောင့် သဘာဝ ကျရေး အဓိကဆိုသော ဝါဒ သည် သရုပ်မှန်ဝါဒ (Realism)မှ နောက်ဆုတ်သွားခြင်းသာလျှင်ဖြစ်၏ စင်စစ် ဘဝဆိုသည် ငိုခြင်း၊ ရယ်ခြင်း၊ သဘာဝကိစ္စ သက်သက် သာလျှင် မဟုတ်။ ဘဝဆိုသည် တိုက်ပွဲ (Life is Struggle)။ စား၊ ဝတ်၊ နေရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းစွာ ရှင်သန်ရပ်တည်ခွင့်ရှိရေး၊ တည်း ဟူသော လူမှု လူ့ကိစ္စ၊ နိုင်ငံရေး တိုက်ပွဲ၊ ထို့ကြောင့် ဘဝမှာပွဲကြည့်သူ ဟူ၍ မရှိ။ ထို့ကြောင့် ဘဝမှာ ပွဲကြည့်သူ ဟူ၍မရှိ။ လူအဖြစ် ရပ်တည်နေ သည့် လူ့အလွှာအသီးသီးမှ လူသားများ ကား.. မဖြစ်မနေ စား၊ ဝတ်၊ နေ ရေး၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှား၊ ဘဝတိုက်ပွဲ ဝင်နေကြ သူများ။ ပြောရလျှင် ခုအခါမှာ လူ့အလွှာ၏ အခြေခံ ကျသော အလုပ်သမား၊ လယ်သမား လူတန်းစား အသီးသီးတို့မှာ သူတို့ ဘဝရပ်တည်ရေး အတွက် သပိတ် တိုက်ပွဲများ ဆင်နွှဲနေကြ၏။ သူတို့ သည် ကြမ်းတမ်း ခါးသီးသော ဘဝ ဖြတ်သန်းမှုများဖြင့် နိစ္စဓူဝ ရင်ဆိုင် နေရဆဲ ဖြစ်၏။ လူအများစုဘဝ များမှာ ဆင်းရဲတွင်း နက်နေဆဲ ဖြစ်၏။ လူနည်းစုအတွက် အကျိုးရှိစေ သော ခရိုနီ စီးပွားရေးစနစ်သာ လွှမ်းမိုးနေဆဲဖြစ်၏။ စစ်ဆိုသည်မှာ နှစ်မြို့ဖွယ်ရာ မဟုတ်။ လက်ခံဖွယ် ရာမဟုတ်။ လူသားတို့ သည် စစ်ကို ဆန့်ကျင် တားဆီး လိုစိတ် ရှိကြ ကာ ငြိမ်းချမ်းရေးအား ပြင်းပြစွာ တောင့်တကြ၏။ သို့သော် ကချင်ဒေသ၏ တိုင်း ရင်းသားအချင်းချင်း အကျိုးမဲ့သော စစ်ပွဲများကြောင့် မိမိတို့အိမ်ရာများ ကို စွန့်ခွာ ပြေးလွှား ကာ ရွာပုန်း ရွာရှောင် စစ်ဘေးသင့် တိုင်းရင်းသား ပြည်သူများအရေးကား မပြီးဆုံးသေး။ ပြောရလျှင် အလုပ်သမား၊ လယ်သမားနှင့် စစ်ဘေးသင့် ပြည် သူများကား… ပျက်စီးသွားသော သူတို့ဘဝ အစိတ်အပိုင်း အစအနများ ကို ကောက်ယူ၍ မူလဘဝပုံသဏ္ဍာန် ရရှိရန် တွဲဆက်ခွင့် မရသေး။ မူလဘဝပုံသဏ္ဍာန်ရရှိရန် တွဲ ဆက်ခွင့်မရသေးသော ပြည်သူများ၊ အလုပ်သမား၊ လယ်သမား၊ လူမျိုးစု တိုင်းရင်းသား များကား ကမ္ဘာ့ အဆင်းရဲဆုံး လူသားများအဖြစ် စံချိန်တင်ကာ လူ့အလွှာ၏ အောက်ဆုံး မျက်နှာပြင်မှာ ပြား၊ ကပ် နေ ကြရဆဲ။ ယနေ့ကာလ အချို့အချို့ သော တိုးတက်ဖြစ်ထွန်းမှုများ မြင် ကြရပြီဆိုသော်လည်း အချို့အချို့ သော လူနည်းစုလူပုဂ္ဂိုလ်များအတွက် သီးခြားအကျိုးရလဒ်များသာ ဖြစ် ထွန်းခဲ့၏။ ပြောရလျှင် အများစု လူထုကြီး အလုပ်သမား၊ လယ် သမားနှင့် အောက်ခြေလူမွဲများမှာ မျှတမှု မရှိသေးသော လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် တစ်ဖက်စောင်းနင်း ဓနဥစ္စာစီးဆင်းမှုများကြောင့် စီးပွားရေး ဖိစီးမှုဒဏ်ခံနေကြရဆဲ။ ခရိုနီ ဆိုသည်ကား တစ်ဖက်သတ်ရရှိသော အခွင့်အလမ်း များမှ မွေးထုတ်ပေး သော စီးပွားရေး လက်ဝါးကြီးအုပ်၊ ခေတ်သစ် အမည်ပျက်။ လူထု၏ စီးပွားရေး ဘဝမှာ ယင်းခရိုနီတို့နှင့် မပတ်သက် ချင်၍မရ၊ ရွေးစရာလမ်းလည်း မရှိ။ ထိုသို့ဖြင့် လူထုကား ယင်း ခရိုနီတို့၏ ပြည်တွင်းဖြစ် အခစားကျွန်များ ဖြစ်မှန်းမသိ ဖြစ်လာ၏။ ခရိုနီတို့ကား အတိုင်းအဆမဲ့ ခြယ်လှယ်ခွင့်ကို ရနေ၏။ ခု လက် ရှိ မုံရွာ၊ လက်ပံတောင်းတောင် စီမံ ကိန်းကို ကြည့်ပါ။ တရုတ် ဝမ်ပေါင် စီးပွားရေးကုမ္ပဏီ၏ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မြန်မာလူထု ကြီး၏ ဆန္ဒပြ ကန့်ကွက်ရုံဖြင့် ယင်းတို့စီမံကိန်းအား ရပ်ဆိုင်းမည် မဟုတ်ဆိုသော အပြောမျိုးမှာ မြန်မာအမျိုးသား လူထုကြီး အတွက် များစွာ အကာအကွယ်မဲ့ စော်ကား မော်ကားပြုခွင့် တရားဝင် ရရှိထား သလို ယူဆဖွယ် ဖြစ်နေ၏။ ယခင် ခေတ်ဟောင်း ကာလ ရေနံချောင်း၊ ချောက် ရေနံမြေများမှာ ဗြိတိသျှ မျက်နှာဖြူ အရင်းရှင်တို့ မြန်မာပိုင် ရေနံတွင်းများအား အဓမ္မသိမ်းပိုက် သွေးစုပ် ခြယ်လှယ်မှုများကို မြန်မာလုပ်သားထု ခံစားခဲ့ရသကဲ့ သို့ ဖြစ်နေ၏။ အလုပ်သမား အခွင့်အရေး ကာကွယ်မှုဆိုင်ရာ ဥပဒေမျိုးအား တိကျစွာ မမြင်ရသေး၊ မရှိသေး။ မကြာမတင်သော ကာလမှာ အလုံးအရင်းဖြင့် ဝင်လာဖွယ် ရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ် ပြောရလျှင် အစစအရာရာ ပျက်စီးခဲ့သော မြန်မာ့လူ့ဘောင်၊ အဖွဲ့အစည်းသည် ယနေ့ကာလထိ ကုသ၍ မပျောက် ကင်းနိုင်သေးသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေ ဆဲပင်။ ပြီးခဲ့သည့် ၈၈ အရေးအခင်း ကာလက လူထုကြီး တစ်ရပ်လုံး ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြသည့် အမျိုးသား စီးပွားရေးဆိုင်ရာ ချွတ်ခြုံကျမှု၊ ဆင်းရဲ မွဲတေမှု အနေအထား မှ မြန်မာ လူထုကြီး မလွတ်မြောက် ကြသေးပါ။ ၆၂ ခုနှစ်မှသည် ၈၈ အထိ၊ ၈၈ မှသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလအထိ အလွန်ရှည်လျားသော သမိုင်း ကာလ တစ်လျှောက်မှာ မြန်မာ ပြည်သူတို့သည် မိမိလူ့ အဖွဲ့အစည်း သမိုင်းအား တစ်ဖက်သတ်တည်း နားလည်ခဲ့ရ၏။ ယင်းမှာ အုပ်ချုပ်သူလူတန်း စားက မိမိတို့လိုရာဆွဲထားသော အမြင်များဖြင့် လူ့ဘောင်၊ လူ့အဖွဲ့ အစည်း သမိုင်းအား အစဉ်မပြတ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ် ခဲ့သောကြောင့် ရှင်းရှင်းကလေးဆိုရ လျှင် နိုင်ငံရေး ဆိုသည်မှာ လူမှု ပြဿနာပင်။ စစ်သည် နိုင်ငံရေး၏ အဆက်။ နိုင်ငံရေးသည် သွေး မထွက်သော စစ်ဖြစ်၍ စစ်သည် သွေး ထွက်သောနိုင် ငံရေး။ သို့သော် စစ်သည် သာမန်နိုင်ငံရေးကား မဟုတ်။ စစ်သည် နိုင်ငံရေး၏ ထူးခြားသောနည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်။ သိကြသည့်အတိုင်း ငြိမ်းချမ်းရေးကား စစ်နှင့်ဆန့်ကျင် ဘက်။ စစ်သည် ဖျက်ဆီးခြင်း၊ နိုင်ငံ ရေးသည် တည်ဆောက်ခြင်း။ ထူးခြားသော နည်းဖြင့် ဆက်လက် ဖြစ်ပေါ် လာသော နိုင်ငံရေး၏ အဆက်ဖြစ်သည့် စစ်အား ရပ်စဲရန် ဆိုသည် မှာ ခုကာလ အပစ်အခတ် ရပ်စဲရေးမှသည် (နိုင်ငံရေးအရ) ငြိမ်းချမ်းရေး အဖြေရှာနိုင်ခြင်းနှင့် ရရှိသော ငြိမ်းချမ်းရေး တည်ငြိမ် မြဲမြံရန် ကျယ်ပြန့်၍ ဒီမိုကရေစီကျသော အားလုံးပါဝင်သည့် ဆွေးနွေး ပွဲများမှ တစ်ဆင့် ယေဘုယျသဘော တူညီချက်တစ်ခု ပေါ်ပေါက်သည် အထိ လက်တွေ့ကျစွာ ဆောင်ရွက် သင့်သည် ဟု မြင်၏။ သွေးခွဲအုပ်ချုပ်မှု၊ လူမျိုးကြီးဝါဒ ဗိုလ်ကျစိုးမိုးမှုတို့သည်ကား သွေး မတိတ်ဒဏ်ရာသဖွယ် သံသရာ ရှည်ခဲ့ရသည့် ပြည်တွင်း စစ်နှင့် အမျိုးသား ညီညွတ်ရေးပြိုကွဲမှု၏ လက်သည် တရားခံများပင်။ ပြည် သူတို့၏ ဘဝပုံရိပ်အဖြစ် နေ့စဉ် ထိတွေ့နေရသည့် အုပ်ချုပ်ရေးဆိုင် ရာ ဆွေတော်၊ မျိုးတော်များ၊ ယင်း တို့၏ မပြောင်းလဲသေးသော အောက်ခြေခေါင်းတော် ညိတ်၊ ဗောင်း တော်သိ၊ လက်ပါးစေ၊ အခစား၊ အမှုထမ်း၊ အရာထမ်းများ အား ရှိခိုး ဦးတင်ပျပ်ဝပ်ရိုကျိုးနေရဆဲ ဆက် ဆံရေးများ။ လယ်ပျက်၊ ရွာပျက်၊ မိသားစု၊ ဘဝပျက်နှင့် ရရာကျပန်း လုပ်ကိုင် စားသောက်ကြရရင်း ကျေး လက် လူ့အဖွဲ့အစည်းပြိုကွဲခြင်း အစရှိသည့် လူမှုဒုက္ခများကား နေ့ စဉ်မြင်ရ၊ ကြားရ၊ တွေ့ထိနေရဆဲပင်။ နိဂုံးပြောရလျှင် အားလုံးမျှော် မှန်းခဲ့ကြသော တရားမျှတခြင်း၊ လွတ်လပ်ငြိမ်းချမ်းခြင်း၊ ညီညွတ် မျှတခြင်းတည်း ဟူသော လောက ပါလတရားများ ထွန်းကားသည့် လူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှာ ယနေ့အချိန်အခါထိ ပြည့်ဝစွာ မရရှိသေးသည်ကို ဝန်ခံရမည်။ စာစု ခေါင်းစီးအား ငြိမ်းချမ်းပါစေ ဂျိန်းဖောမြေ အေးမြပါစေ၊ ဥတုရေကဗျာစာသားမှ ရယူသုံးစွဲသည်။ စည်သူမြသန်း - မြန်မာအင်ဒီပဲန်ဒင့် | ||
Posted: 12 Dec 2012 03:16 AM PST
အကျဉ်းသားများမှာ တစ်နေ့ ငရုတ်သီးပိဿာ ၅ဝဝ ကျော် အညှာခြွေ နေရသော်လည်း လုပ်အားခ တစ်ပြား တစ်ချပ်မှ မရရှိဘဲ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ ကသာ ခေါင်းပုံဖြတ် လုပ်အားခ ယူနေသဖြင့် အကျဉ်း သားများက မကျေမနပ် ဖြစ်နေကြကြောင်း သိရ သည်။ မိတ္ထီလာအကျဉ်းဦးစီးဌာန၏ အကျဉ်းသားများ အပေါ် လုပ်အားခ ခေါင်းပုံဖြတ်နေ သည်ကို ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 02:38 AM PST
နာမည်ကြီး အဆိုတော်စုံတွဲ ဖြစ်တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ လက်ထပ် မင်္ဂလာပွဲကို အင်းယားလမ်းက စိန့်သြဂတ်စတင်း ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူး ဗိုဗိုသီဟ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 02:32 AM PST
ဝါ၀ါဝင်း ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာတွေနဲ့ ပတ်သက်ပြီး မြို့နယ် အဆင့် ပဏာမ စုံစမ်းရေး အဖွဲ့က လယ်သမားတွေနဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေး ခဲ့ပါတယ်။ ရိုက်ကူး ကိုရန်နိုင်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 02:21 AM PST
စစ်တွေမြို့တွင် သံဃာတော်များမှ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း အကြမ်းဖက် ဖြိုးခွင်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ နေ့လည် ၁၂း ၃၀ နာရီခန့် အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင်ရေး ရဟန်းတော်များက ဦးဆောင်ပြီး သံဃာတော် အပါး ၄၀ ကျော်တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။
Rakhine Straight Views | ||
Posted: 12 Dec 2012 01:59 AM PST
လက်ပံတောင်း အရေးကိစ္စနှင့် ပက်သက်ကာ သံဃာတော်များအား အထိခိုက် အနာတရ ဖြစ်ခြင်းကို ထိရောက် သော တောင်းပန်မှု ပြုလုပ်ပေရန် တောင်းဆိုချက်ကို ယခုအချိန်ထိ ထူးခြားချက် တစုံတရာပေးခြင်း မရှိသောကြောင့် ဒီဇင်ဘာ၁၂ရက်နေ့ မွန်းလွဲ၁နာရီ အချိန်ခန့်တွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 01:49 AM PST
မုံရွာမြို့ပေါ်ရှိ သံဃာတော် များသည် ယနေ့ နေ့လည် ၁၂ နာရီ တိတိ အချိန်တွင် ရွှေစည်းခုံ ဘုရား မြောက်ဖက် မုဒ်၌ စုဝေးကြပြီး တောင်းဆိုချက် ၆ ချက်ဖြင့် ၁၂ လေးလုံး သပိတ်တိုက်ပွဲကို စတင်ပြုလုပ် ခဲ့ကြကာ အဆိုပါ တောင်းဆို ချက်များကို လိုက်လျော ဆောင်ရွက် ပေးခြင်း မရှိပါက နေ့စဉ် ဆန္ဒထုတ်ဖေါ် သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 01:38 AM PST
ယနေ့ နေ့လည် ၁ နာရီ မှ စတင်ကာ ကလေးမြို့ရှိ သံဃာတော်များ ဆန္ဒ ထုတ်ဖော်မှုပြု လုပ်ခဲ့ကြောင်းသိရသည်။ ယင်းဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက် အင်အားစု အဖွဲ့ နှင့် အထက်ချင်းတွင်းလူငယ်များ ၊ ပါဝင်ကြောင်း သိရသည်။
ဝင်းသူစိုး(ကလေး) - Yangon Media Group | ||
Posted: 12 Dec 2012 01:32 AM PST
ရန်ကုန်မြို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က စတင်ခဲ့သည့် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု မှာ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်မြို့လယ် ဆူးလေ စေတီတော် ကြီးတွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားပြီး လူစုခွဲလိုက်ပြီ ဖြစ်ကြောင်း ဦးဆောင်ဆရာတော်က The Voice Weekly သို့ မိန့်ကြားသည်။
ဆန္ဒပြမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ကို The Voice Weekly က ဆက်သွယ်မေးမြန်းရာ “အမှန်တော့ ဆန္ဒပြခွင့် က တရားဝင်ညွှန်ကြားချက်ရှိပြီးသား စည်းကမ်းတကျလေးတော့ ဖြစ်စေချင်တယ်၊ခွင့်ပြုချက်တင်ြ သတင်း - ဓါတ်ပုံ ။ The Voice Weekly | ||
Posted: 12 Dec 2012 01:20 AM PST
| ||
Posted: 12 Dec 2012 12:59 AM PST
ဆွီဒင် နိုင်ငံထုတ် လက်နက်တွေကို မြန်မာ စစ်တပ်က ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အသုံးပြု နေတယ်လို့ ဆွီဒင် သတင်းစာ တစောင်က ဖော်ထုတ်ရေး သား လိုက်ပါတယ်။ အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု တားမြစ်ထားတဲ့ ကြားက----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 12 Dec 2012 12:33 AM PST
သမ္မတကြီးရဲ့ ပြန်ကြားစာ မုံရွာမြို့ က ဆရာတော်ကြီးများထံ လိုက်လံ ဆက်ကပ် နေပါတယ်။ သမ္မတက တိုက်ရိုက် အကြောင်းပြန်တာမျိုး မဟုတ်ပဲ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ က သမ္မတရဲ့ ပြန်ကြားချက် အတိုလေးကို ထည့်သွင်း ဖော်ပြပြီး လိုက်လံ ဆက်ကပ် နေတာ ဖြစ်ပါတယ်။
ပြန်ကြားချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Dec 2012 12:05 AM PST
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်း ဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ်များက ၀န်းရံထားပြီး အဆိုပါ သံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော် နေပြီ ဖြစ်သည်။
သတင်း-ဓါတ်ပုံ ။ Eleven Media Group |
[Message clipped] View entire message
0 comments:
Post a Comment